• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ ဖမ်းဆီး စွပ်စွဲ ထောင်ချထားသည့် NLD အစိုးရ အဖွဲ့ဝင်များ

by ဧရာဝတီ
2 June 2022
in သတင်း
A A
ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံနှင့် နိုင်ငံတော်သမ္မတ  / ဧရာဝတီ

ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံနှင့် နိုင်ငံတော်သမ္မတ / ဧရာဝတီ

3.9k
VIEWS
Share on FacebookShare on Twitter

ပြည်သူလူထုက တောင်ပြို၊ ကမ်းပြိုမဲပေးရွေးချယ်ထားသည့် အရပ်သား အစိုးရကို စစ်တပ်က အဓမ္မဖြုတ်ချပြီး အာဏာသိမ်းခဲ့သည်မှာ တနှစ်ခွဲ တိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအပေါ် တရားစွဲဆိုထောင်ချနေမှုများကို ရည်ရွယ်ချက်ရှိရှိ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် NLD အစိုးရ လက်ထက် တာဝန်ထမ်းဆောင်ခဲ့သည့် အစိုးရ အဖွဲ့ဝင်များမှာ အာဏာသိမ်းကတည်းက ဖမ်းဆီး ချုပ်နှောင်ခံရပြီး စွပ်စွဲချက် အမျိုးမျိုးဖြင့် ထောင်ဒဏ်များ ချမှတ်ခံနေဆဲ ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် အစိုးရ အဖွဲ့ဝင်များအား ပစ်မှတ်ထားသည့် မခိုင်လုံသော စွပ်စွဲချက်များတွင် ပုဂ္ဂလိက ပိုင်းအရ ဂုဏ်သိက္ခာ ထိခိုက်စေလိုသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအား အဓိကထား အသုံးချနေသည်ကို တွေ့ရပြီး ဆူပူစေရန် လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က/ ခ၊ ကိုဗစ်- ၁၉ စည်းကမ်း ဖောက်ဖျက်မှု သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ စသည့် ပုဒ်မများကိုလည်း တွင်တွင် သုံးစွဲလျက် ရှိသည်။

မကြာသေးမီကပင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ လာဘ်ယူခဲ့သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ထောင် ၅ နှစ်ချမှတ်ခဲ့သည့်အပြင် အခြားသော အဂတိ စွပ်စွဲချက်များဖြင့်လည်း တရားစွဲဆို ထားဆဲ ဖြစ်သည်။

ထိုသို့ အဂတိမှုဖြင့် စွပ်စွဲခံရကာ အမှု ရင်ဆိုင်နေရသူများထဲတွင် ထောင် ၄ နှစ် ချမှတ်ခံထားရသည့် သမ္မတ ဦးဝင်းမြင့် လည်း အပါအဝင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လာဘ်ယူခဲ့သည်ဆိုသည့် စစ်ကောင်စီ၏ စွပ်စွဲချက်သည် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ကိုက် ညီမှု မရှိသည့်အပြင် သက်သေခံပစ္စည်းများ တင်ပြနိုင်ခြင်းလည်း မရှိဘဲ စွပ်စွဲချက် သက်သက်ဖြင့်သာ ပြစ်ဒဏ် ချနေခြင်း ဖြစ်ကြောင်း အမှုနှင့် နီးစပ်သူများ က ပြောကြသည်။

NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူ အားလုံး နီးပါးသည် စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းဆီးခံရသော် လည်း အနည်းငယ်သောသူများမှာ ပြန်လည် လွတ်မြောက်ခဲ့ပြီး အများစုမှာ စွပ်စွဲချက်များဖြင့် တရားစွဲထောင်ချခြင်း ခံနေရ သကဲ့သို့ အချို့မှာ စစ်တပ် ထိန်းချုပ်မှုအောက်တွင် အကျယ်ချုပ်သဘောဖြင့် ရှိနေကြဆဲ ဖြစ်သည်။

ထောင်ဒဏ် ချမှတ်ခံထားရသူများထဲတွင် ထူးခြားမှုအနေဖြင့် အမြင့်ဆုံးသော နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရသူ ၃ ဦး ရှိနေသည်။ ၎င်းတို့သည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ထောင်အနှစ် ၈၀၊ ကရင်ပြည်နယ် စည်ပင်သာ ယာရေး ဝန်ကြီး ဦးသန်းနိုင် ထောင် ၉၂ နှစ်နှင့် ရှမ်းပြည်နယ်၊ စီမံ/ ဘဏ္ဍာ ဝန်ကြီး ဦးစိုးညွန့်လွင် ထောင် ၅၄ နှစ် တို့ဖြစ် သည်။

ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးသန်းနိုင်တို့သည် အဂတိ စွပ်စွဲချက်တမှုလျှင် ထောင် ၁၅ နှစ် ချခံခဲ့ရသည်။ သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်သည် ဒေါ်နန်းခင်ထွေးမြင့်အား ချမှတ်ထားသည့် ထောင်ဒဏ် တဝက်အား လျော့ပေါ့ပေးကြောင်း ပြန်လည် ကြေညာထားသည်။

ထောင်ဒဏ်များ ချမှတ်ခံထားရသည့် NLD အစိုးရ အဖွဲ့ဝင်များ စာရင်း

ထောင်ဒဏ် ၅၄ နှစ်ဖြင့် တတိယ အမြင့်ဆုံး ဖြစ်နေသည့် ဦးစိုးညွန့်လွင်သည် အခြားသော အစိုးရအဖွဲ့ဝင်များ စွဲဆိုခံရခြင်း မရှိသည့် ပုဒ်မ များဖြစ်သော နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က)၊ ပုဒ်မ ၁၂၄(ဃ) တို့ဖြင့်ပါ တရားစွဲ ထောင်ချခံရခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီး တရားစွဲဆိုမှုများတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များလည်း အပါအဝင်ဖြစ်ပြီး အချို့အား တရားစွဲ ထောင်ချခြင်း မရှိသေးသော်လည်း စစ်တပ်၏ စောင့်ကြည့် ထိန်းချုပ်မှုအောက်တွင်ပင် ရှိနေကြောင်း ယူဆရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
1
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
13
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
3

၎င်းတို့ထဲမှာ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်မှာ အကြည်ညိုပျက်စေမှု နှစ်မှုဖြင့် ထောင် ၄ နှစ် ချခံ ထားရပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်းမှာ အဂတိမှု ၃ မှုဖြင့် ထောင် ၉ နှစ်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရ ဦးအောင်ကိုမှာ အဂတိမှု ၄ မှုဖြင့် ထောင် ၁၂ နှစ်၊ ဆောက်လုပ်ရေး ဒုဝန်ကြီး ဒေါက်တာ ကျော်လင်းမှာ အဂတိမှုများဖြင့် ထောင်နှစ် ၂၀ အသီးသီး ချမှတ်ခံထားရသည်။

ယင်းပြင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ဒုဝန်ကြီး ဦးခင်မောင်ဝင်း၊ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး (လက်ရှိ NUG ဝန်ကြီး)၊ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ် တို့သည်လည်း အဂတိ စွပ်စွဲချက်များဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။

စစ်ကောင်စီ၏ စွပ်စွဲချက်ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် ဝန်ကြီးချုပ်များ အနေဖြင့်လည်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ထောင်၂၄ နှစ်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်အား ထောင် ၂၃ နှစ်၊ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းကို ထောင်ဒဏ် ၂၀ နှစ်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ကို ထောင် ၁၆ နှစ်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် အား ထောင်ဒဏ် ၁၃ နှစ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို ထောင် ၁၁ နှစ်၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်အား ထောင် ၁၁ နှစ် အသီးသီး ချမှတ်ခံထားရသည်။

ယင်းပြင် နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင် ထောင် ၂ နှစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ထောင် ၄ နှစ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ထောင် ၂၃ နှစ် ချမှတ်ခံထားကြရသည့်အပြင် ၎င်းတို့ အနေဖြင့် အခြားသော အမှုများလည်း ရင်ဆိုင်နေရဆဲ ဖြစ်သည်။

တရားစွဲ ထောင်ဒဏ် ချမှတ်ခံထားရသည့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးများ အနေဖြင့်လည်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ထောင် ၁၅ နှစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် ထောင် ၁၆ နှစ် ချမှတ်ခံထားရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဝေလင်း ထောင် ၉ နှစ်နှင့် လူမှုရေး ဝန်ကြီး ဦးနေဝင်း၊ လ.ဝ.က ဝန်ကြီး ဦးဇော်ဝင်း၊ သယံဇာတ ဝန်ကြီး ဦးဒါရှီလဆိုင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်နှင့် စည်ပင် ဝန်ကြီး ဦးနော်လီ(ခ) ဇ ခေါင်ခမ်းရယ် တို့မှာ အဂတိမှုများဖြင့် ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ခံထားရသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှလည်း လူမှုရေး ဝန်ကြီး ဦးဘိုဘိုဝေမောင်၊ လ.ဝ.က ဝန်ကြီး ဦးမင်းကိုခိုင်၊ ပအို့ဝ်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့်တို့လည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် ထောင် ၂ နှစ်စီ ချမှတ်ခံထားရသည်။

မန္တလေးတိုင်း အစိုးရ အဖွဲ့တွင်မူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်တို့မှာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် ထောင် ၂ နှစ် ချခံ ထားရသလို သယံဇာတဝန်ကြီး ဦးမျိုးသစ်နှင့် မြို့တော်ဝန် ဦးရဲလွင် တို့မှာလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင် ၂ နှစ်စီ ချမှတ်ခံထားရသည်။

ယင်းပြင် မကွေးတိုင်း ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးတင်နွယ်ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင် ၃ နှစ်၊ အဂတိမှု ၄ မှုဖြင့် ထောင် ၁၂ နှစ် စုစုပေါင်း ၁၅ နှစ်၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး အဂတိမှု ၃ မှုဖြင့် ထောင် ၉ နှစ်နှင့် တိုင်းလွှတ်တော်ဥက္ကဌ ဦးတာ အဂတိမှု ၂ မှုဖြင့် ထောင် ၆ နှစ်အား အသီးသီး ချမှတ်ခံထားရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလည်း စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင် ထောင် ၁၁ နှစ် ၂ လ၊ သစ်တောနှင့် သတ္ထုဝန်ကြီး ဦးကျော်လွင် ထောင် ၃ နှစ်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း ထောင် ၉ နှစ်နှင့် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံအား ထောင် ၉ နှစ် ချမှတ်ခံထားရသည်။

အဆိုပါ တိုင်းနှင့်ပြည်နယ် ဝန်ကြီးများအား စစ်ကောင်စီက စွပ်စွဲချက်များဖြင့် ထောင်ဒဏ်များ ချမှတ်ထားသကဲ့သို့ အချို့ သော ဝန်ကြီးများမှာလည်း အဂတိစွပ်စွဲချက်များဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။

ထောင်ဒဏ်များ ချမှတ်ခံထားရသည့် NLD အစိုးရ အဖွဲ့ဝင်များ စာရင်း

သို့ရာတွင် အချို့သော ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများမှာ ယနေ့အထိ တရားစွဲဆိုခံရခြင်း မရှိသေးသော်လည်း စစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေကြဆဲဖြစ်ပြီး အချို့မှာ တိမ်းရှောင်နေကြရသည်။

အထူးသဖြင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင် ဦးဖြိုးမင်းသိန်းသည် ဒေါ်အောင်ဆန်းစုကြည်အား ထောင် ၅ နှစ်ချမှတ်ခဲ့ သည့် အဂတိမှုတွင် စစ်ကောင်စီ၏ တရားလိုပြသက်သေအနေဖြင့် ထွက်ဆိုခဲ့သူဖြစ်ပြီး ၎င်းအနေဖြင့် ရန်ကုန်မြို့ ကုန်းမြင့် သာစစ်ကြောရေးမှ လာရောက် ထွက်ဆိုခြင်းဖြစ်ကြောင်းလည်း တရားခွင်အတွင်း ပြောကြားခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

စစ်ကောင်စီအနေဖြင့် အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးထောင်ချသကဲ့သို့ လူထုထောက်ခံသည့် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင်များကိုလည်း ဖမ်းဆီးချုပ်နှောင်ကာ တရားစွဲဆိုထားသည့်အပြင် အချို့အား ထောင်ဒဏ်များ ချမှတ်ထား သည်။

လက်ရှိတွင် NLD ခေါင်းဆောင်များဖြစ်သည့် ဦးသိန်းဦး၊ ဒေါက်တာ မျိုးညွန့်၊ ဦးဟံသာမြင့် တို့မှာ ပုဒ်မ ၅၀၅-ခ ဖြင့် ထောင် ၂ နှစ်စီ ချမှတ်ခံခဲ့ရပြီး ပါတီ နာယကတဦးဖြစ်သူ ဦးဝင်းထိန်မှာ ပုဒ်မ ၁၂၄ (က)ဖြင့် ထောင်နှစ် ၂၀ ချမှတ်ခံထားရသည်။ ၎င်းတို့ထဲမှ ဦးဟံသာမြင့်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

ယင်းပြင် ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရစဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကာ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၀ ရက်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပြီး ပါတီဗဟိုပြန်ကြားရေးအဖွဲ့မှ မုံရွာ ဦးအောင်ရှင်မှာလည်း စစ်ကြောရေးတွင် ရှစ်လကျော်ကြာနေထိုင်ခဲ့ရကာ ပြန်လွတ်လာပြီးနောက် တလကျော်အကြာ တွင် နေအိမ်၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

NLD ပါတီ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ် မတ်လ ၅ ရက် အထိ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီဝင် ၇၀၁ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ဖမ်းဆီးထားစဉ် စစ်ကြောရေးကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုနှင့် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်း ကြောင့် လွှတ်တော်ကိုယ်စားလှယ်တဦး အပါအဝင် ပါတီဝင် ၁၈ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

လက်ရှိ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခြင်း ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း စုစုပေါင်း ထောင်ဒဏ် နှစ်တရာကျော် ပြစ်ဒဏ် ချမှတ်ခံရနိုင်သည့် အဂတိလိုက်စားမှု ပုဒ်မများနှင့် အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) တို့ဖြင့် နေပြည်တော်ရှိ စစ်ကောင်စီ ဖန်တီးထားသော အထူးသီးသန့် တရားရုံးတွင် တပတ်လျှင် ၄ ရက် တရားရင်ဆိုင်ရ လျက် ရှိသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၏ မှတ်တမ်းများအရလည်း စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်အထိ သေဆုံးသူ အရပ်သား ၁၈၆၆ ဦး ရှိပြီး ဖမ်းဆီးခံရသူ ၁၀၈၂၅ ဦး အနက် ၁၀၈၅ ဦးမှာ ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း သိရသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်အား ပေးသည်မှာ အလှူငွေဟု ဦးမောင်ဝိတ် ထွက်ဆို

ဦးဖြိုးမင်းသိန်းအား ချန်လှပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များကို စစ်ကောင်စီ အမှုဖွင့်

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု ၄ မှုဖြင့် စွဲချက်တင်

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ထောင် ၃ နှစ် ထပ်မံချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ အငြိုး

Your Thoughts …
Tags: NLD ပါတီဝင်စစ်ကောင်စီဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးထိန်းသိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဇန်နဝါရီ ၅ ရက်က စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှမ်းမြောက် နမ့်ခမ်းမြို့နယ် နောင်စန့်ကုန်းမှ ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ၆ ဦး ထိမှန်ခဲ့ / CJ

ရှမ်းနှင့် ကချင်၌ ၆ လအတွင်း စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

၂၀၁၅ခုနှစ်က တွေ့ရသည့် မန္တလေးမြို့  ပြင်ပပညာရေးကျောင်းတကျောင်းတွင် စာသင်ကြားနေသည့် ကလေးငယ်တဦး   / ဧရာဝတီ

မန္တလေးက ပုဂ္ဂလိကကျောင်းအချို့ ဖွင့်နိုင်ခြင်း မရှိ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved