• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်အား ပေးသည်မှာ အလှူငွေဟု ဦးမောင်ဝိတ် ထွက်ဆို

by ဧရာဝတီ
31 May 2022
in သတင်း
A A
စေပိုင် ဆောက်လုပ်ရေး လုပ်ငန်း ဥက္ကဋ္ဌဖြစ်သူ မောင်ဝိတ် / ဧရာဝတီ

စေပိုင် ဆောက်လုပ်ရေး လုပ်ငန်း ဥက္ကဋ္ဌဖြစ်သူ မောင်ဝိတ် / ဧရာဝတီ

16.5k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ငွေများပေးအပ်ခဲ့ခြင်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အတွက် လှူဒါန်းခြင်းသာ ဖြစ်ကြောင်း ယနေ့ ရုံးချိန်းတွင် ကာယကံရှင်ဖြစ်သူ ဦးမောင်ဝိတ်က ထွက်ဆိုခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “သူက (မောင်ဝိတ်) ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူတာပါလို့ပဲ ထွက်ဆိုသွားတာပါ၊ လှူတယ်လို့ပဲ ပြော တာပါ” ဟု ပြောသည်။

စေပိုင် ဆောက်လုပ်ရေး လုပ်ငန်း ဥက္ကဋ္ဌဖြစ်သူ မောင်ဝိတ်အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဖောင်ဒေး ရှင်း လှူဒါန်းငွေ ဒေါ်လာ ၅ သိန်းခွဲအား ၄ ကြိမ် ခွဲပေးခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စီးပွားရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဖောင်ဒေးရှင်းလှူဒါန်းငွေ အကြောင်းပြကာ ပေးအပ်သည့်ငွေများအား လက်ခံခဲ့သည် ဟု ဆိုကာ အာဏာသိမ်း စစ်ကောင်စီက အဂတိမှု ပုဒ်မ ၅၅ ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားခြင်း ဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

အာဏာသိမ်း စစ်ကောင်စီသည် အာဏာသိမ်းပြီးပြီးချင်းပင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးများအား ဝင်ရောက်စီးနင်းခဲ့ပြီး ဖောင်ဒေးရှင်းပိုင် ငွေနှင့် ပစ္စည်းများအား သိမ်းပိုက်ခဲ့ သည်။

နိုင်ငံတဝှမ်း လူငယ် သက်မွေးပညာကျောင်းများနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသည် ကမ္ဘာအရပ်ရပ်မှ လှူဒါန်းသူများ၏ ငွေဖြင့် ရပ်တည် လည်ပတ်ခဲ့သည့် အဖွဲ့အစည်းတခု ဖြစ်သည်။

ယင်းပြင် ဦးမောင်ဝိတ်၏ ငွေလှူဒါန်းမှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကိုလည်း အာဏာသိမ်းစစ်ကောင်စီက အဂတိမှုဖြင့် တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

ထိုအမှုတွင်လည်း ဦးမောင်ဝိတ်က ဒေါက်တာ ဇော်မြင့်မောင်အား ဆေးကုသစဉ် ငွေလှူဒါန်းခဲ့ခြင်းသာ ဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး တရားရုံးချိန်းအပြီး ဒေါက်တာ ဇော်မြင့်မောင်အား မောင်ဝိတ်က ထိုင်ကန်တော့ခဲ့သေးသည်။

ဦးမောင်ဝိတ်သည် စစ်အစိုးရလက်ထက်၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရဖူးသူဖြစ်ပြီး ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်မူ ဦးမောင်ဝိတ် လှူဒါန်းငွေနှင့် ပတ်သက်ပြီး အဂတိမှုဖြင့် စွပ်စွဲ တရားစွဲဆိုခံထားရ သည့်အပြင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းမှ ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့ရ ကြောင်း စွပ်စွဲမှုနှင့် ပတ်သက်၍လည်း အဂတိမှုဖြင့် တရားစွဲခံရကာ ဧပြီ ၂၇ ရက်က ထောင် ၅ နှစ်ချမှတ်ခံထား ရသည်။

ယင်းပြင် ယနေ့ ရုံးချိန်းတွင်လည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအား မြေနေရာ ချထားပေးမှုနှင့် ပတ်သက်ပြီး အဂတိမှု ဖြင့် တရားစွဲဆိုထားမှုများအတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ဦးရဲထက်အား ပြန် ခေါ်သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု ၄ မှုဖြင့် စွဲချက်တင်

ဒေါ်အောင်ဆန်းစုကြည်အား တရားမဲ့ဖမ်းထားမှု ကုလသမဂ္ဂတွင် တိုင်ကြား

ဦးဖြိုးမင်းသိန်းအား ချန်လှပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များကို စစ်ကောင်စီ အမှုဖွင့်

Your Thoughts …
Tags: ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဒေါ်အောင်ဆန်းစုကြည်အားအဂတိမှုဦးမောင်ဝိတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အဂတိမှုဖြင့် စစ်ဆေးနေ

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အဂတိမှုဖြင့် စစ်ဆေးနေ

by ဧရာဝတီ
23 October 2023
14.6k

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူခြင်းတို့ကို သားဖြစ်သူ ကုမ္ပဏီများအား လုပ်ပိုင်ခွင့် ပေးခဲ့ကြောင်း

ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

by ဧရာဝတီ
29 September 2023
9.4k

စစ်ကောင်စီအဖွဲ့ဝင်များကို ရာထူးနှင့် လုပ်ပိုင်ခွင့်များ အပြောင်းအလဲပြုလုပ်ခြင်း၊ ရာထူးမှဖယ်ရှားခြင်းများ ဆက်တိုက် ပြုလုပ်နေသလို ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အပေါင်းများကိုလည်း အဂတိလိုက်စားမှုဖြင့် ထိန်းသိမ်း စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး ခွဲမရဟု ကင်မ်အဲရစ် ပြော

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး ခွဲမရဟု ကင်မ်အဲရစ် ပြော

by ဖုန်းမြတ်
22 June 2024
754

ကျနော်က မေမေ့နိုင်ငံနဲ့ ပြည်သူတွေ ဒီမိုကရေစီနဲ့ အခြေခံအခွင့်ရေးရရှိဖို့ မေမေ့ ဆုံးဖြတ်ချက်ကို အမြဲတမ်းထောက်ခံတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ တရားလွှတ်တော်ချုပ်၌ ကြားနာ

by ဧရာဝတီ
12 July 2023
7.1k

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲကာ ထောင်ဒဏ်ချထားသည့် အဂတိမှု ၅ မှုနှင့်ပတ်သက်ပြီး ရာဇဝတ်အယူခံအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ယနေ့ နှစ်ဖက်လျှောက်လဲကြားနာခဲ့သည်။

နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်အတွက် အလှူငွေပေးအပ်နေသည့် ဦးမောင်ဝိတ် / CINCDS

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရွှေ မလှူဒါန်းခဲ့ဟု ဦးမောင်ဝိတ် ငြင်း

by ဧရာဝတီ
30 June 2023
20k

စစ်ကောင်စီဘက်သက်သေအဖြစ် ထွက်ဆိုချက်များပေးခဲ့သူ စေပိုင် ကုမ္ပဏီပိုင်ရှင် မောင်ဝိတ်အနေဖြင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအား ရွှေမလှူဒါန်းခဲ့ဖူး ဟု စွပ်စွဲချက်များအပေါ် ထပ်မံ ငြင်းဆိုထားသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ ဖနွမ်ပင်မြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ဆုံကြစဉ်  / Samdech Hun Sen, Cambodian Prime Minister  / Facebook

ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ

by Bertil Lintner
3 December 2021
11.4k

ပဒေသရာဇ်ဆန်သော ကမ္ဘောဒီးယားအုပ်ချုပ်သူ ဟွန်ဆန်သည် ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် တာဝန်ခံယူမှု တာဝန်ခံမှုကို ထောက်ခံသူအဖြစ် ချက်ခြင်းပြောင်းလဲသွားခဲ့ပါသလား။

Next Post
မီးလောင်သွားသည့် မဟာမုနိ စစ်ရှောင်စခန်း  / Kyaw Hla Myint ( fb )

ကျောက်တော်ရှိ စစ်ရှောင်စခန်းများကို စစ်တပ်မှပစ်ခတ် ခြိမ်းခြောက်

စစ်ကိုင်းတွင် စစ်ကောင်စီ အသုံးပြုတိုက်ခိုက်ခဲ့သည့် ဗုံးအကြွင်းအကျန်များ  / မောင်စိုင်း

စစ်ကိုင်းတွင် ပြည်တွင်းထုတ်ဗုံးများကို ဖျက်အားပြင်း ဗုံးပုံစံပြုလုပ်၍ စစ်ကောင်စီ တိုက်ခိုက်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved