• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ အငြိုး

by ဧရာဝတီ
6 May 2022
in ဆောင်းပါး
A A
၂၀၁၉ ခုနှစ်က တွေ့ရသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / State Counselor’s Office

၂၀၁၉ ခုနှစ်က တွေ့ရသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / State Counselor’s Office

22.6k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်အုပ်စုနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အကြား တင်းမာမှုများသည် လွန်ခဲ့သော ၆ နှစ်ကပင် အရှိန်အဟုန် ရနေပြီဖြစ်သည်။

ထိုသို့သော တင်းမာမှုများကို ဖြစ်စေသည့် သဘောထား ကွဲလွဲမှုများတွင် NLD က ခန့်အပ်သည့် ဒုတိယ သမ္မတလောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကို စစ်အုပ်စုကခန့်သည့် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခြင်း ပါဝင်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေသည် ထိုစဉ်က ရွေးကောက်ခံ အစိုးရသစ်ကို စီမံရန် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခွင့်ပြုရေးအတွက် လွှတ်တော်သို့ တင်သွင်းခဲ့သော ဥပဒေ ဖြစ်သည်။

စစ်အုပ်စုခန့် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း ထိုဥပဒေကြမ်းကို NLD လွှမ်းမိုးသော လွှတ်တော်က အတည်ပြုလိုက်သည်။

စစ်အုပ်စုက ရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို အသစ် ဖန်တီးလိုက်သော နိုင်ငံတော်အတိုင်ပင်ခံ ရာထူးတွင် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့က ခန့်အပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို နိုင်ပြီးနောက် ရွေးကောက်ခံအစိုးရ၏ အမည်မခံသော ဝန်ကြီးချုပ်ဖြစ်လာသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေနှင့် ပတ်သက်ပြီး စစ်အုပ်စုသည် အခဲမကျေနိုင်ဖြစ်နေကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီးတွင် အထင်အရှား တွေ့လာရသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေနှင့် ပတ်သက်ပြီး စစ်အုပ်စုသည် အခဲမကျေနိုင်ဖြစ်နေကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီးတွင် အထင်အရှား တွေ့လာရသည်။

ထိုဥပဒေကို ပြဋ္ဌာန်းရန် NLD သည် တရားဥပဒေကို လိုသလို အသုံးချကြောင်း လွန်ခဲ့သောနှစ် ဧပြီလ ၆ ရက်နေ့တွင် စစ်ကောင်စီခေါင်းဆောင်က သူ၏အစိုးရအဖွဲ့နှင့် ပြည်နယ်တိုင်း ဝန်ကြီးချုပ်များကို ပြောသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
365
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.1k

နိုင်ငံတော်အတိုင်ပင်ခံ ရာထူးအဆင့်သည် NLD အစိုးရ၏ နိုင်ငံတော်၏ အင်္ဂါစဉ်များတွင် သမ္မတပြီးနောက် ဒုတိယ အမြင့်မားဆုံး ရာထူးဖြစ်ပြီး တရားဝင်သတ်မှတ်ချက်အရ အဋ္ဌမအဆင့်သာ ရှိသော စစ်အုပ်စု အကြီးအကဲထက် များစွာ အဆင့်မြင့်သည်။

လက်တွေ့တွင်မူ စစ်အုပ်စုအကြီးအကဲသည် သြဇာအာဏာ အကြီးမားဆုံး ခေါင်းဆောင်ဖြစ်ပြီး အဓိကကျသော ဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာနများကို ချုပ်ကိုင်ထားပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတွင်လည်း ဗီတိုအာဏာ ရရှိထားသည်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ သမ္မတနဲ့ ဒုတိယ သမ္မတရဲ့ အရည်အချင်းတွေကို ဖော်ပြထားပေမယ့် NLD က ဥပဒေကို လိုသလိုအသုံးချပြီး သမ္မတနဲ့ ဒုတိယသမ္မတကြား အဆင့်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ရာထူးကို ဖန်တီးခဲ့တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ ခန့်အပ်ထားသူများကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉ (စ) သည် နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း၊ သို့မဟုတ် သားသမီးရှိသူများကို သမ္မတရာထူးယူခြင်းမှ တားမြစ်ပိတ်ပင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကိုဗစ်နိုင်တင်း ကပ်ရောဂါကာလအတွင်း သူ၏ ခေါင်းဆောင်မှု အရည်အသွေးကို ပြသခဲ့ပြီး စိတ်ဓာတ်ရေးရာ ထောက်ခံမှုပေးကာ ပြည်သူလူထု ကျန်းမာရေး အကြံဉာဏ်များကိုလည်း အွန်လိုင်းမှ ပေးသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကို တရားဥပဒေနှင့် မညီဘဲ ပြဋ္ဌာန်းခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရာထူးကို ရယူရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှား သတင်းဌာန RIA သို့ လွန်ခဲ့သောနှစ် ဇွန်လက ပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကို တရားဥပဒေနှင့် မညီဘဲ ပြဋ္ဌာန်းခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရာထူးကို ရယူရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှား သတင်းဌာန RIA သို့ လွန်ခဲ့သောနှစ် ဇွန်လက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်အတိုင်ပင်ခံ ရာထူးကို ဖန်တီးပေးသူမှာ NLD ၏ ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီဖြစ်ကြောင်း မှတ်တမ်းတင်ထားကြသည်။

ထိုရာထူးကို ဖွဲ့စည်ပုံအခြေခံ ဥပဒေ ပုဒ်မ ၂၁၇ အရ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ထိုပုဒ်မက ပြည်ထောင်စု လွှတ်တော်အနေဖြင့် မည်သည့် ပုဂ္ဂိုလ်ကိုမဆို တာဝန်နှင့် အာဏာပေးအပ်နိုင်သည်။

၂၀၁၇ ခုနှစ်က ရန်ကုန် နိုင်ငံတကာလေဆိပ်ပြင်ပ နေ့ခင်းကြောင်တောင်တွင် ဦးကိုနီကို စစ်အရာရှိဟောင်းများ ပါဝင်ပတ်သက်သည့် လုပ်ကြံမှုအတွင်း သတ်ဖြတ်ခဲ့သည်။ ထိုလုပ်ကြံသတ်ဖြတ်မှုသည် NLD အတွက် နိုင်ငံတော် အတိုင်ပင်ခံရာထူးကို ဖန်တီးပေးခြင်းနှင့်ဆက်စပ်နေသည်ဟု လူအများအပြားက ယုံကြည်သည်။

ထို လုပ်ကြံသတ်ဖြတ်ကို နောက်ကွယ်မှ ကြိုးကိုင်သူမှာ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ဆိုသူဖြစ်ပြီး သူ့ကို နေပြည်တော်တွင် နောက်ဆုံးတွေ့ရပြီးနောက် လွတ်မြောက်နေဆဲဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ရာထူးကို ဖန်တီးလိုက်သောကြောင့် အခဲမကျေဖြစ်နေသူမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တယောက်တည်း မဟုတ်ပေ။

နိုင်ငံတော်အတိုင်ပင်ခံ ရာထူးကို ဖန်တီးလိုက်သောကြောင့် အခဲမကျေဖြစ်နေသူမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တယောက်တည်း မဟုတ်ပေ။

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စစ်အုပ်စု တပ်ဖွဲ့ဝင်များ၊ မိသားစုများနှင့် တွေ့ဆုံရာတွင် စစ်ကောင်စီ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက NLD သည် စစ်အုပ်စုခန့် လွှတ်တော် ကိုယ်စားလှယ်များကို ဒီမိုကရေစီအရ အနိုင်ကျင့်ကြောင်း၊ စစ်အုပ်စုက ကန့်ကွက်သည့်ကြားမှ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း ပြောသည်။

ရေတပ်ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းသည် NLD သို့ အာဏာလက်လွှတ် ဆုံးရှုံးခဲ့ရသည့် ဦးသိန်းစိန် လက်ဝေခံ အစိုးရတွင် သြဇာကြီးမားသည့် ဝန်ကြီးတဦးဖြစ်သည်။ NLD အာဏာရနေစဉ် ကာလအတွင်းက သူသည် စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

“ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ” အမည်ရှိ သူ၏စာအုပ်တွင် ဦးစိုးသိန်းက NLD အာဏာရပြီး ရက်အနည်းငယ်ကြာသည့် အချိန်မှစတင်ပြီး စစ်အုပ်စုက ကြားဝင်စွက်ဖက်မှုကို တမ်းတခဲ့ကြောင်း ရေးသားခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကို ပြဋ္ဌာန်းခြင်းအပါအဝင် NLD ၏ လွှတ်တော်တွင်း လုပ်ဆောင်မှုများကို ဒေါသထွက်သောကြောင့် ထိုသို့ တမ်းတရခြင်းဖြစ်သည်ဟု သူက ပြောသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် NLD က ဒုတိယအကြိမ် အပြတ်အသတ် အနိုင်ရသည်။ မဲစာရင်း အမှားအယွင်းများကို အကြောင်းပြပြီး လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းမှုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလုပ်ခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် အတိုင်ပင်ခံ ရာထူးတွင် ဆက်လက် ရှိနေမည်ဖြစ်သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ မည်သူမျှ မသိနိုင်သည့် နေရာတခုတွင် ဖမ်းဆီးချုပ်နှောင် ခံနေရပြီး စွပ်စွဲချက် အမျိုးမျိုးကိုလည်း ရင်ဆိုင်နေရသည်။

You may also like these stories:

အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား

ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အထူးကိုယ်စားလှယ် တွေ့ခွင့်မရနိုင် ဟု NLD ဆို

စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပါတီကိုယ်စားမပြုဟု NLD ဗဟိုအလုပ်ကော်မတီကြေညာ

ရွေးကောက်ပွဲများကို စိတ်ဝင်စားခြင်းဖြင့် တရုတ်နှင့် အိန္ဒိယက စစ်ကောင်စီကို ထောက်ခံနေ

Your Thoughts …
Tags: NLDRIAကာကွယ်ရေးကိုဗစ်နိုင်တင်းစစ်ကောင်စီဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဒေါ်အောင်ဆန်းစုကြည်နယ်စပ်ရေးရာ ဝန်ကြီးဌာနနိုင်ငံတော်အတိုင်ပင်ခံပြည်ခိုင်ဖြိုး အောင်ဝင်းခိုင်ပြည်ထဲရေးဖွဲ့စည်းပုံအခြေခံ ဥပဒေဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရွေးကောက်ပွဲလွှတ်တော်ဥပဒေပုဒ်မ ၅၉ (စ)ဦးကိုနီဦးစိုးသိန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ချင်းမိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် မမြသိင်္ဂီ

ချင်းမိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ CDM အမျိုးသမီး အသရေဖျက် ခြိမ်းခြောက်ခံနေရ

အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး

အမ်းအခြေစိုက် စစ်တိုင်းမှူးကို AA ဗိုလ်ချုပ်ထွန်းမြတ်နိုင် သတိပေး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved