• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

“စတုတ္ထမဏ္ဍိုင် မရှိဘူး” ဟု မန်းဝန်ကြီးချုပ် သတင်းသမားများကို စိန်ခေါ်

by ဒီလှိုင်းဝင်း
24 August 2019
in သတင်း
A A
သောကြာနေ့က မန္တလေးတွင် ပထမဆုံး ကျင်းပသည့် မဏ္ဍိုင် ၄ ရပ် တွေ့ဆုံဆွေးနွေးပွဲ / ဧရာဝတီ

သောကြာနေ့က မန္တလေးတွင် ပထမဆုံး ကျင်းပသည့် မဏ္ဍိုင် ၄ ရပ် တွေ့ဆုံဆွေးနွေးပွဲ / ဧရာဝတီ

31.4k
VIEWS
Share on FacebookShare on Twitter

“အခြေခံဥပဒေမှာ မဏ္ဍိုင် ၃ ရပ်ပဲ ရှိတယ်ဗျ။ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင် ဒါပဲ။ စတုတ္ထမဏ္ဍိုင်မရှိဘူး” ဟု အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဒုတိယ ဥက္ကဋ္ဌနှင့် လက်ရှိ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြီးမှုး၍ သြဂုတ်လ ၂၃ ရက်နေ့က မန္တလေးမြို့ရှိ Hotel Mandalay တွင် ကျင်းပပြုလုပ်ခဲ့သော မဏ္ဍိုင် ၄ ရပ် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

အဆိုပါ မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲတွင် မန္တလေးမြို့ခံ လူငယ်သတင်းတချို့က လွတ်လပ်စွာ သတင်းရယူခွင့်နှင့် ထုတ်ဖော်ရေးသားခွင့် စာသားပါ အင်္ကျ ီများ ဝတ်ဆင်၍ တက်ရောက်ခဲ့ကြသည်။

ဒေါက်တာဇော်မြင့်မောင်သည် မနက်ပိုင်း အစီအစဉ်ကို တက်ရောက်အပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဤသို့ မှတ်ချက်ပြုသည်။ တဆက်တည်းတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ မဏ္ဍိုင် ၃ ရပ်သာ ပြဌာန်းထားကြောင်း ဆိုသည်။ မြန်မာ မီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် မြင်လိုကြောင်း ပြောပြီး မြန်မာမီဒီယာသည်လည်း စတုထ္ထမဏ္ဍိုင် ဖြစ်ထိုက်ပြီလားဟု မေးခွန်း ထုတ်လိုက်သည်။

“နိုင်ငံတကာမှာ သတင်းထောက်တွေက သူတို့ကိုယ်သူတို့ Fourth မဏ္ဍိုင်လို့ ရေးခဲ့ကြတာ၊ အဲဒီတော့ Fifth မဏ္ဍိုင်၊ Fifth pillar လို့ပြောခဲ့တဲ့သူလည်း ရှိတယ်၊ ဒါက အဓိကမဟုတ်ပါဘူး၊ အဓိကက ပြည်သူက သတင်းအမှန်သိရမယ်၊ အစိုးရလုပ်တဲ့ဟာကိုလည်း သတင်းအမှန်သိရမယ်၊ နောက် Transparency Balance ဖြစ်တာကို သိရမယ်၊ ဒါမှ ပြည်သူက ဆုံးဖြတ်ပေးမှာ၊ ဒါကအရေးကြီးတယ်၊ သတင်းသမားဆိုတာက သတင်းဌာနကို တာဝန်ခံတာဖြစ်တဲ့အတွက် သတင်းဌာနအပေါ်မှာပဲ သစ္စာရှိမှာပေါ့၊ မှန်ပါတယ်၊ ဒါပေမယ့် ပြည်သူအပေါ်မှာပဲ သစ္စာရှိရမယ်၊ ကျနော်သည် NLD သစ္စာခံဖြစ်တယ် ဒါပေမယ့် ပြည်သူအပေါ်မှာ ပိုပြီး သစ္စာရှိရမှာဖြစ်တယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်၏ ပြောဆိုချက်သည် ပါတီတွင် အဆင့်တူသော်လည်း အုပ်ချုပ်ရေးပိုင်းတွင် ပိုအဆင့်မြင့်သော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သတင်းမီဒီယာသည် ပြည်သူ့ နားနှင့် မျက်လုံးများ ဖြစ်ကြောင်း ၂၀၁၈ ကျမ်းကြိမ် မိန့်ခွန်းတွင် ပြောဆိုချက်နှင့် လေသံကွာနေသောကြောင့် ၂၀၂၀ ရွေးကောက်ပွဲအလို သတင်းစာလွတ်လပ်ခွင့်၊ သတင်းရယူပိုင်ခွင့်နှင့် လွတ်လပ်စွာ ဝေဖန် ပြောဆိုပိုင်ခွင့်အပေါ် အာဏာရ ပါတီ၏ သဘောထားအပေါ် မည်သူက ပိုရောင်ပြန်ဟပ်သည်မှာ မရှင်းလင်းလှချေ။

အဆိုပါ မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲတွင် မန္တလေးမြို့ခံ လူငယ်သတင်းတချို့က လွတ်လပ်စွာသတင်းရယူခွင့်နှင့် ထုတ်ဖော်ရေးသားခွင့်စာသားပါ အင်္ကျ ီများ ဝတ်ဆင်၍ တက်ရောက်ခဲ့ကြသည့်အပေါ် အထက်မြန်မာပြည် သတင်းသမားများ အဖွဲ့(UMJO)မှ အလုပ်အမှုဆောင် ကိုလင်းထူးက “အခုလို အင်္ကျိတွေကို ဝတ်ဆင်ရတာကတော့ လွတ်လပ်စွာသတင်းရယူခွင့် မရှိတဲ့အတွက် လုပ်ဖြစ်တာ၊ ဒီတော့ လွတ်လပ်စွာသတင်းရခွင့်အတွက် တောင်းဆိုမှုတခုလည်း ဖြစ်တယ်၊ဒီပွဲတွေ့ရတဲ့ ရည်ရွယ်ချက်ကလည်း မဏ္ဍိုင် ၃ ရပ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ အလုပ်တွေ အတူတူတွဲလုပ်ဖို့၊ လက်ရှိအချိန်မှာ လွတ်လပ်စွာ သတင်းရယူခွင့်မရှိတဲ့ အခက်အခဲတွေ ကျနော်တို့ကြုံတွေ့နေရတယ်၊ ဒီနေ့ပွဲရဲ့ ရည်ရွယ်ချက်ကလည်း လွတ်လပ်စွာ သတင်းရရှိခွင့်၊ ဌာနဆိုင်ရာတွေက မဖြေဆိုဘဲ ထားတာမျိုးတွေကို ပူးပေါင်းဆောင်ရွက်ခွင့်ပေါ့နော်၊ ဒီလို ပူးပေါင်းဆောင်ရွက်မှလည်း ကျနော်တို့အနေနဲ့ မဏ္ဍိုင် ၃ ရပ်ကို စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါကဲ့သို့ ဝတ်ဆင်၍ မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့်အပေါ် ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှုး ဦးကျော်စွာမင်းက “သူတို့ရဲ့ ရင်ထဲမှာရှိတဲ့ တကယ့်ခံစားချက်ကို ထုတ်ဖော်ပြသတယ်လို့ပဲ မြင်ပါတယ်၊ သူတို့အခုလို ဝတ်ဆင်လာတဲ့အပေါ်မှာ တားဆီးပိတ်ပင်တာမျိုး လုပ်လို့ မရဘူး၊ ဖြစ်ပျက်ခဲ့တဲ့အနေအထားတွေကို ပြန်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့လပိုင်း၊ ရက်ပိုင်းက အဖြစ်အပျက်တွေမှာ သတင်းလွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေတဲ့ကိစ္စရပ်တွေက တကယ်ဖြစ်ပေါ်ခဲ့တယ်၊ ဒါကို လူငယ်သတင်းသမားတွေက သူတို့ရဲ့ဆန္ဒအမှန်နဲ့ သတင်းတွေ လွတ်လပ်စွာရရှိရေးအတွက် လုပ်တာအပေါ်မှာ ကျနော်တို့ MPC အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး၊ သူတို့လွတ်လပ်ခွင့်အနေနဲ့ ဆောင်ရွက်လို့ ရပါတယ်၊ ဒီဟာက လက်ရှိ ပကတိအခြေအနေကို နည်းတမျိုးနဲ့ ဆန္ဒထုတ်ဖော်ပြသတယ်လို့ ကျနော်မြင်ပါတယ်”ဟု ပြောသည်။

မန္တလေးမြို့ခံ သတင်းသမားများအနေဖြင့် အစိုးရအဖွဲ့က ဦးဆောင်ကျင်းပသည့် နိုင်ငံတော်အဆင့်အခမ်းအနားများတွင် ဝင်ခွင့်ကတ်များ မရရှိကြခြင်း၊ သတင်းဌာနများအား သီးခြားဖိတ်ကြားခြင်းများနှင့်အတူ ဌာနဆိုင်ရာများ၏ ခွဲခြားဆက်ဆံခံနေရခြင်းများကို ခံနေကြရသဖြင့် မဏ္ဍိုင် ၄ ရပ်တွေ့ဆုံပွဲ၌ အဆိုပါအခက်အခဲများကို တင်ပြသည့်အနေဖြင့် ဝတ်ဆင်ကြခြင်းဟု သိရသည်။

“အဓိက ကျနော်တို့ ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးတွေကို ဒီနေ့မှာ တောင်းဆိုတဲ့အနေနဲ့အပြင် ဒီနေ့ပွဲမှာ ဌာနဆိုင်ရာအသီးသီးကလည်း လာမယ်ဆိုတော့ ကျနော်တို့ရပိုင်ခွင့်တွေအတွက် လှုပ်ရှားမှုတရပ်အနေနဲ့ လှုပ်ရှားတာပဲ ဖြစ်ပါတယ်”ဟု မန္တလေးမြို့ခံ လူငယ်သတင်းထောက် ကိုနိုင်လင်းဦးက ပြောသည်။

“ကျနော်တို့ ဆန္ဒပြတာ မဟုတ်ပါဘူး၊ ဒါက တဖက်က ခံယူတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်၊ ကျနော်တို့ရဲ့လိုလားချက်ကို တောင်းဆိုတာပဲဖြစ်တယ်၊ ဘယ်သူ့ကိုမှလည်း အနှောက်အယှက် မပေးသလို ကျနော်တို့တောင်းဆိုနေတာတွေကလည်း မဏ္ဍိုင် ၃ ရပ်ကနေ ပေးကိုပေးရမယ့် အခွင့်အရေးဖြစ်တယ်၊ ဒါကို မရလို့ ကျနော်တို့က တောင်းဆိုတာ ဖြစ်တယ်၊ ကျနော် တို့လိုလားချက်ကို မဏ္ဍိုင် ၃ ရပ်နဲ့တွေ့တဲ့အခါ တိုက်ရိုက်ပြောလိုတာတွေကို သိစေချင်တဲ့သဘောပါပဲ”ဟု အထက်မြန်မာပြည်သတင်းသမားများအဖွဲ့(UMJO)မှ အလုပ်အမှုဆောင် ကိုလင်းထူးက ပြောသည်။

မန္တလေးမြို့တွင် သြဂုတ်လ ၂ရက်နေ့က ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများဖြင့် တွေ့ဆုံပွဲတွင် မြို့ခံသတင်းမီဒီယာများအား သတင်းယူခွင့် ကန့်သတ်ခံရခြင်း၊ သြဂုတ် ၁၆ ရက်က မန္တလေးမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်းထောက်လူငယ်များ တွေ့ဆုံပွဲ၌ သတင်းဌာနများအား ကန့်သတ် ရွေးချယ် ဖိတ်ကြားခြင်းများအပေါ် ဦးဆောင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအား ဝေဖန်ပြောဆိုနေမှုများရှိသည်။

အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများ၏ မီဒီယာအပေါ် ဆက်ဆံမှုအားနည်းချက်များကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာ လွတ်လပ်ခွင့်သည် ကမ္ဘာ့စာရင်းတွင် ယခုနှစ်၌ အဆင့်တဆင့် နိမ့်ကျခဲ့ရသလို သတင်းမီဒီယာများအား တရားစွဲဆိုခြင်းများ ပြုလုပ်ရာတွင် မီဒီယာဥပဒေဖြင့်သာ တရားစွဲရန်နှင့် မီဒီယာပြဿနာများအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဖြေရှင်းပေးခွင့်ရရှိရန် ၂၀၁၄ သတင်းမီဒီယာ ဥပဒေကို လေးစားရန် လိုအပ်ကြောင်း သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေးသမားများက တိုက်တွန်းလျက် ရှိသည်။

“ကျနော်တို့နိုင်ငံမှာက သတင်းမီဒီယာရဲ့ အဆင့်အတန်းက မနှစ်ကထက် တဆင့်ကျသွားတယ်၊ ဘာကြောင့်ကျသလဲဆိုရင် သတင်းအချက်အလက်တွေပေးတာနဲ့ သတင်းမီဒီယာတွေအပေါ် တရားစွဲဆိုမှုတွေရှိတာ ဒီပေတံတွေလည်း အချက်အလက်အနေနဲ့ ပါတာပေါ့နော်၊ ဒါကြောင့် ကျနော်ပြောချင်တာက သတင်းမီဒီယာဥပဒေရှိနေပါလျက်နဲ့ ဌာနဆိုင်ရာကဖြစ်ဖြစ်၊ အခြားသောအဖွဲ့အစည်းတွေကဖြစ်ဖြစ် သတင်းသမားတွေကို တရားစွဲဆိုမှုတွေလုပ်မယ်ဆိုရင် အခြားသောဥပဒေတွေနဲ့ တရားစွဲဆိုနေတာတွေကို ကျနော်တို့အနေနဲ့ လက်မခံနိုင်ဘူး၊ ကျနော်တို့ သတင်းမီဒီယာသမားတွေကို တရားစွဲဆိုမယ်ဆိုရင် သတင်းမီဒီယာဥပဒေအတိုင်း ဆောင်ရွက်ဖို့လိုတယ် ဆိုတာကို ထုတ်ဖော်ပြောဖို့လိုတယ်၊ ဒါကြောင့် အဓိကမဏ္ဍိုင် ၃ ရပ်ကို ကျနော်ပြောချင်တာက သတင်းမီဒီယာဥပဒေပုဒ်မ ၁၂ အရ သတင်းမီဒီယာသမားတွေအားလုံးကို ကိုယ်စားပြုတဲ့အဖွဲ့က သတင်းမီဒီယာကောင်စီဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်တို့ကောင်စီကနေပဲ ဖြေရှင်းပေးပါရစေလို့ တောင်းဆိုလိုပါတယ်”ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှုး ဦးကျော်စွာမင်းက ပြောသည်။

မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပသည့် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲ ပထမပိုင်းတွင်
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ပြောလိုသည်များကိုသာ ပြောဆိုခဲ့ပြီး ဒုတိယပိုင်းတွင် ထည့်သွင်းဆွေးနွေးခဲ့ကြသော သတင်းမီဒီယာသမားများ၏ အမြင်သဘောထားများကို နားထောင်ခဲ့မှု မရှိခဲ့ဘဲ ပြန်သွားခဲ့သည်။

ဆွေးနွေးပွဲ နောက်ဆုံးတွင် အထက်မြန်မာပြည်သတင်းသမားများအဖွဲ့(UMJO)က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက မြို့တော်ခန်းမတွင် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့များနှင့် တွေ့ဆုံပွဲ၌ “ကိုယ့်စကားကို နားထောင်စေချင်ရင် သူများပြောစကားကို နားထောင်ပေးရမယ်”ဟု ပြောဆိုခဲ့မှုရှိသော်လည်း တိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် သတင်းမီဒီယာသမားများ၏ ဆွေးနွေးချက်များကို အလေးထား နားထောင်ခြင်း မရှိဘဲ ပြန်သွားခဲ့ခြင်းသည် သတင်းမီဒီယာသမားများ၏ဆွေနွေးမှုများကို အလေးမထားကြောင်း သူ၏ သဘောထားကို မြင်တွေ့ရကြောင်း၊ ယခုတွေ့ဆုံပွဲတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်ကြီး ၃ ရပ်နှင့် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် သတင်းမီဒီယာတို့ တွေ့ဆုံပြီး နိုင်ငံတိုးတက်ကောင်းမွန်ကြောင်းကို ဆွေးနွေးကြသည့်ပွဲတွင် တိကျသောရလာဒ်များ ထွက်ပေါ်မလာသည့်အတွက် အားမလိုအားမရဖြစ်မိကြောင်းစသည့် အချက် ၁၀ ချက်ပါဝင်သည့် သဘောထားထုတ်ပြန်ကြေညာသည်။

ဆက်စပ်ဖတ်ရှုရန်

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အောက်ခြေ လွတ်သွားပြီဟု အာဏာရ ပါတီ ပြော

မန္တလေးတိုင်း ဝန်ကြီးဌာနသစ် ဝန်ကြီးနေရာ ကျောက်ဆည် အမတ်ကို အမည်စာရင်းသွင်း

ပုဂံဒေသခံများ ပြောင်းရွှေ့ရေးအတွက် တိကျသောအဖြေမရှိသေးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ပြော

Your Thoughts …
Tags: စတုတ္ထမဏ္ဍိုင်ဒေါက်တာ ဇော်မြင့်မောင်မန်းဝန်ကြီးချုပ်သတင်းမီဒီယာ
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

by မောင်ကဝိ
5 November 2024
7.6k

နောက်စစ်ခေါင်းဆောင်ကလည်း သူ့အာဏာကို ခြိမ်းခြောက်ရင် မင်းအောင်လှိုင်ရဲ့သားကို ဖမ်းမှာပဲ

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

စစ်ကောင်စီပဲ အမြတ်ထွက်မယ့် အနေအထားဖြစ်နေတယ် (ရုပ်/သံ)

စစ်ကောင်စီပဲ အမြတ်ထွက်မယ့် အနေအထားဖြစ်နေတယ် (ရုပ်/သံ)

by ဧရာဝတီ
10 March 2025
3k

လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရပ်သွားရင် ပြည်သူလူထုအပေါ် သတင်းအမှောင်ချဖို့နဲ့ သတင်းမှားတွေ ထုတ်လွှင့်ပြီး ဝါဒဖြန့်ဖို့အချိန်ပြည့် ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်ကောင်စီ အတွက် အမြတ်ထွက်လိမ့်မယ်လို့ သတင်းစာဆရာတွေက ပြောပါတယ်။

Next Post
ကွတ်ခိုင်မြို့တွင် ကင်းစောင့်နေ့သည့် တပ်မတော်သားများ / ဇော်ဇော် / ဧရာဝတီ

တိုက်ပွဲများ ဆက်တိုက်လိုပါက အသင့်ရှိဟု တပ်မတော်ပြော

ကိုယ်ပိုင်အိမ်ပိုင်ဆိုင်လိုသူများအတွက် 8th Biggest Home Loan Expo ပြပွဲကြီး

ကိုယ်ပိုင်အိမ်ပိုင်ဆိုင်လိုသူများအတွက် 8th Biggest Home Loan Expo ပြပွဲကြီး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved