• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
in အင်တာဗျူး
A A
ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဓာတ်ပုံ - Kim Aris Facebook

5.7k
VIEWS
Share on FacebookShare on Twitter

ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်သည် စစ်တပ်၏ ချုပ်နှောင်မှုခံထားရစဉ် ယခုလအတွင်း ကွယ်လွန်ပြီးနောက် ဖမ်းဆီးခံထားရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အလားတူကံကြမ္မာမျိုးကို ရင်ဆိုင်ရနိုင်သည်ဆိုသည့် အများပြည်သူ စိုးရိမ်ပူပန်မှု ကြီးထွားနေသည်။ စစ်ကောင်စီသည် အသက် ၇၉ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းသည့် ပထမဆုံးနေ့တွင် ဖမ်းဆီးလိုက်သည်။

အသက်အရွယ် ကြီးရင့်ခြင်းအပြင် ကျန်းမာရေးပြဿနာများကိုလည်း ရင်ဆိုင်နေရသည်ဆိုသည့် သတင်းများလည်း ရှိနေသည်။ အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ စစ်ကောင်စီသည် သူ့ကို အဆက်အသွယ်ဖြတ် ချုပ်နှောင်ထားပြီး မိသားစုနှင့်ရှေ့နေများ သွားရောက်တွေ့ဆုံခြင်းကိုလည်း ပိတ်ပင်ထားသည်။

ယခုတွေ့ဆုံမေးမြန်းခန်းတွင် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ကျန်းမားရေးနှင့် အဆက်အသွယ်မရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ပြီး အနိမ့်ဆုံးအဆင့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းရန်နှင့် မိခင်ကို ပုံမှန်တွေ့ခွင့်ရရေးအတွက် သူ့ကိုခွင့်ပြုရန် စစ်ကောင်စီကို တောင်းဆိုသည်။

ငြိမ်းငြိမ်း။ ။ အခုလ အောက်တိုဘာထဲမှာ စစ်ကောင်စီရဲ့ အကျဉ်းကျခံခဲ့ရတဲ့ NLD ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားပြီးနောက် ကင့်မေမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် အန္တရာယ်အတွက်လည်း လူအများက စိုးရိမ်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုဆို အသက် ၇၉ နှစ်ရှိနေပြီ။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကတည်းက ထိန်းသိမ်းအကျဉ်းကျခံနေရတာ ဖြစ်တယ်။ ဒီဟာနဲ့ပတ်သက်ပြီး ကင်မ် ဘယ်လိုမှတ်ချက် ပြုချင်ပါသလဲ။

ကင်မ်အဲရစ်။ ။ ပထမဆုံး ဒေါက်တာဇော်မြင့်မောင် မိသားစုထံကို ထပ်တူဝမ်းနည်းကြောင်း ပြောလိုပါတယ်။ သတင်းတွေအရ ကျနော် သိရသလောက် သတိမေ့နေတဲ့ နိုင်ငံရေးသမားကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း အကြောင်းကြားဖို့ သူမကွယ်လွန်ခင် နာရီပိုင်းအလိုမှာ စစ်ကောင်စီ အရာရှိတွေက ဆေးရုံကို ကတိုက်ကရိုက် သွားပြောခဲ့ကြပါတယ်။ ဒါဟာ ထောင်ကျနေချိန် သူ့အသက်ကို ကယ်နိုင်ရဲ့သားနဲ့ မလုပ်ပေးခဲ့ဘဲ သူ့အတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးခဲ့တာ တွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းတဲ့ ရက်စက်ကြမ်းကြုတ် မှုနောက်ထပ်တစ်ခုပါပဲ။

ကျနော် နားလည်သလောက် မေမေ့ရဲ့ ထောင်ထဲက အခြေအနေတွေက ဆိုးရွားနေတယ်။ ဒါကြောင့် သူ့မှာ ဘာတွေဖြစ်နေလဲ ဆိုတာ ကျနော် အရမ်း စိတ်ပူတယ်။

ကျနော် နားလည်သလောက် မေမေ့ရဲ့ ထောင်ထဲက အခြေအနေတွေက ဆိုးရွားနေတယ်။ ဒါကြောင့် သူ့မှာ ဘာတွေဖြစ်နေလဲ ဆိုတာ ကျနော် အရမ်း စိတ်ပူတယ်။

အာဏာသိမ်းကတည်းက အနည်းဆုံး လူပေါင်း ၂၀၀၀ ခန့်ဟာ စစ်တပ် ထိန်းသိမ်းထားစဉ် သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ အမျိုးသမီး ၁၂၅ ဦးနှင့် ကလေး ၈၈ ဦး ပါဝင်တယ်။ ဒါကြောင့်ဖမ်းဆီးထိန်းသိမ်း ထားခံရစဥ်အတွင်း နောက်ထပ်သေဆုံးမှုတွေ ရှောင်ရှားနိုင်ဖို့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ -အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာသူတွေ ကို လွှတ်ပေးဖို့ စစ်ကောင်စီကို ကျနော် တောင်းဆိုတယ်။

RelatedPosts

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
153
ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

29 December 2025
108
လူငယ်တဦး ပြောပြတဲ့ ကမ္ဘောဒီးယား ကျားဖြန့် ငရဲခန်း အတွေ့အကြုံ

လူငယ်တဦး ပြောပြတဲ့ ကမ္ဘောဒီးယား ကျားဖြန့် ငရဲခန်း အတွေ့အကြုံ

25 December 2025
1.5k

လာမယ့်နှစ်မှာ မေမေ အသက် ၈၀ ပြည့်တော့မယ်။ လွန်ခဲ့တဲ့ သုံးနှစ်ခွဲ- လေးနှစ်တာ ကာလအတွင်း နေပြည်တော်မှာ အကျဉ်းကျခံနေရတာရယ် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့အချိန်တွေ အပါအဝင်ဆိုရင် သူ့ဘဝရဲ့ လေးပုံတစ်ပုံခန့်ကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ဖို့ ငြိမ်းချမ်းစွာ လုပ်ဆောင်ရင်း ဖမ်းဆီးချုပ်နှောင်ခံနေရတယ်။

မေး ။ ။ အခု သူ့ကို နေအိမ်အကျယ်ချုပ် ထားတယ်လို့ လူတချို့ပြောပေမယ့် တချို့ကလည်း သူ ထောင်ထဲမှာပဲလို့ ပြောတယ်။ ကင်မ် ဘယ်လိုထင်လဲ။

ဖြေ ။ ။ ကျနော် နားလည်ထားသလောက်က မေမေ့ကို နေပြည်တော်က ထောင်မှာပဲ ထားတယ်။ ပြောရရင် သူ့ကို တိုက်ပိတ်ထားသလို လို့ ပြောရမယ်။ သူ့ကိုတခြား အကျဉ်းသားတွေနဲ့ တွေ့ခွင့်မပေး၊ ဘယ်ဧည်သည်နဲ့မှလည်း တွေ့ခွင့်မပေးတာ ကြာပြီ။ သူ့ရှေ့နေအဖွဲ့ကိုတောင် တွေ့ခွင့်မပေးဘူး။ သူ့ ကျန်းမာရေး အခြေအနေ မကောင်းဘူးဆိုတာ ကျနော်သိတယ်။

မေး
။ ။ သူ့ရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးထိခိုက်နေတာကို ကုသမှုမပေးဘူးလို့ ကင်မ် အရင်က ပြောခဲ့ဖူးတယ်။ အခုအချိန်အထိလည်း ကုသမှု မခံရဘဲ ဖြစ်နေနိုင်တယ်။ အဲဒီတော့။

ဖြေ
။ ။ မေမေက သွားနဲ့ခံတွင်းဝေဒနာ နဲ့ မူးဝေတတ်တာကို ဆက်တိုက်ခံစားနေရတယ်။ ကျနော်ကြားသိရတဲ့ သတင်းအနည်းငယ်ကနေ နားလည်ရတာက မေမေဟာ အရိုးပွရောဂါနဲ့ နှလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း ရင်ဆိုင်နေရတယ်။

မေး
။ ။ အခုပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တခြားကျန်းမာရေး ပြဿနာတွေနဲ့ပတ်သက်တဲ့ နောက်ဆုံး အခြေအနေတွေကို ကြားရသေးလား။

ဖြေ ။ ။ အဲဒါ ကျနော်ကြားခဲ့သမျှ အကုန်ပဲ။ ထွက်လာတဲ့ ဘယ်သတင်းကိုမှ အတည်မပြုနိုင်လို့ ဘယ်ဟာကမှန်လဲ၊ ဘယ်ဟာကမှားလဲ သိဖို့ခက်တယ်။

နေပြည်တော်ထောင်မှာ အကျဉ်းချခံခဲ့ရပြီး ပြန်လွတ်လာတဲ့ မေမေ့ရဲ့အစိုးရလက်ထက် စီးပွားရေး အကြံပေး ရှောင်တာနဲလ် ပြောတာက နေပြည်တော်ထောင်ရဲ့ အခြေအနေဟာ အရမ်း ဆိုးရွားလွန်းတယ်။ ကြွက်တွေ၊ ခြင်တွေ၊ စိုထိုင်းတဲ့ တိုက်ခန်းကျဉ်းတွေနဲ့ အပူလွန်ကဲတာတွေ ရှိတယ်။

မေမေ့ရဲ့ လက်ရှိကျန်းမာရေးအရ စိုးရိမ်ပူပန်စရာတွေနဲ့ နေပြည်ထောင်က အခြေအနေတွေကြောင့် သူထောင်ထဲမှာ ကွယ်လွန်သွားမှာကို ကျနော်အရမ်း စိုးရိမ်တယ်။ မေမေသာ အဲဒီလိုဖြစ်ခဲ့ရင် စစ်တပ်နဲ့ မင်းအောင်လှိုင်တို့ကြောင့်ပဲ။ သူတို့ ဂရုစိုက်မှု မရှိလို့ပဲ။ အမှန်တကယ်က မေမေက ဘယ်နည်းနဲ့မှ ထောင်ထဲမှာ မရှိသင့်ဘူး။ သူ့အပေါ် စွပ်စွဲချက်အားလုံးဟာ လုံးဝ အလိမ်အညာတွေပဲ။ ကျနော့်မေမေနဲ့ တခြားနိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မင်းအောင်လှိုင်ကို ကျနော် ထပ်မံ တောင်းဆိုတယ်။

မေး ။ ။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ ရောအဆက်အသွယ်ရှိလား။

ဖြေ ။ ။ ICRC ကို မေမေအပါအဝင် တခြား နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့ပါ တွေ့ခွင့်မပေးဘူး။ သူတို့ကို မေမေနဲ့ တွေ့ခွင့်ပေးပြီး သူ့အခြေအနေကို အတည်ပြုနိုင်ခဲ့ရင် အနည်းဆုံး တခုခု သိရနိုင်တာပေါ့။

မေး ။ ။ အခုနှစ် ဇန်နဝါရီလတုန်းက သူ့ဆီက စာတစောင်ကို ကင်မ် ရတယ်။ အဲဒီနောက် စစ်ကောင်စီရဲ့ တရားဝင်လမ်းကြောင်းကနေ နောက်ထပ် အဆက်အသွယ်ရသေးလား။

မရတော့ဘူး၊ ဘာမှမရဘူး။ အဲဒီစာတစောင်နောက်ပိုင်း ဘာစာမှ မရဘူး။ ကျနော်က တခြားစာတွေနဲ့ ထောင်ဝင်စာပစ္စည်းတထုပ် ပို့လိုက်ပေမယ့် အဲဒါတွေကို မေမေ ရတယ်၊ မရဘူးဆိုတဲ့ ဘာအတည်ပြုချက်မှ ကျနော် မရဘူး။

မရတော့ဘူး၊ ဘာမှမရဘူး။ အဲဒီစာတစောင်နောက်ပိုင်း ဘာစာမှ မရဘူး။ ကျနော်က တခြားစာတွေနဲ့ ထောင်ဝင်စာပစ္စည်းတထုပ် ပို့လိုက်ပေမယ့် အဲဒါတွေကို မေမေ ရတယ်၊ မရဘူးဆိုတဲ့ ဘာအတည်ပြုချက်မှ ကျနော် မရဘူး။

ဖြေ ။ ။ မရတော့ဘူး၊ ဘာမှမရဘူး။ အဲဒီစာတစောင်နောက်ပိုင်း ဘာစာမှ မရဘူး။ ကျနော်က တခြားစာတွေနဲ့ ထောင်ဝင်စာ ပစ္စည်းတထုပ် ပို့လိုက်ပေမယ့် အဲဒါတွေကို မေမေ ရတယ်၊ မရဘူးဆိုတဲ့ ဘာအတည်ပြုချက်မှ ကျနော် မရဘူး။

မေး ။ ။ စာနဲ့ ထောင်ဝင်စာပစ္စည်း ပို့တာ ဘယ်နှခုလောက်ရှိပြီလဲ။

ဖြေ ။ ။ ကျနော်ပို့တဲ့ အရေအတွက် အတော်များတယ်။ ဘယ်နှခုလောက်က မေမေ့ဆီကိုရောက်လည်း ကျနော် မသိဘူး။ ကျနော်တို့ ရဲ့ ကျန်တဲ့မိသားစုဝင်တွေက ပို့တဲ့ ပစ္စည်းတချို့လည်း ကျနော် ပို့ခဲ့တယ်။ အဲဒါတွေအားလုံးကို ကျနော့်ဆီ ပြန်ရောက်လာတယ်။ သူတို့က စာအားလုံးကို ခွင့်မပြုဘူးဆိုတာ ကျနော် သိလိုက်ရတယ်။ အရင်ကဆို စစ်တပ်က နိုင်ငံရေးအကျဉ်းသားတွေကို ဧည့်တွေ့ခွင့်၊ စာနဲ့အဆက်အသွယ်ရခွင့်နဲ့ ထောင်ဝင်စာပစ္စည်း ယူခွင့်ပြုတယ်လို့ ပြောတယ်။
ဒါပေမယ့် ကျနော် နောက်ဆုံးပို့လိုက်တဲ့ ထောင်ဝင်စာပစ္စည်းရော စာရောကို မေမေ လက်ခံရရှိတဲ့ အထောက်အထားကို လက်ရှိအချိန်အထိ ကျနော် မတွေ့ရသေးဘူး။ နောက်ပြီးတော့ စစ်တပ်ဟာ ထောင်ထဲက ပြည်သူတွေကို သူတို့မိသားစုတွေနဲ့ မတွေ့နိုင်အောင် အရမ်းခက်ခဲအောင် လုပ်ထားတာ ကျနော် သိတယ်။ မိသားစုတွေ ထောင်ဝင်စာတွေ့နိုင်ဖို့ကို တမင် ခက်ခဲအောင် စည်းမျဥ်းတွေ လုပ်ထုံးလုပ်နည်းတွေလည်း သူတို့ချထားတယ်။

မေး ။ ။ ထောင်ဝင်စာပစ္စည်းထုပ်ကို နောက်ဆုံး ဘယ်တုန်းက ပို့ခဲ့တာလဲ။

ဖြေ ။ ။ လွန်ခဲ့တဲ့ သုံးလလောက်ကလို့ ကျနော်ထင်တယ်။

မေး ။ ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန် ပရာမွတ်ဝီနိုင်က ကင့်မ် မေမေ ကို ထောင်ထဲမှာ တွေ့ခွင့်ရတဲ့ မိသားစုဝင်မဟုတ်တဲ့ တဦးတည်းသောပြင်ပကသူ ဖြစ်တယ်။ အဲဒါက ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ။ ကင့်မ် မေမေအကြောင်း သိရအောင် သူ့ကို ဆက်သွယ်ခဲ့သေးလား။

ဖြေ ။ ။ မဆက်သွယ်ဘူး။ စစ်ကောင်စီအစီအစဉ်နဲ့ မေမေ့ကို တွေ့ဆုံပြီးနောက် သူရဲ့ကြေညာချက်ထဲ မှာ မေမေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာတယ်၊ တွေ့ဆုံဆွေးနွေးရေးကို အားပေးတယ်ဆိုတာလောက်ပဲ ပါတယ်။

မြန်မာစစ်တပ်က တော်လှန်ရေးအင်အားစုတွေကို အနိုင်ယူဖို့ ကြိုးစားနေတာ။ အခု အနားယူသွားတဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်းက မြန်မာစစ်ကောင်စီနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိပြီး အမာခံ ထောက်ခံတဲ့ ထိုင်း စစ်တပ် ကျောထောက်နောက်ခံပြု ထိုင်းအစိုးရ ဦးဆောင်သူတဦးဖြစ်ခဲ့တယ်။ သူရဲ့ခရီးစဉ်နဲ့ မြန်မာစစ်တပ်ကို ချစ်ကြည်ရင်းနှီးပုံရတဲ့ ဟန်ပန်တွေဟာ အာဆီယံအတွင်းမှာ အငြင်းပွားစရာ အများအပြားဖြစ်စေခဲ့ပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံရဲ့ အားထုတ်မှုတွေကိုလည်း ထိခိုက်စေခဲ့တယ်။

သူက မေမေ့ကိုတွေ့ခဲ့တယ်လို့ ပြောပေမယ့် အဲဒီလို တွေ့ခဲ့တုန်းက ဘာတွေ တကယ်ပြောတယ်ဆိုတာ ကို အတည်ပြုနိုင်စရာ ဘာမှမရှိဘူး။ အဲဒီဝန်ကြီး ပြောတယ်ဆိုပြီး ထွက်လာတဲ့ သတင်းတွေကလည်း တော်တော် မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ်။

မေး ။ ။ မြန်မာမှာ ထောင်အရာရှိတွေက ဒေါ်အောင်ဆန်းစုကြည်လိုပဲ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ဖို့ မိသားစုဝင်တွေကိုပဲ ခွင့်ပြုတယ်။ မိသားစုဝင်တယောက်အနေနဲ့ သူ့ကို ထောင်ဝင်စာ သွားတွေ့ချင်လား။

ဖြေ ။ ။ ခွင့်ပြုရင် သွားတွေ့မှာပေါ့။ မေမေ့ကို သွားတွေ့ခွင့်ပြုဖို့ ကျနော် တောင်းဆိုနေတာ တော်တော်ကြာနေပြီ။ မေမေနဲ့ အဆက်အသွယ်ရဖို့၊ သွားရောက်တွေ့ဆုံမှုရဖို့ ကျနော်ရဲ့ တောင်းဆိုမှုတွေကို စစ်တပ်က မတုံ့ပြန်ဘူး။

ကျနော့်လိုပဲ မြန်မာပြည်က ပြည်သူအများဟာလည်း ဒီလိုအလားတူ အခြေအနေနဲ့ ကြုံနေရတယ်လို့ ကျနော်ထင်တယ်။ မြန်မာက ကျော်ကြားတဲ့ နိုင်ငံရေးအကျဉ်းသားတွေသာမက သာမန်အကျဉ်းသား တွေလည်း သူတို့ချစ်ခင်သူတွေနဲ့တွေ့ဖို့၊ သူတို့ချစ်ခင်သူတွေ ဘာဖြစ်နေတယ်ဆိုတာသိဖို့ အရမ်းခက်ခဲနေမှာပဲ။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုမှာ သြဇာကြီးတဲ့ ခေါင်းဆောင် ဖြစ်တယ်။ အခုတော့ သူ့ကိုလွှတ်ပေးဖို့ နိုင်ငံတကာ တောင်းဆိုတာတို့ သူ့အတွက် စိုးရိမ်ကြောင်း ဖော်ပြတာတို့ကို သိပ်မကြားရဘူး။ ဘာကြောင့်လဲ။

ဝမ်းနည်းစရာကောင်းတာက ဥပမာပြောရင် မြန်မာဟာ အနောက်တိုင်းအတွက် ယူကရိန်းစစ်ပွဲလို အရှေ့အလယ်ပိုင်းစစ်ပွဲလို ပထဝီနိုင်ငံရေးအရ အာရုံစိုက်မှု မခံရဘူး။ ကုလသမဂ္ဂ လူသားချင်းစာနာမှု တုံ့ပြန်ရေး စီမံကိန်းဟာ ရန်ပုံငွေ လိုအပ်တာထက် ၅၅ ရာခိုင်နှုန်း လျော့နည်းနေပြီး လူသားချင်းစာနာမှု အစီအစဉ်အားလုံးမှာ ရင်းမြစ်အနည်းဆုံး ဖြစ်နေတယ်။

ဝမ်းနည်းစရာကောင်းတာက ဥပမာပြောရင် မြန်မာဟာ အနောက်တိုင်းအတွက် ယူကရိန်းစစ်ပွဲလို အရှေ့အလယ်ပိုင်းစစ်ပွဲလို ပထဝီနိုင်ငံရေးအရ အာရုံစိုက်မှု မခံရဘူး။ ကုလသမဂ္ဂ လူသားချင်းစာနာမှု တုံ့ပြန်ရေး စီမံကိန်းဟာ ရန်ပုံငွေ လိုအပ်တာထက် ၅၅ ရာခိုင်နှုန်း လျော့နည်းနေပြီး လူသားချင်းစာနာမှု အစီအစဉ်အားလုံးမှာ ရင်းမြစ်အနည်းဆုံး ဖြစ်နေတယ်။

ဖြေ ။ ။ ဝမ်းနည်းစရာကောင်းတာက ဥပမာပြောရင် မြန်မာဟာ အနောက်တိုင်းအတွက် ယူကရိန်းစစ်ပွဲလို အရှေ့အလယ်ပိုင်းစစ်ပွဲလို ပထဝီနိုင်ငံရေးအရ အာရုံစိုက်မှု မခံရဘူး။ ကုလသမဂ္ဂ လူသားချင်း စာနာမှု တုံ့ပြန်ရေး စီမံကိန်းဟာ ရန်ပုံငွေ လိုအပ်တာထက် ၅၅ ရာခိုင်နှုန်း လျော့နည်းနေပြီး လူသားချင်းစာနာမှု အစီအစဉ်အားလုံးမှာ ရင်းမြစ်အနည်းဆုံး ဖြစ်နေတယ်။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် လူပေါင်း ၃ သန်းကျော် ပြည်တွင်းနေရပ်စွန့်ခွာစေပြီး လူသန်း ၂၀ က လူသားချင်းစာနာမှု အကူအညီ အရေးတကြီး လိုအပ်နေတယ် ကုလသမဂ္ဂက စာရင်းအရ သိရတယ်။ အဲဒီအခြေအနေဟာ ယာဂိ တိုင်ဖွန်းမုန်တိုင်းနောက်ပိုင်း ပိုမိုဆိုးရွားလာပြီး နောက်ထပ် လူတွေအများကြီး နေရပ်စွန့်ခွာရတယ်။ အခုဆိုရင် နောက်ထပ် လူတွေအများကြီး သေကြေကြတယ်။ ပြောရရင် စစ်တပ်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး အစီအစဉ် မရှိဘူး။

သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ကျနော့်မေမေ သီးခြားဖယ်ထားတဲ့ ငွေတွေအားလုံးကို သူတို့ယူပြီး ကိုယ့်ပြည်သူကိုယ် ပြန်တိုက်ခိုက်ဖို့ သုံးတယ်။ ဒါပေမယ့် သိတဲ့အတိုင်း အရမ်း ဒုက္ခရောက်ပေမယ့် ပြင်ပကမ္ဘာက ဘာအကူအညီမှ မရပေမယ့် မြန်မာက ပြည်သူတွေဟာ စစ်တပ်ကို အနိုင်ရနေဆဲပဲ။

ဒီလို နိုင်ငံတကာ အာရုံစိုက်မှု မရတဲ့ အကြောင်းရင်းတစိတ်အပိုင်းက ပြီးခဲ့တဲ့နှစ်တွေမှာ ရိုဟင်ဂျာ အကျပ်အတည်းကို အနောက်တိုင်းမီဒီယာ၊ နိုင်ငံတကာမီဒီယာက သတင်းဖော်ပြတဲ့အခါ မေမေ နဲ့ အဲဒီတုန်းက NLD အစိုးရရဲ့လုပ်ဆောင်ချက်တွေ၊ ရိုဟင်ဂျာတွေ တွေ့ကြုံနေရတာတွေကို ကူညီဖို့ ကြိုးစားနေတာတွေအပေါ် တင်ဆက်တာက မှားယွင်းခဲ့တယ် လို့ ကျနော်ထင်တယ်။

သူတို့တွေက သူတို့လုပ်နိုင်တာ အရာရာလုပ်နေကြတယ်။ ဒါပေမယ့် အဲဒါကို နိုင်ငံတကာ မီဒီယာက မဖော်ပြဘူး။ ဒါကြောင့် မေမေရနေတဲ့ ထောက်ခံမှုအပေါ် ထိခိုက်ခဲ့တယ်။ အခု မြန်မာက တော်လှန်ရေး အင်အားစုတွေရနေတဲ့ ထောက်ခံမှုကိုပါ ထိခိုက်တယ်။ ဒါဟာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာမှာ ဖြစ်နေတာတွေကို လျစ်လျူရှုထားဖို့ ဆင်ခြေရသွားစေတယ်။

ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းဆီက အာရုံစိုက်ဖို့ ပိုမိုရအောင် ကျနော်တို့လုပ်ဖို့ လိုအပ်တဲ့ ပထမဆုံးအရာတွေထဲက တခုက အဲဒီတုန်းက ဘာတွေလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကို ပြန်ပြောဖို့နဲ့ အဲဒီတုန်းက အခြေအနေကို အမှန်ဖြစ်အောင်ပြင်ဖို့လို့ ကျနော်ထင်တယ်။

မေး ။ ။ စစ်တပ်က ရွေးကောက်ပွဲတခုလုပ်ဖို့ စီစဉ်နေတယ်၊ ရှေ့နှစ် ဖြစ်ကောင်းဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခိုင်းဖို့ ပြောနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိတယ်။ သူလက်ခံမယ်လို့ ထင်လား။

ဖြေ ။ ။ အခုလောလောဆယ် ပြောရတာ အရမ်းခက်တယ်။ သူလက်ခံနိုင်တဲ့နည်းလမ်းက တခုတည်းပဲ ရှိတယ်လို့ ကျနော်ထင်တယ်။ အဲဒါကတော့ စစ်တပ်က နေရာဖယ်ပေးပြီး ရွေးကောက်ပွဲမှာ ရွေးကောက်ခံဖို့ အမှန်တကယ် လိုအပ်တဲ့ ပါတီတွေကို ဒီရွေးကောက်ပွဲ ဝင်ခွင့်ပေးဖို့ပဲ။ အခုလောလောဆယ်တော့ ဘယ်စစ်မှန်တဲ့ ဒီမိုကရက်တစ်ပါတီမှ အရွေးခံရမယ်လို့ ပြောစရာ မရှိသေးဘူး။ အရင်တုန်းကထက် အခြေအနေ ပိုမဆိုးရင်တောင်မှ ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။

မေး ။ ။ ကင်မ်က မကြာသေးမီနှစ်တွေအထိ မီဒီယာနဲ့ထိတွေ့မှု ရှောင်ရှားခဲ့တယ်။ အခုကျတော့ မီဒီယာမှာ ဘာကြောင့် ပြောဆိုလာတာလဲ။

ဖြေ ။ ။ ကျနော့်ကို မေမေနဲ့ ဆက်သွယ်ခွင့် မပေးတာကြောင့်ရယ် မြန်မာနိုင်ငံက အခြေအနေက အရမ်းကို ဆိုးရွားနေတာကြောင့် တယောက်ယောက်က ထုတ်ဖော်ပြောဆိုဖို့ လိုတယ်လို့ ကျနော်ထင်တယ်။ ကျနော့်ဘဝတလျှောက်မှာ မြန်မာပြည်ရဲ့ အခု အခြေအနေက ဆိုးရွားနေတယ်။ တယောက်ယောက်ကတော့ ထွက်ပြောဖို့ လိုတယ်။ ကျနော့်ရဲ့ ထူးခြားတဲ့အနေအထားကြောင့်လည်း ကျနော် ထုတ်ဖော်ပြောဆိုတာဖြစ်ပြီး၊ မြန်မာပြည်မှာ ဖြစ်နေတာတွေကို ကမ္ဘာကသိအောင်လုပ်ဖို့၊ အခြေအနေကို ပိုသိအောင်လုပ်ဖို့ လိုတယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ ကင်မ် ရဲ့ ပြောကြားချက်တွေကို နိုင်ငံတကာအသိုက်အဝန်းကရော ကြားပြီလား။

အမှန်တကယ် မကြားသေးဘူးလို့ ကျနော်ခံစားရတယ်။ နိုင်ငံတကာအသိုက်အဝန်းက မြန်မာမှာ ဖြစ်ပျက်နေတာတွေကို အာရုံမစိုက်ကြသေးဘူး၊ ဒါကြောင့် ဒီကိစ္စကို သိလာအောင် ကျနော် ကြိုးစားပေမယ့် ဖြစ်သင့်တဲ့ သက်ရောက်မှု အမှန်တကယ်ရှိဖို့ အဝေးကြီး လိုသေးတယ်။ ကျနော် အကောင်းဆုံး ကြိုးစားရမယ်။

ဖြေ ။ ။ အမှန်တကယ် မကြားသေးဘူးလို့ ကျနော်ခံစားရတယ်။ နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို အာရုံမစိုက်ကြသေးဘူး၊ ဒါကြောင့် ဒီကိစ္စကို သိလာအောင် ကျနော် ကြိုးစားပေမယ့် ဖြစ်သင့်တဲ့ သက်ရောက်မှု အမှန်တကယ်ရှိဖို့ အဝေးကြီး လိုသေးတယ်။ ကျနော် အကောင်းဆုံး ဆက် ကြိုးစားသွားမယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရမ်းစည်းကမ်းကြီးတယ်လို့ ပြောကြပြီး၊ တချို့က သူ့ကို ‘ခေါင်းမာတဲ့’ အမျိုးသမီးကြီးလို့ ခေါ်ကြတယ်။ ကင်မ် ကရော သူ့ကို ဘယ်လိုပုံဖော်ချင်ပါလဲ။

ဖြေ ။ ။ သူ စည်းကမ်းကြီးတာ သေချာတယ်။ မြန်မာနိုင်ငံမှာ သူရင်ဆိုင်နေရတာတွေ ကိုင်တွယ် ဖြေရှင်းဖို့ ဆိုရင် စည်းကမ်းကြီးရမယ်လို့ ကျနော်ထင်တယ်။ မြန်မာနိုင်ငံထဲက အမျိုးမျိုးသော အုပ်စုအားလုံးနဲ့ ထိတွေ့ဆက်ဆံရတာဟာ အရမ်းကို စိန်ခေါ်မှု များနိုင်ပါတယ်။

ဒီက မြန်မာလူမှုအသိုက်အဝန်း သေးသေးလေးမှာတောင်မှ မတူညီတဲ့အုပ်စုတွေ အရမ်းများတယ်။ မြန်မာနိုင်ငံက လူတိုင်းလူတိုင်းနဲ့ အတူအလုပ်လုပ်နိုင်ဖို့ဆိုတာ စိတ်ကူးနဲ့တောင် မှန်းဆလို့မရဘူး။ ဒါကြောင့် သူဟာ စည်းကမ်းကြီးသလို မျှတမှုလည်း အရမ်းရှိတယ်လို့ ကျနော်ပြောပါမယ်။

မေး ။ ။ ကင်မ်က နိုင်ငံရေး စိတ်မဝင်စားဘူးလို့ ပြောခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောင်က လွတ်လာရင် နိုင်ငံရေး မလုပ်စေချင်ဘူးလို့ ပြောခဲ့ဖူးတယ်။ အခုလည်း အဲဒီအတွေး ရှိသေးလား။

ဖြေ ။ ။ မေမေ့ကို အနားယူတာ မြင်ချင်တယ်။ အနည်းဆုံးတော့ အနောက်ကပဲနေပြီး အရမ်းပင်ပင်ပန်းပန်း မလုပ်စေချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အခု သူက အသက်ကြီးနေပြီ။ ဒါကြောင့် သူ့ နည်းနည်း အနားယူ လို့ရရင် ကောင်းမှာပါ။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနဲ့ မြန်မာပြည်သူတွေကို အရမ်းချစ်တယ်။ အဲဒီအတွက် သူ့ဘဝကို မြှုပ်နှံထားတယ်။ အခုလို အရမ်းခက်ခဲတဲ့အချိန်မှာ သူ နိုင်ငံရေးကို ကျောခိုင်းမယ်လို့ ထင်လား။

ဖြေ ။ ။ မထင်ဘူး။ နမူနာလေး တခု ပြောပြချင်တာ။ သူ ထောင်ထဲ ရောက်နေတာရယ်၊ သူ့ကို သူ့ရဲ့အခန်းမှာ လေအေးပေးစက်တပ်ဆင်ပေးဖို့ ကမ်းလှမ်းတုန်းက အခြားအကျဉ်းသားတွေကိုလည်း လေအေးပေးစက် တပ်မပေးရင် သူ့လည်း လက်မခံဘူးလို့ ပြောတယ်။ ဒါဟာ မေမေက မြန်မာပြည်သူတွေနဲ့ တသားတည်း အတူရှိနေဖို့ ခံယူထားတယ်။ သူတို့ဖြတ်သန်းသလို ဖြတ်သန်းမယ်လို့ ခံယူတယ် ဆိုတာ ပြတယ်။ မြန်မာပြည်သူတွေအပေါ် ဆက်ဆံတာနဲ့ သူ့အပေါ် ကွဲပြား ဆက်ဆံတာကို သူ လက်ခံမှာ မဟုတ်ဘူး။

မေး ။ ။ နိုင်ငံတကာအသိုက်အဝန်းနဲ့ စစ်ကောင်စီကို ဘယ်လိုသတင်းစကားပေးချင်လဲ။

ဖြေ ။ ။ စစ်ကောင်စီကို ထပ်ပြီးပြောရရင်တော့ ကျနော့်မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရဆီကို ပြန်အပ်ပါလို့ ပြောရမှာပဲ။

အဲဒီလိုမှ မလုပ်ရင် အနည်းဆုံးတော့ မေမေ့ကို ရန်ကုန်က သူ့အိမ်မှာ နေအိမ်အကျယ်ချုပ်နဲ့ထားပါ။ အဲဒီမှာဆိုရင် အနည်းဆုံးတော့ သူဘယ်မှာ ရှိတယ်ဆိုတာကိုတော့ ကျနော် သိရှိခွင့်ရပြီ။

အဲဒီလိုမှ မလုပ်ရင် အနည်းဆုံးတော့ ကျနော်သူ့ကို ပုံမှန်သွားတွေ့ပြီး ဆက်သွယ်ဖို့ ခွင့်ပြုစေချင်တယ်။

နိုင်ငံတကာအသိုက်အဝန်းကိုတော့ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို အာရုံစိုက်စေချင်တယ်။ ဒီ အခြေအနေကို ကူညီဖို့ သူတို့လုပ်နိုင်တာ အများကြီးရှိတယ်ဆိုတာကို သဘောပေါက်ပြီး သူတို့အစိုးရတွေ တခုခုလုပ်လာဖို့ ဝိုင်းဝန်း ကြိုးပမ်းပေးဖို့ရယ်၊ မြန်မာနိုင်ငံမှာ အဓိပ္ပာယ်မဲ့ သတ်ဖြတ်မှုတွေ ချက်ချင်းရပ်အောင်လုပ်ဖို့ တတ်နိုင်သမျှ ကြိုးစားပေးဖို့ပါပဲ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ငြိမ်းငြိမ်း မေးမြန်းထားသည့် Aung San Suu Kyi”s Son Worried She Could Die in Prison ကို ဘာသာပြန်သည်။)

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး ခွဲမရဟု ကင်မ်အဲရစ် ပြော

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် သားဖြစ်သူ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ကို လူသားဒိုင်းအဖြစ်အသုံးပြုခံရမှာ သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

ဒေါ်အောင်ဆန်းစုကြည် လည်ပင်းကျီးပေါင်းရောဂါ ခံစားနေရ

ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာနဲ့ စစ်ကောင်စီ ဘယ်လို အဆက်အသွယ် ဖြတ်ထားလဲ

Your Thoughts …
Tags: ICRCNLDကုလသမဂ္ဂစစ်ကောင်စီစစ်အာဏာသိမ်းမှုတော်လှန်ရေးအင်အားစုထိုင်းဒေါက်တာ ဇော်မြင့်မောင်ဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးအကျဉ်းသားနေအိမ်အကျယ်ချုပ်ပြည်တွင်းနေရပ်စွန့်ခွာသူများယာဂီမုန်တိုင်းရွေးကောက်ပွဲလူသားချင်းစာနာမှု အကူအညီလူ့အခွင့်အရေးသဘာဝဘေးအန္တရာယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖမ်းဆီးခံသတင်းထောက်နှစ်ဦးကို KIA စစ်ဆေးနေဆဲဟု တုန့်ပြန် ရုပ်/သံ)

ဖမ်းဆီးခံသတင်းထောက်နှစ်ဦးကို KIA စစ်ဆေးနေဆဲဟု တုန့်ပြန် ရုပ်/သံ)

စစ်ကောင်စီကို ထောက်ပံ့တာရပ်ဖို့ တရုတ်ကို ဆန္ဒပြ (ရုပ်/သံ)

စစ်ကောင်စီကို ထောက်ပံ့တာရပ်ဖို့ တရုတ်ကို ဆန္ဒပြ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved