လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရပ်သွားရင် ပြည်သူလူထုအပေါ် သတင်းအမှောင်ချဖို့နဲ့ သတင်းမှားတွေ ထုတ်လွှင့်ပြီး ဝါဒဖြန့်ဖို့အချိန်ပြည့် ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်ကောင်စီ အတွက် အမြတ်ထွက်လိမ့်မယ်လို့ သတင်းစာဆရာတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေဆီကို သတင်းမှန်တွေ မစီးဆင်းနိုင်အောင် ၂၀၂၁ အာဏာသိမ်းပြီး ကတည်းကလွတ်လပ်တဲ့ သတင်းမီဒီယာတိုက်တွေကို ပိတ်သိမ်းတာ၊ သတင်းထောက်တွေကို ဖမ်းဆီးတာ၊ ထောင်ချ၊ သတ်ဖြတ်တာတွေ လုပ်ခဲ့ပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ တိမ်းရှောင်နေရတဲ့ နေရာတွေကနေ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေကို ဖော်ထုတ်ရေးသားနေကြပေမယ့် လက်ရှိမှာ နိုင်ငံတကာ အကူအညီတွေ လျှော့ချမှု၊ ဖြတ်တောက်ခံရမှုတွေကြောင့် အကျပ်အတည်း ရင်ဆိုင်နေကြရပါတယ်။
ဒီအခြေအနေဟာ နိုင်ငံ့ဘဏ္ဍာ စိတ်ကြိုက် သုံးစွဲပြီး ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ အတွက် အမြတ်ထွက်လိမ့်မယ်လို့ သတင်းစာဆရာတွေက ပြောကြတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













