• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
in အင်တာဗျူး
A A
ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ရခိုင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးကျောက်တောင်

22.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးကျောက်တောင်၏ တောင်ကုတ်မြို့မှ နေအိမ်၊ စက်လှေ၊ မြေယာများနှင့် စီးပွားရေး ပိုင်ဆိုင်မှုများအပါအဝင် နေအိမ်များကိုပါ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က ယခု မတ်လ ဆန်းပိုင်းအတွင်း ချိပ်ပိတ်လိုက်သည်။

တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်များကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ လက်ရှိ AA ထိန်းချုပ်မှုအောက်တွင်ရှိသော မြို့တမြို့ ဖြစ်သည်။

ဦးကျောက်တောင်သည် တောင်ကုတ်မြို့မျက်နှာဖုံး သူဌေးတဦးဖြစ်သလို ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ မြို့ပြ စီမံကိန်းအပါအဝင် စီးပွားရေးလုပ်ငန်းများစွာရင်းနှီးမြှုပ်နှံထားသည့်လုပ်ငန်းရှင်တဦးလည်းဖြစ်ပြီး စစ်ကောင်စီနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းများ၌လည်း ပါဝင်နေကြောင်း ဆိုကြသည်။

RelatedPosts

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
149
ဖာပွန်ဗျူဟာကုန်း တိုက်ပွဲ ပိုမိုပြင်းထန်လာ

ဖာပွန်ဗျူဟာကုန်း တိုက်ပွဲ ပိုမိုပြင်းထန်လာ

31 December 2025
759
ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

29 December 2025
108

တောင်ကုတ်မြို့ရှိ ဦးကျောက်တောင် ပိုင်ဆိုင်နေသော နေအိမ်အဆောက်အအုံများစွာကို AA ချိပ်ပိတ်လိုက်သည့် အခြေ အနေနှင့် ပတ်သက်၍အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီသတင်းဌာနက ဦးကျောက်တောင်အား ဆက်သွယ် မေးမြန်း ထား သည်။

မေး။ ။ တောင်ကုတ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို AA က ချိပ်ပိတ်ခံရတယ်လို့ သိရပါတယ်။ ပိုင်ဆိုင်မှုပမာဏ ဘယ်လောက်လောက် ချိပ်ပိတ်ခံရတာလဲ။

ဖြေ။ ။ အနည်းဆုံးတော့ အမေရိကန် ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေတွေရော စက်လှေဆိုရင် ၈ စီးရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ။ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်း ရော။

မေး။ ။ အခုပြောတဲ့ ထာဝရအောင်မြေ မြေတွေယာတွေရော ချိပ်ပိတ်ခံရတဲ့အထဲမှာ ပါတာပေါ့နော်။

ဖြေ။ ။ အခုသတင်းမှာ အဲဒီလို ပါ ပါတယ်။ ကျနော်တို့တော့ ဘာမှမသိဘူး။ ကျနော်တို့က တောင်ကုတ်လည်း သွားလို့ မရ ဘူး။ အဲဒီမှာ ကျနော်တို့လူတွေလည်း တယောက်မှ မနေနိုင်ဘူး။ ကျနော်တို့ ဘာသတင်းမှ မရသေးဘူး။

ထာဝရ အောင်မြေ ဆိုတာ လစာနည်း ဝန်ထမ်းတွေအတွက် မြေကွက်မှ ၁၀၀ (ကျပ်သိန်း) နဲ့ ရောင်းတဲ့ အိမ်ယာမြေ ဖော်ထုတ်ရေး အများပိုင် ကုမ္ပဏီတခုပါ။ အဲဒါကတော့ တောင်ကုတ်မြို့က ပိုက်ဆံတတ်နိုင်တဲ့ သူဌေး ၅၂ ဦး ပေါင်းပြီးတော့ ဒီဒေသမှာ လူဦးရေ တိုးတက်နှုန်းက များလာတယ်၊ ပြောင်းရွှေ့လာပြီးတော့ ကျနော်တို့ဆီမှာ အခြေချလာတဲ့အခါ မြေဈေးတွေ အရမ်း တက်တယ်ဆိုပြီးတော့ သက်သာအောင်လို့ မြေကွက်တွေ ဖော်ထုတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးကျောက်တောင်

နိုင်ငံတော်အစိုးရဆီမှာ တရားဝင် ခွင့်ပြုချက်တောင်းပြီးတော့ အဲဒါ တကွက်မှ ကျပ်သိန်း ၁၀၀ နဲ့ ရောင်းတာပါ။ အဲဒါလည်း ဆေးရုံအတွက် ၁၄ ဒသမ ၇၅ ဧက၊ ပြည်သူ့အိုးအိမ် ဦးစီးဌာနကိုလည်း ဝန်ထမ်းအိမ်ရာအတွက် ၇ ဒသမ ၅ ဧက၊ နောက် တခါ နယ်စပ်ရုံး ဆောက်ဖို့ဟာတွေ၊ နောက် GTI စာသင်ကျောင်းအတွက် ဧက ၅၀ ပေးလှူပြီးတော့။ ကျနော် ကိုယ့်ဒေသ ဖွံ့ဖြိုးရေးကို ဆောင်ရွက်နေတဲ့သူ ဖြစ်ပါတယ်။ ကျနော် ဘယ်နိုင်ငံရေးနဲ့မှလည်း မပတ်သက်ပါ။ ဘယ်ပါတီမှလည်း မဝင်ပါ။ ကျနော်ဟာ ကျနော့် စီးပွားရေးသက်သက်ပဲ လုပ်ကိုင်နေတဲ့သူတယောက် ဖြစ်ပါတယ်။

မေး။ ။ ဒီလိုမျိုး အပိတ်ခံရတာနဲ့ပတ်သက်ပြီးတော့ ဘာများ ပြောချင်တာမျိုး ရှိမလဲ။

ဖြေ။ ။ စီးပွားရေးလုပ်တာ ကျနော် ၁၈ နှစ်သားက လုပ်တော့ ကျနော့်စီးပွားရေးလုပ်တဲ့ခေတ်ကတော့ ရှိသမျှ အစိုးရနဲ့ ရင်းနှီးအောင်နေရတာပေါ့ဗျာ။ အစိုးရကို ဆန့်ကျင်ရင်တော့ ကျနော်လည်း ပြေးရမှာပေါ့။ အဲဒီတော့ ကျနော်ကတော့ အထူးသဖြင့် ကျနော့်စီးပွားရေးမှာကတော့ အစိုးရရဲ့ ခွင့်ပြုချက်တွေဘာတွေက သိပ်မလိုဘူး။ ကျနော်က သင်္ဘော ပြေးဆွဲ တယ်။ နောက် ကျနော် ဗမာပြည်နဲ့ကျနော် ပထမဦးဆုံးလုပ်တဲ့အလုပ်ကတော့ လေမုန်တိုင်းတိုက်တဲ့အခါ ဆားတွေ ဈေး တက်လို့ ကျနော်တို့ မိသားစု ဆားဖိုက ထွက်တဲ့ ဆားတွေကို ပြန်ရောင်းတယ်။ အဲဒီကနေ ကျနော် စစ်တွေ-ဘန်ကောက် သင်္ဘော ပြေးတယ်။

နောက်တခါ ပြည်တွင်းရေကြောင်းနဲ့ အကျိုးတူလုပ်ပြီးတော့ ကျနော် သင်္ဘောတွေ အများကြီး တောင်ကုတ်နဲ့ စစ်တွေကို ပြေးဆွဲနိုင်ခဲ့တယ်။ သက်သက်သာသာနဲ့ပေါ့။ ပြီးတော့မှ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး လုပ်တယ်။ နောက်တော့ ကျနော် တောင်ကုတ်- ပြည်လမ်း၊ ကျနော်တို့လမ်းကြီးက တအားဆိုးနေလို့ BOT စနစ်နဲ့ ကျနော့်ငွေနဲ့ ကျနော် စိုက်ပြီးတော့ လုပ်တယ်။ နောက်ပိုင်း NLD အစိုးရတက်တော့ ကျနော့်ကို စစ်တပ်နဲ့ ရင်းနှီးသူဆိုပြီးတော့ အဲဒီလမ်းမှာ အနှောင့်အယှက် ပေးတယ်။ ကျနော် အဲဒီဟာကို ဆက်မလုပ်နိုင်တော့ဘဲ လမ်းပြီး ပြီပေါ့ဗျာ။ အဲဒါ ကျနော် စိုက်ထားတဲ့ငွေတွေအားလုံးကို နိုင်ငံတော်ကို ပေးလှူတယ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆီ စာရေးပြီးတော့ ကျနော် ဒီလမ်းကို ပြန်အပ်လိုက်တယ်။

ခေတ်အဆက်ဆက်မှာတော့ အစိုးရအဆက်ဆက်တွေရော မဆလရော နဝတရော၊ ဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည် ရော၊ အခု ဦးမင်းအောင်လှိုင် ခေတ်ပေါ့၊ ပြီးတော့မှ အခုတခါ AA ခေတ်တခေတ် ပေါ်လာတာပေါ့လေ။ ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ။ ဒါ ကျနော် အရေးအခင်းကာလမှာလည်း ထောင် ၁၆ နှစ် ကျဖူးပါတယ်။ အရေးခင်းမှာ ကျနော် ဦးဆောင်ခဲ့တယ်ဆိုပြီးတော့။ ဆိုတော့ ဒီနေ့ လက်ရှိ ခေါင်းဆောင်တွေ အားလုံးနဲ့တော့ ရင်းနှီးပါတယ်။

ရခိုင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးကျောက်တောင်

ကျနော့် ဒေသ ဖွံ့ဖြိုးရေးလုပ်တော့ တောင်ကုတ်မှာ တက္ကသိုလ်တခု ရခိုင်တောင်ပိုင်းမှာရအောင် မြေယာ ဧက ၂၆၄ ဧက ပေးလှူ ပြီးတော့ ကျနော်တက္ကသိုလ်တခု ဖြစ်အောင် ၁၀ နှစ်ကျော် ကြိုးစားခဲ့တယ်။ ပြည်သူ့အိမ်ရာစီမံကိန်းနဲ့ ဆေးရုံ အတွက်လည်း မြေတွေ လှူပေးခဲ့တယ်။ တောင်ကုတ်မြို့မှာ ရေရှားတာတွေကိုလည်း ရေရရှိနိုင်အောင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ တည်ဆောက်ပေးခဲ့တယ်။

ကျနော်ရဲ့ စီးပွားရေးလုပ်ငန်းမှာ အစိုးရကခွင့်ပြုလို့ ပါမစ်တစောင်၊ မြေတကွက် ကျနော့်မှာ မရှိပါဘူး။ ကျနော့်လုပ်အားနဲ့ ကျနော်ရှာလို့ရတာပဲ သို့သော် အစိုးရနဲ့ကျနော် ရင်းနှီးတယ်ဆိုတာကတော့ ကျနော်အလုပ်လုပ်တဲ့အခါ ကျနော့်ရဲ့ လုပ်ရပ် တွေ ပြောင်မြောက်လို့ ကျနော့်ကို အစိုးရက လာပြီးပေါင်းတာပါ။ ကျနော်အစိုးရဆီကို သွားပေါင်းတာ မဟုတ်ဘူး။ ပြီးတော့ မှ ကျနော် ဒီလုပ်ငန်းကြီးတွေကို ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် တက္ကသိုလ်တွေ ဆေးရုံတွေ စာသင်ကျောင်းတွေ ရေကန် တွေ ရဖို့အတွက်ကတော့ ရင်းနှီးလို့ အစိုးရတွေဆီကတောင်းပြီးတော့ ကျနော် တည်ဆောက်ပေးခဲ့တာပါ။

အဲဒီလိုသာ အစိုးရ တက်တိုင်းတက်တိုင်းသာ တယောက်ကိုတယောက် ရန်သူလို့ မြင်နေရင်တော့ ဘယ်တော့မှ မဆုံးနိုင်တဲ့ ရန်ညှိုးရန်စတွေပဲ ဖြစ်သွားမှာပါ။ ကျနော်တို့မှာတော့ အဲဒီလို မရှိပါဘူး။ ဒါကတော့ ဒီနေ့ လက်ရှိ အနေအထားအရတော့ ကျနော်တို့ ချိပ်ပိတ်တယ်လို့ သတင်းကြားပါတယ်။ ကျနော်တို့ ရခိုင်ကို မဆင်းတာ ၁ နှစ်ကျော်ပါပြီ။ စစ်စဖြစ်ထဲကပဲ ရန်ကုန်မှာ နေပါတယ်။

မေး။ ။ အခုလို AA ချိပ်ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး တခြား ဘာများဖြည့်စွက်ပြောချင်တာရှိမလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ခေတ်အဆက်ဆက်မှာ အဲဒီလို အပြောင်းအလဲတိုင်းမှာ ကျနော်တို့က အများကြီး ခံခဲ့ရပါတယ်။ အထူးသဖြင့် ကျနော်တို့ ဒေသတွေက ဆင်းရဲတဲ့ဒေသဆိုတော့ နည်းနည်းလုပ်နိုင်ကိုင်နိုင်တဲ့သူတွေကိုတော့ နည်းနည်း မုန်းတဲ့သူတွေလည်း ရှိမှာပေါ့။ အဲဒီလူတွေကတော့ အစိုးရအသစ်တက်လာရင် ကျနော်တို့ မကောင်းကြောင်းတွေ သွားပြော မယ်၊ ကျနော်တို့ကို မကောင်းဘူးဘာညာ အစိုးရနဲ့ပေါင်းပြီး ကျနော်ဒီနေ့ထက်ထိ လူတယောက်မှ အနိုင်မကျင့်ဖူးဘူး။ ဒုက္ခရောက်နေတဲ့သူတွေ၊ ထောင်ကျနေတဲ့သူတွေ ထောင်ကျလုဆဲဆဲလူတွေ အဲဒီလို လူတွေအားလုံးကို ကျနော် အစိုးရကို ပြောပြီး ထုတ်ပေးလာတာ အနည်းဆုံး လူ ၅၀နဲ့ မနည်းပါဘူး။

ကျနော် ကိုယ့်ဒေသအတွက်ပဲ တတ်နိုင်သလောက် စွမ်းနိုင်သလောက် ဆောင်ရွက်ပေးခဲ့တာပဲရှိတယ်။ ဘယ်ပါတီ ဘယ်နိုင်ငံ ရေး ဘယ်အဖွဲ့အစည်းမှလည်း မပါ ပါဘူး။ ကျနော့်ကို ပါတီတွေက လာခေါ်တယ် ဘယ်ပါတီမှ ကျနော် မဝင်ပါဘူး။ ဘယ်နိုင်ငံရေးအလုပ်မှလည်း စိတ်မဝင်စားဘူး။ ကျနော် ရပ်ကွက်ကောင်စီတောင် မလုပ်ခဲ့ဖူးဘူး၊ ဘာမှမလုပ်ဖူး။ နိုင်ငံရေး နဲ့ ကင်းရှင်းအောင် နေပါတယ်။

ဒါပေမယ့် မြို့သေးသေးလေးမှာတော့ အုပ်ချုပ်တဲ့အာဏာပိုင်ကတော့ ကျနော်တို့နဲ့ ရင်းနှီးအောင်လာပေါင်းတာပေါ့ဗျာ။ ဒါကတော့ ထုံးစံပါပဲ။ အဲဒီတော့ ဒီလူတွေကို ကျနော်တို့က အလကားသက်သက် ဘာအပြစ်မှမရှိဘဲနဲ့ ကျနော် ရန်ရှာ မနေနိုင်ဘူးလေ။ ကျနော်တို့မှာ ကိုယ့်အလုပ်နဲ့ကိုယ်။ သူတို့နဲ့ကျနော် အတိုက်ခံ လုပ်စရာလည်း မလိုဘူးလေ။

ဒါပေမယ့် ဒီလိုဖြစ်တဲ့အတွက်လည်း ဘယ်သူ့ကိုမှ ကျနော် အပြစ်မတင်ပါဘူး။ ကျနော့်ကုသိုလ်ကံပါပဲ။ ကျနော့်အတိတ်ဘဝ ကုသိုလ်ကံအရလို့ပဲ ယူဆပါတယ်။ ဒီလိုအဖြစ်မျိုးတွေလည်း အများကြီး ဘဝတလျှောက်လုံးမှာ လေး ငါးကြိမ်ထက်မနည်း ဆုံးရှုံးဖူးပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ကျနော့်မှာ ဘာမှ စိတ်ခံစားမှု မရှိပါဘူး။

You may also like these stories:

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

ကျားဖြန့်နှိမ်နင်းရေး ကြာရှည်ပါက နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်

“တိုင်းသစ်ပြည်သစ်ကို ဘယ်လိုမျိုး အတူတွဲပြီးတော့ တည်ဆောက်နိုင်မလဲ”

Your Thoughts …
Tags: AAတောင်ကုတ်ရခိုင်ဦးကျောက်တောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ကျမတို့မှာ ရွေးချယ်စရာ မရှိဘူး (ရုပ်/သံ)

ကျမတို့မှာ ရွေးချယ်စရာ မရှိဘူး (ရုပ်/သံ)

လှုပ်လှုပ်ရှားရှား ကမ္ဘာ့အခင်းအကျင်းသစ်နှင့် မြန်မာ့နိုင်ငံရေး

လှုပ်လှုပ်ရှားရှား ကမ္ဘာ့အခင်းအကျင်းသစ်နှင့် မြန်မာ့နိုင်ငံရေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved