၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မစ္စတာ ဒေါ်နယ် ထရမ့် အနိုင်ရသည်သာမက အထက်လွှတ်တော်နှင့် အောက်လွှတ်တော်၌ပါ ရီပတ်ဘလီကင်ပါတီမှ အမတ်အများစု အနိုင်ရခဲ့၏။
ဤသို့သော အခြေအနေအောက်၌ သမ္မတသစ် ဒေါ်နယ် ထရမ့်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ တာဝန်စယူကတည်းက ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့သည်ဟု ဆိုရမည်။ ယခင် အမေရိကန်သမ္မတများနှင့် သိသိသာသာ ကွဲပြားသည့် သဘောထားနဲ့ ခြေလှမ်းများကို မြင်တွေ့ရတော့သည်။
မစ္စတာ ဒေါ်နယ် ထရမ့် စစချင်းပြုလုပ်သည့် လုပ်ရပ်မှာ ပြည်ပမှ တရားမဝင် ပြောင်းရွှေ့အခြေချသူများအား ပြန်ပို့ခြင်းနှင့် ၎င်းတို့အနေဖြင့် အမေရိကန်အတွက် အကျိုးမရှိဟု ယူဆသည့် ထောက်ပံ့ကူညီခြင်းများကို ချက်ချင်း ရပ်တန့်လိုက်ခြင်း ဖြစ်၏။ သမ္မတတာဝန်ရယူသည်နှင့် ပြည်ပအကူအညီများ ရက်ပေါင်း ၉၀ ရပ်တန့်သည်ဟု ကြေညာခဲ့၏။
ထို့ပြင် သာမန် ရပ်တန့်ခြင်းပင် မဟုတ်ပေ။ ထိုသို့ ထောက်ပံ့ကူညီနေသည့် နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိသော USAID ကဲ့သို့သော အဖွဲ့အစည်းကြီးကို ဖျက်သိမ်းပစ်လိုက်သည်သည့်နီးပါး လုပ်လိုက်သည်ကို တွေ့ရ၏။
ပြည်ပအထောက်အပံ့များ ရပ်တန့်ခြင်းအပြင် ဖက်ဒရယ်အစိုးရ ဝန်ထမ်းအများအပြားကို အလုပ်မှ ရပ်ဆိုင်းခြင်း ပြုလုပ်ခဲ့၏။ ဤခြေလှမ်းသည် သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် အမေရိကန်အစိုးရ ဗျူရိုကရေစီယန္တယားကို သူ့စိတ်ကြိုက် အမိန့်ပေး၍ရအောင် ပြောင်းလဲပစ်မည့် ခြေလှမ်းအစဖြစ်၏။ သူ့အစိုးရအဖွဲ့အတွင်း ပဋိပက္ခများ၏ အစလည်းဖြစ်၏။
ဤသို့ ပြည်ပအထောက်အပံ့များ ရပ်တန့်ခြင်းအပြင် ဖက်ဒရယ်အစိုးရ ဝန်ထမ်းအများအပြားကို အလုပ်မှ ရပ်ဆိုင်းခြင်း ပြုလုပ်ခဲ့၏။ ဤခြေလှမ်းသည် သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် အမေရိကန်အစိုးရ ဗျူရိုကရေစီယန္တယားကို သူ့စိတ်ကြိုက် အမိန့်ပေး၍ရအောင် ပြောင်းလဲပစ်မည့် ခြေလှမ်းအစဖြစ်၏။ သူ့အစိုးရအဖွဲ့အတွင်း ပဋိပက္ခများ၏ အစလည်းဖြစ်၏။
ထို့နောက် ဝန်ကြီးအဖွဲ့သာမက အစိုးရဝန်ထမ်း အကြီးအကဲများကို စိတ်ကြိုက်ခန့်ထားသည့်ပြင် အမေရိကန် စစ်တပ်၏ ထိပ်တန်းဗိုလ်ချုပ်ကြီးများကို အနားပေးပြီး အပြောင်းအလဲပြုလုပ်ခဲ့၏။ လက်ရှိ သမ္မတ ထရမ့် ခန့်အပ်သည့် ပညာရေးဝန်ကြီးသည် လစ်ဘရယ်ဒီမိုကရေစီ ပညာရေးစနစ်တခုလုံးကို အပြောင်းအလဲ ပြုလုပ်မည်ဟု ဆိုနေသည်။
လက်ရှိ မစ္စတာ ထရမ့်သည် သမ္မတ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး လစ်ဘရယ်ဒီမိုကရက် အယူအဆများ၊ အင်စတီကျူးရှင်းများကိုပါ ဖျက်ဆီးပစ်နေပြီး ဆက်လက် ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ချက်ရှိသည်ဟု ဆိုရမည်။ ယခုအခါ လွှတ်တော် နှစ်ရပ်လုံးတွင် ရီပတ်ဘလီကင်အမတ်များ အများစုဖြစ်နေပြီး ထိုအမတ်များလည်း ထရမ့်အစိုးရလုပ်သမျှ ခေါင်းညိတ်နေကြသည်ကို တွေ့ရ၏။
ထရမ့်သည် နောက်ပိုင်းတွင် ၎င်း၏ လုပ်ဆောင်ချက်များကို အဟန့်အတားဖြစ်စေသည့် အမေရိကန်၏ ဥပဒေများကိုပင် ဖျက်သိမ်းရန်ပင် ရည်ရွယ်နိုင်သည်။ သူအားထောက်ခံသည့် လူထုပရိသတ်လည်းရှိရာ မလုပ်နိုင်ဟု တွက်ဆ၍မရပေ။
ဘဏ္ဍာရေးအရ အမေရိကန်၏ ဘတ်ဂျက် ခြွေတာရန်၊ ကြွေးမြီပြဿနာ ဖြေရှင်းရန်၊ အလေအလွင့်များ ဖြတ်တောက်ရန်ဟူသည့် ခေါင်းစဉ်များအောက်တွင် နိုင်ငံခြားတိုင်းပြည်များနှင့် မမျှတသည့် ကုန်သွယ်ရေးများကြောင့်ဟူသော စွပ်စွဲချက်များနှင့် ကုန်သွယ်ရေးအခွန် မြှင့်တင်မည်ဟူသည့် မူဝါဒကြောင့်လည်းကောင်း၊ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး – NATO) အပါအဝင် ၎င်း၏စစ်ရေးမဟာမိတ်အတွက် စစ်စရိတ်ကုန်ကျမှုသည် မမျှတဟုသည့် မူဝါဒကြောင့်လည်းကောင်း အမေရိကန်၏ မဟာမိတ်များ ဖြစ်သည့် နေတိုးနိုင်ငံများနှင့်သာမက ကနေဒါ၊ တောင်ကိုရီးယား၊ ဂျပန်တို့နှင့်ပါ ပဋိပက္ခဖြစ်ပွားပြီး ထိပ်တိုက်ရင်ဆိုင်လာသည်ကို တွေ့ရ၏။
ထို့ပြင် ဒိန်းမတ် အုပ်ချုပ်မှုအောက်ရှိ ဂရင်းလန်းကျွန်းအား သိမ်းပိုက်မည်၊ ကနေဒါနိုင်ငံအား အမေရိကန် ပြည်ထောင်စုအတွင်း သွတ်သွင်းမည်၊ ပနားမားတူးမြောင်းအား ပြန်သိမ်းမည်၊ ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းများအား နှင်ထုတ်ပြီး အမေရိကန်က ထိန်းသိမ်းမည်ဆိုသည့် ကမ္ဘာကြီးကို ထပ်မံခွဲယူရန် စဉ်းစားပြောဆိုချက်များကြောင့်လည်း ထရမ့်အစိုးရအား ပြည်ပမှ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည်ကို တွေ့ရသကဲ့သို့ တုံ့ပြန်ရန် ပြန်လည် ပြင်ဆင်နေသည်ကို တွေ့ရသည်။
လက်ရှိ ထရမ့်အစိုးရမူဝါဒသည် လူဖြူဝါဒ၊ ခရစ်ယာန်ဘာသာရေးနှင့် အမေရိကန် ချမ်းသာကြွယ်ဝရေးကို ရှေ့ရှုထားသည် အမေရိကန် သန်းကြွယ်သူဌေးများ၏ ကွန်ဆာဗေးတစ် အယူအဆကို အကောင်အထည်ဖော်ပြီး ကျန်နိုင်ငံများ၊ ကျန်အကြောင်းအရာများ အားလုံးသည် အရေးမပါတော့ပေ။ ဤသို့ ကြည့်မြင်မှုနှင့် အခိုင်အမာ လုပ်ဆောင်မှုများအောက်တွင် ယခင်ကရှိခဲ့သော ကမ္ဘာကြီး၏ မိတ်ဆွေ၊ ရန်သူ အခင်းအကျင်း၊ ဆက်ဆံရေး အခင်းအကျင်းများသည် ပြောင်းလဲသွားတော့၏။
လက်ရှိ ထရမ့်အစိုးရမူဝါဒသည် လူဖြူဝါဒ၊ ခရစ်ယာန်ဘာသာရေးနှင့် အမေရိကန် ချမ်းသာကြွယ်ဝရေးကို ရှေ့ရှုထားသည် အမေရိကန် သန်းကြွယ်သူဌေးများ၏ ကွန်ဆာဗေးတစ် အယူအဆကို အကောင်အထည်ဖော်ပြီး ကျန်နိုင်ငံများ၊ ကျန်အကြောင်းအရာများ အားလုံးသည် အရေးမပါတော့ပေ။ ဤသို့ ကြည့်မြင်မှုနှင့် အခိုင်အမာ လုပ်ဆောင်မှုများအောက်တွင် ယခင်ကရှိခဲ့သော ကမ္ဘာကြီး၏ မိတ်ဆွေ၊ ရန်သူ အခင်းအကျင်း၊ ဆက်ဆံရေး အခင်းအကျင်းများသည် ပြောင်းလဲသွားတော့၏။
ထရမ့်နှင့် ယူကရိန်းပြဿနာ
ယူကရိန်းပြဿနာနှင့် ပတ်သက်သည့် ထရမ့်အစိုးရ၏ ခြေလှမ်းသည် နိုင်ငံခြားရေးပေါ်လစီတွင် ယခင် အမေရိကန်အစိုးရ ပေါ်လစီများနှင့် သိသာကွဲပြားစွာ ဖော်ပြလိုက်သည့် ခြေလှမ်းဖြစ်၏။
ယူကရိန်းစစ်ပွဲအာ ၂၄ နာရီအတွင်း အပစ်ရပ်စေရမည်ဟု ကြွေးကြော်ထားသော မစ္စတာ ထရမ့်သည် လက်တွေ့ ယူကရိန်းပြဿနာအား ကိုင်တွယ်သောအခါ လက်ရှိ ရုရှားတပ်များ သိမ်းထားသည့် နယ်မြေများအား ယူကရိန်းက စွန့်လွှတ်ရမည်၊ ယူကရိန်းမှ မြေရှားသတ္တု တူးဖော်ခွင့် အမေရိကန်အား ပေးအပ်ရမည်ဟု အဓိက ပြောဆိုခဲ့သော်လည်း ယူကရိန်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိကျသည့် အာမခံမှုမပေးဟု လေ့လာသူများက သုံးသပ်ကြသည်။
ထို့ပြင် ယူကရိန်းငြိမ်းချမ်းရေးအတွက် ရုရှားနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကာယကံရှင် ယူကရိန်း၊ ဥရောပတို့အား ဖယ်ထုတ်ပြီး အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံတည်း ဆွေးနွေးသဖြင့် ယူကရိန်းသာမက ဥရောပပါ မကြေလည်သည်ကို တွေ့ရ၏။
မစ္စတာ ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတ ဇယ်လန်စကီး၏ အိမ်ဖြူတော်ဆွေးနွေးပွဲ သဘောတူညီမှု မရခဲ့ပြီးနောက် ဆက်ဆံရေး တင်းမာခဲ့သကဲ့သို့ နိုင်ငံတကာအခင်းအကျင်းများလည်း ပြောင်းလဲလာ၏။ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတကို အာဏာရှင်ဟု စွပ်စွဲခြင်း၊ ယူကရိန်းစစ်ပွဲအား ယူကရိန်းက စတင်သည်ဟု ပြောဆိုခြင်း၊ ယူကရိန်းကို ပေးသည့် အမေရိကန်အကူအညီအား ပိုမိုပြောဆိုခြင်းများကို တွေ့ရ၏။
ထို့ပြင် အိမ်ဖြူတော်ဆွေးနွေးပွဲပျက်ပြီး ယူကရိန်းကို ပေးနေသည့် အကူအညီအားလုံး ရပ်တန့်ခြင်း၊ ထောက်လှမ်းရေးသတင်း ဖလှယ်မှုအား ရပ်တန့်ခြင်းများ ပြုလုပ်သည့်အပြင် နေတိုး စစ်ရေးမဟာမိတ်အဖွဲ့တွင်လည်း တက်ကြွစွာ ပါဝင်မှု မပြုတော့ပေ။
ယူကရိန်းသာ ရုရှားလက်အောက် ကျသွားပါက တိုက်ရိုက်ခြိမ်းခြောက်ခံရမည့် ဥရောပနိုင်ငံများကမူ ယူကရိန်းအား ဆက်လက် စစ်ရေးအကူအညီ ပေးနေကြသည်ပြီး အမေရိကန် မပါသည့် နေတိုး မဟုတ်သော ဥရောပနိုင်ငံများ၏ စစ်ရေးလေ့ကျင့်မှုနှင့် စစ်ရေးမဟာမိတ်ဖွဲ့မှုကို ဦးတည်နေသည်ကို တွေ့ရ၏။ တဖက်ကလည်း ယူကရိန်းနှင့် အမေရိကန်ကြား ဆက်ဆံရေးပြေလည်ရန် ဥရောပနိုင်ငံများက ကြိုးပမ်းနေသည်ကို တွေ့ရ၏။
ယူကရိန်းနှင့် ဆက်ဆံရေး တင်းမာနေစဉ်မှာပင် ထရမ့်အစိုးရသည် ရုရှားအစိုးရနှင့် ပုံမှန် သံတမန်ဆက်ဆံရေး ထူထောင်ရန်နှင့် စီးပွားရေးဆက်ဆံမှုများ ပြန်လည်ပြုလုပ်ရန် လုပ်ဆောင်နေသည်ကို တွေ့ရ၏။ ယူကရိန်းပြဿနာကို ရုရှားက သိမ်းထားသည့်နယ်မြေယူ၊ အမေရိကန်က မြေရှားယူပြီး ယူကရိန်းကို အမေရိကန်နှင့် ရုရှားခွဲဝေယူပြီး ဖြေရှင်းလိုသည့်ပုံစံမှာ ထရမ့်၏ ယူကရိန်းပြဿနာ ဖြေရှင်းလိုသည့်ပုံစံ ဖြစ်နေသည်။
ဤသို့ ယူကရိန်းနှင့် ဆက်ဆံရေး တင်းမာနေစဉ်မှာပင် ထရမ့်အစိုးရသည် ရုရှားအစိုးရနှင့် ပုံမှန် သံတမန်ဆက်ဆံရေး ထူထောင်ရန်နှင့် စီးပွားရေးဆက်ဆံမှုများ ပြန်လည်ပြုလုပ်ရန် လုပ်ဆောင်နေသည်ကို တွေ့ရ၏။ ယူကရိန်းပြဿနာကို ရုရှားက သိမ်းထားသည့်နယ်မြေယူ၊ အမေရိကန်က မြေရှားယူပြီး ယူကရိန်းကို အမေရိကန်နှင့် ရုရှားခွဲဝေယူပြီး ဖြေရှင်းလိုသည့်ပုံစံမှာ ထရမ့်၏ ယူကရိန်းပြဿနာ ဖြေရှင်းလိုသည့်ပုံစံ ဖြစ်နေသည်။
ထို့ကြောင့်လည်း ယူကရိန်းငြိမ်းချမ်းရေး မရေရာသည့်ကာလမှာပင် ရုရှားဆိုက်ဘာစစ်ဆင်ရေး မပြုလုပ်ရန် ထရမ့်၏ ကာကွယ်ရေးဝန်ကြီးက အမိန့်ထုတ်ခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ကုလသမဂ္ဂတွင် ယူကရိန်းအား ရုရှားက ကျူးကျော်၍ ရှုတ်ချသည်ဆိုသည့် အဆိုပြုချက်ကိုပင် အမေရိကန်က ကန့်ကွက်ခဲ့သည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ယူကရိန်း၊ ရုရှားပြဿနာများနှင့် ပတ်သက်၍ ထရမ့်အစိုးရ၏ သဘောထားမှာ ယခင် အမေရိကန်အစိုးရ သဘောထားနှင့် ပြောင်းပြန်ဖြစ်သွားသည်။ ယခင်မဟာမိတ်များဖြစ်သည့် နေတိုးအဖွဲ့ဝင်များနှင့် သဘောထား ကွဲလွဲလာသည်ကို တွေ့ရ၏။
ရုရှားသည် လက်ရှိကာလတွင် တရုတ်၏ မဟာမိတ်ဖြစ်နေသော်လည်း အကျိုးစီးပွားနှင့် ယှဉ်လိုက်လျှင် အချိန်မရွေး ပြောင်းလဲနိုင်သည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အမေရိက (BRICS) နိုင်ငံများထဲမှ တရုတ်နှင့် အစေးမကပ်သည့် အိန္ဒိယက အမေရိကန်နှင့် ပူးပေါင်းရန် ခြေလှမ်းနေသည်။ ယခင်အခါ ကာလများကလည်း သဘောထား အကြိမ်ကြိမ်ကွဲလွဲသည့် တရုတ်နှင့် ရုရှားကြား ထပ်မံကွဲလွဲကြပြီး အမေရိကန်နှင့် ရုရှား အပေးအယူပြုလုပ်လာပါက အံ့ဩစရာ မရှိပေ။
တရုတ်နှင့် ထရမ့် အစိုးရ
တချိန်တည်းတွင် သမ္မတတာဝန်ယူပြီး မစ္စတာ ထရမ့်သည် မက္ကဆီကို၊ ကနေဒါတို့နှင့်အတူ တရုတ်ကိုလည်း အခွန်တိုးမြှင့်ကောက်သည်ကို တွေ့ရ၏။
မက္ကဆီကိုနှင့် ကနေဒါကို ပိတ်ဆို့ခြင်းအား ကုန်သွယ်ရေး မမျှတမှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကြောင့်ဟု အကြောင်းပြခဲ့သော်လည်း တရုတ်နှင့်ပတ်သက်၍ ဖန်တာနယ်လ် (fentanyl) မူးယစ်ဆေးများ အမေရိကန်သို့ ဝင်ရောက်မှုအား ထိန်းချုပ်မှု မရှိ၍ဟု ဆိုခဲ့၏။ သို့သော် ကုန်သွယ်ခွန် တိုးမြှင့်ခြင်းကို မက္ကဆီကိုနှင့် ကနေဒါအား နှစ်ကြိမ်လုံး ပြန်လည်ဆိုင်းငံ့ခဲ့သော်လည်း တရုတ်ကိုမူ ဆိုင်းငံ့ခြင်း မပြုခဲ့ပေ။
တရုတ်ကလည်း ထိုသို့ မစ္စတာ ထရမ့်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အခွန်အကောက်စစ်ပွဲဖြစ်စေ၊ ကုန်သွယ်ရေးစစ်ပွဲ၊ တကယ့်စစ်ပွဲဖြစ်စေ အမေရိကန်က အစပြုသည့် မည်သည့် စစ်ပွဲအမျိုးအစားကိုမဆို အဆုံးအထိ ဆင်နွှဲသွားရန် အဆင့်သင့်ရှိသည်ဟု ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့၏။
လက်တွေ့တွင်လည်း ၂၀၂၅ ခုနှစ်တွင် တရုတ်တို့၏ စစ်စရိတ်အား စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၏ ၂ ဒသမ ၇ ရာခိုင်နှုန်း ထပ်မံမြှင့်မည်ဟု ကြေညာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် တရုတ်တို့၏ စစ်စရိတ်သည် ဒေါ်လာ ၂၄၉ ဘီလီယံအထိ ရှိလာမည်ဖြစ်၏။
တရုတ်တို့တွင် လက်ရှိ လေယာဉ်တင်သင်္ဘော သုံးစီးသာရှိသေးပြီး မကြာခင်နှစ်များတွင် ငါးစီးအထိ ရှိလာမည်ဖြစ်သော်လည်း စစ်သင်္ဘော အရေအတွက်အရဆိုလျှင် တရုတ်သည် အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့အကြီးဆုံးရေတပ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်၏။
ထို့ပြင် တရုတ်တို့တွင် လက်ရှိ လေယာဉ်တင်သင်္ဘော သုံးစီးသာရှိသေးပြီး မကြာခင်နှစ်များတွင် ငါးစီးအထိ ရှိလာမည်ဖြစ်သော်လည်း စစ်သင်္ဘော အရေအတွက်အရဆိုလျှင် တရုတ်သည် အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့အကြီးဆုံးရေတပ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်၏။
လက်ရှိ ထရမ့်အစိုးရ၏ ယူကရိန်းစစ်ပွဲ ခြေလှမ်းကိုကြည့်ပါက ယူကရိန်းကို ထောက်ပံခြင်းအား ရပ်တန့်၍ ရုရှားနှင့်သော်လည်းကောင်း၊ မြောက်ကိုရီးယားနှင့်သော်လည်းကောင်း အဆင်ပြေအောင် ပြုလုပ်ပြီး အနိမ့်ဆုံး ကြားခံထားနိုင်အောင် ပြုလုပ်မည်။
လက်ရှိတွင် တရုတ်သည် အမေရိကန်၏ GDP ကို ထပ်ချပ်မကွာလိုက်လာပြီး နည်းပညာတီထွင်မှုများတွင် ရှေ့တန်းရောက်လာ၏။ ထို့ပြင် နိုင်ငံတကာတွင် နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ လက်တံရှည်လာသည့် တရုတ်တို့၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရည်မှန်းချက် ရပ်ဝန်းနှင့်လမ်း အစီအစဉ် (belt and road) အား ပစ်မှတ်ထားရန် ထရမ့်အစိုးရက ရည်ရွယ်နေသည်။
ထရမ့်အစိုးရ၏ ခြေလှမ်းကို မြင်နေသည့် တရုတ်တို့က ခပ်မမာမာ၊ ပြင်းပြင်းထန်ထန် တုံ့ပြန်ပြီး လက်တွေ့လည်း ပြင်ဆင်မှုရှိသည်ကို ပြသလိုက်၏။ ထိုင်ဝမ်ပြဿနာကိုလည်း ပို၍ တင်းတင်းမာမာ ပြောလာသည်ကို တွေ့ရ၏။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး မူဝါဒနှင့်ပတ်သက်၍ ပြောကြားရာ၌ “တရုတ်နိုင်ငံနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းသည် ကိုလိုနီနယ်ချဲ့ဝါဒနှင့် လွှမ်းခြုံစိုးမိုးမှုဝါဒကို တိုက်ဖျက်သည့် ဘုံသမိုင်းကြောင်းရှိ၍ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေး ဘုံတာဝန်ဝတ္တရား ရှိသောကြောင့် သဘာဝအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပါသည်။ နိုင်ငံတကာ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ တရုတ်နိုင်ငံဟာ ကမ္ဘာ့တောင်ဘက်ခြမ်းကို အမြဲဂရုစိုက်နေခြင်းနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းမှာ အမြစ်တွယ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နိုင်ငံများနှင့်အတူ လူသားဖွံ့ဖြိုးတိုးတက်မှု သမိုင်းရဲ့ စာမျက်နှာသစ်ကို ရေးသားသွားမှာ ဖြစ်ပါသည်” ဟုဆိုခဲ့၏။
ထိုအမြင်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ထပ်ဆင့် မျှဝေခဲ့ပြီး တရုတ်တို့ သဘောထားနှင့်ခြေလှမ်းကို ပွင့်လင်းစွာ ဖော်ပြထား၏။ ကမ္ဘာတောင်ခြမ်းတွင် အမေရိကန် လွှမ်းမိုးမှုကို လက်ခံမည်မဟုတ်ဘဲ တုံ့ပြန်သွားမည်ကို အတိအလင်း ပြောလိုက်ခြင်းဖြစ်၏။
ကမ္ဘာ့အခင်းအကျင်းသစ်
ဤအခင်းအကျင်းသစ်တွင် အမေရိကန်သည် ရုရှားနှင့် မြောက်ကိုရီးယားအား ကြားခံထားပြီး အမေရိကန်တပ်များ အခြေပြုထားသည့် ဂျပန်နှင့် တောင်ကိုရီးယားကို ခြိမ်းတလှည့် ခြောက်တလှည့်ပြုလုပ်ကာ တရုတ်နှင့် ဦးတည်ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။
ရုရှားအား ကြားခံထားသဖြင့် ဥရောပသည် အမေရိကန်အတွက် အရေးမကြီးဟု စဉ်းစားထားသည်။ ဥရောပသည် ကိုယ်လုံခြုံရေးကိုယ် တာဝန်ယူရန်သာ ဖြစ်၏။ အရှေ့အလယ်ပိုင်းတွင် အစ္စရေးအား အပြည့်အဝ ကျောထောက်နောက်ခံပြုပြီး ဆော်ဒီအာရေဗျနှင့် စီးပွားရေးအရ ပူးပေါင်းထားမည်။
ဥရောပသည် လစ်ဘရယ်ဒီမိုကရေစီ၊ ဆိုရှယ်ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူမှုဖူလုံရေးတို့နှင့် ပတ်သက်၍ ရှေ့တန်းရောက်သည့် အစုအဝေးဖြစ်လာမည်။ အမေရိကန် မပါသည့် သို့မဟုတ် တက်ကြွစွာ ပါဝင်မှုမရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစုဖွဲ့အသစ်နှင့် ဥရောပကို မြင်တွေ့ရနိုင်သည်။
ဥရောပသည် လစ်ဘရယ်ဒီမိုကရေစီ၊ ဆိုရှယ်ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူမှုဖူလုံရေးတို့နှင့် ပတ်သက်၍ ရှေ့တန်းရောက်သည့် အစုအဝေးဖြစ်လာမည်။ အမေရိကန် မပါသည့် သို့မဟုတ် တက်ကြွစွာ ပါဝင်မှုမရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစုဖွဲ့အသစ်နှင့် ဥရောပကို မြင်တွေ့ရနိုင်သည်။
လက်ရှိတွင်ပင် ဥရောပ ၂၇ နိုင်ငံ စုစည်း၍ ဥရောပ လက်နက်တပ်ဆင်ရေးကို ဆောင်ရွက်ရန် ဆုံးဖြတ်ကြ၏။ တပ်ဆင်မည့် လက်နက်အားလုံးကိုလည်း ဥရောပ၌သာ ထုတ်လုပ်မည်ဖြစ်၏။ ကနေဒါနှင့် ဩစတေးလျသည် ဥရောပ၏ မဟာမိတ်ဖြစ်လာနိုင်သည်။ သို့သော်လည်း ဥရောပ၏ အဓိကရန်သူအဖြစ် ရုရှားကို ဦးတည်ထားမည်ဖြစ်ရာ ကျန်သည့် ပြဿနာများကို လက်အောက်ခံအဖြစ်သာ စဉ်းစားနိုင်ပေလိမ့်မည်။
ရုရှားနှင့် စစ်ကောင်စီ
စစ်ကောင်စီခေါင်းဆောင်ပိုင်း အချို့ကမူ တရုတ်နှင့် ရုရှားကြား ၎င်းတို့အနေဖြင့် သံတမန်ရေးအရ လိမ္မာပါးနပ်စွာ ကစားပြီး ရပ်တည်နေသည်ဟု ယူဆနေပုံရ၏။ သို့သော် ရုရှားအနေဖြင့် ထားဝယ်စီးပွားရေးဇုန်ဆိုသည်ထက် အိန္ဒိယသမုဒ္ဒရာအတွင်း ဖြတ်သန်းနေသော ရုရှားရေတပ်အတွက် ဆိုက်ကပ်ရန် အခြေစိုက်ရေတပ်စခန်းတခု ရယူရန်ထက် စိတ်ဝင်စားမှု မပိုပေ။
တကယ်တမ်း အရေးအကြောင်းဆိုလျှင် စစ်ကောင်စီကို ရုရှား မကယ်နိုင်ပေ။ စစ်ကောင်စီထက် များစွာ ချမ်းသာသည့် ဆီးရီးယားသမ္မတကိုပင် ဆီးရီးယားအခြေစိုက် ရုရှားလေတပ်၊ ရေတပ် အခြေစိုက်စခန်းများက မကယ်နိုင်ပေ။
သို့ဖြစ်ရာ လေထဲမိုးထဲတွင် ရုရှား ပူတင်အစိုးရသည် စစ်ကောင်စီအား ကယ်တင်ရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် တရုတ်နှင့် မိုင်ပေါင်းများစွာ နယ်ချင်းထိစပ်နေသော မြန်မာပြည်တွင် ရုရှား၏ လုပ်နိုင်စွမ်းသည် တရုတ်နှင့်ယှဉ်လျင် များစွာအားနည်းသည်။
သို့သော်လည်း စစ်ကောင်စီသည် ရုရှားကို မျက်နှာသာပေးနေသည့် ထရမ့်အစိုးရ၏ ဖိအားလျော့ပါးသွားနိုင်၏။ အမေရိကန်နှင့် ပုလဲပနံသင့်သွားသည့် ရုရှားနှင့် နီးစပ်သည်ကို တရုတ်တို့ သဘောကျလိမ့်မည် မဟုတ်ပေ။
NUG နှင့် တော်လှန်ရေးအင်အားစုများ
ယနေ့ ကမ္ဘာ့အခင်းအကျင်းသစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုများအတွက် ယခုအချိန်ကာလ နိုင်ငံခြားရေးတွင် ထရမ့်အစိုးရ၏ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှုအား ကြိုးစားနေခြင်းသည် အချိန်ဖြုန်းရာရောက်၏။
ယူကရိန်းစစ်ပွဲတွင် ယူကရိန်းကြောင့်ဖြစ်သည်ဟုဆိုသူ၊ ယူကရိန်းသမ္မတသည် အာဏာရှင်ဖြစ်သည်ဟု သူပြောခဲ့ခြင်းအား မမှတ်မိဟုဆိုသူ၊ အကောက်အခွန်တိုးရေး ဆုံးဖြတ်ချက်များကို မဆင်မခြင် ချမှတ်ပြီး ရက်ပိုင်းအတွင် အကြိမ်ကြိမ် ပြန်ပြင်နေရသူ၊ မြန်မာပြည်အတွက် ပညာရေးအထောက်အပံ့ပေးခြင်းအား ဖြတ်တောက်ခြင်းကို အကြိမ်ကြိမ် ဂုဏ်ယူနေသူ၊ လစ်ဘရယ်ဒီမိုကရေစီကို ဆန့်ကျင်သူ သမ္မတ ဒေါ်နယ်ထရမ့်ထံမှ NUG နှင့် တော်လှန်ရေးအင်အားစုများ တစုံတရာ ရနိုင်စရာ အခွင့်အလမ်း အလွန်နည်းပါးသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့်လစ်ဘရယ်နှင့် ဆိုရှယ်ဒီမိုကရေစီ အယူအဆအတွက် ဥရောပနိုင်ငံများကို အားပြုနိုင်သည်။ သို့သော် ဥရောပသည် ယူကရိန်းအရေးကို ရှေ့တန်းတင်ထားရသည်ဖြစ်ရာ လက်ရှိ လက်နက်ကိုင်တော်လှန်ရေးနှင့် ပတ်သက်လျှင် NUG အပါအဝင် တော်လှန်ရေးအင်အားစုများသည် ဥရောပကို အားကိုး၍ မရပေ။ အနိမ့်ဆုံး တရုတ်နှင့် နားလည်မှု တည်ဆောက်ရေးအတွက် ဦးတည်ကြိုးစားရန် လို၏။
အမေရိကန်နှင့် တရုတ်ကြား ပဋိပက္ခသည် စစ်ရေးပဋိပက္ခ ဖြစ်လာနိုင်သည်ဟု တွက်ဆနေသည့် အချိန်ကာလတွင် ရွေးချယ်မှု မမှားရန်လို၏။ စစ်ပွဲဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်က ဒုတိယ ပြဿနာဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်၍ စဉ်းစားလုပ်ကိုင်နေကြသည်က ပထမ ပြဿနာဖြစ်၏။ ဤအချက်သည် လက်ရှိ ကမ္ဘာအခင်းအကျင်းသစ်တွင် လက်တွေ့ကျသည့် ပြဿနာဖြစ်လာပြီ ဖြစ်သည်။
အမေရိကန်နှင့် တရုတ်ကြား ပဋိပက္ခသည် စစ်ရေးပဋိပက္ခ ဖြစ်လာနိုင်သည်ဟု တွက်ဆနေသည့် အချိန်ကာလတွင် ရွေးချယ်မှု မမှားရန်လို၏။ စစ်ပွဲဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်က ဒုတိယ ပြဿနာဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်၍ စဉ်းစားလုပ်ကိုင်နေကြသည်က ပထမ ပြဿနာဖြစ်၏။ ဤအချက်သည် လက်ရှိ ကမ္ဘာအခင်းအကျင်းသစ်တွင် လက်တွေ့ကျသည့် ပြဿနာဖြစ်လာပြီ ဖြစ်သည်။
တရုတ်သည် အမေရိကန်ကို အဓိက ရင်ဆိုင်ရန် ပြင်ဆင်နေပြီး ထိုသို့ ပြင်ဆင်ရာတွင် အကောက်ခွန်၊ စီးပွားရေး၊ ကုန်သွယ်ရေးသာမက စစ်ရေးအရပါ ပြင်ဆင်နေသည်ကို တွေ့ရ၏။ စစ်ပွဲဖြစ်ပါလာပါက ဒေသတွင်းနိုင်ငံများအား ၎င်း၏ဩဇာအောက်သို့ စုစည်းမည်ဖြစ်သည်။ ၎င်းအတွက် စစ်ရေးအရ လိုအပ်သည့် နယ်မြေများအဖြစ် စဉ်းစားလာ၏။ သို့ဖြစ်ရာ စစ်ရေးတိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်လာချိန်တွင် အမေရိကန် ထောက်ခံမလား၊ တရုတ်ဖက်ပါမလားဆိုသည့် မေးခွန်းကို မေးလာတော့မည်ဖြစ်သည်။
တရုတ်အစိုးရဆန့်ကျင်ရေး ပြုလုပ်ပြီး အမေရိကန်နှင့် ပေါင်းရန် စဉ်းစားခြင်းသည်လည်း မိုက်မဲရာကျ၏။ လက်ရှိ မိမိတိုင်းပြည်အကျိုး မရှိက မည်သည့် အကူအညီမှ မပေးဟု စဉ်းစားထားသည့် ထရမ့်အစိုးရထံမှ အကူအညီ ရနိုင်သည်ထက် စစ်ကောင်စီအား တရုတ်တို့ ပို၍ အကူအညီပေးသည်ကို ကြုံရပေလိမ့်မည်။
ထို့ပြင် စစ်ကောင်စီဖြစ်စေ၊ NUG နှင့် တော်လှန်ရေးအင်အားစုများဖြစ်စေ မြန်မာပြည်အနေဖြင့်ဆိုလျှင် ညီညွတ်ရေး ပြိုကွဲနေသည်ဖြစ်ရာ တရုတ်နှင့် ရုရှားကြား၊ တရုတ်နှင့် အမေရိကန်ကြား ကြားနေနိုင်သည့်၊ ကစားနိုင်သည့် အင်အား မရှိပေ။
လက်ရှိ စစ်ကောင်စီအား အသက်ဆက်ပေးရန် စဉ်းစားနေသည့် တရုတ်အစိုးရနှင့် နားလည်မှုယူရေး၊ ပူးပေါင်းရေးသည် ခက်ခဲပေလိမ့်မည်။ သို့သော် တရုတ်သည်လည်း မည်သို့ပင် စစ်ကောင်စီနှင့် ဆက်ဆံသော်လည်း လက်တွေ့မြေပြင်တွင် တော်လှန်ရေးအင်အားစုများကို ပစ်ပယ်နိုင်ခြင်း မရှိပေ။
ကမ္ဘာအခင်းအကျင်းသစ်တွင် မိမိတို့ တော်လှန်ရေးအင်အားစုများ ရှင်သန်ရေးအတွက် တရုတ်ကို မဖြစ်မနေ မိတ်ဖက်အဖြစ် ရွေးချယ်ရန်၊ အနိမ့်ဆုံးအနေဖြင့် ရန်သူမဖြစ်ရန် လိုအပ်ပြီး မည်သို့ ညှိနိုင်းမှုပြုလုပ်မည်ကို ရေရှည်အမြင်ဖြင့် စဉ်းစားသုံးသပ်ရန်လို၏။ ထို့အတူ ဤအချက်သည် ကမ္ဘာ့အခင်းအကျင်းသစ်တွင် NUG နှင့် တော်လှန်ရေးအင်အားစုများအတွက် အရေးပါသည့် ဆုံးဖြတ်ချက်လည်းဖြစ်သည်။
လက်ရှိကာလတွင် အမေရိကန် ထရမ့်အစိုးရ၏ မူဝါဒများကြောင့် ကမ္ဘာ့အခင်းအကျင်းသစ် ပေါ်ပေါက်လာချိန်တွင် အခြေအနေနှင့် ကိုက်ညီသည့် နိုင်ငံရေးဗျူဟာများ ရေးဆွဲရန် လိုအပ်သည်။ လိပ်၊ ကန်၊ သစ် (အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်) မဟာမိတ်များနှင့် ဝင်ရိုးတန်းနိုင်ငံများကြားက ဒုတိယကမ္ဘာစစ်ကာလ၌ပင်လျှင် ဝင်ရိုးတန်း ဂျပန်နိုင်ငံ ပူးပေါင်း၍ အင်္ဂလိပ်အား တိုက်ခိုက်ခဲ့ပြီး အချိန်အခါသင့်မှ ဂျပန်ကို ပြန်တော်လှန်ခဲ့သည့် ဒုတိယကမ္ဘာစစ် မြန်မာ့နိုင်ငံရေးကို ပြန်လည် သုံးသပ်ကြည့်သင့်၏။
အခိုင်အမာ ခြေလှမ်းများ၊ နည်းပရိယာယ်များနှင့် ပတ်သက်၍ စဉ်းစားစရာ များစွာရှိသော်လည်း ကမ္ဘာ့အခင်းအကျင်းသစ် အပြောင်းအလဲ စတင်နေပြီး ထိုအခင်းအကျင်းသစ်တွင် တရုတ်သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အရေးကြီးသည်။
အခိုင်အမာ ခြေလှမ်းများ၊ နည်းပရိယာယ်များနှင့် ပတ်သက်၍ စဉ်းစားစရာ များစွာရှိသော်လည်း ကမ္ဘာ့အခင်းအကျင်းသစ် အပြောင်းအလဲ စတင်နေပြီး ထိုအခင်းအကျင်းသစ်တွင် တရုတ်သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အရေးကြီးသည်ကို ဦးစွာ အသိအမှတ်ပြုရန် လိုသည်။
ထိုအချက်ကို ဆုပ်ကိုင်ပြီး မြန်မာနိုင်ငံရေးလမ်းကြောင်းကို ပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းသစ်နှင့်အညီ လေးနက်စွာ တွက်ချက်သုံးသပ် လုပ်ဆောင်ကြရန် လိုပေလိမ့်မည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
အမေရိကန်-ယူကရိန်း ထိပ်တိုက်တွေ့မှုနှင့် မြန်မာ့အပေါ် ရိုက်ခတ်မှု ဆန်းစစ်ချက်
မြန်မာ့အရေးမှ ထရမ့် ဆုတ်ခွာခြင်းက တရုတ်လက် ဝကွက်အပ်ရာရောက်
မြန်မာမီဒီယာကဏ္ဍအပါဝင် အမေရိကန်အကူအညီ ဒေါ်လာ ၃၉ သန်းကျော် ဆိုင်းငံ့
အမေရိကန် အဆုတ် တရုတ် လက်ခုပ်ထဲက မြန်မာ့အရေး
ထရမ့်၏ မြန်မာမူဝါဒ ဖြစ်နိုင်ခြေကို အမေရိကန်သံတမန်ဟောင်း သုံးသပ်ချက်
တရုတ်အရေး အဖြေရှာရန် လိုအပ်နေသည့် မြန်မာ့တော်လှန်ရေး