သမ္မတ ရှီကျင့်ဖျင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဒုတိယလှိုင်းသည် အမိန့်ပေးကွပ်ကဲမှု အမြင့်ဆုံးအဆင့်မှ နက်ရှိုင်းသော ပျက်စီးယိုယွင်းမှုကို ပြသလာသောကြောင့် တရုတ်စစ်တပ်သည် အတွင်းပိုင်း ပြိုကွဲမှု ရင်ဆိုင်နေရသည်။
စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရန် သူကိုယ်တိုင် တာဝန်ပေးထားသည့် ယုံကြည်ရသော အရာရှိများကိုပင် သမ္မတ ရှီကျင့်ဖျင် မယုံကြည်နိုင်တော့ပေ။ တုန်လှုပ်စရာ အမှန်တရားမှာ သူ၏ တခါက ယုံကြည်ရသော မဟာမိတ် ရေတပ်ဗိုလ်ချုပ်ကြီး မြောင်ဟွာကို မကြာသေးမီက ရာထူးမှ ဆိုင်းငံ့ခြင်းက ပြသနေသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထိုစဉ်က နိုင်ငံရေးလုပ်ငန်းဌာန ဒါရိုက်တာ ရေတပ်ဗိုလ်ချုပ်ကြီး မြောင်ဟွာကို ရာထူးမှဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးနေကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။
တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ကြီးမားသော ခေါင်းဆောင်မှု အကျပ်အတည်းကို ရင်ဆိုင်နေရသည်။ ကာကွယ်ရေးဝန်ကြီး နှစ်ဦး ပြောင်းလဲပြီးနောက် လက်ရှိ ကာကွယ်ရေးဝန်ကြီး ဒုန်ကျွင်ကို စွပ်စွဲချက်များ မှန်ကန်ပါက တရုတ်နိုင်ငံသည် တတိယမြောက် ကာကွယ်ရေးဝန်ကြီးကို ခန့်အပ်ရဖွယ်ရှိသည်။
တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ကြီးမားသော ခေါင်းဆောင်မှု အကျပ်အတည်းကို ရင်ဆိုင်နေရသည်။ ကာကွယ်ရေးဝန်ကြီး နှစ်ဦး ပြောင်းလဲပြီးနောက် လက်ရှိ ကာကွယ်ရေးဝန်ကြီး ဒုန်ကျွင်ကို စွပ်စွဲချက်များ မှန်ကန်ပါက တရုတ်နိုင်ငံသည် တတိယမြောက် ကာကွယ်ရေးဝန်ကြီးကို ခန့်အပ်ရဖွယ်ရှိသည်။ သူ့ကို စည်းကမ်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းများတွင် ဖော်ပြသည်။ ထို့နောက် သူသည် အများပြည်သူမြင်ကွင်းသို့ ပြန်လည်ရောက်လာသည်။
ထိပ်ဆုံးမှ ထိုအပြောင်းအလဲများက သမ္မတ ရှီကျင့်ဖျင်သည် သူ ဆယ်စုနှစ်တခုကျော် ကွပ်ကဲခဲ့သော စစ်တပ်ကို ပြုပြင်ရန် မလုပ်နိုင်ကြောင်း ပြသနေသည်။
၂၀၁၂ ခုနှစ်တွင် အကြီးအကဲဖြစ်လာသောအခါ မစ္စတာ ရှီကျင့်ဖျင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အကြီးအကျယ် လုပ်ဆောင်သည်။ စစ်အရာရှိများသည် တရုတ်စစ်တပ်ကို အတွင်းမှ အင်အားချိနဲ့စေသည့် ရာထူးတက်ရန် လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း၊ စီးပွားရေးအလေ့အထများ ပူးတွဲလုပ်ကိုင်ခြင်းတို့အတွက် အမည်ဆိုးကျော်ကြားသည်။
မစ္စတာ ရှီကျင့်ဖျင်က ပြင်းပြင်းထန်ထန် ပြောသော်လည်း PLA တွင် အကျင့်ပျက်ခြစားမှု ကူးစက်နေသောကြောင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဒုတိယလှိုင်းကို ဆောင်ရွက်ရပြီး ၂၀၂၃ ခုနှစ်တွင် ပိုမိုဆိုးရွားသော ဖြုတ်ထုတ်ဖယ်ရှားမှုများ စတင်ရသည်။ ထိုလှိုင်းသစ်တွင် ထိခိုက်ဆုံးရှုံးမှုများရှိသည်။
PLA ဒုံးကျည်တပ် အကြီးအကဲများ၊ လက်နက်ထုတ်လုပ်ရေးဌာန အရာရှိများနှင့် ယခုအခါ မစ္စတာ ရှီကျင့်ဖျင်၏ ဗဟိုစစ်ကော်မရှင် (CMC) အတွင်းစည်းမှ ရေတပ်ဗိုလ်ချုပ်ကြီး မြောင်ဟွာတို့ ပါဝင်သည်။ မြောင်ဟွာကို ရာထူးမှ ဖယ်ရှားခြင်းသည် အထူး စိတ်ဝင်စားစရာကောင်းသည်။ နိုင်ငံရေးလုပ်ငန်းဌာန အကြီးအကဲအနေဖြင့် သူသည် အရာရှိများအကြား နိုင်ငံရေးသစ္စာခံမှုအတွက် တာဝန်ရှိသည်။ သူ့ကို ဖယ်ရှားခြင်းသည် ရှီကျင့်ဖျင်၏ လက်ရွေးစင် အကောင်အထည်ဖော်သူများကိုပင် မယုံကြည်ရသည့်သဘော ဖြစ်သည်။
မစ္စတာ ရှီကျင့်ဖျင်၏ သုတ်သင်ဖယ်ရှားမှု ဗဟိုချက်သည် ဘဏ္ဍာရေး အဂတိလိုက်စားမှုမှ နိုင်ငံရေးအရ ယုံကြည်အားထားနိုင်မှုသို့ အတိတ်နိမိတ် မကောင်းစွာ ပြောင်းလာသည်။ ၂၀၂၄ ခုနှစ် နွေရာသီက ရှီကျင့်ဖျင်၏ မမျှော်လင့်သော ဗဟိုစစ်ကော်မရှင် နိုင်ငံရေးလုပ်ငန်းညီလာခံသည် သူ၏ကြီးထွားလာသည့် သံသယကို ဖော်ပြနေပြီး သူ့အရာရှိများထံမှ “မှန်ကန်သော အတွေးအခေါ် သုံးသပ်ချက်” ကို တောင်းဆိုသည်။
ကွန်မြူနစ်ပါတီသို့ မျက်စိမှိတ် သစ္စာခံခြင်းသည် ယခုအခါ PLA ၏ စစ်ရေးစွမ်းရည်ကို ထိခိုက်စေသည်။ ထိုအပြောင်းအလဲသည် အင်ဒိုပစိဖိတ်ဒေသတွင်၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ ပိုမိုတင်းမာမှုများကို ရင်ဆိုင်နေရချိန်တွင် ဖြစ်ပေါ်လာသည်။ ပထဝီနိုင်ငံရေး ရည်မှန်းချက် ကြီးထွားလာခြင်းနှင့်အတူ မစ္စတာ ရှီကျင့်ဖျင်သည် မရေရာမှု၊ မယုံကြည်နိုင်မှုနှင့် အကျင့်ပျက်ခြစားမှုများ ပြည့်နေသည့် စစ်တပ်ကို ကွပ်ကဲနေရသည်ဟု သူ့ကိုယ်သူ မြင်လာသည်။
ခေါင်းဆောင်မှု ဆက်တိုက် ပြောင်းလဲနေခြင်းသည် PLA ၏ ထိရောက်မှုကို ပျက်ပြားစေသည်။ တပ်မှူးသစ်များဖြင့် ယခင် တပ်မှူးများကို ဆက်တိုက် အစားထိုးနေပြီး အင်စတီကျူးရှင်းအသိနှင့် သေနင်္ဂဗျူဟာ စဉ်ဆက်မပြတ်မှုကို ပျက်စီးစေသည်။ အလယ်အလတ်တန်း အရာရှိများသည် နောက်တကြိမ် ဖြုတ်ထုတ်ဖယ်ရှားသည့်အုပ်စုတွင် ၎င်းတို့ ပါဝင်လာမည်ကို စိုးရိမ်နေသည်။ ဆုံးဖြတ်ချက် မချနိုင်ခြင်းသည် ကွပ်ကဲမှုစနစ်ကို ထိခိုက်စေသည်။
ခေါင်းဆောင်မှု ဆက်တိုက် ပြောင်းလဲနေခြင်းသည် PLA ၏ ထိရောက်မှုကို ပျက်ပြားစေသည်။ တပ်မှူးသစ်များဖြင့် ယခင် တပ်မှူးများကို ဆက်တိုက် အစားထိုးနေပြီး အင်စတီကျူးရှင်းအသိနှင့် သေနင်္ဂဗျူဟာ စဉ်ဆက်မပြတ်မှုကို ပျက်စီးစေသည်။ အလယ်အလတ်တန်း အရာရှိများသည် နောက်တကြိမ် ဖြုတ်ထုတ်ဖယ်ရှားသည့်အုပ်စုတွင် ၎င်းတို့ ပါဝင်လာမည်ကို စိုးရိမ်နေသည်။ ဆုံးဖြတ်ချက် မချနိုင်ခြင်းသည် ကွပ်ကဲမှုစနစ်ကို ထိခိုက်စေသည်။
အရာရှိများသည် ရဲရင့်ပြတ်သားသော လှုပ်ရှားမှုလုပ်ရန် တွေဝေနေပြီး ခြေလှမ်းတခုမှားသည်နှင့် ဘဝပျက်မည်ကို သိနေကြသည်။ ထိုအခြေအနေသည် ရှုပ်ထွေးပြီး စာရွက်ပေါ်တွင်သာရှိနေသော စစ်ဆင်ရေးများ အကောင်အထည်ဖော်ရန် ညီညွတ်မှုနှင့် ယုံကြည်မှု ကင်းမဲ့သည့်စစ်တပ် ဖြစ်စေသည်။
သတိထားစရာ အကောင်းဆုံးကိစ္စမှာ အကျင့်ပျက်ခြစားမှုသည် တရုတ်၏ သေနင်္ဂဗျူဟာလက်နက်များကို တိုက်ရိုက် ထိခိုက်စေခြင်းဖြစ်သည်။ PLA ဒုံးကျည်တပ်ဖွဲ့များအတွက် ရန်ပုံငွေများကို အလွဲသုံးစားလုပ်ပြီး ညံ့ဖျင်းစွာ တည်ဆောက်ထားသည့် ဒုံးကျည် သိုလှောင်ရုံများနှင့် လောင်စာ မထည့်ထားဘဲ ရေထည့်ထားသည့် ဒုံးကျည်များ ဖြစ်စေသည်။ ထိုကိစ္စသည် အုပ်ချုပ်ရေးပိုင်း အကျင့်ပျက်ခြစားမှုသာ မဟုတ်ဘဲ တရုတ်နိုင်ငံ၏ နျူကလီးယား စွမ်းအားကိုပါ မေးခွန်းထုတ်စရာ ဖြစ်စေသည့် စစ်တပ်၏ အကျင့်ပျက်မှုလည်း ဖြစ်သည်။
နယ်ပယ်ချဲ့ထွင်ရန် ရည်မှန်းချက်ကြောင့် မစ္စတာ ရှီကျင့်ဖျင် ရင်ဆိုင်နေရသည့် အကျပ်အတည်းသည် ပြင်းထန်သည်။ တရုတ်၏ အငြင်းပွားနေသော ပိုင်နက်များကို ရယူရန်နှင့် ကမ္ဘာတွင် အာဏာထူထောင်ရန် စွမ်းဆောင်နိုင်သည့် စစ်တပ်ကို သူ အလွန်လိုချင်သော်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးက သူ၏တပ်များသည် လက်တွေ့ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်မှု မည်မျှကင်းမဲ့သည်ကို ပြသနေသည်။
ထိုသို့သော အတွင်းပိုင်း ဖရိုဖရဲ အခြေအနေသည် ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်၊ အိန္ဒိယနှင့် နယ်နိမိတ် အငြင်းပွားမှုကဲ့သို့ အလားအလာရှိသော ပြဿနာများတွင် မစ္စတာ ရှီကျင့်ဖျင်၏ လုပ်နိုင်စွမ်းကို အားနည်းစေသည်။ PLA ၏ ဆုံးရှုံးသွားသော ယုံကြည်မှုသည် အိမ်နီးချင်းများကို စစ်အင်အားဖြင့် ခြိမ်းခြောက်နိုင်သည့် တရုတ်၏စွမ်းရည်ကို အကန့်အသတ်ဖြစ်စေသည်။
သမ္မတ ရှီကျင့်ဖျင်သည် ခက်ခဲသော ရွေးချယ်မှုတခုကို ရင်ဆိုင်နေရသည်။ သူသည် သုတ်သင်ရှင်းလင်းမှု ဆက်လက်လုပ်ပြီး စစ်တပ်ခေါင်းဆောင်မှုပိုင်း ပိုမို မတည်ငြိမ်အောင် လုပ်နိုင်သလို ဖိအားလျှော့ချပြီး အကျင့်ပျက်ခြစားမှု ပြန်လည်ကြီးထွားရန် ခွင့်ပြုနိုင်သည်။ မည်သည့်လမ်းကြောင်းမဆိုသည် ၂၀၄၉ ခုနှစ် တရုတ်စစ်တပ် လွှမ်းမိုးရေးအတွက် သူ၏ မဟာရည်မှန်းချက်ကို ခြိမ်းခြောက်နေသည်။
တရုတ်၏ အိမ်နီးချင်းများနှင့် အမေရိကန် ပြည်ထောင်စုအတွက် သမ္မတ ရှီကျင့်ဖျင်၏ စစ်ရေး ဖြုတ်ထုတ်ရှင်းလင်းမှုသည် သတိပေးချက်နှင့် အခွင့်အလမ်း နှစ်ခုလုံးကို ပေးသည်။ ပိုမို ကြောက်စရာကောင်းလာသည့် တိုက်ခိုက်ရေးတပ်ဟု ယူဆရသောကိစ္စတွင် အလွန်ကြီးမားသည့် ထိခိုက်လွယ်မှုများကို ဖော်ပြနေသည်။
PLA သည် စစ်ရေးပြပွဲများနှင့် လက်နက်ပစ္စည်းသစ်များဖြင့် အင်အားထူထောင်ကောင်း ထူထောင်နိုင်သော်လည်း ၎င်း၏ အဓိက ခေါင်းဆောင်မှုသည် စံချိန်မမီပေ။ ထိုမတည်ငြိမ်မှုသည် အန္တရာယ်များသည့် မရေရာမှုကို ဖန်တီးပေးသည်။ အင်အားချိနဲ့သော PLA သည် သမ္မတ ရှီကျင့်ဖျင်အနေဖြင့် စစ်ရေးစွန့်စားမှုတွင် ပါဝင်ရန် တွေဝေတုံ့ဆိုင်းစေပြီး အကျပ်အတည်း အခြေအနေများတွင် တရုတ်စစ်တပ်၏ တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းရန် ပိုမိုခက်ခဲစေနိုင်သည်။
PLA သည် စစ်ရေးပြပွဲများနှင့် လက်နက်ပစ္စည်းသစ်များဖြင့် အင်အားထူထောင်ကောင်း ထူထောင်နိုင်သော်လည်း ၎င်း၏ အဓိက ခေါင်းဆောင်မှုသည် စံချိန်မမီပေ။ ထိုမတည်ငြိမ်မှုသည် အန္တရာယ်များသည့် မရေရာမှုကို ဖန်တီးပေးသည်။ အင်အားချိနဲ့သော PLA သည် သမ္မတ ရှီကျင့်ဖျင်အနေဖြင့် စစ်ရေးစွန့်စားမှုတွင် ပါဝင်ရန် တွေဝေတုံ့ဆိုင်းစေပြီး အကျပ်အတည်း အခြေအနေများတွင် တရုတ်စစ်တပ်၏ တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းရန် ပိုမိုခက်ခဲစေနိုင်သည်။
လက်ရှိ ဖြစ်ပွားနေသော ဖြုတ်ထုတ်ရှင်းလင်းမှုသည် သမ္မတ ရှီကျင့်ဖျင်၏ အရေးပါသော ခေါင်းဆောင်မှု ကျရှုံးခြင်းကို ပြသနေသည်။ ယခင် မကြုံဖူးသော လုပ်ပိုင်ခွင့်ဖြင့် အာဏာရနေသည့် ဆယ်စုနှစ်တခုအပြီးတွင် သူယုံကြည်ရသည့် စစ်တပ်ကို မတည်ဆောက်နိုင်ခဲ့ပေ။
ဆက်လက် ဖြစ်ပွားနေသည့် အကျင့်ပျက်ခြစားမှုတိုင်းသည် တရုတ်အာဏာရှင်အဖြစ် သူ၏ ပုံရိပ်ကို ထိခိုက်စေပြီး အတိအလင်း အကျင့်ပျက်ခြစားသည့် အရာရှိများကို ရာထူးတိုးပေးသည့် သူ၏ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်စရာ ဖြစ်စေသည်။
သမ္မတ ရှီကျင့်ဖျင်သည် စစ်တပ်ခေါင်းဆောင်မှု၏ ရိုးသားတည်ကြည်မှုအခြေခံအတွက် ရုန်းကန်နေရသောကြောင့် ၂၀၃၅ ခုနှစ်တွင် ကမ္ဘာ့အဆင့် စစ်တပ်ဖြစ်ရေး သူ၏ ရည်မှန်းချက်သည် ပိုမို သံသယရှိစရာဖြစ်လာသည်။ သို့သော် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ခေတ်မီရေး အစီအစဉ်များတွင် PLA ၏ တိုးတက်မှုကို အမေရိကန်နှင့် အနောက်တိုင်း သုတေသီများက ချီးကျူးကြသည်။ အကျင့်ပျက်ခြစားမှုသည် PLA ထဲတွင် အမှန်တကယ် ဖြစ်နေသည်။
တရုတ်နိုင်ငံကို လေးစားခံရသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်စေမည်ဟု ကတိပြုသည့် သမ္မတ ရှီကျင့်ဖျင်သည် ယခုအခါ သူ၏အရင်းနှီးဆုံး မဟာမိတ်များထံမှ သစ္စာခံမှုကို သံသယဖြစ်နေရသည့် စစ်တပ်အား ကွပ်ကဲနေရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ankit K ၏ Corruption, Purges and Paranoia: Is China’s Army Even Fighting Fit? ကို ဘာသာပြန်သည်။ အန်ကစ် ကေသည် အိန္ဒိယ အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဖြစ်သည်။)
You may also like these stories:
အမေရိကန်-ယူကရိန်း ထိပ်တိုက်တွေ့မှုနှင့် မြန်မာ့အပေါ် ရိုက်ခတ်မှု ဆန်းစစ်ချက်
လှုပ်လှုပ်ရှားရှား ကမ္ဘာ့အခင်းအကျင်းသစ်နှင့် မြန်မာ့နိုင်ငံရေး
တရုတ်ဖိအား၊ လက်တွေ့ရလဒ်နှင့် စစ်တပ်၏ကံကြမ္မာ
တရုတ်ကြေးစားတပ်တွေ မြန်မာရောက်ရင် ဘာဖြစ်မလဲ
ခေါင်းဆောင် ၂ ယောက်၊ မိန့်ခွန်း ၂ ခုနှင့် မတူညီသော ကမ္ဘာ့အမြင်များ













