၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းစအချိန်၌ပင် အာဏာသိမ်းမှုကိုလက်မခံကြောင်း ပြည်လုံးကျွတ်ဆန္ဒပြပွဲများ ပြုလုပ်ကာ ပြည်သူတို့ ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် လေးခွ၊ မိုလိုတော့ဗ်၊ တူမီး၊ လက်လုပ်မိုင်း၊ သေနတ်များ အဆင့်ဆင့် ဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြရာမှ ယခုဆိုလျှင် အဆင့်မြင့်လက်နက်ခဲယမ်းများဖြင့် တော်လှန်ရေး အရှိန်အဟုန် မြင့်လာခဲ့ပြီ ဖြစ်သည်။
လေးနှစ်တာကာလအတွင်း နိုင်ငံအနှံ့ စစ်မီးတောက်ခဲ့သလို စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများအား စစ်ကောင်စီအနေဖြင့် ဆက်တိုက်ရင်ဆိုင်နေရသဖြင့် လက်လွှတ်ဆုံးရှုံးရသော နယ်မြေများလာပြီး အင်အားပြုန်းတီးလာသည့် အခြေအနေ တရပ်သို့ ရောက်ရှိလာပြီလည်း ဖြစ်သည်။
စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖြစ်ပေါ်တိုးတက်လာခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အား စုများ၏ မဟာမိတ်ဖွဲ့စည်းမှုတို့အကြောင်းကို ဆွေးနွေးသုံးသပ်ပေးနိုင်ရန် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျူ (USIP) နှင့် ဝီလ်ဆင်စင်တာတို့တွင် ဧည့်ပညာရှင်တဦးအဖြစ် လုပ်ကိုင်နေသည့် ကိုရဲမျိုးဟိန်းအား ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ရဲနည်က ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ ဧရာဝတီကို အချိန်ပေးဖြေကြားပေးလို့ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ အခုဖေဖော်ဝါရီ ၁ ရက်ဆိုရင် စစ်အာဏာသိမ်းတာ လေးနှစ်ရှိလာပြီး ငါးနှစ်ထဲဝင်ပြီ။ စစ်အာဏာသိမ်းပြီးလို့ ငြိမ်းချမ်းစွာဆန့်ကျင် ဆန္ဒပြသူ တွေကို အကြမ်းဖက် သွေးထွက်သံယိုနှိမ်နင်းတာကြောင့် လူတွေက မခံမရပ်ဖြစ်ပြီးတော့ လက်နက်ကိုင် ပုန်ကန်လာခဲ့ကြ တာပေါ့။ စစ်ဗိုလ်ချုပ်တွေကရော လေ့လာစောင့်ကြည့်သူတွေကပါ ကနဦး အစမှာ ဒီပုန်ကန်မှုက ခြောက်လပဲခံမယ်။ နောက်ဆုံး စစ်တပ်ကပဲ ထိန်းချုပ်သွားနိုင်မယ်လို့ ဆိုပြီး တွက်ခဲ့ကြတာပါ။ ဒါပေမယ့် အခု အာဏာသိမ်း လေးနှစ်ပြည့် ချိန်မှာတော့ အဲဒါနဲ့ ပြောင်းပြန်ဖြစ်နေတာ တွေ့ကြရပြီဆိုတော့ ဒီလေးနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်အာဏာ ဆန့်ကျင်ရေး အင်အားစုတွေကြားက လက်နက်ကိုင်ပဋိပက္ခကို ကိုရဲမျိုးဟိန်း ဘယ်လို သုံးသပ်ချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ပထမဆုံး Disclaimer လေး ပြောချင်ပါတယ်ခင်ဗျ။ ဖြေတဲ့အခါမှာ ဒီအင်တာဗျူးက လက်ရှိ USIP ရဲ့အမြင်နဲ့ ဝီလ်ဆင်စင်တာရဲ့ အမြင်မဟုတ်ဘဲနဲ့ ကျနော်တဦးတည်းရဲ့ လေ့လာချက်အမြင်ကို ပြောခြင်းဖြစ်ပါတယ်။
ခုနက မေးခွန်းကို ပြန်ပြီးကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ ဖြစ်ထွန်းတိုးတက်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုပေါ့နော်။ ကျနော့်အနေနဲ့ကတော့ စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုတွေနဲ့ တဖက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြီးခဲ့တဲ့လေးနှစ်တာအတွင်း ဖြစ်ပေါ်တိုးတက်မှုကို အကြမ်းဖျင်းအားဖြင့် ဘက်နှစ်ဖက် ပိုင်းခြား ပြီးတော့ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုပါတယ်။ ပထမဆုံးကတော့ စစ်ကောင်စီဆန့်ကျင် တော်လှန်ရေး အင်အားစုတွေရဲ့ အပိုင်းပေါ့နော်။ အဲဒီအပိုင်းကိုကြည့်မယ်ဆိုရင် ကျနော့်အမြင်ကတော့ လက်နက်ကိုင်တော်လှန်ရေး တခုလုံးချုပ် ကြည့်မယ်ဆိုရင် အဓိက ဝိသေသသုံးခု တွေ့ရတယ်။
ပထမဆုံးတခုက ဒီလက်နက်ကိုင်တော်လှန်ရေးက စစ်တပ်ကနေ အာဏာသိမ်းပြီးချိန်မှာ တကယ့်ကို ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ပြည်သူတွေကို သတ်ဖြတ် ရက်စက်တာကနေပြီးတော့ ပြည်သူတွေမနေနိုင်လို့ ရရာ လက်နက်စွဲကိုင် ပြီး တော်လှန်ခဲ့ကြတာ ဖြစ်တယ်။ ဒုတိယတခုကတော့ လက်နက်ကိုင်တော်လှန်ရေးက တနိုင်ငံလုံးကလူထု ဆန္ဒပြလှုပ်ရှား မှုကြီးကလာတာဆိုတော့ တတိုင်းပြည်လုံး နေရာအနှံ့မှာ လက်နက်ကိုင်တိုက်ကြတဲ့ တော်လှန်ရေးအသွင်ကို ဆောင်တဲ့ သဘော တွေ့ရတယ်။ တတိယအချက်က အဖွဲ့အစည်းတခု၊ အင်အားစုတခုကနေပြီး ဒီအဖွဲ့တွေကို မောင်းတင်ပြီးတော့ တိုက်တာထက်စာရင် ပြည်သူတွေက မခံနိုင်လို့ ရရာ လက်နက်စွဲကိုင်ပြီး တိုက်ကြတာဖြစ်တဲ့အတွက် တိုက်မယ်ဆိုတဲ့ စိတ်တခုထဲကို အရင်းတည်ပြီးတိုက်ခဲ့ကြတဲ့ တော်လှန်ရေးပေါ့နော်။ အဲဒီသုံးခုကို သွားတွေ့ရတယ်။
တော်လှန်ရေးအစပိုင်းမှာတော့ ဒီတော်လှန်ရေးကို မယုံကြည်မှုတွေ အများကြီးရှိတယ်ပေါ့။ ဒီတော်လှန်ရေးက စစ်တပ်ကို လက်နက်ကိုင် တိုက်လို့တော့ ရမှာမဟုတ်ဘူး။ အလွယ်တကူပဲ ပြိုကျသွားနိုင်တယ်ဆိုပြီးတော့ စဉ်းစားခဲ့ကြတာ ရှိတယ်။ ဒါပေမယ့်လည်း ဒီလေးနှစ်ကာလအထိ တဖြည်းဖြည်း အားကောင်းလာရင်းနဲ့ ဒီအဆင့်ထိ ရောက်လာတယ်ပေါ့နော်။
ပြောရမယ်ဆိုရင် တကယ့်ကို လက်နက်အင်အားကြီးတယ်လို့ အများကမြင်ကြတဲ့ နိုင်ငံတကာကလည်း ပြောနေကြတဲ့ စစ်တပ်ကို ဒီလိုမျိုး မခံနိုင်လို့ စိတ်တခုထဲကို အခြေတည်ပြီး စတိုက်ခဲ့ကြတဲ့အခါ တော်လှန်ရေးအစပိုင်းမှာတော့ ဒီတော်လှန်ရေးကို မယုံကြည်မှုတွေ အများကြီးရှိတယ်ပေါ့။ ဒီတော်လှန်ရေးက စစ်တပ်ကို လက်နက်ကိုင် တိုက်လို့တော့ ရမှာမဟုတ်ဘူး။ အလွယ်တကူပဲ ပြိုကျသွားနိုင်တယ်ဆိုပြီးတော့ စဉ်းစားခဲ့ကြတာ ရှိတယ်။ ဒါပေမယ့်လည်း ဒီလေးနှစ်ကာလအထိ တဖြည်းဖြည်း အားကောင်းလာရင်းနဲ့ ဒီအဆင့်ထိ ရောက်လာတယ်ပေါ့နော်။
ပြီးခဲ့တဲ့လေးနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ကျနော့်အမြင်ကတော့ လက်နက်ကိုင်တော်လှန်ရေး သဘောသဘာဝအတိုင်း ပထမတော့ ပြောက်ကျားစစ်၊ ခြွေစစ်ပေါ့နော်။ အဲဒါကို တိုက်ခဲ့ကြတာကို တွေ့ရတယ်။ အဲဒီကမှတဆင့် ၂ နှစ်ကျော်၊ သုံးနှစ်ထဲဝင်လာတဲ့အခါမှာ ပုံသဏ္ဌာန်ပြောင်းလာတယ်။ အထူးသဖြင့် အခိုင်အမာရှိထားပြီးသား လူမျိုးစုတိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေရဲ့ အားပေးကူညီမှုတွေ၊ ပါဝင်တိုက်ခိုက်မှုတွေကြောင့် အလျင်အမြန် တိုးတက်လာတဲ့ သဘောလည်း တွေ့ရတယ်။ ပြောရမယ်ဆိုရင် လက်နက်ကိုင်တော်လှန်ရေးတရပ်က ဒီလို ဖြစ်ပေါ်တိုးတက်မှုကို ရောက်ဖို့ ဆိုရင် ယေဘုယျအားဖြင့် ငါးနှစ်လောက် တည်ဆောက်ရတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ နှစ်နှစ်ကျော် သုံးနှစ်ကာလ အတွင်းမှာ လျင်လျင်မြန်မြန်ကို တိုးတက်လာတွေ့ရတယ်။ အရင်းစစ်မယ်ဆိုရင် ERO တွေ၊ တိုင်းရင်းသား လူမျိုးစု၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုအားကြောင့် ဒီအဆင့်ထိရောက်လာတယ်လို့ မြင်တယ်။

၂၀၂၃ ခုနှစ် အစောပိုင်းကာလမှာ ကျနော်ရေးခဲ့တာ ရှိပါတယ်။ ဒီလက်နက်ကိုင် တော်လှန်ရေးက နောက်အဆင့်တခုကို တက်လာပြီဆိုတဲ့သဘောပေါ့နော်။ ၂၀၂၃ ခုနှစ် နှစ်လယ်ကနေစပြီးတော့ ခြွေစစ်၊ ပြောက်ကျားစစ် သဘောကနေပြီးတော့ ပိုပြီး သမာရိုးကျတိုက်တဲ့ စစ်ပုံစံမျိုး ဖြစ်လာတယ်။ တနည်းပြောရရင် ရန်သူကို ရင်ဆိုင်တိုက်လာနိုင်တဲ့ ဆိုင်စစ်ပုံစံ ဖြစ် လာတယ်။ ၂၀၂၄ တနှစ်လုံးမှာ စစ်ကောင်စီကို ဆိုင်ပြီး တိုက်လာတဲ့ ဆိုင်စစ်ပုံစံ ပီပီပြင်ပြင် မြင်လာရတယ်၊ လက်နက်ကိုင် တော်လှန်ရေးတွေမှာ အဲဒီ ဆိုင်စစ်ကာလ Conventional Warfare တိုက်တဲ့ကာလက အတော့်ကို စိတ်ဝင်စားစရာ ကောင်း သလို အခက်အခဲလည်း အတော်ရှိတဲ့ကာလလို့ ပြောလို့ရတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ကျမ်းရိုးတွေ မှာ ပြောကြတာရှိတယ်။ မော်စီတုံးတို့ပြောကြတာ လက်နက်ကိုင်တော်လှန်ရေးက အဲဒီလို အဆင့်တခုကို တက်သွားပြီး တော့ ပြည်သူရဲ့ ထောက်ခံမှုကိုရရင် အဲဒီလက်နက်ကိုင်တော်လှန်ရေးက ချေမှုန်းဖို့ မလွယ်တော့ဘူးလို့ ပြောကြတာရှိတယ်။ မှန်ပါတယ်၊ ဒီအဆင့်ကို ရောက်ရင် ချေမှုန်းဖို့ အတော်လေး ခက်လာတယ်။
တဖက်မှာလည်း ဆိုင်စစ်ပုံစံရောက်လာရင် အရင်က တိုက်ခဲ့တဲ့ ခြွေစစ်၊ ပြောက်ကျားစစ်မှာ တိုက်ခဲ့တဲ့ Spontaneous resistance နေရာစုံကနေပြီးတော့ ကြုံသလိုတိုက်တာ၊ ပြီးတော့ ကွန်ရက်တွေ စုဖွဲ့ပြီး တိုက်တဲ့ Network Insurgency ပုံစံမျိုးကနေပြီးတော့ ပိုအားကောင်းပြီးတော့ ပိုပြီးအမိန့်ပေး စီးဆင်းမှုကောင်းတဲ့ သမာရိုးကျ တပ်ဖွဲ့ ပုံစံတည်ဆောက် ဖို့တော့ လိုပါတယ်။ အခြေခိုင်မာလာအောင် တည်ဆောက်ဖို့တော့လိုမယ်။ အဲဒီလိုတည်ဆောက်နိုင်မှပဲ နောက်ထပ်အဆင့် တခုပေါ့ ပြောရရင် ရန်သူကိုဖြိုနိုင်တဲ့ ဖြိုစစ်အဆင့်ကို ရောက်နိုင်မယ်။ တကယ်လို့ စုဖွဲ့မှုအားကောင်းတဲ့တပ် မတည် ဆောက်နိုင်ဘူး၊ မဟာမိတ်တွေနဲ့ အားကောင်းတဲ့ စုဖွဲ့မှု မတည်ဆောက်နိုင်ဘူး၊ ပြည်သူတွေရဲ့ထောက်ခံမှု ထပ်မရနိုင်ဘူး ဆိုရင်တော့ နောက်တဆင့်ကိုတက်ဖို့ တော်တော်လေး ခက်မယ့်အနေအထားရှိတယ်။
လက်နက်ကိုင် တော်လှန်ရေးအပိုင်းကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ ခြွေစစ်၊ ပြောက်ကျားစစ် တိုက်တာကနေပြီးတော့ ရန်သူကို ရင်ဆိုင်ပြီးတိုက်လာနိုင်တဲ့ ဆိုင်စစ်ပုံစံမျိုးထိ အဆင့်ထိတော့မြင့်တက်လာတယ်လို့ မြင် တယ်။ တဖက်မှာလည်း စစ်တပ်ဘက်ကိုကြည့်ရင် စစ်တပ်ဘက်က လက်နက်ကိုင်တော်လှန်ရေးအစကတည်းက သူသွား တဲ့ပုံစံက 3C ပုံစံပေါ့။ Control, Contain and Crush ။ Control ဆိုတာ ဘယ်သူ့ကို Control လုပ်ဖို့ကြိုးစားလဲဆိုတော့ မြို့ကြီး ပြကြီးတွေကို မဖြစ်ဖြစ်အောင်၊ မနိုင်နိုင်အောင် သူ Control လုပ်မယ်။ တဖက်မှာတော့ အခိုင်အမာရှိထားပြီးသား တိုင်းရင်း သားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို Contain လုပ်ထားမယ်။ ဒီတော်လှန်ရေးကို အားမပေးအောင် မပူးပေါင်း အောင်၊ တဖက်မှာတော့ အသစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးနဲ့ ပေါ်လာတဲ့ PDF တွေ၊ တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းပစ်မယ် Crush လုပ်မယ်ဆိုပြီးတော့ 3C ပုံစံမျိုး တွေ့ရတယ်။
အခုအနေအထားကတော့ စစ်တပ်အနေနဲ့ တနိုင်ငံလုံးအနှံ့က တော်လှန်ပုန်ကန်မှုတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ်၊ ပထမနှစ်တွေတုန်းကလို တော်လှန်ပုန်ကန်မှုတွေ ဘယ်လိုထိန်းချုပ်မလဲဆိုတာထက်စာရင် သူ့ကိုယ်သူ မပြိုအောင် အတော်ကို ကြိုးစားနေရတဲ့ အနေအထားမျိုး ရှိတယ်လို့ ကျနော်မြင်ပါတယ်။
ဒါပေမယ့်လည်း သုံးနှစ်ကျော်၊ လေးနှစ် ကြာလာတဲ့အခါမှာ 3C ပုံစံက အဓိကကျတဲ့ လူမျိုးစုတော်လှန်ရေး အင်အားစုတွေနဲ့ သူကောင်းကောင်း Contain မလုပ်နိုင်ဘူး။ Contain မလုပ်နိုင်တော့ တိုင်းရင်းသားလူမျိုးစုအင်အားတွေက အရမ်းအား ကောင်းလာတာကို တွေ့ရတယ်၊ တဖက်မှာလည်း PDF တွေကို သူတို့မျှော်လင့်ထားသလို ခြောက်လတို့၊ တနှစ်တို့ Crush မလုပ်နိုင်ဘူး၊ မချေမှုန်းနိုင်ဘူး၊ အဲဒီလို စစ်က ပိုပြီး ကျယ်ပြန့်လာတယ်။ ပိုပြီးထိန်းရ အတော်ခက်တဲ့ ပုံစံဖြစ်လာတယ်။ အခုအနေအထားကတော့ စစ်တပ်အနေနဲ့ တနိုင်ငံလုံးအနှံ့က တော်လှန်ပုန်ကန်မှုတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ်၊ ပထမနှစ်တွေတုန်းကလို တော်လှန်ပုန်ကန်မှုတွေ ဘယ်လိုထိန်းချုပ်မလဲဆိုတာထက်စာရင် သူ့ကိုယ်သူ မပြိုအောင် အတော်ကို ကြိုးစားနေရတဲ့ အနေအထားမျိုး ရှိတယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ ၂၀၂၃ ခုနှစ်တုန်းကလည်း ကျနော်မှတ်မိသလောက်ပေါ့၊ ကိုရဲမျိုးဟိန်း ရေးခဲ့တဲ့စစ်ကောင်စီရဲ့ တပ်ဖွဲ့အင်အား ဆုံးရှုံးနေတယ်ဆိုပြီးတော့ပေါ့ အခုရောစစ်ကောင်စီရဲ့ စစ်တပ်ဟာ ဘယ်လောက်ထိ ဆုံးရှုံးဆုတ်ယုတ်သွားပြီလဲဗျ၊ ဒီလိုနဲ့ ဘယ်လောက်ထိ တောင့်ခံထားနိုင်ဦးမယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အာဏာစသိမ်းပြီးကတည်းက ပထမဆုံးနှစ်ပိုင်းတွေမှာ မြန်မာစစ်တပ် ပြိုလဲသွားနိုင်ခြေ ရှိတယ်ဆိုပြီး ပြောတယ် ဆိုရင် ပြိုလဲသွားနိုင်တဲ့အထိ အင်အားနည်းနေတယ်ဆိုတာပြောရင် ဘယ်သူမှလက်ခံမှာ မဟုတ်ဘူး။ မြန်မာစစ်တပ်က အင်အား အရမ်းကြီးနေသေးတယ်ဆိုပြီး ပြောကြတယ်၊ ကျနော့် အတွေ့အကြုံလေးတခုပြောမယ်ဆိုရင် ၂၀၂၃ မေလမှာ မြန်မာစစ်တပ်က အတော်လေးအင်အားနည်းသွားပြီဆိုတဲ့အကြောင်း သုတေသနတခုလုပ်ပြီး ဆောင်းပါးတပုဒ်ရေးတော့ အဲဒီအချိန်တုန်းက နိုင်ငံတကာ လေ့လာသုံးသပ်သူတွေရော၊ တော်တော်များများက လက်မခံကြပါဘူး၊ မဖြစ်နိုင်ဘူးပေါ့၊ မြန်မာစစ်တပ်ရဲ့ အင်အား Inflate (ဖောင်းပွ) လုပ်ထားတဲ့ Figure တွေရှိတယ်။ ဖောင်းပွနေတဲ့ ကိန်းဂဏန်းတွေရှိတယ်။ အင်အားလေးသိန်းရှိတယ်။ ငါးသိန်းရှိတယ်တို့ တကယ့်တကယ်တော့ အဲဒီအင်အားမရှိဘူးဆိုတာကို အဲဒီအချိန်တုန်းက အင်အား တသိန်းခွဲပတ်ဝန်းကျင်ပေါ့။ တိုက်ခိုက်ရေးအင်အားစုတွေရော၊ အရန်အင်အားစုတွေရော၊ လက်ရုန်းတပ်တွေရော ပေါင်းလိုက်ရင် တသိန်းခွဲ ပတ်ဝန်းကျင်ရှိတယ်ဆိုပြီး ကျနော်ရေးခဲ့ဖူးတာရှိတယ်။ အဲဒီအချိန်တုန်းကဆိုရင်တောင်မှ ၂၀၂၃ ဆိုတာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလ၊ အဲဒီကာလတုန်းကတောင်မှ လက်မခံကြဘူး။
အခုကျတော့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက မြန်မာစစ်တပ် ပြိုလဲသွားနိုင်မလားဆိုပြီး စိုးရိမ်စရာ ဖြစ်လာတယ်။ ပြောမယ်ဆိုရင် မြန်မာစစ်တပ်ပြိုရင် အာဏာလေဟာနယ် ဖြစ်မလားဆိုပြီး စိုးရိမ်လာတာ တွေ့တယ်။ ဒါက အရှိတရားပဲ၊ သူဘယ်လောက် အားနည်းသွားလဲဆိုတာ အားလုံးမြင်ရတဲ့ အနေအထားရှိတယ်။ မြန်မာစစ်တပ်ကို ပြန်ကြည့်မယ်ဆိုရင် နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ Institution ဖြစ်တယ်။ နိုင်ငံတော်ဘဏ္ဍာကိုလည်း နှစ်ပေါင်းများစွာ ထိုင်ပြီးတော့ တည်ဆောက်ထားတဲ့ Institution ဖြစ်နေတော့ အဖွဲ့အစည်းပုံစံကတော့ သူကောင်းကောင်းရှိနေသေးတယ်လို့ မြင်တယ်။ တဖက်မှာလည်း အမိန့်ပေး ထိန်းချုပ်မှုစနစ်တွေက အလုပ်လုပ်နိုင်သေးတာ တွေ့တယ်။ နိုင်ငံတော်ဘဏ္ဍာပေါ်မှာ ထိုင်ပြီး သုံးနေနိုင်တဲ့အခါကျတော့ လက်နက်ကြီးတွေ အရင်းအမြစ်တွေ သုံးနေနိုင်သေးတာပဲ။ အဲဒါတွေ သုံးနေနိုင်သေးပေမယ့် လည်း ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာတော့ အရမ်းကို အားနည်းသွားတဲ့ အခြေအနေရောက်သွားတယ်။
အဲဒီလို ဘာလို့ရောက်သွားလဲ မေးစရာရှိတယ်။ ပြောရမယ်ဆိုရင် ပထမဆုံး ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက စစ်တပ်ရဲ့ အဖွဲ့အစည်း ယဉ်ကျေးမှုကို ပြောပြမယ်။ Institutional Culture ရှိပါတယ်။ စစ်တပ်ရဲ့အဖွဲ့အစည်း ယဉ်ကျေးမှုက သူက Modern စစ်တပ်တွေ၊ Professional စစ်တပ်တွေလိုမျိုး တကယ့်ကို Performance တို့ စွမ်းဆောင်ရည်တို့၊ စွမ်းဆောင်နိုင်မှုတွေအပေါ်မှာ တည်ဆောက်ထားတာမဟုတ်ဘဲနဲ့ အာဏာရှင်ပုံစံနဲ့ တည်ဆောက်ထားတာ။ ထိပ်ဆုံးက လူတဦးတည်း က အာဏာအားလုံးကို ချုပ်ကိုင်ထားပြီးတော့ သူလိုသလို ပုံသွင်းပြီးတော့ တည်ဆောက်ထားတဲ့ဟာပဲ။ ထိပ်ဆုံးက လူတဦးက တကယ့်ကို သက်ဦးဆံပိုင်ဘုရင်လိုပဲ အားလုံးကို ချုပ်ကိုင်ထားနိုင်တဲ့စနစ်၊ အဲဒီအဖွဲ့အစည်း ယဉ်ကျေးမှုက နှစ်ပေါင်းများ စွာ အမြစ်တွယ်နေတာ။ ကျနော်ကတော့ အဲဒီလိုတွေ့ရတယ်။ အဲဒီလိုမျိုး အဖွဲ့အစည်းယဉ်ကျေးမှုရှိတဲ့ တပ်တွေက စစ်အာဏာရှင် စစ်တပ်တွေက သုတေသန လေ့လာထားတာတွေလည်း ရှိပါတယ်။ ဘယ်လိုမှ တိုက်ရည်ခိုက်ရည်က အားကောင်းတဲ့အခြေအနေ မရှိဘူး။ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်ဖို့ပဲ ရှိတယ်။
အခုဆိုရင် စစ်တပ်က အတော်ကို ရှုံးနေတာ၊ နေရာမှာလည်း တော်တော်လေး အရှုံးတွေနဲ့ရင်ဆိုင်နေရတယ်၊ ဒါပေမယ့် လည်း ထိပ်ဆုံးကသူတွေက ဒါနဲ့ပတ်သက်ပြီးတော့ အောက်မှာရှိနေတဲ့ စစ်သားတွေကို ဘာမှ တာဝန်ခံမှုမရှိဘူး။
အခုဆိုရင် စစ်တပ်က အတော်ကို ရှုံးနေတာ၊ နေရာမှာလည်း တော်တော်လေး အရှုံးတွေနဲ့ရင်ဆိုင်နေရတယ်၊ ဒါပေမယ့် လည်း ထိပ်ဆုံးကသူတွေက ဒါနဲ့ပတ်သက်ပြီးတော့ အောက်မှာရှိနေတဲ့ စစ်သားတွေကို ဘာမှ တာဝန်ခံမှုမရှိဘူး။ သူက အာဏာရှင်လိုပဲ သူအမြဲတမ်း ဒါကြီးကို သူထိန်းထားလို့ ရတယ်၊ သူမဆင်းမပေးမချင်း ဒီတပ်က သူ့ကိုဘာမှလုပ်လို့မရဘူး ဆိုတဲ့ သဘော။ အဲဒီလိုမျိုး Performance တို့ စွမ်းဆောင်ရည်တို့အပေါ်မှာ အခြေခံပြီးတည်ဆောက်ထားတဲ့ အဖွဲ့အစည်း ယဉ်ကျေးမှုပုံစံမဟုတ်တဲ့ စစ်တပ်မျိုးက အားကောင်းခိုင်မာဖို့ အတော်လေး ခက်တယ်လို့မြင်တယ်။
နောက်တချက်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လူတွေအပေါ်ကို တကယ့်ကို ရက်ရက်စက်စက်လုပ်ခဲ့တဲ့ အခါကျတော့ လူထုရဲ့ အမျက်၊ အမုန်းတွေ ခံနေရတယ်။ လူထုထောက်ခံမှု မရတဲ့အခြေအနေမျိုးဖြစ်တယ်။ ဒါက အရမ်းကိုရှင်းတဲ့ အချက်ပါ။ လူထုထောက်ခံမှု ရဖို့ကြိုးစားမယ့်အစား ထပ်ပြီးတော့ လူတွေကို နာကျည်းအောင် ပိုလုပ်ထားတဲ့အခါ လူထု ထောက်ခံမှု ပိုပိုပြီး ကျလာတဲ့အခါမျိုး ဖြစ်လာတယ်။ လူထုထောက်ခံမှုမရှိတဲ့ စစ်တပ်က ဘယ်လိုမှ ခိုင်ခိုင်မာမာ ရပ်တည် နိုင်ဖို့ မလွယ်ဘူး။ အဲဒီကမှတဆင့် ဘာဖြစ်လာလဲဆိုတော့ စစ်မြေပြင်မှာရှိနေတဲ့ စစ်သားတွေရော၊ တပ်ထဲမှာရှိနေတဲ့ စစ်သည်၊ အရာရှိတွေရော စိတ်ဓာတ်ကျဆင်းလာတာ တွေ့လာရတယ်။ တချို့ဆိုရင်လည်း မြေပြင်မှာကိုက စစ်ကို မတိုက် ချင်တော့တဲ့ အနေအထားမျိုးပေါ့။ အလွယ်တကူ လက်နက်ချလိုက်တဲ့ အနေအထား ဒါတွေလည်း တွေ့ရတယ်။ အဲဒီအပိုင်း တွေက ဒီလိုမျိုးအခြေအနေရောက်သွားအောင် လုပ်တယ်လို့ မြင်တယ်။
တဖက်မှာလည်း ရုပ်ပိုင်းဆိုင်ရာအရ ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ လူအင်အားက အတော်ကို နည်းသွားတဲ့ အနေအထားတွေ့ရတယ်။ အခုဆိုရင် စစ်မှုမထမ်းမနေရ ဥပဒေမျိုးနဲ့အတင်းကို လူငယ်တွေကို ဖမ်းပြီးစစ်ထဲကို သွင်းရတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ အဲဒီလိုမျိုး ဆုတ်ယုတ်မှုတွေက သူ့ရဲ့ တိုက်ရည်ခိုက်ရည်ကော သူ့ရဲ့ အတွင်းပိုင်း စုစည်းမှုရော အတော့်ကို ထိတဲ့အနေအထားမျိုးလို့ မြင်တယ်။ အဲဒီလိုမျိုး ထိတဲ့အခါကျတော့ လေးနှစ်တာကာလအတွင်း မှာ ပုံရိပ်ကလည်း အရမ်းကို ထိလာတယ်။ အခုဆိုရင် မြင်တဲ့အမြင်က စစ်တပ်က တိုင်းပြည်ကို ကာကွယ်ပေးနိုင်တဲ့၊ တတိုင်းပြည်လုံးကို ကာကွယ်ပေးနိုင်တဲ့ စစ်တပ်ဆိုတာမျိုးထက်စာရင် ဒီစစ်တပ်က မြန်မာနိုင်ငံလက်နက်ကိုင်အဖွဲ့တွေ ကြားထဲက လက်နက်ကိုင်အဖွဲ့တခု ပုံစံမျိုး။ အဲဒီလိုမျိုး အမြင်မျိုးဖြစ်လာတယ်။

သူပြိုသွားနိုင်မလားဆိုတာ အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်နေရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ အဲဒီလိုမျိုး အနေအထားမှာ ဘယ်လို တောင့်ခံမလဲဆိုတဲ့ အနေအထားက အခုအခြေအနေအရဆိုရင်တော့ သူ့ပုံစံက ကျနော်မြင်တာက အင်အားကြီး နိုင်ငံတွေရဲ့ အောက်ကို ခေါင်းထိုးဝင်ပြီးတော့ ရပ်တည်ရှင်သန်နိုင်အောင်၊ မပြိုအောင်လုပ်ရတဲ့ အနေအထားဖြစ်လာတယ် လို့ ကျနော် မြင်တယ်။ ကိုယ့်ရဲ့အခြေခံ အတွင်းအားမကောင်းတော့တဲ့အခါ အခုဆိုရင် တရုတ်ကို အတော်လေး ကပ်လာ ရတယ်၊ ရုရှားကျောထောက်နောက်ခံ ယူထားရတယ်ပေါ့နော်။ အဲဒီလို အနေအထားမျိုးနဲ့ သူက ရပ်တည်နိုင်အောင် တောင့်ခံ နိုင်အောင်တော့ လက်ရှိလုပ်နေတယ်လို့ ကျနော်တော့ မြင်တယ်။
ပြည်ပနိုင်ငံကို အားကိုးပြီးတော့ရပ်တည်ဖို့ ကြိုးစားတဲ့ စစ်တပ်တွေက ရေရှည် ဘယ်လိုမှမခံနိုင်ဘူး။ ခံနိုင်ရင်လည်း အတိုင်းအတာတခုအထိပဲ၊ ဆီးရီးယားက အာဆပ် စစ်တပ်အစိုးရ ကြည့်လို့ ရတယ်။ အာဖဂန်က စစ်တပ်ကို ကြည့်လို့ရတယ်။ အဲဒါက ရေရှည် သူ့အတွက် တောင့်ခံနိုင်ဖို့တော့ မလွယ်ဘူး။
ဒါပေမယ့်လည်း ပြန်ကြည့်လို့ရတယ်။ အဲဒီလိုမျိုး ပြည်ပနိုင်ငံကို အားကိုးပြီးတော့ရပ်တည်ဖို့ ကြိုးစားတဲ့ စစ်တပ်တွေက ရေရှည် ဘယ်လိုမှမခံနိုင်ဘူး။ ခံနိုင်ရင်လည်း အတိုင်းအတာတခုအထိပဲ၊ ဆီးရီးယားက အာဆပ် စစ်တပ်အစိုးရ ကြည့်လို့ ရတယ်။ အာဖဂန်က စစ်တပ်ကို ကြည့်လို့ရတယ်။ အဲဒါက ရေရှည် သူ့အတွက် တောင့်ခံနိုင်ဖို့တော့ မလွယ်ဘူး။ ဒါပေမယ့် ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုတာကတော့ လက်ရှိအချိန်မှာ ပြောရအတော်လေးခက်နေသေးတယ်လို့ ကျနော် မြင်တယ်၊ တဖက်မှာလည်း စစ်တပ်က အားနည်းနေတယ်။ ဆုတ်ယုတ်နေတယ်ဆိုတာ မြင်ရပေမယ့်လည်း တဖက်က လည်း အရေးကြီးတာက ဒီတော်လှန်ရေးအင်အားစုတွေရဲ့ တွန်းအား အဲဒီအခြေအနေကလဲ အင်မတန် အရေးကြီးတယ်။ သူတို့ဘယ်လောက်ထိ တွန်းနိုင်မလဲဆိုတဲ့အချက်ကလည်း အရေးကြီးတယ်လို့ ကျနော် မြင်ပါတယ်။
မေး။ ။ အခုဆိုရင် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီတပ်ဖွဲ့တွေဟာ နွေဦးတော်လှန်ရေးမှာပေါ်လာတဲ့ အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ အာဏာသိမ်းစစ်တပ်ကို အနိုင်တိုက်လာနိုင်ခဲ့ကြတာကို ကျနော်တို့မြင်ကြရတဲ့အခါမှာ သူတို့ကို မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်မယ့်သူတွေလို့တောင်မှ တချို့က ဆိုလာကြပြီ။ ကိုရဲမျိုးဟိန်းရော ဘယ်လိုမြင်ပါ သလဲခင်ဗျ။
ဖြေ။ ။ ပြောရမယ်ဆိုရင် လက်နက်ကိုင် တော်လှန်ရေးစပြီး တိုက်ကတည်းက၊ လက်နက်ကိုင်တော်လှန်ရေး ဖြစ်လာပြီ ဆိုရင်တော့ သိကြတဲ့အတိုင်း အမြန်ပြီးပြတ်ဖို့က တော်တော်လေး ခက်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးဖြစ်လာပြီ ဆိုရင်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေရော၊ နိုင်ငံရေး စုစည်းမှုအား၊ နိုင်ငံရေး လှုံ့ဆော်မှုအား တခုတည်းက လုပ်တာမျိုး မဟုတ်ဘဲနဲ့ လက်နက်တွေ ပါလာတယ်။ လက်နက်တွေကိုင်ပြီးတော့ ကျင့်ရတယ်၊ လေ့ကျင့်ရတယ်၊ တိုက်ရတယ်။ စစ်ရေး အတွေ့အကြုံမျိုးစုံ ဖြစ်လာတဲ့အခါကျတော့ လက်နက်ကိုင်တော်လှန်ရေးတခုဖြစ်လာပြီဆိုရင်တော့ အမြန်ပြီးပြတ်ဖို့က အတော်လေး ခက်ပါတယ်။ ပညာရှင်တွေ လေ့လာထားတာ ရှိပါတယ်။ ခေါ်နော်ဘီနဲ့ လက်ဗက်ဂီ ဆိုတဲ့ ပညာရှင်နှစ် ယောက်ဆိုရင် သူတို့လေ့လာထားချက်အရဆိုရင် လက်နက်ကိုင်တော်လှန်ရေးတွေက ပုံမှန်အားဖြင့်ဆိုရင် ၁၀ နှစ်လောက် ကြာတတ်တဲ့ဆိုတဲ့ သဘောပေါ့နော်။ အဲဒါမျိုး သူတို့ တွေ့ရှိတယ်။ တကမ္ဘာလုံးမှာရှိတဲ့ လက်နက်ကိုင် တော်လှန်ရေး ၈၉ ခုကို သူလေ့လာကြည့်လိုက်တဲ့အခါကျတော့ ယေဘုယျအားဖြင့်ဆိုရင်တော့ ၁၀ နှစ်လောက် ကြာတတ်တယ်။ ဒါက အားလုံး လက်ခံထားတဲ့ Conventional Wisdom ဖြစ်နေတယ်လို့ ပညာလောကမှာ ပြောကြတာရှိပါတယ်။
ကျနော်တို့ဆီမှာ ပြန်ကြည့်တဲ့အခါမှာ မြန်မာပြည်မှာတော့ ပြီးခဲ့တဲ့လေးနှစ်အတွင်း ဖြစ်ပေါ်တိုးတက်မှု အတော်လေး မြန်တယ်လို့ ပြောလို့ရတယ်။ ဒီလိုမြန်တာကလည်း ERO တွေနဲ့ လူမျိုးစုတိုင်းရင်းသား အခိုင်အမာ ရှိထားပြီးသား လူမျိုးစု တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေရဲ့ ပံ့ပိုးပေးမှုရယ်။ ပြည်သူတွေရဲ့ ထောက်ခံမှု အားနဲ့ဒီလောက်အဆင့်အထိ မြန်မြန်တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ဒီတော်လှန်ရေးက တတိုင်းပြည်လုံးက ရရာလက်နက်စွဲကိုင်ပြီး တိုက်ခဲ့ကြတာ။ ခုနက ပြောသလို အစုအဖွဲ့တခုတည်းကနေပြီးတော့ အမျိုးသားရေးလို အယူဝါဒရေးရာတွေနဲ့ ကိုင်စွဲပြီး မောင်းနှင်ခဲ့တာ မဟုတ်ဘူး။ တော်လှန်ရေးဖြစ်ပေါ် တိုးတက်လာတာနဲ့အမျှ ဒီပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုကို စုနိုင်ဖို့ အတော်လေး အရေးကြီးတယ်။ ဒါကတော့ တော်လှန်ရေးမှာ နောက်အဆင့်အဆင့်တွေ တက်သွားဖို့အတွက် ဂီယာချိန်းနိုင်တဲ့ဟာပေါ့နော်။ တကယ်လို့ အဲဒီလို မစုစည်းနိုင်ရင် အားကောင်းတဲ့အင်အားစုဖြစ်ဖို့ မလွယ်ဘူး၊ နောက်အဆင့် တခုကို တက်ဖို့က တော်တော်လေး ခက်တယ်။
တော်လှန်ရေးအင်အားစုတွေက အားကောင်းလာတယ်ဆိုတာ ငြင်းလို့ မရဘူး။ သို့သော်ငြားလည်း အားကောင်းလာရာကနေပြီးတော့ တော်လှန်ရေးကို နောက်တဆင့်တခု မောင်းနှင်နိုင်ဖို့ဆိုရင် ပြန့်ကျဲနေတဲ့ အင်အားစုတွေ စုစည်းနိုင်ဖို့က အတော်လေး အရေးကြီးနေတယ်လို့ မြင်တယ်။
အဲဒီလို အနေအထားမျိုးမှာ ပထမဆုံးတချက်က တော်လှန်ရေးအင်အားစုတွေက အားကောင်းလာတယ်ဆိုတာ ငြင်းလို့ မရဘူး။ သို့သော်ငြားလည်း အားကောင်းလာရာကနေပြီးတော့ တော်လှန်ရေးကို နောက်တဆင့်တခု မောင်းနှင်နိုင်ဖို့ဆိုရင် ပြန့်ကျဲနေတဲ့ အင်အားစုတွေ စုစည်းနိုင်ဖို့က အတော်လေး အရေးကြီးနေတယ်လို့ မြင်တယ်။ နောက်တချက်က လူမျိုးစု တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကြားထဲက အဆက်အစပ်၊ ပြောရမယ် ဆိုရင် လူမျိုးစုတိုင်းရင်းသား အင်အားစုတွေနဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေကြားထဲကဖြစ်ပေါ်တိုးတက်မှုတွေက မတူဘူးလို့ ပြောလို့ရတယ်။ သက်တမ်းအရရော ဖြတ်သန်းလာတဲ့ သမိုင်းအရရော အဓိက စဉ်းစားချက်တွေ၊ နိုင်ငံရေး ရှုမြင်ချက်တွေ၊ နိုင်ငံရေးတွေ့ရှိချက်တွေကရော သမိုင်းကြောင်းပေါ်မှာ အခြေခံပြီး အတော်လေးခြားနားမှုတွေတော့ ရှိတယ်။
ဒါပေမယ့် အခုချိန်မှာတော့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ကြတယ်ဆိုပေမယ့်လည်း အားလုံးက တပုံစံတည်း တူတယ် လို့တော့ ပြောဖို့ ခက်တယ်။ အခြေအနေပေးလို့၊ ဘုံရန်သူ တူလို့၊ နှစ်ဖက်အကျိုးစီးပွားတူလို့ ပေါင်းပြီး တိုက်ကြတာ ရှိတယ်။ တိုက်သလောက်လည်း ထိရောက်မှုရှိတယ်လို့ မြင်တယ်။ ဒါပေမယ့်လည်း အားလုံးက တပုံစံထဲတူတယ်လို့ပြောဖို့ အတော်လေး ခက်တယ်။ ဒီအဖွဲ့တွေနှစ်ခုကြားထဲက နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့အင်အားစုတွေနဲ့ လူမျိုးစုတိုင်းရင်း သား တော်လှန်ရေးအင်အားစုတွေကြားထဲက မတူညီမှုတွေကနေပြီးတော့တဆင့် ဘုံရန်သူကို အတူတိုက်မယ်ဆိုတဲ့ ဘုံအကျိုးစီးပွား၊ ဘုံရန်သူ၊ ဘုံအကျိုးစီးပွား၊ အခြေခံပြီးပေါင်းစည်းမှုကတော့ ဒီနေ့ဒီအချိန်ထိ လက်နက်ကိုင်တော်လှန်ရေး ဒီအဆင့်ထိ ရောက်လာတဲ့ အဓိကကျတဲ့အချက်လို့ ကျနော်တော့ မြင်တယ်။

သူ့ရဲ့ အခြေခံအားဖြင့် ကြည့်မယ်ဆိုရင် လက်ရှိစစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုအားလုံးရဲ့ စစ်ရေး အခြေခံမဟာဗျူဟာကိုကြည့်မယ်ဆိုရင် သူ့ရဲ့ အခြေခံမဟာဗျူဟာမှာကိုက နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ လူမျိုးစု တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ အတူပူးတွဲပြီး စစ်ရေးဖော်ဆောင်တဲ့ ပုံစံမျိုးပေါ့။ စစ်ရေးအရ ချဉ်းကပ်တဲ့ပုံစံ မျိုး ဖော်ထားတယ်လို့ မြင်တယ်။ အခုဆိုရင်ပဲ ကျနော်တို့ ကြည့်လို့ရတယ်၊ ဒီလူမျိုးစုတိုင်းရင်းသား တော်လှန်ရေးအင်အားစု တွေက သူတို့ရဲ့နယ်မြေတွေကို ပိုပြီးထိန်းချုပ်နိုင်အောင် ပိုချဲ့ထွင်ပြီး ထိန်းချုပ်နိုင်အောင် ကြိုးစားလာတယ်။ တဖက်မှာ လည်း နွေဦးတော်လှန်ရေးအင်အားစုတွေက အဲဒီနယ်မြေတွေမှာ ဝင်ရောက်တိုက်ခိုက်ခြင်းအားဖြင့် လက်နက်တွေ၊ စစ်ရေး အတွေ့အကြုံတွေ ရလာတယ်။
ပြီးတော့အရေးကြီးဆုံး Base Area ပေါ့။ အခြေခံ ခိုနားလို့ရတဲ့ Base Area တွေ ရလာတယ်။ အဲဒီ အခြေခံ အထိုင်ပေါ်က မူတည်ပြီးတော့ နောက်တဆင့်အနေနဲ့ ပြည်မထဲကို တိုးဝင်ဖို့ စဉ်းစားကြတဲ့ဟာမျိုးတွေ ဖြစ်လာတယ်။ သူ့ရဲ့ အခြေခံစစ်ရေး အထိုင်ကိုက အဲဒီနှစ်ခုရဲ့ ပေါင်းစည်းအားနဲ့ ထိုင်ထားတယ်လို့ ကျနော်မြင်တယ်။ အဲဒီနှစ်ခုကြားထဲက ပေါင်းစည်းအားက အားကောင်းနေရင် လက်ရှိ ရှိနေတဲ့ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အရှိန်အဟုန်က ဆက်ပြီး တက်နေဖို့ရှိတယ်။
နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးရော လူမျိုးစုတိုင်းရင်းသားတွေရဲ့ အခြေအနေ၊ အနေအထားကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင်တော့ ဘယ်လောက်ထိ အားကောင်းလာလဲဆိုရင် ကျနော့်အနေနဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်ရှိလာတဲ့အထိ အားကောင်းလာပြီလို့ မြင်တယ်။
ပြန်ပြီး ကြည့်မယ်ဆိုရင်တော့ လက်ရှိ ရှိနေတဲ့ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးရော လူမျိုးစုတိုင်းရင်းသားတွေရဲ့ အခြေအနေ၊ အနေအထားကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင်တော့ ဘယ်လောက်ထိ အားကောင်းလာလဲဆိုရင် ကျနော့်အနေနဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်ရှိလာတဲ့အထိ အားကောင်းလာပြီလို့ မြင်တယ်။ ဒါပေမယ့်လည်း ပူးတွဲပြီး ဖန်တီးဖို့ပဲ လိုတယ်လို့ မြင်တယ်။ တိုင်းပြည်ကံကြမ္မာကို အတူတကွပူးတွဲပြီး ဖော်ဆောင်မယ်ဆိုရင် အဓိက အချက်လေးချက် အရေးကြီးတယ်လို့ ကျနော်တော့ မြင်တယ်။
ပထမတချက်က စစ်အာဏာာရှင်စနစ်ကို တိုက်ရမယ်ဆိုတဲ့ စစ်အာဏာရှင်စနစ်က မြန်မာနိုင်ငံမှာ အပြီးတိုင် ချုပ်ငြိမ်းရမယ် ဆိုတဲ့ တော်လှန်ရေးရဲ့ အခြေခံ ဝိဉာဉ်ပေါ့။ အခြေခံတော်လှန်ရေး ဝိဉာဉ် မပျောက်သွားဖို့ အရေးကြီးတယ်။ နောက်တခုက ရေရှည်စစ်ဖြစ်လာတဲ့အခါကျတော့ ခံနိုင်ရည်အရေးကြီးလာတယ်။ အဲဒီခံနိုင်ရည် ဆက်ပြီး ရှင်သန်နေဖို့လိုတယ်။ နောက်တခု အရေးကြီးဆုံးကတော့ ပြည်သူတွေရဲ့ထောက်ခံမှု ဆက်ပြီး ရနေဖို့လိုတယ်။ နောက်တချက်ကတော့ နွေဦးတော် လှန်ရေး အင်အားစုတွေနဲ့ လူမျိုးစု တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကြားက ပူးပေါင်းဆောင်ရွက်မှုက ပိုအား ကောင်းကောင်းနဲ့ ရှေ့ဆက်နိုင်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒီလိုမျိုးသာ လုပ်နိုင်မယ်ဆိုရင်တော့ ကိုယ့်ကံကြမ္မာကို ကိုယ် ဖန်တီးပိုင်ခွင့်ရှိလာတဲ့အခြေအနေကနေပြီးတော့ တကယ်ဖန်တီးနိုင်တဲ့အနေအထားမျိုး ရောက်နိုင်တယ်လို့ မြင်တယ် ပေါ့နော်။
မေး။ ။ အခု နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသား ERO တွေကြားက ပူးပေါင်းဆောင်ရွက်မှုပေါ့၊ မဟာမိတ် ဖွဲ့စည်း တည်ဆောက်နိုင်မှုက အခု စစ်တပ်အုပ်ချုပ်ရေးကို အစားထိုးနိုင်လိမ့်လို့ မြင်မိပါသလား။
ဖြေ။ ။ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းမြန်မာနိုင်ငံ စစ်တပ်အုပ်ချုပ်ခဲ့တဲ့အခြေအနေ၊ အဲဒီစစ်တပ် အုပ်ချုပ်တဲ့ဟာက ကျနော့်အမြင်တော့ မြန်မာ့သမိုင်းမှာ အင်မတန်ကြီးမားတဲ့ Tragedy (ကံဆိုးမိုးမှောင်ကျတယ်) ပဲ။ အင်မတန် စိတ်ညစ်ညူးစရာ ကောင်းတဲ့အခြေအနေပဲ။ ဒါဘယ်လိုမှ ငြင်းလို့မရဘူး။ ဒါ Tragedy ပဲ။ ကျနော် တို့သမိုင်းမှာ၊ အဲဒီမှာပြောကြတယ် အဲဒီအုပ်ချုပ်ရေးမရှိရင် တိုင်းပြည်က အစည်းပဲပြေတော့မလိုလို၊ အမြဲတမ်း သွေးထွက် သံယိုတွေပဲ ဖြစ်တော့မလိုလို၊ တစစီပြိုကွဲတော့မလိုလို ပြောကြတာရှိတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့ လွတ်လပ်ရေးရပြီး ကတည်းက အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် တိုင်းပြည်က ဘယ်တုန်းကမှ အားကောင်းမောင်းသန်ဖြစ်တဲ့ နိုင်ငံတော် State ပုံစံလည်း ဖြစ်ခဲ့တာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် သွေးထွက်သံယိုတွေကလည်း အနှစ် ၈၀ နီးပါး ဖြစ်ခဲ့တာပဲ၊ အခုချိန်ထိ။ အခုဆိုရင်ပိုတောင် ဆိုးလာသေးတယ်။ နိုင်ငံတော်ရဲ့ဘဏ္ဍာသုံးပြီးတော့ တည်ဆောက်ထားတဲ့ စစ်တပ်က ပြည်သူတွေကို ဗုံးကြဲပြီး သတ်ဖြတ်နေတဲ့အဆင့် ရောက်လာတယ်။
ပထမဦးဆုံးတချက်က စစ်တပ်အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးလို့ပြောရင် ကျနော့်အမြင်ကတော့ ဒီအုပ်ချုပ်ရေး မရှိတော့တာ၊ ချုပ်ငြိမ်းသွားတာက ခုနက ပြောတဲ့ကံဆိုးမိုးမှောင်ကာလကြီးကို ကျော်လွန်လိုက်တာပဲ။ ဒီ Tragedy ကို တခန်းရပ်လိုက်တာ ပဲလို့ မြင်တယ်။ ပထမဆုံးတချက်ပေါ့နော်။ နောက်တခုကတော့ အစားထိုးနိုင်မလားဆိုတဲ့ မေးခွန်း၊ တနည်း စစ်တပ်မပါတဲ့ နိုင်ငံရေးအခင်းအကျင်းတခုကို တည်ဆောက်ရမယ့် အနေအထား၊ အဲဒါကို တည်ဆောက်နိုင်မလားလို့ဆိုရင် ကျနော့်အနေနဲ့ ကတော့ မတည်ဆောက်နိုင်စရာမရှိဘူးလို့ မြင်တယ်။
ပထမဦးဆုံးတချက်က စစ်တပ်အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးလို့ပြောရင် ကျနော့်အမြင်ကတော့ ဒီအုပ်ချုပ်ရေး မရှိတော့တာ၊ ချုပ်ငြိမ်းသွားတာက ခုနက ပြောတဲ့ကံဆိုးမိုးမှောင်ကာလကြီးကို ကျော်လွန်လိုက်တာပဲ။ ဒီ Tragedy ကို တခန်းရပ်လိုက်တာ ပဲလို့ မြင်တယ်။ ပထမဆုံးတချက်ပေါ့နော်။ နောက်တခုကတော့ အစားထိုးနိုင်မလားဆိုတဲ့ မေးခွန်း၊ တနည်း စစ်တပ်မပါတဲ့ နိုင်ငံရေးအခင်းအကျင်းတခုကို တည်ဆောက်ရမယ့် အနေအထား၊ အဲဒါကို တည်ဆောက်နိုင်မလားလို့ဆိုရင် ကျနော့်အနေနဲ့ ကတော့ မတည်ဆောက်နိုင်စရာမရှိဘူးလို့ မြင်တယ်။ အခုပဲ အနီးစပ်ဆုံး ကြည့်လို့ရတယ်။ ဆီးရီးယား အခြေအနေ၊ အာဆတ်သာ မရှိတော့ဘူးဆိုရင် အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ တော်လှန်ရေးအင်အားစုတွေက၊ ဆက်စပ်နေတဲ့ အင်အားစု တွေက လုံးဝဘယ်လိုမှ ပြန်စုလို့ရမှာမဟုတ်တော့ဘူးလို့ စဉ်းစားကြတယ်။ ခက်ခဲတယ်၊ ပြဿနာတွေလည်း အများကြီး ရှိတယ်။ တချို့မှာလည်း ပဋိပက္ခတွေ ရှိနေတယ်။ သို့သော်ငြားလည်း ထင်ထားသလောက်မဆိုးဘူး။ တဖြည်းဖြည်းတော့ ပြန်စုနေကြတယ်။
ကျနော်တို့ နိုင်ငံလိုမျိုး အဖွဲ့အစည်းများတဲ့ အဖွဲ့အစည်းတွေကနေပြီးတော့ ဘက်များတဲ့ ပဋိပက္ခတွေမှာ၊ ပဋိပက္ခအလွန်၊ စစ်တပ်အလွန်ကာလကျရင် တော်လှန်ရေးအင်အားစုတွေက နိုင်ငံသစ်ပြန်တည်ဆောက်တဲ့အခါမှာ ယေဘုယျအားဖြင့် ပုံစံ ၃ မျိုး တွေ့တယ်။ ပထမပုံစံတမျိုးကတော့ အဖွဲ့အစည်းတခုက အားကောင်းလာပြီးတော့ ဒီအဖွဲ့အစည်းကပဲ အဓိက မောင်း နှင်ပြီးတော့ ကျန်အဖွဲ့တွေကို စုစည်းတည်ဆောက်တဲ့ပုံစံပေါ့။ ဒါ အီသီယိုးပီးယားမှာဆိုရင် ၁၉၉၁ နောက်ပိုင်းမှာ တီဘီအလက် တို့၊ ကျူးဘားတော်လှန်ရေးမှာဆိုရင် ကက်စထရိုရဲ့ ၂၆ ဂျူလိုင်လှုပ်ရှားမှုတို့၊ သူတို့က အဓိက မောင်းနှင်ပြီး တော့ ကျန်အဖွဲ့တွေကို စုစည်းပြီး တည်ဆောက်တဲ့ ပုံစံမျိုး။

နောက်တခုကကျတော့ ဒီအဖွဲ့အစည်းတွေကြားထဲမှာ အားပြိုင်ရင်းနဲ့ ပဋိပက္ခအသစ်တွေ ပြန်ဖြစ်ကြရင်းနဲ့ မျှခြေပြန်ရှာပြီးတော့ တဖြည်းဖြည်းတည်ဆောက်သွားတဲ့ ပုံစံမျိုး။ ဒီပုံစံကတော့ ပြဿနာအတော်များတယ်။ ဒီမှာလည်း ပဋိပက္ခအသစ် တွေ တကျော့ပြန်တွေ အများကြီးဖြစ်နိုင်တယ်။ တနည်းပြောမယ်ဆိုရင် ဆီးရီးယားအခြေအနေမျိုးပေါ့။ ဆီးရီးယားအခြေ အနေမှာဆို အာဆတ် မရှိတော့ဘူး။ ပြည်သစ်ကို တည်ဆောက်ဖို့အတွက် စပြီး ခြေလှမ်းလှမ်းတယ်။ သို့သော်လည်း အခက်အခဲတွေတော့ အများကြီးရှိတယ်။ အဖွဲ့အစည်းတွေလည်း အများကြီးရှိတယ်။ ဘယ်လိုပြန်စုမလဲဆိုတဲ့ဟာပေါ့၊ ဘယ်လိုမျှခြေ ပြန်ရှာမလဲဆိုတဲ့ဟာ အဲဒါကိုစဉ်းစားနေတာ။
နောက်ပြီးတော့ ကဒါဖီအလွန် လစ်ဗျားဆိုလည်း ဒုတိယပုံစံမျိုး၊ အဖွဲ့အစည်းတွေကြားထဲမှာ အားပြိုင်နေရင်းနဲ့ ပဋိပက္ခ အသစ်တွေ ပြန်ဖြစ်၊ မျှခြေရှာပြီး တဖြည်းဖြည်းနဲ့ တည်ဆောက်သွားတယ်ပေါ့။ နောက်တခုကတော့ မတူညီတဲ့ အစုအဖွဲ့ လိုက် နိုင်ငံရေးသဘောတူညီချက်ပေါ် အခြေခံပြီးတော့ နိုင်ငံသစ်တည်ဆောက်ကြတဲ့ပုံစံ၊ ဥပမာပြောမယ်ဆိုရင် လွတ်လပ် ရေးကာလ အမေရိကန်ပုံစံမျိုး။ ဒီပုံစံ သုံးခုမှာတော့ ပထမပုံစံကတော့ မူလတော်လှန်ရေး ရည်ရွယ်ချက်နဲ့ လွဲပြီး အာဏာရှင် ပုံစံသစ်တွေ ပြန်ဖြစ်လာတာတွေ့ရတယ်။ ပဋိပက္ခသစ်တွေ ပြန်ဖြစ်လာတယ်။ ကျူးဘားတို့ကို ကြည့်လို့ ရတယ်။
ဒုတိယပုံစံမှာလည်း ပဋိပက္ခအသစ်တွေ ပြန်ဖြစ်နိုင်တယ်။ ပိုပြီးဆိုးရွားတဲ့ ပဋိပက္ခတွေလည်း တခါတလေဖြစ်လာနိုင်တာ ရှိတယ်။ တခါတလေ ဒုတိယပုံစံကနေ လမ်းလွဲသွားတဲ့အခါ ဘယ်လိုမှ ပြန်စုလို့မရတဲ့ အခြေအနေတွေ ကြုံရတာလည်း ရှိတယ်။ တတိယပုံစံကတော့ ကျနော့်အမြင်ကတော့ အားလုံးက စံထားပြီး ပြောကြတဲ့ပုံစံပေါ့။ မတူညီတဲ့ အဖွဲ့အစည်းတွေ ကြားထဲ နိုင်ငံရေးသဘောတူညီချက်တွေ စစ်ပွဲကာလအတွင်းမှာ ဘုံရန်သူကို တိုက်နိုင်ဖို့အတွက် ကျနော်တို့ မဟာဗျူဟာ အရ ကိုယ့်ရဲ့နိုင်ငံရေးရည်မှန်းချက်တွေအရ စုစည်းပြီး တိုက်ကြရာကနေပြီးတော့ Strategic Cooperation လုပ်ကြတာကနေ တဆင့် တဖြည်းဖြည်းချင်းနဲ့မှတဆင့် နိုင်ငံရေးသဘောတူညီချက်တွေ တည်ဆောက်ပြီးတော့ တိုင်းပြည်အသစ် ပြန်တည် ဆောက်တဲ့ အနေအထားမျိုးပေါ့။ ဒါကတော့ အတော်လေး ညွှန်းကြတဲ့ပုံစံပေ့ါ။
ဒါပေမယ့် ဒီပုံစံကိုကြည့်မယ်ဆိုရင်လည်း ပြဿနာတွေ မရှိဘူးလို့တော့ မဟုတ်ဘူး။ အမေရိကန်လွတ်လပ်ရေး၊ စစ်ပွဲအပြီး ကာလမှာကို တွေ့ရတယ်။ ပြောရရင် ပန်ဆန်ဗေးနီးယားနဲ့ မေရီလန်းဆိုလည်း နယ်မြေလုကြတာ။ နယူးယောက်နဲ့ ပန်ဆန်ဗေးနီးယားဆိုလည်း နယ်မြေလုရင်းနဲ့ စစ်ပွဲတွေ ဖြစ်ကြတာ။ ဒါတွေကြုံရတာပဲ၊ ဒီပုံစံကတော့ သေသေချာချာ တော်လှန်ရေးကာလမှာ ဘုံရန်သူကို တိုက်ဖို့အတွက် နိုင်ငံရေးစစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရာကနေပြီးတော့ နိုင်ငံရေး သဘောတူညီချက်တွေ တဆင့်ချင်းယူသွားပြီးတော့ နောက်ဆုံး တိုင်းပြည်သစ်ကို အတူတည်ဆောက်နိုင်တဲ့ အခြေအနေ မျိုး၊ အဲဒီပုံစံကတော့ တော်တော်လေး အလုပ်ဖြစ်တယ်လို့တော့ ပြောကြတယ်။
နွေဦးတော်လှန်ရေး အနေအထားမှာဆိုရင်တော့ ကျနော့်အနေနဲ့ မေးတဲ့မေးခွန်းကို ဖြေရမယ်ဆိုရင် ပထမဆုံး တချက်ကတော့ မြန်မာပြည်မှာ စစ်တပ်အုပ်ချုပ်တဲ့ကာလက တကယ့်ကို ကံဆိုးမိုးမှောင်ကျတဲ့ကာလလို့ မြင်တယ်၊ ဒီကိုတော့ ကျော်လွန်နိုင်မလားဆိုတော့ ဒီဟာကိုကျော်လွန်ရင် တိုင်းပြည်သစ်ပြည်သစ်ပေါ့နော် အဲဒီအခြေအနေကို တည်ဆောက်နိုင်တဲ့ အနေအထားဖြစ်နိုင်တယ်လို့ မြင်တယ်။ ရှိထားပြီးသား တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဒီအခြေအနေကို ဝင်ပြီး တည်ဆောက်နိုင်မလားဆိုရင် ကျနော်ကတော့ တည်ဆောက်နိုင်မယ်လို့ပဲ မြင်တယ်။ သို့သော်ငြားလည်း တည်ဆောက်တဲ့ပုံစံတွေ အခြေအနေတွေ မျိုးစုံ ရှိတယ်။
တော်လှန်ရေးအင်အားစုတွေက အဲဒီအနာဂတ်အတွက် ဘယ်လို အလုပ် လုပ်နိုင်မလဲ၊ ဘယ်လို အတူပေါင်းပြီးတော့ လက်တွဲဆောင်ရွက်နိုင်မလဲ။ တိုင်းသစ်ပြည်သစ်ကို ဘယ်လိုမျိုး အတူတွဲပြီးတော့ တည်ဆောက်နိုင်မလဲဆိုတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ၊ စဉ်းစားချက်တွေက အတော်လေး အရေးကြီးတယ်။ နိုင်ငံရေး သဘောတူညီချက်တွေ၊ စဉ်းစားချက်တွေက အနာဂတ်တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းအသစ်တွေ၊ တိုင်းသစ်ပြည်သစ်ကြီးကို အုတ်မြစ်ချမယ့်အရာတွေလို့ ကျနော် မြင်ပါတယ်။
အဲဒီအခြေအနေတွေကို မူတည်ပြီးတော့ ရှိထားပြီးတဲ့ တော်လှန်ရေးအင်အားစုတွေက အဲဒီအနာဂတ်အတွက် ဘယ်လို အလုပ် လုပ်နိုင်မလဲ၊ ဘယ်လို အတူပေါင်းပြီးတော့ လက်တွဲဆောင်ရွက်နိုင်မလဲ။ တိုင်းသစ်ပြည်သစ်ကို ဘယ်လိုမျိုး အတူတွဲပြီးတော့ တည်ဆောက်နိုင်မလဲဆိုတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ၊ စဉ်းစားချက်တွေက အတော်လေး အရေးကြီးတယ်။ နိုင်ငံရေး သဘောတူညီချက်တွေ၊ စဉ်းစားချက်တွေက အနာဂတ်တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းအသစ်တွေ၊ တိုင်းသစ်ပြည်သစ်ကြီးကို အုတ်မြစ်ချမယ့်အရာတွေလို့ ကျနော် မြင်ပါတယ်။
You may also like these stories:
ကျားဖြန့်၊ အကျင့်ပျက် စစ်ကောင်စီနဲ့ တရုတ် ဖိအား
အထိနာ စစ်ကောင်စီနှင့် အလံဖြူ စစ်တပ်အပေါ် ၂၀၂၄ လည်ပြန် သုံးသပ်ချက်
မြန်မာ့နိုင်ငံရေးမှာ တိုင်းရင်းသားတွေ ဘယ်ခြေလှမ်းကြမလဲ
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ














