• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာလုပ်သားခေါ်ယူမှု စင်ကာပူ စိစစ်

by ယုဖြူဟန်
5 February 2025
in သတင်း
A A
မြန်မာလုပ်သားခေါ်ယူမှု စင်ကာပူ စိစစ်

စင်ကာပူနိုင်ငံ (South China Morning Post)

1.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများအတွက် အလုပ်သမားခေါ်ယူရာတွင် တခြားသောနိုင်ငံများကိုသာ ဦးစားပေးသွားမည်ဟု စင်ကာပူလူ့စွမ်းအားအရင်း အမြစ်ဌာနမှ အလုပ်အကိုင်အေဂျင်စီများကို ယမန်နေ့က အသိပေးထုတ်ပြန်သည်။

စင်ကာပူအစိုးရ၏ ကြေညာချက်တွင် မြန်မာနိုင်ငံ၌ အရေးပေါ် အခြေအနေ ကြေညာထားခြင်း၊ စစ်အုပ်ချုပ်ရေး နယ်မြေ၊ မြို့နယ်များ တိုးလာခြင်းနှင့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တို့ကြောင့် အလုပ်အကိုင်အေဂျင်စီများအနေဖြင့် မြန်မာ နိုင်ငံ၏ အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်ရန်၊ အလုပ်ရှင်များသည်လည်း မြန်မာမှ ပြည်ပခရီးသွားလာရေး အခက်အခဲများရှိနေသည်ကို သိရှိထားကြရန်၊ အလုပ်သမားများဘက်မှ မေတ္တာရပ်ခံလာပါက အလုပ်ရှင်များအနေဖြင့် လိုအပ်သော ကူညီမှုများပေးရန် အကြံပြုထားသည်။

ထိုသို့ စင်ကာပူအစိုးရ၏ ထုတ်ပြန်ချက်မှာ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာခွင့် အသက်အရွယ် ကန့်သတ်ထား သည့်အတွက် အဆင်မပြေမှုများရှိနေ၍ အလုပ်အကိုင်အေဂျင်စီများအနေဖြင့် မြန်မာအလုပ်သမားခေါ်ယူမှုတွင် စိစစ်ခေါ်ယူ ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတခုက ပြောသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတခုက “ပြဿနာက မြန်မာနိုင်ငံဘက်က အခုရက်ဆို အသက်၃၅ နှစ်အောက်တွေ မသွားရ ဘူး တားဆီးတာတွေက တည်ငြိမ်မှုမရှိတဲ့ အခြေအနေကြောင့် ထိခိုက်နစ်နာမှုကတော့ မြန်မာနိုင်ငံသားတွေ အကုန်ထိ တာ။ ဒီလို ပြည်ပထွက်ခွင့်တွေ လျှောက်ပိတ်နေတာက နိုင်ငံတကာနဲ့ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေပါ ထိခိုက်တယ်။ နိုင်ငံပုံရိပ်လည်း ထိခိုက်တယ်” ဟု ပြောသည်။

လုပ်ငန်းခွင်မှ လိုအပ်နေသည့်အချိန်တွင် မြန်မာလုပ်သားများအနေဖြင့် လေဆိပ်ထွက်ခွာခွင့် အခက်ခဲကြောင့် အချိန်မီ မရောက်နိုင်ပါက လုပ်ငန်းလည်ပတ်မှုများ၌ ထိခိုက်နိုင်သောကြောင့် အလုပ်အကိုင်အေဂျင်စီများအနေဖြင့် အလုပ်သမားများကို အခြားခွင့်ပြုပေးထားသည့် နိုင်ငံများမှလည်း ခေါ်ယူနိုင်ကြောင်း အကြံပြုခဲ့ခြင်းဖြစ်သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
164
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47
စင်ကာပူရောက်မြန်မာများ သံရုံး၌ အခွန်ဆောင်ရန် စောင့်ဆိုင်းနေကြစဉ်/ Popular

စင်ကာပူရောက်မြန်မာတဦးက “စာထဲအရဆိုရင်တော့ လက်ရှိဖြစ်နေတဲ့ travel restriction (ခရီးသွားကန့်သတ်ချက်) တွေအရ မြန်မာက လူတွေထက်စာရင် တခြားနိုင်ငံက လူတွေကို ပိုခေါ်ဖို့ remind လုပ်ထားတာပါ။ အဟန့်အတား ဖြစ်နိုင်လားဆိုရင်တော့ အရင်ထက်တော့ အလုပ်တွေက ပိုကျပ်သွားမယ်လို့ ထင်ပါတယ်။ အလုပ်အမျိုးအစား အပေါ်လည်း မူတည်မယ် ထင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ စင်ကာပူသို့သွားရောက်လုပ်ကိုင်သည့် လုပ်ငန်းအမျိုးအစားများမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်အကူ၊ သက်ကြီးစောင့်ရှောက်ရေး၊ စားသောက်ဆိုင် စားပွဲထိုးနှင့် သန့်ရှင်းရေးအလုပ်များဖြစ်ပြီး အဆိုပါကဏ္ဍများအတွက် ဦးစားပေးခေါ်ယူကြောင်း၊ စင်ကာပူနှင့် မြန်မာအစိုးရအချင်းချင်းကြား MoU စနစ်ဖြင့် လုပ်သားခေါ်ယူခွင့် လက်မှတ်ရေး ထိုးထားခြင်း မရှိဘဲ အလုပ်အကိုင်အေဂျင်စီများဖြင့်သာ ချိတ်ဆက် ခေါ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထို့အတူ မြန်မာ လူငယ်အများစုသည် စင်ကာပူတွင် ကျောင်းတက်ပြီးနောက် သက်ဆိုင်ရာ အင်ဂျင်နီယာပိုင်း၊ အိုင်တီနှင့် ဆေးပညာ အသက်မွေးဝမ်းကျောင်း အလုပ်များ လုပ်ကိုင်ကြသည်။

“နောက်ထပ်လာချင်တဲ့ လူငယ်တွေအတွက် စိတ်မကောင်းပါဘူး။ တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားနေကြတဲ့ လူငယ်တွေအတွက်တော့ အခွင့်အလမ်းနည်းသွားတာပေါ့” ဟု စင်ကာပူရောက်လူငယ်တဦးက ပြောသည်။

လက်ရှိ စင်ကာပူနိုင်ငံတွင် မြန်မာအလုပ်သမား သိန်းချီရှိနေပြီး အိမ်အကူ လုပ်ကိုင်သူများရှိသလို အထွေထွေလုပ်သား များလည်း ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် စင်ကာပူနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူ ပိုမိုများပြားလာကာ မြန်မာနိုင်ငံသား အဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်သူ ၂၇၈ ဦး ရှိကြောင်း စင်ကာပူရှိ မြန်မာသံရုံးက ဖေဖော်ဝါရီ ၃ ရက်တွင် ကြေညာခဲ့သည်။

စစ်ကောင်စီသည် စစ်မှုထမ်းရန် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့် မပြုသည့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို ယခုနှစ် ဇန်နဝါရီလထဲတွင် ပြဋ္ဌာန်းပြီးနောက် ပြည်ပသို့ တရားဝင် အလုပ်သွားလုပ်မည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ မှစ၍ ထွက်ခွာခွင့် မပြုတော့ဘဲ ကန့်သတ်လိုက်ကြောင်း အလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

You may also like these stories:

စစ်မှုထမ်းအကျုံးဝင် အမျိုးသားများ ပြည်ပထွက်ခွင့်ပိတ်

PV PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရန်ကုန်လေဆိပ်တင်းကျပ်

မြန်မာအိမ်အကူများ သေဆုံးခြင်းနှင့် စင်ကာပူ၏ ဥပဒေဟာကွက်

Your Thoughts …
Tags: စင်ကာပူစစ်မှုထမ်းပြည်ပထွက်ခွင့်အလုပ်သမား
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

by ကြာဖက်နှင်း
24 August 2024
17.2k

မိမိကိုယ်ကို ခြောက်ပြစ်ကင်း သဲလဲစင်ဟု ကြွေးကြော်ခဲ့သူကြီး။ ဒီလိုနဲ့ လောဘကို မသတ်နိုင်တော့ မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ဖြစ်သွားခဲ့ရသည်။

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

by ဧရာဝတီ
8 September 2023
13.1k

စင်ကာပူ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြရန် လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar (JFM) က စစ်ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင် ကိုးဦးကို ဖော်ပြသည့် “Dirty Over 30” စာရင်းကို ထုတ်ပြန်လိုက်သည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

Next Post
လူငယ်တွေကို ခြိမ်းခြောက်နေတဲ့ စစ်မှုထမ်းဥပဒေ (ရုပ်/သံ)

လူငယ်တွေကို ခြိမ်းခြောက်နေတဲ့ စစ်မှုထမ်းဥပဒေ (ရုပ်/သံ)

မြန်မာနယ်စပ်မြို့တွေကို ထိုင်းက လျှပ်စစ်မီးနဲ့ လောင်စာဆီဖြတ် (ရုပ်/သံ)

မြန်မာနယ်စပ်မြို့တွေကို ထိုင်းက လျှပ်စစ်မီးနဲ့ လောင်စာဆီဖြတ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved