• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

by ကြာဖက်နှင်း
24 August 2024
in Culture, Weekend Reading, ဆောင်းပါး
A A
မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…
17.2k
VIEWS
Share on FacebookShare on Twitter

(သရော်စာ)

ဘန်ကောက် ညခင်းများသည် ပျင်းစရာ မကောင်းတော့ပါ။

ကျနော်နှင့် ချစ်သူတို့ ၂ ဦး ထိုင်ရမယ့် နေရာကောင်းလေးတွေ တွေ့သွားပါပြီ။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
166
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384

Water gate ပသူနမ် တဝိုက်မှာ မြန်မာ ဆိုင်တွေ များလာပြီ။ ခိုင်ခိုင်ကျော်လည်း ရောက်လာပြီ။

ကျနော့် ချစ်သူလည်း ပျော်နေပါပြီ။ သူကြိုက်တဲ့ မြန်မာ ထမင်းဟင်းတွေ၊ ငါးပိရည် တို့စရာတွေ ရပါပြီ။

“တတိုင်းပြည်လုံး ရွှေ့လာတော့မှာလား”

မိန်းမက မေးသည်။

“အေး…ဖြစ်နိုင်တယ်”

ကျနော်က ဖြေသည်။

“ပြိတ္တာတွေ ထားခဲ့ပြီး လူတွေအားလုံး ထွက်လာဖို့ ပြင်နေကြပြီ”

ကျနော့် သူငယ်ချင်း တယောက်က ပြည်တွင်းကနေ လှမ်းဖုန်းဆက်ရင်း ပြောပါသည်။

“တို့တိုင်းပြည်မှာတော့ အရူး နဲ့ အငတ်ပဲ ကျန်တော့တယ်”

အဲဒီ အရူး ဆိုတာကတော့ အားလုံး သိကြတဲ့ နေပြည်တော်က အရူးကို ဆိုလိုခြင်း ဖြစ်ဟန် တူပါသည်။

ကျနော်တို့ ၂ ယောက်ထိုင်နေသော မြန်မာ စားသောက်ဆိုင်မှာ လူစုံပါသည်။ သတင်းလည်း စုံပါသည်။

ဒီစကားဝိုင်းမှာတော့ ဦးထိမ်းဝေ နဲ့ အပေါင်းအသင်းများ အကြောင်းပဲ ဖြစ်ပါသည်။

ဦးထိမ်းဝေသည် မြန်မာပြည်ကို ပြန်လာပြီး ထိုစဉ်က အာဏာ တန်ခိုး အလွန်ထွားသည့် စစ်ထောက်လှမ်းရေးနဲ့ အဖွဲ့ ကျခဲ့သူ ဖြစ်သည်။

သူသည် ထိုစဉ်က စစ်ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် လက်ထောက်များနှင့်ပါ ရင်းနှီးခဲ့သူ။

နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ပါ သိကျွမ်းခဲ့သည်။

ခင်ညွန့် အပါအဝင် သူ့အောက်က လက်ထောက် ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်များနှင့်လည်း ရင်းနှီးသည်။

ထိုစဉ်က မြန်မာပြည်မှာ တခါးဖွင့် စီးပွားရေးကို စတင် ကျင့်သုံးချိန် ဆိုတော့ အခွင့်အလမ်းတွေက များသည်။

ခင်ညွန့်ရဲ့ တပည့်တွေထဲက လက်ထောက် ဗိုလ်ချုပ် တဦးကိုလည်း ဦးထိမ်းဝေ “ဗန်းကိုင်” အိမ်ရာ စီမံကိန်းမှာ အိမ်တွေ ခြံတွေ ပေးဖူးသည်။

ထိုလက်ထောက် ဗိုလ်ချုပ်သည် လေတပ်မှာ တာဝန် ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း စစ်သံ ရာထူးကိုလည်း ထမ်းဆောင်ခဲ့ ဖူးပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ထားရာနေ စေရာသွား တပည့် သာဝက တဦး ဖြစ်သည်။

နောက်ပိုင်းမှာတော့ PR ခေါ်သော ပြည်တွင်း ပြည်ပ ဆက်ဆံရေးတွေ၊ စစ်အစိုးရ ပုံရိပ်ကောင်းရန် အတွက် ကြိုးစားခဲ့သူ တဦး ဖြစ်သည်ဟု သိရသည်။

သတင်းစာ ထုတ်ခြင်းကို ဆိုလိုပုံရသည်။ ကျနော်တို့ကတော့ အသေအချာ မသိ။

ဒီလို လူမျိုးတွေကို ဦးထိမ်းဝေက မွေးမြူရေး လုပ်ထားသည်။ “ဗန်းကိုင်” မှာ ခြံတွေ အိမ်တွေ ပေးထားလိုက်သည်။

ဗန်းကိုင် ဆိုတာ ထိုစဉ်က စစ်အစိုးရဆီက အလကားနီးပါး ရခဲ့တာ ဆိုတော့၊ ဒီလို အပေးအယူလေးတွေတော့ ရှိတတ်ပါသည်။ အထူးအဆန်းတော့လည်း မဟုတ်ပါ။

တခါတုန်းက “ဗန်းကိုင်” ဂေါက်ကွင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဂေါက်သီး လာရိုက်သည်။ ဒါကို ဦးထိမ်းဝေတို့ အဖွဲ့က ဧည့်ခံရသည်။

ဂေါက်သီးရိုက်ပြီးတော့ ဦးသန်းရွှေ နားသည်။ ပုဆိုး လဲဝတ်ပြီး အိမ်ရှင်သူဌေး ကျွေးသော မုန့်ဟင်းခါးကို အားပါးတရ စားသည်။

ဘေးမှာက ဂါရဝ ပြုသူတွေနဲ့ တောင်းရမ်းဖို့ စောင့်နေသူ တချို့တော့ ရှိသည်။

ဦးထိမ်းဝေ တို့ကလည်း ဦးသန်းရွှေကို မုန့်ဟင်းခါးဆွမ်း ကပ်ရင်း၊ ယပ်ခတ် ပေးရင်း ရွှေပြည်ကြီးမှာ ကျန်းမာရေး စောင့်ရှောက်မှု လိုကြောင်း၊ ဆေးရုံကောင်းကောင်း လိုကြောင်း ရှင်းပြသည်ဟု ဆိုသည်။

စင်ကာပူမှာပဲ ဆေးရုံရှိသည်ဟု ယုံကြည်ပုံ ရသော ဦးသန်းရွှေသည် ထိုသူ၏ စကားကို စိတ်ဝင်စားသွားသည်ဟု သိရသည်။

ထိုနေ့က “ဗန်းကိုင်” ဂေါက်ကွင်းမှာ ဦးသန်းရွှေ ဂေါက်သီးရိုက်ပြီး အပြန်မှာတော့ ဦးထိမ်းဝေ တို့ကို “ဗန်းကိုင်” ဆေးရုံ ဖွင့်ခွင့် အတွက် နိုင်ငံတော် ဘတ်ဂျက်ရော၊ မြေရော ချပေးလိုက်သည်ဟု သိရလေသည်။

မြန်မာပြည်မှာ ဒီလိုလျင်မှ ဖျံကျနိုင်မှ စီးပွားရေး လုပ်လို့ရသည် မဟုတ်ပါလား။

ခုတော့ မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှပြီ ဆိုသည့် စကားအတိုင်း ဦးထိမ်းဝေ တယောက် ထောင်နန်းစံရတော့မည်။

စိုက်ခဲ့သမျှကို ရိတ်သိမ်းရတော့မည်။ PDF တွေ ငါ့ထောင်ကို ဖောက်ပြီး လွတ်အောင် လုပ်ပေးရင် ကောင်းမယ်လို့ တွေးနေမလား မသိ။

တကယ်တော့ သူ့ရဲ့ကုမ္ပဏီက CFO တွေက သူ့ကို သစ္စာဖောက်ခဲ့ကြောင်း သိရသည်။

ဘန်ကောက်က မြန်မာဆိုင်တွေမှာ ဒီသတင်းတွေက ဖောချင်း သောချင်း ရှိပါသည်။

ကျားဖြန့် နဲ့… ပတ်သက်တာတွေ ပြီးတော့…စတဲ့…စတဲ့…နေရာတွေမှာ ကျားဖြန့် ငွေတွေ ပါနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ရသွားပြီး စစ်ဆေးမှုတွေ ခံခဲ့ရကြောင်း သိရလေသည်။

ဒီလို ဆိုရင်တော့ ဦးထိမ်းဝေ အကြောင်း သိထားတဲ့ ပြိုင်ဖက် ခရိုနီတွေ ကြိတ်ပြီး ဝမ်းသာနေကြမည် ဖြစ်သည်။ ထိုအထဲမှာ ရေနံ သူဌေးကြီး ဦးမိုက်ကယ်လည်း ပါနိုင်ပါသည်။

စစ်တပ်က ဒီလို လူမျိုးကို ဖမ်းတဲ့ နေရာမှာတော့ လက်မြန်ခြေမြန် နိုင်လှသည်။ ဦးထိမ်းဝေကို ဖမ်းပြီး သူ့တပည့် CEO တွေ CFO တွေ ခေါ်စစ်သည်။

ဘန်ကောက်ကို ထွက်ပြေးလာသော သူ့တပည့် တဦး (ကျနော်တို့ရဲ့ ကွန်ဒိုမှာတောင် လာတည်းခိုသွားတယ်လို့ သိရ) သူ့ရဲ့ မိသားစုကို ရန်ကုန်မှာ ဖမ်းပြီး ဓားစာခံ လုပ်လိုက်တော့ ဒီလူလည်း ဘန်ကောက်ကနေ ရန်ကုန် ပြန်ပြီး အဖမ်းခံရ တယ်လို့ သိရလေသည်။

တကယ်တော့ ဦးထိမ်းဝေ နဲ့ ဦးခင်ညွန့် တပည့်တွေ (ဌာနကြီးမှူး တာဝန်ကို စစ်ထောက်လှမ်းရေးမှာ ယူခဲ့သူတွေ) ပြီးတော့ ဦးသန်းရွှေ ခေတ်၊ ဒါတွေကို ဦးထိမ်းဝေက တံခါးတွေ ဖွင့်နိုင်ခဲ့သည်။

သူလိုချင်တာတွေ အခွန်အကောက် မပေးရဘဲ ရခဲ့သူ ခရိုနီ သူဌေးကြီး။ မိမိကိုယ်ကို ခြောက်ပြစ်ကင်း သဲလဲစင်ဟု ကြွေးကြော်ခဲ့သူကြီး။

အဖမ်းမခံရခင် အချိန်အထိ သူတို့အဖွဲ့သည် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ အားလုံးကို ရက်ရက်ရောရော ပေးခဲ့သည်။ ကျွေးခဲ့သည်။ ဗဟိုဘဏ် လူကြီးတွေကို ရွှေချောင်းတွေ ပေးခဲ့ဖူးသည်ဟု ဆိုသည်။

ဒီလို အလုပ်တွေကို ဦးထိမ်းဝေ ကုမ္ပဏီက ထိပ်ပိုင်း အမျိုးသမီး CFO , CEO အဆင့်တွေကို ခိုင်းသည်။ သူတို့တွေ မလုပ်ချင်၊ အလုပ်ဖြုတ် ခံရတော့ ဖော်ကြတော့သည်။ ငွေမည်း ငွေဖြူ အလဲအလှယ် ကိစ္စတွေလည်း ပါလာကြသည် ဟု သတင်းတွေပျံ့။

ဒီလိုနဲ့ လောဘကို မသတ်နိုင်တော့ မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ဖြစ်သွားခဲ့ရသည်။

ဘန်ကောက် ညခင်းသည် ထိုထိုသော ရန်ကုန် သတင်းများနှင့် အတူ ကျနော်တို့ကို ကျီစယ်နေပေတော့သည်။ ။

Your Thoughts …
Tags: ခင်ညွန့်ခရိုနီစင်ကာပူစစ်ထောက်လှမ်းရေးဗိုလ်ချုပ်ဘန်ကောက်သန်းရွှေ
ကြာဖက်နှင်း

ကြာဖက်နှင်း

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

by ဧရာဝတီ
31 August 2024
28.5k

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးနေသူ မန္တလေးသားတဦး ရှိသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

by ဧရာဝတီ
3 August 2023
28.1k

ထို့ပြင် အနားပေးခံရသည့် ၆၆ ဦးထဲတွင် NLD အစိုးရလက်ထက်၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်သည်

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

by အောင်သူရ
9 January 2025
27k

စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာများတွင် ဖော်ပြခဲ့သော ဓာတ်ပုံ၊ ဗီဒီယိုများအရ ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် Hermes အမှတ်တံဆိပ် အရောင်မတူသည့် လက်ကိုင်အိတ် ရှစ်လုံးရှိသည်။

Next Post
ရန်ကုန်မှ ဆီ ပုံပြင်

ရန်ကုန်မှ ဆီ ပုံပြင်

ဝိပဿနာ ပေါင်းကူးပေးသူ ဖရိုက်ဂတ် လော့တာမိုဆာ (သို့မဟုတ်) ဆရာကြီး ဒေါ်အကိဉ္စန

ဝိပဿနာ ပေါင်းကူးပေးသူ ဖရိုက်ဂတ် လော့တာမိုဆာ (သို့မဟုတ်) ဆရာကြီး ဒေါ်အကိဉ္စန

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved