၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်းချမ်းသော ဆန္ဒပြပွဲများနှင့် စတင်ခဲ့သည့် တော်လှန်ရေးသည် တင်းပြည့်ကျပ်ပြည့် လက်နက်ကိုင်တိုက်ပွဲ ဖြစ်လာပြီး ယခုအခါ စတုတ္ထမြောက်နှစ် ကုန်ဆုံးတော့မည်ဖြစ်သည်။
ထိုအချိန်မှစတင်ပြီး မြန်မာပဋိပက္ခ၏ အခင်းအကျင်းသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ အာဏာသိမ်း စစ်ကောင်စီသည် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများထံ နယ်မြေများ ဆုံးရှုံးနေသည်။
ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs) များသည် ၂၀၂၄ ခုနှစ်ကုန်တွင် နိုင်ငံ၏ ထက်ဝက်ကျော်ကို ထိထိရောက်ရောက် ထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ရေးတိုးတက်မှု အစီရင်ခံစာတစောင်တွင် မကြာသေးမီက ဖော်ပြသည်။
နိုင်ငံ၏မြို့နယ်များ၏ ၄၄ ရာခိုင်နှုန်းကို ထိုအဖွဲ့များက အပြည့်အဝ ထိန်းချုပ်ထားပြီး ၂၄ ရာခိုင်နှုန်းတွင် အပြင်းအထန် အားပြိုင်နေ သို့မဟုတ် တော်လှန်ရေးအင်အားစုများက သြဇာသက်ရောက်နေသည်ဟု NUG က ပြောသည်။ ထို့ကြောင့် နိုင်ငံ၏ ၃ ပုံ ၁ ပုံအောက်သာ စစ်ကောင်စီ ထိန်းချုပ်နိုင်တော့သည့်သဘော ဖြစ်သည်။
မျှမျှတတ ပြောရမည်ဆိုလျှင် NUG က ဖော်ပြသည့် ပိုင်နက်အများစုသည် ERO များ၏ လက်တွင်ရှိသည်။ ERO များသည် ကြီးမားသော အောင်ပွဲများ ရရှိသော်လည်း အများအပြားသည် ၎င်းတို့၏ လူမျိုးစုအရေးများကို၊ အဓိကအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ပုံစံတခု ရရှိရေးကို အာရုံစိုက်နေဆဲဖြစ်သည်။
မေးခွန်း အကြီးအကျယ် ရှိနေသေးသည်။ အသစ်ဖွဲ့စည်းထားသည့် တော်လှန်ရေးအင်အားစုများအပေါ် သြဇာပိုမိုရလာခြင်းနှင့် မြန်မာမှ ကျယ်ပြန့်သောဒေသများတွင် လေးစားမှုနှင့်အတူ ဗဟိုအစိုးရကို ပြောင်းလဲရာတွင် ERO များသည် အခန်းကဏ္ဍတခုမှ ပါဝင်လာမည်လားဆိုသည့် မေးခွန်းဖြစ်သည်။
မေးခွန်း အကြီးအကျယ် ရှိနေသေးသည်။ အသစ်ဖွဲ့စည်းထားသည့် တော်လှန်ရေးအင်အားစုများအပေါ် သြဇာပိုမိုရလာခြင်းနှင့် မြန်မာမှ ကျယ်ပြန့်သောဒေသများတွင် လေးစားမှုနှင့်အတူ ဗဟိုအစိုးရကို ပြောင်းလဲရာတွင် ERO များသည် အခန်းကဏ္ဍတခုမှ ပါဝင်လာမည်လားဆိုသည့် မေးခွန်းဖြစ်သည်။
အစဉ်အလာအရ ကျဉ်းမြောင်းသော လူမျိုးစုဗဟိုပြု ချဉ်းကပ်ပုံနည်းလမ်းကို ၎င်းတို့ ကျော်လွှားနိုင်မည်လား။ တိုင်းရင်းသားလက်နက်ကိုင်များသည် မည်သည့်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လိုသနည်း။ အတိုချုပ်အားဖြင့် ဆိုပါက အနာဂတ် ဒီမိုကရက်တစ်မြန်မာတွင် မည်သည့် အုပ်ချုပ်ရေးပေါ်ထွန်းမည်ကို ကြိုးကိုင်ချင်သလားဆိုသည့် မေးခွန်းဖြစ်သည်။
အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ကြီးမားသော ထိုးစစ်ဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေးဖြင့် မြန်မာ့ခုခံတော်လှန်ရေးကို ပြန်လည် အသက်သွင်းပေးလိုက်သည်။
၎င်းတို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံက ကြားမဝင်မီအထိ ရှမ်းပြည်မြောက်ပိုင်းမှ မြို့နယ် ၁၆ ခုကို သိမ်းပိုက်သည်။ ၂၀၂၄ ခုနှစ် ဇွန်လတွင် ညီနောင်မဟာမိတ်အဖွဲ့သည် တိုက်ပွဲများ ပြန်လည်စတင်ပြီး လားရှိုးမြို့နှင့် မန္တလေးတိုင်းမှ မြို့နယ် အများအပြားအပါအဝင် အဓိကကျသော နေရာများကို သိမ်းပိုက်သည်။
တရုတ်ဖိအားကြောင့် TNLA နှင့် MNDAA တို့ တိုက်ခိုက်မှု ရပ်ဆိုင်းထားသော်လည်း AA သည် ရခိုင်ပြည်နယ်တွင် ထိုးစစ်ကို ဆက်လက်ပြုလုပ်နေပြီး ၂၀၂၄ ခုနှစ်ကုန်သို့ ရောက်သောအခါ ရခိုင်ပြည်နယ်မှ မြို့နယ် အားလုံးနီးပါးကို သိမ်းပိုက်ထားသည်။
ယခုအခါ AA သည် ချင်းပြည်နယ်တောင်ပိုင်း အပါအဝင် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား နယ်မြေအများဆုံး ထိန်းချုပ်ထားသည်။ ၎င်း၏ စစ်ရေးအောင်မြင်မှုကို မြန်မာပြည်သူများက အကြီးအကျယ် ထောက်ခံကြသည်။
ယခုအခါ AA သည် ချင်းပြည်နယ်တောင်ပိုင်း အပါအဝင် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား နယ်မြေအများဆုံး ထိန်းချုပ်ထားသည်။ ၎င်း၏ စစ်ရေးအောင်မြင်မှုကို မြန်မာပြည်သူများက အကြီးအကျယ် ထောက်ခံကြသည်။
မြောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် PDF အဖွဲ့များကို လေ့ကျင့်ပေးပြီး NUG ၏ နိုင်ငံရေးခေါင်းဆောင်မှုနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ကာ အရေးပါသောအခန်းမှ ပါဝင်နေသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် KIA သည် တရုတ်နှင့် နယ်နိမိတ်ထိစပ်နေသည့်ဒေသများ အားလုံးကို တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် ထိထိရောက်ရောက်ထားပြီး လက်ရှိအချိန်တွင် သေနင်္ဂဗျူဟာကျသည့် ဗန်းမော်မြို့ကို တိုက်ခိုက်နေသည်။
မြန်မာနိုင်ငံတောင်ပိုင်းတွင် စိန်ခေါ်မှုများ ရှိသော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မွန် ERO များသည် တက်တက်ကြွကြွ ဆက်လက် တိုက်ခိုက်နေပြီး ထိုင်း-မြန်မာနယ်စပ် အများစုကို ထိန်းချုပ်ထားသည်။
ထိုဖြစ်ပေါ်တိုးတက်မှုများသည် ပဋိပက္ခ၏ လှုပ်ရှားပြီး ရှုပ်ထွေးသော သဘောသဘာဝကို မီးမောင်းထိုးပြကာ မြန်မာ၏အနာဂတ်ကို ပုံဖော်ရာတွင် အမျိုးမျိုးသော လူမျိုးစုများသည် အရေးပါသောအခန်းမှ ပါဝင်နေသည်။
၎င်းတို့၏ ဆက်လက် ကြီးထွားနေသော သြဇာနှင့် နယ်မြေသိမ်းပိုက်မှုသည် နိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းအတွက် လေးနက်သော သက်ရောက်မှု ရှိနိုင်သည်။
လူမျိုးစုအချင်းချင်း ဆက်ဆံရေး
ERO များ၏ စစ်ရေးအောင်ပွဲများနှင့် ပြည်သူ့ဆက်ဆံရေး လှုပ်ရှားမှုများနှင့်အတူ မြန်မာတွင် လူများစုဖြစ်သော ဗမာနှင့် ဗမာမဟုတ်သော အခြားလူမျိုးစုများအကြား ဆက်ဆံရေးသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေတွင် အကြီးအကျယ် ပြောင်းလဲလာသည်။
ဗိုလ်ကျစိုးမိုးသည့် အမြင်မှ လမ်းခွဲလာပြီး ဗမာများသည် လူမျိုးစုလူနည်းစုများ၏ ထိခိုက်နစ်နာမှုများကို စတင် ဝန်ခံ နားလည်လာကာ ဗမာများနှင့် ဗမာ မဟုတ်သူများအကြား ယုံကြည်မှုသည် အကောင်းဆုံး မဟုတ်သေးသော်လည်း တိုးတက်လာသည်။
ဗိုလ်ကျစိုးမိုးသည့် အမြင်မှ လမ်းခွဲလာပြီး ဗမာများသည် လူမျိုးစုလူနည်းစုများ၏ ထိခိုက်နစ်နာမှုများကို စတင် ဝန်ခံ နားလည်လာကာ ဗမာများနှင့် ဗမာ မဟုတ်သူများအကြား ယုံကြည်မှုသည် အကောင်းဆုံး မဟုတ်သေးသော်လည်း တိုးတက်လာသည်။
ဥပမာအားဖြင့် စစ်ဘက်ရာထူး အဆင့်အတန်းများကို ရည်ညွှန်းသည့် ‘ဒူကမ္ဘာ’ နှင့် ‘ဒူဂျွန်’ ဆိုသည့် ဂျင်းဖောဘာသာ ဝေါဟာရများသည် ဗဟိုမြေပြန့်ဒေသများတွင် PDF များကို KIA စစ်သားများက ကွပ်ကဲနေသောကြောင့် မြန်မာအချက်အခြာ ဒေသများဖြစ်သည့် စစ်ကိုင်းနှင့် မကွေးတိုင်းကဲ့သို့သော ဒေသများတွင် အိမ်သုံးစကားလုံးများ ဖြစ်လာသည်။
ထိုသို့ တိုးတက်မှုရှိသော်လည်း လူမျိုးစုအများအပြားသည် ဗမာများကို မယုံကြည်ရဲသေးဘဲ ထို့ကြောင့် နောက်ထပ် ရည်မှန်းချက်ထက် ၎င်းတို့ လူမျိုးစုအရေးများကို ဦးစားပေးသည်။
ထိုသို့သော စိတ်ခံစားချက်သည် ဗမာများက ကိုယ့်ပိုင်နက်ကိုယ် တည်ဆောက်သင့်ပြီး ကိုယ့်ဘာသာ တိုက်ပွဲဝင်သင့်သည်ဆိုသည့် ၎င်းတို့၏ ရပ်တည်ချက်တွင် ထင်ဟပ်နေသည်။ သို့သော် ဗမာများသည် လူဦးရေးအရ လူများစုဖြစ်သော်လည်း လက်နက်အင်အားမရှိဘဲ တစိတ်တပိုင်းအားဖြင့် ခေါင်းဆောင်မှု လစ်ဟာနေသည်ကို အသိအမှတ်ပြုရန် အရေးကြီးသည်။
ဗမာများသည် အင်အားနည်းပြီး အကူအညီမဲ့နေသည့်သဘော သက်ရောက်သည်။ ERO များသည် ကူညီနေသော်လည်း မည်သည့် အတိုင်းအတာအထိ ကူညီနိုင်သနည်း။
ဖြစ်နိုင်ခြေရှိသော ထွက်ပေါက်များရှိသည်။ တခုမှာ မြန်မာစစ်တပ် အပါအဝင် ဗမာများ တဖက်နှင့် တဖက် နိုင်ငံအလယ်ပိုင်း မြေပြန့်တွင် တိုက်ခိုက်ကြပြီး အင်အားချိနဲ့စေခြင်း ဖြစ်သည်။ အခြား အခြေအနေများတွင် ERO များက မြန်မာစစ်တပ်ကို ချေမှုန်းပြီး ဗဟိုနိုင်ငံတော်အာဏာကို ထိန်းချုပ် သို့မဟုတ် ဗမာများကို ၎င်းတို့ ညီအကို အခြားလူမျိုးစုများနှင့် စစ်မှန်စွာ အာဏာခွဲနိုင်သည့်အဆင့်သို့ ပြန်လည် ပို့ဆောင်ရန်ဖြစ်သည်။
သမိုင်းမှ သင်ခန်းစာများ
မြန်မာ့သမိုင်းတွင် ဗမာများကိုသာ မကြာခဏ ဗဟိုပြုသော်လည်း လူနည်းစုများက ဗမာဘုရင့်နိုင်ငံကို ပုံဖော်သည့် ထူးခြားသော ဥပမာများရှိသည်။ ဥပမာအားဖြင့်ဆိုရပါက ပင်းယမင်းဆက်မှ ရှမ်းညီနောင် သုံးဖော်သည် မြန်မာနိုင်ငံ အလယ်ပိုင်းကို အုပ်ချုပ်ပြီး မြန်မာနန်းတော်အပေါ် လူနည်းစုခေါင်းဆောင်များ၏ သြဇာကို ပြသလိုက်သည်။
ရခိုင်ဘုရင် မင်းဘင် (မင်းဗာကြီး) သည် တောင်ငူဘုရင်နှင့် မဟာမိတ်ဖွဲ့ပြီး ဘုရင့်နောင်ဘုရင်၏သားက ထိန်းချုပ်ထားသည့် ဟံသာဝတီဘုရင့်နိုင်ငံကို တိုက်သည်။ ထိုလုပ်ရပ်သည် ၁၆ ရာစုတွင် သြဇာအကြီးမားဆုံး မြန်မာဘုရင့် အင်ပါယာ၏ လမ်းကြောင်းကို ပြောင်းသွားစေသည့် လုပ်ရပ်ဖြစ်သည်။
အခြားဖြစ်ရပ်တခုတွင် ရခိုင်ဘုရင် မင်းဘင် (မင်းဗာကြီး) သည် တောင်ငူဘုရင်နှင့် မဟာမိတ်ဖွဲ့ပြီး ဘုရင့်နောင်ဘုရင်၏သားက ထိန်းချုပ်ထားသည့် ဟံသာဝတီဘုရင့်နိုင်ငံကို တိုက်သည်။ ထိုလုပ်ရပ်သည် ၁၆ ရာစုတွင် သြဇာအကြီးမားဆုံး မြန်မာဘုရင့် အင်ပါယာ၏ လမ်းကြောင်းကို ပြောင်းသွားစေသည့် လုပ်ရပ်ဖြစ်သည်။
ထိုဥပမာများက လူနည်းစုအုပ်စုများသည် မြန်မာ့သမိုင်းကို ပုံဖော်ရာတွင် အရေးပါသောအခန်းမှ ပါဝင်ကြောင်း ဖော်ပြနေပြီး ထိုသို့သော ဥပမာ အများအပြား ရှိနေသေးသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာတွင် ၁၉၅၀ ပြည့်နှစ်များက KNU တပ်များသည် ရန်ကုန် အနီးသို့ပင် ရောက်လာသောအခါ KNU သည် နိုင်ငံတော်အာဏာကို သိမ်းလုနီးပါးဖြစ်ခဲ့သည်။
ယခုအခါ ERO များသည် နိုင်ငံထက်ဝက်ကို သိမ်းပိုက်ထားပြီး ထိုထိန်းချုပ်မှုကို အဆက်မပြတ် တိုးချဲ့နေသည်။ ထိုဖြစ်ရပ်သည် မြန်မာ၏ မကြာသေးမီက သမိုင်းတွင် မကြုံဖူးသည့်ကိစ္စဖြစ်သည်။
ထိုသို့ အခြေအနေ ကောင်းတွင် မည်သည့် ERO မဆိုသည် ယနေ့ မြန်မာတွင် အုပ်ချုပ်သူကို ကြိုးကိုင် နန်းတင်မည့်သူ ဖြစ်နိုင်ပါသလား။ မြန်မာ၏ အရေးအပါဆုံး အလယ်ပိုင်းဇုန်တွင် စစ်ပွဲတခုဆင်နွှဲရန် မည်သူ စိတ်အားထက်သန်သနည်း။ ၎င်းတို့သည် မဟာမိတ်များနှင့် ယခုအခါ အလယ်ပိုင်းတွင် လှုပ်ရှားနေပြီးဖြစ်သည့် PDF များနှင့်အတူ ထိုသို့ လုပ်ကြမည်ဖြစ်သည်။
ERO များအတွက် ထိုမေးခွန်းများကို အလေးအနက် စဉ်းစားရန် အကြောင်းရင်းကောင်းတခု ရှိသည်။ မြန်မာ၏ မကြာသေးမီက သမိုင်းနှင့် မဖြေရှင်းရသေးသည့် ပြည်တွင်းစစ်က မိမိတို့ကို နားလည်လာအောင် လုပ်ပေးနိုင်သည်။
ပုန်ကန်သူအဖွဲ့များသည် ပိုင်နက်များကို ထိန်းချုပ်ပြီး ဆက်လက် တိုက်ခိုက်နေသော်လည်း နိုင်ငံရေး အာမခံချက်များ မရှိဘဲ စစ်မှန်သော အာဏာအပြောင်းအလဲ မရှိသမျှ ကာလပတ်လုံး ၎င်းတို့ အပြည့်အဝ ငြိမ်းချမ်းမည် မဟုတ်ပေ။
မည်သူက နယ်မြေ သို့မဟုတ် စစ်ရေးအောင်ပွဲရသည်ဖြစ်စေ နေပြည်တော်တွင် နိုင်ငံတော်အာဏာကို စုစည်းထားသမျှ ကာလပတ်လုံး ၎င်းတို့အတွက် ရှည်ကြာသော ငြိမ်းချမ်းရေးရမည် မဟုတ်ပေ။
မည်သူက နယ်မြေ သို့မဟုတ် စစ်ရေးအောင်ပွဲရသည်ဖြစ်စေ နေပြည်တော်တွင် နိုင်ငံတော်အာဏာကို စုစည်းထားသမျှ ကာလပတ်လုံး ၎င်းတို့အတွက် ရှည်ကြာသော ငြိမ်းချမ်းရေးရမည် မဟုတ်ပေ။
ဗဟိုအာဏာသည် စစ်အင်အားနှင့် ဖိနှိပ်မှုကိုသာ နားလည်သည့် စစ်တပ်၏ လက်တွင် အမြဲတမ်းရှိခဲ့သည်။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် အရပ်သားနေရာများနှင့် မြို့များကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်လာခြင်းသည် ထိုအချက်အတွက် မကြာသေးမီက အထောက်အထားဖြစ်သည်။
စစ်ကောင်စီ သို့မဟုတ် အလားတူ အဖွဲ့တခုက နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားသမျှ ကာလပတ်လုံး မည်သူမှ ဘေးအန္တရာယ် မကင်းပေ။
Mratt သတင်းချယ်နယ်နှင့် တွေ့ဆုံမေးမြန်းမှုတခုတွင် ချင်းတော်လှန်ရေးအဖွဲ့-မင်းတပ် (CDF – Mindat) မှ ဆလိုင်းယောမန်က “စစ်ကောင်စီရဲ့ သေနင်္ဂဗျူဟာကို ကြည့်ရင် သူတို့ဟာ တိုင်းရင်းသားဒေသက ဆုတ်ခွာပြီး သူတို့ရဲ့ စစ်ရေးရင်းမြစ်တွေရှိတဲ့ အလယ်ပိုင်း လွင်ပြင်မှာ ပြန်လည် ကျစ်လစ်အောင် လုပ်နိုင်တယ်။ အခု ၂၀၂၄ ခုနှစ်မှာ သူတို့ မင်းတပ်ကို ဆုံးရှုံးသွားပေမယ့် ၂၀၃၀ သို့မဟုတ် ၂၀၃၅ မှာ ထပ်ပြန်လာနိုင်တယ်” ဟု ပွင့်ပွင့်လင်းလင်း ပြောသည်။
နိုင်ငံတော်သည် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီး ထိုသို့လုပ်ရန် ဗဟို နိုင်ငံတော်အာဏာကို ထိန်းချုပ်ခြင်းဖြင့်သာ လုပ်ဆောင်နိုင်ပေသည်။
ထိုကိစ္စအတွက် အတားအဆီးများစွာ ရှိသည်။ တိုင်းရင်းသားများနှင့် ဗမာများအကြား နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် မယုံကြည်မှုသည် သမိုင်းနှင့်ချီ အမြစ်တွယ်နေပြီး ကြီးမားသော အတားအဆီး ဆက်ဖြစ်နေသည်။
ထို့ပြင် တိုင်းရင်းသားအုပ်စု အမျိုးမျိုးကြားတွင် ဗဟိုခေါင်းဆောင်မှု ကင်းမဲ့နေပြီး ပိုမိုကြီးမားသော ထိုးစစ်တခုအတွက် ညီညွတ်သော တပ်ဦးကို ဖွဲ့စည်းရန် အားထုတ်မှုများကို ရှုပ်ထွေးစေသည်။ ကျယ်ပြန့်သော နိုင်ငံရေးသဘောတူညီချက် မရှိခြင်းကြောင့် နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်သေးဘဲ ဆက်လက်ဖြစ်ပွားနေသည့် တင်းမာမှုများကို ဖြစ်စေသည်။
ဒေသဆိုင်ရာ အရွေ့များနှင့် အကျိုးစီးပွားများက မြန်မာနိုင်ငံအခြေအနေကို သြဇာလွှမ်းမိုးသောကြောင့် အိမ်နီးချင်းနိုင်ငံများမှ ဖိအားသည်လည်း ရှုပ်ထွေးမှု နောက်တမျိုး ဖြစ်စေသည်။
၎င်းတို့၏ ထိုးစစ်သည် စစ်ကောင်စီ ပြုတ်ကျသည်အထိ ဆက်ရှိနေမည် (စစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်မည်) ဟု အင်အားကြီးမားသော ERO ခေါင်းဆောင်များက ပြောသောကြောင့် မြန်မာပြည်သူများအတွက် မျှော်လင့်ချက် ရှိနေသေးသည်။
၎င်းတို့၏ ထိုးစစ်သည် စစ်ကောင်စီ ပြုတ်ကျသည်အထိ ဆက်ရှိနေမည် (စစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်မည်) ဟု အင်အားကြီးမားသော ERO ခေါင်းဆောင်များက ပြောသောကြောင့် မြန်မာပြည်သူများအတွက် မျှော်လင့်ချက် ရှိနေသေးသည်။
အထက်တွင် မေးခဲ့သည့်အတိုင်း ၎င်းတို့သည် ” မြန်မာဘုရင်ကို နန်းတင်သူများ” ဖြစ်ရဲကြပါသလားဟု မေးရမည်။ ၂၀၂၅ ခုနှစ် မကုန်မီ ထိုမေးခွန်းအတွက် အဖြေကို တွေ့ကြရမည်လား။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဒက်စမွန်၏ Who Will Be Myanmar’s Kingmaker? ကို ဘာသာပြန်သည်။ ဒက်စမွန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အသွင်ကူးပြောင်းရေးကာလ ပြဿနာများကို အထူးပြုသည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာသူဖြစ်သည်။)
You may also like these stories:
တော်လှန်ရေးအတွက် နိုင်ငံခြားရေးမူဝါဒတွင် တိုင်းရင်းသားခေါင်းဆောင်များကို နေရာပေးသင့်
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
တော်လှန်ရေးတပ်များ လက်နက်ချရန် စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် တောင်းဆို
နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး
နွေဦးတော်လှန်ရေး လမ်းဆုံလား၊ လမ်းဆုံးလား