• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

by မောင်ကဝိ
5 November 2024
in ဆောင်းပါး
A A
ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

နေဝင်း၊ သန်းရွှေနှင့် မင်းအောင်လှိုင်

7.6k
VIEWS
Share on FacebookShare on Twitter

သူတို့ရဲ့အာဏာကို စိန်ခေါ်ခံရတဲ့အခါ ကရုဏာတရား မပြသတာဟာ အာဏာရှင်တွေရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ အတိတ်နဲ့ပစ္စုပ္ပန် မြန်မာအာဏာရှင်တွေဟာ အကောင်းဆုံး ဥပမာဖြစ်ပါတယ်။ အခု နောက်ဆုံးဖြစ်ရပ်ကတော့ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက် ဒေါက်တာ နေစိုးမောင်ဟာ မင်းအောင်လှိုင် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရခြင်းပဲ ဖြစ်ပါတယ်။

ဒေါက်တာ နေစိုးမောင် ဖမ်းဆီးခံရတဲ့သတင်းဟာ မြန်မာပြည်သူတွေ ရင်းနှီးကျွမ်းဝင်ပြီးသား ဇာတ်လမ်းတပုဒ်သဖွယ် ခံစားရစေတယ်။ ၂၀၂၂ ခုနှစ်မှာ အဲဒီတုန်းက အာဏာရှင် ဦးသန်းရွှေဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးစစ်အာဏာရှင်နဲ့ သူ့အရင်က အာဏာရှင် ဦးနေဝင်းရဲ့ သမက်နဲ့ မြေးတွေကို ထောင်ချပြီး ယခင်အခန်းဟောင်းကို ပြန်ဖွင့်ပါတယ်။ အခုတော့ ဦးသန်းရွှေဟာ သူခံရမယ့်အလှည့် ရောက်နေပြီး လူအများအပြားက ဝဋ်လည်ပြီဆိုတဲ့ မှတ်ချက်ကိုပေးကြပါတယ်။

ဦးသန်းရွှေက သူ့လက်ရွေးစဉ်အဖြစ် ရွေးချယ်ခဲ့တဲ့ မင်းအောင်လှိုင်က ဒေါက်တာ နေစိုးမောင်ကို နိုင်ငံတော် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပျက်စီးစေတယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးစေပါတယ်။ စစ်ကောင်စီကို ဝေဖန်တဲ့ မကြာသေးမီက Facebook ပို့စ်တွေနောက်မှာ ဒေါက်တာ နေစိုးမောင်ကို ဖမ်းဆီး စွဲချက်တင်တာဖြစ်ပါတယ်။ ဒေါက်တာ နေစိုးမောင်ဟာ ဦးသန်းရွှေရဲ့ အချစ်ဆုံးသမီး ကြည်ကြည်ရွှေနဲ့ အိမ်ထောင်ကျပြီး အာဏာရှင်ဟောင်းကြီးရဲ့ အချစ်ဆုံးမြေး နေရွှေသွေးအောင်ရဲ့ ဖခင်ဖြစ်ပါတယ်။

သြဂုတ်လလယ်တုန်းက နေပြည်တော်ရှိ သူ့ရဲ့ဇိမ်ခံအိမ်ကြီးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ သွားရောက်တဲ့အခါ မြန်မာ့နိုင်ငံရေးမှာ ဦးသန်းရွှေ ဆက်လက် သြဇာမြင့်မားနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ တက်လာပါတယ်။ ဒါပေမယ့် အဲဒီခရီးနောက် မကြာခင်မှာပဲ မင်းအောင်လှိုင်က သူ့သမက်ကို ဖမ်းလိုက်ပါတယ်။

သြဂုတ်လလယ်တုန်းက နေပြည်တော်ရှိ သူ့ရဲ့ဇိမ်ခံအိမ်ကြီးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ သွားရောက်တဲ့အခါ မြန်မာ့နိုင်ငံရေးမှာ ဦးသန်းရွှေ ဆက်လက် သြဇာမြင့်မားနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ တက်လာပါတယ်။ ဒါပေမယ့် အဲဒီခရီးနောက် မကြာခင်မှာပဲ မင်းအောင်လှိုင်က သူ့သမက်ကို ဖမ်းလိုက်ပါတယ်။ အဲဒီလို ဖမ်းလိုက်တာကိုလည်း စစ်ကောင်စီထိန်းချုပ် သတင်းစာတွေမှာ လူသိရှင်ကြား ကြေညာပါတယ်။

ဒေါက်တာ နေစိုးမောင်ဟာ ဆေးတပ်က ဗိုလ်မှူးကြီးဟောင်း ဖြစ်ပြီး အသက် ၆၈ နှစ်ရှိပြီမို့ မင်းအောင်လှိုင်နဲ့ အသက်အတူတူပါပဲ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံကြောင်း ကြေညာပြီး စစ်တပ်ဟာ အစိုးရရဲ့ တစိတ်တပိုင်းသာဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လမ်းမပေါ် ဆန္ဒပြပွဲတွေမှာလည်း သူပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပုံကိုကိုင်ပြီး လက်သုံးချောင်းထောင် ဒီမိုကရေစီအလေးပြုနေတဲ့ သူ့ပုံကိုတောင် တင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်နေသည့် ဒေါက်တာ နေစိုးမောင် / Dr. Nay Soe Maung / Facebook

နေဝင်းစစ်အုပ်စုမှာ သူ့အဖေ ဗိုလ်ချုပ်တင်စိန် ကာကွယ်ရေး ဒုဝန်ကြီး လုပ်ခဲ့စဉ်က အဂတိကင်းတာတွေကို ဖော်ပြတဲ့ပို့စ်တွေကြောင့် ဗိုလ်ချုပ်ဟောင်းတွေကို ဒေါသထွက်စေပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ကတင်တဲ့ သူရဲ့နောက်ဆုံးပို့စ်မှာ အကျဉ်းချခံ NLD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ဖော်ပြပြီး မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် သူ့ရဲ့အောင်မြင်မှုတွေကို ချီးကျူးဂုဏ်ပြုထားပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ကတင်တဲ့ သူရဲ့နောက်ဆုံးပို့စ်မှာ အကျဉ်းချခံ NLD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ဖော်ပြပြီး မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် သူ့ရဲ့အောင်မြင်မှုတွေကို ချီးကျူးဂုဏ်ပြုထားပါတယ်။

“ပထမတော့ စစ်ကောင်စီက သူလုပ်ချင်ရာလုပ်ဆိုပြီး လွှတ်ထားပေးပေမယ့် သူ့ရဲ့ဝေဖန်မှုတွေ ပို နက်ရှိုင်းလာတဲ့အခါ စိတ်ရှုပ်လာပြီး နောက်ဆုံးတော့ အရေးယူတာ။ ဒါဟာ မထူးဆန်းဘူး။ သန်းရွှေကလည်း နေဝင်းမြေးတွေကို ဖမ်းတာပဲ။ အလားတူပဲ၊ မင်းအောင်လှိုင်ကလည်း သူ့အာဏာကို ထိပါးလာရင် သန်းရွှေ သမက်ကိုလည်း ဖမ်းတာပဲ။ နောက်စစ်ခေါင်းဆောင်ကလည်း သူ့အာဏာကို ခြိမ်းခြောက်ရင် မင်းအောင်လှိုင်ရဲ့သားကို ဖမ်းမှာပဲ” လို့ နိုင်ငံရေး လေ့လာသူတဦးက ပြောပါတယ်။

လွန်ခဲ့သောနှစ် အောက်တိုဘာလမှာ စစ်ကောင်စီဟာ ပြန်ကြားရေးဝန်ကြီးဟောင်းနဲ့ ဦးသိန်းစိန်အစိုးရ ပြောခွင့်ရသူ ဦးရဲထွဋ်ကို ပုန်ကန်မှု၊ လှုံ့ဆော်မှုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်ကစတင်ပြီး Facebook မှာ စစ်ကောင်စီကို သွယ်ဝိုက်တိုက်ခိုက်နေပါတယ်။ သူဟာ ဦးသိန်းစိန်ရဲ့ ညာလက်ရုံးဖြစ်ပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ မှာ တပတ်စဉ်တည်းမို့လို့ သူ့ကိုတော့ ဖမ်းမှာမဟုတ်ဘူးလို့ လူအများအပြားက ထင်ခဲ့ကြတာပါ။

ဒါပေမယ့် ဦးရဲထွဋ်ဟာ ထောင် ၁၀ နှစ် ချခံရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

အချင်းချင်း သုတ်သင်ရှင်းလင်မှုတွေဟာ မြန်မာ့ခေတ်သစ်သမိုင်းမှာ ပုံမှန်ဖြစ်နေကြဖြစ်ပြီး ဗိုလ်ချုပ်တွေက သူတို့အနေအထား ခြိမ်းခြောက်တယ်လို့ထင်တိုင်း ဖြစ်ပွားပါတယ်။

ဦးနေဝင်းခေတ် အချင်းချင်း သုတ်သင်ရှင်းလင်းမှုတွေ

၁၉၇၄-၇၅ ဆန္ဒပြပွဲတွေမှာ ရန်ကုန်က ဆန္ဒပြသူတွေဟာ “(စစ်ဦးစီးချုပ်) ဦးတင်ဦးနဲ့ (ဝန်ကြီးချုပ်) ဦးစိန်ဝင်း သက်တော်ရှည်ပါစေ။ နေဝင်းနဲ့ စန်းယု ကျဆုံးပါစေ” လို့ အော်ဟစ်ခဲ့ပါတယ်။

နောင်မှာ NLD ခေါင်းဆောင်ဖြစ်လာမယ့် ဦးတင်ဦးအပေါ် ကြီးထွားလာတဲ့ လူထုထောက်ခံမှုကြောင့် ဦးနေဝင်းမှာ မသမာတဲ့ မနာလိုမှု ဖြစ်စေပါတယ်။

ဦးနေဝင်းခေတ် စစ်အုပ်ချုပ်ရေးအတွင်း စစ်သားတွေဟာ ရန်ကုန်လမ်းတွေမှာ လူငယ်တွေကိုဖမ်းပြီး ဆံပင်ရှည်တယ်လို့ သူတို့ထင်တဲ့သူတွေကို ခေါင်းတုံးရိတ်တယ်။ အဲဒီ ခေါင်းရိတ်တပ်ဖွဲ့က အဖမ်းခံရသူတွေထဲမှာ ဦးနေဝင်းရဲ့သား ဖြိုးဝေဝင်းတောင် ပါပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လက နေပြည်တော်တွင်ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ကြသည့် နေဝင်း၏ သမီးနှင့် မြေးများ။ ကျော်နေဝင်း (ဝဲစွန်)၊ အေးနေဝင်း (ဝဲမှ ဒုတိယမြောက်)၊ ဒေါ်ခင်စန္ဒာဝင်း (ဝဲမှ တတိယမြောက်) နှင့် ဇွဲနေဝင်း (ယာစွန်)

ရန်ကုန်ကို အုပ်ချုပ်နေတာ အာဏာရှင် မဟုတ်ဘူး၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ စစ်အုပ်ချုပ်ရေးပဲ ဖြစ်တယ်လို့ ဗိုလ်ကြီးတဦးက ပြောတဲ့အခါ ဦးနေဝင်းဟာ ဒေါသထွက်သွားပါတယ်။ ဒါကြောင့် ဗိုလ်ကြီး အုန်းကျော်မြင့်က နေဝင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှု ၁၉၇၆ ခုနှစ်မှာ ဖော်ထုတ်လိုက်တဲ့အခါ အာဏာရှင်ဟာ ဦးတင်ဦးကို ထောင်ချဖို့ အကြောင်းပြချက် ရသွားပါတယ်။

ဦးနေဝင်းဟာ ထောက်လှမ်းရေးအကြီးအကဲ “မျက်မှန်ကြီး” လို့ခေါ်ကြတဲ့ အခြား ဦးတင်ဦးနောက်တယောက်ကိုလည်း အရာရှိငယ် ဘဝကတည်းက ပျိုးထောင်ခဲ့ပေမယ့် အလွတ်မပေးပါဘူး။ မျက်မှန်ကြီး တင်ဦးရဲ့ သြဇာဟာ အရမ်းကို ကြီးမားလွန်းလို့ ဦးနေဝင်းရဲ့ဝန်ထမ်းတွေက သူ့ကို နံပါတ် ၁ ခေါင်းဆောင်ရဲ့နောက်က “နံပါတ် ၁ နှင့် ၂ ကြားက ခေါင်းဆောင်” (၁ ခွဲ) လို့ ခေါ်ကြပါတယ်။

မွန်တိုင်းရင်းသား မျက်မှန်ကြီး တင်ဦး အာဏာတက်လာခြင်းဟာ သူ့ကို အများပြည်သူရန်ပုံငွေ အလွဲသုံးစားမှုနဲ့ ထောင်ချလိုက်တဲ့အခါ ရပ်ဆိုင်းသွားပါတယ်။

ဦးသန်းရွှေခေတ် အချင်းချင်း သုတ်သင်မှုတွေ

ဦးသန်းရွှေဟာ သူ့အရင်က အာဏာရှင် ဦးနေဝင်းထက် ရက်စက်မှု မလျော့နည်းပါဘူး။

သူ့ရဲ့အာဏာကို ခြိမ်းခြောက်တယ်လို့ သတ်မှတ်တဲ့ စစ်တိုင်းမှူးတွေအတွက် သူ့ရဲ့ သေနင်္ဂဗျူဟာကတော့ သူတို့ကို ဝန်ကြီးဌာနတွေဆီ ပြောင်းပို့လိုက်ပြီး နောက်ပိုင်းမှာ သူတို့ကို အဲဒီရာထူးတွေက ဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။

သူ့ရဲ့အာဏာကို ခြိမ်းခြောက်တယ်လို့ သတ်မှတ်တဲ့ စစ်တိုင်းမှူးတွေအတွက် သူ့ရဲ့ သေနင်္ဂဗျူဟာကတော့ သူတို့ကို ဝန်ကြီးဌာနတွေဆီ ပြောင်းပို့လိုက်ပြီး နောက်ပိုင်းမှာ သူတို့ကို အဲဒီရာထူးတွေက ဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။

မန္တလေးအခြေစိုက် စစ်တိုင်းတပ်မှူးနဲ့ အရင်စစ်အုပ်စု နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) နဲ့ အဲဒီစစ်အုပ်စုကိုဆက်ခံတဲ့ ဦးသန်းရွှေဦးဆောင်တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လုပ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်က သူ့ရဲ့ အမှတ်တရစာအုပ်မှာ ဦးသန်းရွှေက သူနဲ့ အခြားထင်ရှားတဲ့ အရာရှိတွေကို အလုပ်ဖြုတ်ပြီး သူခိုင်းသမျှ မေးခွန်းမထုတ်ဘဲ လုပ်မယ့် ပိုမိုငယ်ရွယ်တဲ့ အရာရှိတွေနဲ့ အစားထိုးခဲ့ကြောင်း ရေးသားခဲ့တယ်။

၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အဖွဲ့ဝင် သန်းရွှေ၊ မောင်အေးနှင့် ခင်ညွန့် / AFP

ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ သမက် အေးဇော်ဝင်းနဲ့ မြေး သုံးယောက်ဖြစ်တဲ့ အေးနေဝင်း၊ ကျော်နေဝင်းနဲ့ ဇွဲနေဝင်းတို့ကို နိုင်ငံတော်သစ္စာဖောက်မှု၊ ပုန်ကန်မှုနဲ့ ၂၀၀၂ ခုနှစ်က အင်းစိန်ထောင်မှာ ထောင်ချတယ်။ သူတို့ မိသားစုရဲ့ ဗေဒင်အကြံပေး မျိုးမြင့်အောင်လည်း ထောင်ချခံရတယ်။

ဦးနေဝင်းရဲ့ သမက်နဲ့ မြေးတွေက နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးအတွက် စစ်တပ်တပ်မှူးတွေကို အကူအညီတောင်း ထောက်ခံမှုရှာဖွေတယ်။ အဲဒီ အကြံအစည်ဟာ နောင်မှာ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌဟောင်း ဖြစ်လာမယ့် အမှတ် ၇၇ ခြေမြန်တပ်မမှူး ဗိုလ်မှူးချုပ် သန်းဌေးကို စည်းရုံးသိမ်းသွင်းတဲ့အခါ ပေါက်ကြားသွားတယ်။

အဲဒီတုန်းက အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ဦးနေဝင်းကို သူ့ရဲ့အချစ်ဆုံးသမီး ဒေါက်တာ စန္ဒာဝင်းနဲ့အတူ နေအိမ်မှာ အကျယ်ချုပ် ချုပ်ထားတယ်။ နိုင်ငံကို ၂၆ နှစ်ကြာ တင်းကျပ်စွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဟာ မကြာခင် သေဆုံးတယ်။

ဈာပနကို စစ်အုပ်စုထိန်းချုပ် သတင်းစာတွေမှာ အချိန်ကပ်ကြေညာပြီး မိသားစုဝင် အနည်းငယ်ကိုသာ တက်ရောက်ခွင့်ပေးတယ်။

ဦးနေဝင်းသေဆုံးပြီး နှစ်နှစ်ကြာတဲ့အခါ ဦးသန်းရွှေဟာ သူ့ရဲ့သြဇာကြီးမားတဲ့ ဝန်ကြီးချုပ်နဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဦးခင်ညွန့်ကို ရှင်းလင်းတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်က တပ်တွင်းအာဏာသိမ်းမှု အောင်မြင်ရင် အာဏာရယူမှာ ဖြစ်တယ်လို့ ဖော်ပြကြတယ်။ ဦးခင်ညွန့်ကို နေအိမ်အကျယ်ချုပ်နဲ့ထားပြီး မင်းအောင်လှိုင်အတွက် လမ်းဖွင့်ပေးဖို့ ဦးသန်းရွှေ နုတ်ထွက်ချိန်အထိ ဆက်လက် ချုပ်နှောင်ထားတယ်။

သမိုင်းဟာ အပြည့်အဝ သံသရာလည်နေတယ်။ အခု အသက် ၉၀ ရှိပြီဖြစ်တဲ့ ဦးသန်းရွှေဟာ သူ့မိသားစုဝင်တဦးကို သူ ရွေးတင်ခဲ့သူက ဖမ်းတာ တွေ့မြင်ဖို့ အသက်ဆက်လက်ရှင်နေခဲ့ရတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Purging Predecessors: Inside the Ruthless Playbook of Myanmar’s Dictators ကို ဘာသာပြန်သည်။)

You may also like these stories:

တပည့်မကောင်း ဆရာ့ခေါင်း

အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက် ဘာကြောင့်အဖမ်းခံရသလဲ

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်

ဦးနေဝင်းနဲ့ ဦးသန်းရွှေ သို့မဟုတ် ရာဇဝင်တူ အာဏာရှင်ကြီး နှစ်ဦး

Your Thoughts …
Tags: NLDSliderUSDPခင်ညွန့်စစ်ကောင်စီစစ်အာဏာသိမ်းမှုဒေါက်တာ ဇော်မြင့်မောင်ဒေါက်တာ နေစိုးမောင်နဝတနအဖနေဝင်းမင်းအောင်လှိုင်သန်းရွှေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးရဲထွဋ်
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ခေါင်းဆောင် ခရီးထွက်တဲ့နေ့ လေဆိပ်တိုက်ခိုက်ခံရတယ်လို့ဆို (ရုပ်/သံ)

စစ်ခေါင်းဆောင် ခရီးထွက်တဲ့နေ့ လေဆိပ်တိုက်ခိုက်ခံရတယ်လို့ဆို (ရုပ်/သံ)

မြန်မာနွယ်ဖွားတချို့ ထရမ့် ကို ဘာကြောင့် မဲပေးကြလဲ (ရုပ်/သံ)

မြန်မာနွယ်ဖွားတချို့ ထရမ့် ကို ဘာကြောင့် မဲပေးကြလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved