တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ရွေးကောက်ပွဲဟာ အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေလည်း မဲပေးကြမှာဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲကနေ ဒီမိုကရက်တစ် သမ္မတလောင်း လက်ရှိ ဒုတိယသမ္မတ ကမ်မလာဟာရစ်နဲ့ ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့ထဲက တဦးဟာ အမေရိကန် ပြည်ထောင်စုရဲ့ ၄၇ ကြိမ်မြောက်သမ္မတ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရောက် မြန်မာနွယ်ဖွားတွေကတော့ မြန်မာနိုင်ငံအရေးအတွက် ဒီရွေးကောက်ပွဲအပေါ်မှာ မျှော်လင့်ချက် ထားကြပါတယ်။ သမ္မတလောင်း ကင်မလာဟဲရစ်ကို မဲပေးတာ ရှိကြသလို သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို မဲပေးကြတာတွေလည်း ရှိပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













