• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ရှုံး မြန်မာစစ်ခေါင်းဆောင် တရုတ်သို့ ပထမဆုံးအကြိမ် သွား

by ဧရာဝတီ
5 November 2024
in သတင်း
A A
စစ်ရှုံး မြန်မာစစ်ခေါင်းဆောင် တရုတ်သို့ ပထမဆုံးအကြိမ် သွား

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် နေပြည်တော်လေဆိပ်မှ တရုတ်သို့ သူ၏ ပထမဆုံးတရားဝင်ခရီး စတင်ထွက်ခွါစဉ်

1.1k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင် တော်လှန်မှုအား စစ်ရှုံးနေချိန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်သို့ သူ၏ ပထမဆုံးတရားဝင်ခရီး စတင်သည်။

ဘေဂျင်းသည် မြန်မာစစ်တပ်အတွက် အဓိကမဟာမိတ်နှင့် လက်နက်ရောင်းချသူ ဖြစ်သည်။ တော်လှန်စစ်သည် တရုတ်နယ်စပ်သို့ရောက်လာသောအခါ တရုတ်သည် နယ်စပ်ကို ပိတ်ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်သည့် ဒေသများသို့ အဓိကသွင်းကုန်များကို ရပ်ဆိုင်းလိုက်သည်။

မင်းအောင်လှိုင်သည် တရုတ်တွင် ၂ ရက်ကြာ နေထိုင်ရန် နေပြည်တော်လေဆိပ်မှ အင်္ဂါနေ့တွင် လေကြောင်းဖြင့် ထွက်ခွာသည်။ ထိုခရီးသည် သူ၏ စစ်တပ်က ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရထံမှ အာဏာသိမ်းပြီးနောက် သူ၏ ပထမဆုံး တရုတ်ခရီးဖြစ်သည်။

သူသည် အခြားအစည်းအဝေး ၂ ခုနှင့်အတူ မဲခေါင်ဒေသခွဲ ထိပ်သီးဆွေးနွေးပွဲတက်ရန် ကူမင်းတွင် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တွင် ရှိနေမည်ဟု စစ်ကောင်စီထိန်းချုပ် MRTV က ကြေညာသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းသည် မြန်မာနယ်စပ်မှ ကီလိုမီတာ ၄၀၀ ခန့်တွင် တည်ရှိသည်။

သူသည် စီးပွားရေးနှင့် ကဏ္ဍအမျိုးမျိုး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေးရန် တရုတ်အရာရှိများနှင့်တွေ့ဆုံမည်ဟု သိရသည်။

မြန်မာစစ်တပ်သည် သမိုင်းတွင် မကြုံဖူးသည့် လွန်ခဲ့သောနှစ်က စစ်မြေပြင် ရှုံးနိမ့်မှုများမှ နာလန်ထရန် ကြိုးစားနေစဉ် ထိုခရီးစဉ်ပေါ်ပေါက်သည်။ ထိုရှုံးနိမ်မှု အများစုသည် တရုတ်နယ်စပ်တွင်ဖြစ်ပွားသည်။

တရုတ်သည် မြန်မာတွင် နိုင်ငံကို ဖြတ်သန်းသည့် အဓိကကျသည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများနှင့် ဘင်္ဂလားပင်လယ်အော်တွင် စီစဉ်ထားသည့် ရေနက်ဆိပ်ကမ်း အပါအဝင် သေနင်္ဂဗျူဟာကျသည့် စီးပွားရေး အကျိုးစီးပွား ရှိသည်။ မြန်မာ၏ အကြီးမားဆုံးကုန်သွယ်ဘက်ဖြစ်သော ဘေ့ဂျင်းသည် ကားထုတ်လုပ်ရေးနှင့် လေအားလျှပ်စစ်ကဏ္ဍတွင် သုံးရန် မြန်မာမှ မြေရှားသတ္တုများလည်း တင်သွင်းသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ အာရက္ခတပ်တော် AA နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်TNLA တို့ ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့၏ လွန်ခဲ့သောနှစ်က ထိုးစစ်သည် မြို့များကို လျင်မြန်စွာ သိမ်းပိုက်နိုင်ပြီး နယ်စပ်တလျှောက် ရှမ်းပြည်မှစစ်စခန်းများကို သိမ်းပိုက်သည်။

တရုတ်လူမျိုးစုများ ထိန်းချုပ်ထားသည့် ထိုဒေသတွင် ရာဇဝတ်ဂိုဏ်း ပေါများခြင်းကို နှိမ်နင်းရန် တရုတ်က ထိုထိုးစစ်ကို ထိုစဉ်က တိတ်တဆိတ်ထောက်ခံသည်ဟု ကျယ်ပြန့်စွာမြင်ကြသည်။ ဘေဂျင်းသည် ၎င်း၏နယ်စပ်တလျှောက်ပိုင်နက်များကို ထိန်းချုပ်ထားသည့် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ဆက်ဆံရေးရှိသည်ဟု သိကြသည်။

တရုတ်က စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ခြင်းအတွက် လေးနက်စွာ စိုးရိမ်ကြောင်းနှင့် ဘေဂျင်းအနေဖြင့် ၎င်းတို့လုပ်ရပ်ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းကြောင်း စင်ပြိုင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရသူ ဦးကျော်ဇော်က ဗီဒီယိုဖြင့် ရိုက်ကူးပြီး Facebook တွင်တင်သည့် ပို့စ်တခုတွင် ဖေါ်ပြထားသည်။

“မြန်မာပြည်သူတွေက တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးတိုးတက်မှု လိုချင်တယ်။ အဲဒီအရာတွေကို ဖျက်ဆီးနေတာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုပဲ” ဟု ဦးကျော်ဇော် ပြောသည်။ “ဒါဟာ မြန်မာပြည်သူတွေကြားမှာ တရုတ်အစိုးရအပေါ် နားလည်မှုလွဲအောင် မရည်ရွယ်ဘဲ လှုံ့ဆော်မှာကို ကျနော်စိုးရိမ်တယ်” ဟုလည်း သူပြောသည်။

တာဝန်ထမ်းဆောင်ခြင်းမှ တားမြစ်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များက NUG ကို ၂၀၂၁ ခုနှစ်တွင်ထူထောင်ပြီး ၎င်းတို့သည် တရုတ်နှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးရှိသည့် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် နီးကပ်သူများ ဖြစ်သည်။

စစ်တပ်ကို ထောက်ခံသောကြောင့် တရုတ်သည် ဆန့်ကျင်မှုများ ရင်ဆိုင်ရသော်လည်း NUG သည် ဘေဂျင်းကို အပြင်းအထန်ဆန့်ကျင်ခြင်း ရှောင်ရှားပြီး ဒေသတွင်း တရုတ်၏ သြဇာကို အသိအမှတ်ပြုသည်။

စစ်ကောင်စီသည် နိုင်ငံရေးပါတီ ဒါဇင်ပေါင်းများစွာကို ဖျက်သိမ်းပြီး နိုင်ငံ၏ ကျယ်ပြန့်သော ဒေသများကို မထိန်းချုပ်နိုင်တော့သော်လည်း လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပရေးအတွက် လွန်ခဲ့သောလတွင် တနိုင်ငံလုံးသန်းခေါင်စာရင်း ကောက်ယူနေသည်။

တရုတ်အစိုးရကလည်း နည်းပညာအကူအညီပေးပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ထောက်ခံထားသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
829
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229

You may also like these stories:

အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးမှာ မဘသတွေ အသံတိတ်နေ

စစ်ကောင်စီကို တရုတ်က ထောက်ခံလာသောအခါ

မြန်မာ့တော်လှန်ရေးအင်အားစုများကို ဖြိုခွဲဖို့ တရုတ်အစိုးရ ကြိုးစားနေသည်

Your Thoughts …
Tags: ကူမင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်တရုတ်ခရီးပထမဆုံးမဲခေါင်ဒေသခွဲ ထိပ်သီးဆွေးနွေးပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရေဘေးအကူအညီ တောင်းသတဲ့လား

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရေဘေးအကူအညီ တောင်းသတဲ့လား

by အောင်သူရ
16 September 2024
12.8k

ပြည်ပမှ အကူအညီတင်မက ပြည်တွင်းက ပြည်သူအချင်းချင်းပေးသည့် တနိုင်တပိုင် အကူအညီများကိုပင် စစ်တပ်က ခွင့်မပေးပေ။

မြန်မာစစ်ခေါင်းဆောင်ကို တရုတ်ကြိုဆိုရန် ပြင်ဆင်နေ

မြန်မာစစ်ခေါင်းဆောင်ကို တရုတ်ကြိုဆိုရန် ပြင်ဆင်နေ

by ဧရာဝတီ
15 October 2024
8.1k

ထိုခရီးစဉ်သည် ယခုလအတွင်းဖြစ်နိုင်ပြီး ကြိုတင်ပြင်ဆင်မှုများကို ယခု စတင်လုပ်ဆောင်နေသည်ဟု ထိုကိစ္စကိုသိသည့် သတင်းရင်းမြစ်များပြောသည်။

ကူမင်း၌ ဆွေးနွေးနေစဉ် တောင်းခမ်းကို ထိန်းချုပ်ရေး စစ်တပ်စစ်ဆင်

ကူမင်း၌ ဆွေးနွေးနေစဉ် တောင်းခမ်းကို ထိန်းချုပ်ရေး စစ်တပ်စစ်ဆင်

by မိုင်းခြိူဝ်းဇာရ်
18 February 2025
4.5k

ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေး နေစဉ် စစ်တပ်မှ TNLA ထိန်းချုပ်ဒေသများအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် နောင်ချိုမြို့နယ်၊ တောင်း ခမ်းဒေသကိုလည်း မြေပြင်ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ICC ရှေ့နေချုပ်က မင်းအောင်လှိုင်ကို ဘာကြောင့် ဖမ်းဝရမ်းထုတ်စေချင်သလဲ

ICC ရှေ့နေချုပ်က မင်းအောင်လှိုင်ကို ဘာကြောင့် ဖမ်းဝရမ်းထုတ်စေချင်သလဲ

by ဧရာဝတီ
29 November 2024
3.3k

စစ်သားများ၊ ရဲများနှင့် ဗုဒ္ဓဘာသာဝင် ကျေးရွာသားများသည် ဝေးကွာသော အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ရွာ ရာပေါင်းများစွာကို ဖျက်စီးခဲ့သည်ဟု ဖေါ်ပြသည်။

ကူမင်း၌ ဆွေးနွေးနေချိန် စစ်တပ်နှင့် TNLA တိုက်ပွဲပြင်း

ကူမင်း၌ ဆွေးနွေးနေချိန် စစ်တပ်နှင့် TNLA တိုက်ပွဲပြင်း

by သူရမောင်
27 August 2025
2.7k

တရုတ်ကြား၀င်မှုဖြင့် ယူနန်ပြည်နယ်မြို့တော် ကူမင်းတွင် စစ်ကော်မရှင်နှင့် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA)တို့ ဩဂုတ် ၂၆ ရက်၌ တွေ့ဆုံဆွေးနွေးပွဲ စတင်နေချိန် ကျောက်မဲမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

အာဏာရှင်တွေရဲ့ အဓိကဒေါက်တိုင် MI

အာဏာရှင်တွေရဲ့ အဓိကဒေါက်တိုင် MI

by ကျော်စွာမိုး
19 October 2025
2.2k

မြန်မာနိုင်ငံမှာ ကျနော်တို့ ခင်ဗျားတို့ရဲ့ အိမ်တွေကို ကြိုက်တဲ့အချိန် တံခါးခေါက်ဝင်၊ ကြိုက်တဲ့သူကို ဖမ်းဆီး၊ လူမဆန်အောင် နှိပ်စက်ပြီး ထောင်ချနိုင်တာ ဘယ်သူတွေလဲ။

Next Post
အမေရိကန်ရွေးကောက်ပွဲက မြန်မာအတွက် ကြီးကျယ်တဲ့ပြောင်းလဲမှုမဖြစ်နိုင်ဘူး (ရုပ်/သံ)

အမေရိကန်ရွေးကောက်ပွဲက မြန်မာအတွက် ကြီးကျယ်တဲ့ပြောင်းလဲမှုမဖြစ်နိုင်ဘူး (ရုပ်/သံ)

မြန်မာ့တော်လှန်ရေး ကွန်ရက်သစ်

မြန်မာ့တော်လှန်ရေး ကွန်ရက်သစ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved