မြန်မာနိုင်ငံမှာ ကျနော်တို့ ခင်ဗျားတို့ရဲ့ အိမ်တွေကို ကြိုက်တဲ့အချိန် တံခါးခေါက်ဝင်၊ ကြိုက်တဲ့သူကို ဖမ်းဆီး၊ လူမဆန်အောင် နှိပ်စက်ပြီး ထောင်ချနိုင်တာ ဘယ်သူတွေလဲ။
ညဖမ်းပြီး နောက်နေ့မနက်မှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ အသက်မဲ့ခန္ဓာကိုယ်ကို ပြန်ပို့လေ့ရှိတာ ဘယ်သူတွေလဲ။
အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးချို့တဲ့ တဲ့သူတွေကို ဆေးဝါးကုသမှု မပေးဘဲ သေလုမျောပါးအချိန်မှ လွှတ်ပေးလေ့ရှိတာရော ဘယ်သူတွေလဲ။
သူတို့ကတော့ ကျနော်တို့မြန်မာမှာသာမက ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံတိုင်းမှာ အာဏာရှင်တွေနဲ့ အာဏာရှင်စနစ်ရဲ့ အဓိကအကျဆုံး ဒေါက်တိုင်တခုဖြစ်တဲ့ ထောက်လှမ်းရေးပဲဖြစ်ပါတယ်။ မြန်မာမှာတော့ ခေတ်အဆက်ဆက် စစ်ထောက်လှမ်းရေး (MI) လို့ ခေါ်ကြပြီး ကမ္ဘာမှာတော့ secret police လို့လည်း ခေါ်ကြပါတယ်။
တကယ်တော့ အာဏာရှင်တွေအားလုံးဟာ ပြည်သူတွေကို ကြောက်နေရတဲ့ အားနဲပျော့ညံ့သူတွေပါ။ ပြည်သူထောက်ခံမှုမရှိတဲ့အတွက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေကနေပြီး ဘယ်တော့မှ အာဏာမရနိုင်တဲ့ သူတွေပါ။ ဒါကြောင့် အာဏာကို အဓမ္မသိမ်းပိုက်လေ့ရှိပြီး၊ သူတို့အာဏာမြဲဖို့အတွက် ပြည်သူကို နည်းပေါင်းစုံနဲ့ ဖိနှိပ်အုပ်ချုပ်သူတွေ ဖြစ်ပါတယ်။
တကယ်တော့ အာဏာရှင်တွေအားလုံးဟာ ပြည်သူတွေကို ကြောက်နေရတဲ့ အားနဲပျော့ညံ့သူတွေပါ။ ပြည်သူထောက်ခံမှုမရှိတဲ့အတွက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေကနေပြီး ဘယ်တော့မှ အာဏာမရနိုင်တဲ့ သူတွေပါ။ ဒါကြောင့် အာဏာကို အဓမ္မသိမ်းပိုက်လေ့ရှိပြီး၊ သူတို့အာဏာမြဲဖို့အတွက် ပြည်သူကို နည်းပေါင်းစုံနဲ့ ဖိနှိပ်အုပ်ချုပ်သူတွေ ဖြစ်ပါတယ်။
အဲဒီတော့ အာဏာရှင်တွေဟာ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ခုံရုံးတင် မခံရဖို့၊ အဓမ္မသိမ်းပိုက်ထားတဲ့ အာဏာကို လက်မလွှတ်ရဖို့ အဓိကဒေါက်တိုင် ၅ ခုလောက်ကို မဖြစ်မနေ အားထားရပါတယ်။
၁။ သူတို့ရဲ့ သြဇာခံ စစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့။
၂။ Secret police လို့ခေါ်တဲ့ ထောက်လှမ်းရေး။ မြန်မာမှာတော့ စစ်ထောက်လှမ်းရေး။
၃။ Informants (သို့) informers ဆိုတဲ့ သတင်းပေးတွေ။ အခုခေတ်တော့ ဒလန်။
၄။ Thugs လို့ခေါ်တဲ့ သူတို့ရဲ့ လက်ကိုင်တုတ် လူဆိုးလူရမ်းကားတွေ။ မြန်မာမှာဆို စွမ်းအားရှင်လို အဖွဲ့တွေ။
၅။ Elite အုပ်စုပါ။ ပညာတတ်ပေမယ့် အသိဉာဏ်နည်းပြီး အမှန်ကိုမမြင်၊ ပြည်သူ့ဆန္ဒကို မျက်ကွက်ပြုပြီး ပညာမဲ့တဲ့ အာဏာရှင်တွေကို အလုပ်အကြွေးပြုတဲ့ ပညာရှင်ဆိုသူတွေပါ။ ဒီအုပ်စုထဲမှာ နိုင်ငံရေးသမားတွေအပြင် အာဏာရှင်တွေနဲ့ စီးပွားဖက် ခရိုနီတွေလည်းပါပါတယ်။
ဒါတွေက အာဏာရှင်တိုင်း အားထားရတဲ့ အဓိကဒေါက်တိုင်ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ စစ်အာဏာရှင် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေကနေ ဒီကနေ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အထိ သူတို့အာဏာတည်မြဲဖို့အတွက် အဲဒီဒေါက်တိုင်တွေကို အသုံးချကြပါတယ်။

အဲဒီ ဒေါက်တိုင် ၅ ခုထဲမှာ အာဏာရှင်တွေအတွက် အဓိကအကျဆုံးဖြစ်ပြီး ပြည်သူတွေအတွက် အဆိုးဆုံးကတော့ စစ်ထောက်လှမ်းရေး တွေပါပဲ။
လူမဆန် ရက်စက်တဲ့ နေရာမှာ မြန်မာရဲ့ စစ်ထောက်လှမ်းရေးဟာ နာဇီဂျာမနီရဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့ဖြစ်တဲ့ ဂက်စတာပို (Gestapo)၊ ရုရှရဲ့ ကေဂျီဘီ တို့နဲ့အတူတူပဲဖြစ်ပါတယ်။ အာဏာရှင် နီကိုလေး ချောင်ချက်စကူး Nicolae Ceausescu ရဲ့ ရိုမေးနီးယားမှာ၊ အာဏာရှင် ဩဂတ်စတို ပီနိုးချေး Augusto Pinochet ရဲ့ ချီလီနိုင်ငံနဲ့ မြောက်ကိုးရီးယားမှာလည်း အလားတူ လျှို့ဝှက်ရဲတပ်ဖွဲ့တွေ ရှိပါတယ်။
ကမ္ဘောဒီးယာနိုင်ငံရဲ့ ခမာနီခေါင်းဆောင် ပိုပေါ့ ခေတ်မှာလည်း ရက်စက်တဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့ တွေရှိခဲ့ပါတယ်။ နာဇီ ဂက်စတာပိုတွေက သိန်းနဲ့ သန်းနဲ့ချီတဲ့ လူတွေကို အကျဉ်းစခန်းတွေကို ပို့ပြီး ညှဉ်းဆဲသတ်ဖြတ်ခဲ့သလို၊ ခမာနီတွေကလည်း လူနှစ်သောင်းလောက်ကို S-21 အကျဉ်းစခန်းကိုပို့ပြီး နှိပ်စက်သတ်ဖြတ်ခဲ့ကြတယ်။ ဂျပန်ခေတ်မှာတော့ မြန်မာပြည်သူတွေအပါအဝင် အာရှတိုက်တဝှမ်းမှာ ဂျပန် စစ်ဘက်ထောက်လှမ်းရေးတွေဖြစ်တဲ့ ကင်ပေတိုင်တွေရဲ့ ရက်စက်မှုတွေကို ခံခဲ့ကြပါတယ်။
ကမ္ဘောဒီးယာနိုင်ငံရဲ့ ခမာနီခေါင်းဆောင် ပိုပေါ့ ခေတ်မှာလည်း ရက်စက်တဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့ တွေရှိခဲ့ပါတယ်။ နာဇီ ဂက်စတာပိုတွေက သိန်းနဲ့ သန်းနဲ့ချီတဲ့ လူတွေကို အကျဉ်းစခန်းတွေကို ပို့ပြီး ညှဉ်းဆဲသတ်ဖြတ်ခဲ့သလို၊ ခမာနီတွေကလည်း လူနှစ်သောင်းလောက်ကို S-21 အကျဉ်းစခန်းကိုပို့ပြီး နှိပ်စက်သတ်ဖြတ်ခဲ့ကြတယ်။ ဂျပန်ခေတ်မှာတော့ မြန်မာပြည်သူတွေအပါအဝင် အာရှတိုက်တဝှမ်းမှာ ဂျပန် စစ်ဘက်ထောက်လှမ်းရေးတွေဖြစ်တဲ့ ကင်ပေတိုင်တွေရဲ့ ရက်စက်မှုတွေကို ခံခဲ့ကြပါတယ်။
ကျနော်တို့နိုင်ငံမှာလည်း စစ်ထောက်လှမ်းရေးတွေက မြန်မာ့ အာဏာရှင်အဆက်ဆက်အတွက် ဘယ်လောက်အရေးပါခဲ့သလဲ။ သူတို့ရဲ့ အဓိကတာဝန်ကဘာတွေလဲ၊ ပြည်သူတွေကို ဘယ်လို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့လဲ။ ဒီနေ့အထိရော ဘယ်လောက်ထိ ရက်စက်နေပြီး လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘယ်လိုပံ့ပိုးနေလဲ။ အဓိကအနေနဲ့ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ဖို့အတွက် ပြည်သူတွေကို ဘယ်လို စနစ်တကျ စွမ်းစွမ်းတမံ ဖိနှိပ်ရက်စက်နေလဲ။
“Big Brother is Watching You” “သင့်ကို စောင့်ကြည့်နေတယ်”
“Big Brother is Watching You” ဆိုတာ ထောက်လှမ်းရေးက သင့်ကို အမြဲစောင့်ကြည့်နေတာကို ရည်ညွှန်းတာပါ။ စာရေးဆရာ ဂျော့အိုဝဲလ် George Orwell ရဲ့ ‘1984’ စာအုပ်ထဲမှာ MI ဒါမှမဟုတ် Secret Police တွေကို ‘Big Brother’ လို့ခေါ်တဲ့အသုံးဟာ ကမ္ဘာကျော်တဲ့ အသုံးတခုပါ။ ကျနော်တို့ ပြည်သူတွေလည်း Big Brother ရဲ့ စောင့်ကြည့်မှုအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရပြီး အခုထိလည်း မလွတ်မြောက်သေးပါဘူး။
၁၉၄၈ လွတ်လပ်ရေးရတဲ့အချိန်မှာ စစ်ထောက်လှမ်းရေးဟာ ယူနစ် ၃ ခုပဲရှိပါတယ်။ ၁၉၉၁ မှာတော့ ၂၃ ခုရှိလာခဲ့ပြီး နောက်ပိုင်း ၂၆ လောက်ထိ ထပ်တိုးခဲ့တယ်လို့ သိရပါတယ်။ အင်အားကလည်း တသောင်းလောက်အထိ ရှိခဲ့ပြီး စစ်ထောက်လှမ်းရေး အားအကောင်းဆုံးကာလ ဖြစ်ပါတယ်။ အဲဒီကာလရဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲက ဗိုလ်ချုပ်ခင်ညွန့်ပါ။
၂၀၀၄ အောက်တိုဘာ ၁၉ မှာ ဗိုလ်ခင်ညွန့်ဟာ ရာထူးကဖြုတ်ချဖမ်းဆီးခံရပြီး သူ့ရဲ့ စစ်ထောက်လှမ်းအဖွဲ့လည်း ဖျက်သိမ်းခံခဲ့ရပါတယ်။ အခုဆိုရင် ၂၁ နှစ် ကြာခဲ့ပါပြီ။
အဲဒီအချိန်မှာ ဗိုလ်ခင်ညွန့်နဲ့ သူ့ရဲ့ ထောက်လှမ်းရေး အရာရှိပေါင်း သုံးထောင်ကျော် အဖမ်းခံခဲ့ရပြီး သူ့ရဲ့ ထောက်လှမ်းရေးတခုလုံးကို စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖျက်ပစ်ခဲ့တာဖြစ်ပါတယ်။ အဓိကအကြောင်းကတော့ ထောက်လှမ်းရေးက အရမ်းတန်ခိုးထွားလာပြီး စစ်တပ်နဲ့ စစ်တပ်ရဲ့ထိပ်ပိုင်း ခေါင်းဆောင်တွေကိုပါ စိုးရိမ်စရာဖြစ်လာတဲ့ အတွက်ကြောင့်ပါ။ စစ်ထောက်လှမ်းရေးအရာရှိတွေရဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေလည်း ပါပါတယ်။
တနည်းအားဖြင့် ဗိုလ်ခင်ညွန့်က စစ်တပ်အကြီးအကဲတွေကိုပါ အားပြိုင်လာပြီး သူ့ရဲ့ ထောက်လှမ်းရေးဟာ “Invisible government မမြင်ရတဲ့ အစိုးရတခု” ဖြစ်လာလောက်အောင် တန်ခိုးထွားခဲ့တာပါ။ ဆိုလိုတာက ဗိုလ်သန်းရွှေရဲ့ စစ်အစိုးရကို အားပြိုင်လာတဲ့ စစ်အစိုးရထဲမှာ နောက်ထပ်အစိုးရတခု တည်ဆောက်သလို ဖြစ်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
တချို့နားမလည်တဲ့ နိုင်ငံတကာပညာရှင်တွေပြောသလို ဗိုလ်ခင်ညွန့်ဟာ နိုင်ငံရေးမှာ “moderate” “soft-liner” သဘောထားပျော့ပြောင်းတဲ့သူဆိုတာ မဟုတ်ပါဘူး။ စစ်တပ်ထဲကအရာရှိတွေထက် ထောက်လှမ်းရေးအရာရှိတွေက ပညာပိုတက်၊ ပိုတော် နိုင်ပေမယ့် နိုင်ငံရေးသဘောထားမှာတော့ ဒီမိုကရေစီအင်အားစုတွေအပေါ် သဘောထားတင်းမာတဲ့သူတွေပါပဲ။
ဒါကြောင့်လည်း စစ်ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ်ခင်ညွန့်အပါအဝင် ထောက်လှမ်းရေးအရာရှိတွေအားလုံးဟာ နိုင်ငံရေးအင်အားစုတွေကို ရက်ရက်စက်စက် စစ်ဆေး နှိပ်စက်သတ်ဖြတ်တဲ့နေရာမှာ အဓိကတာဝန်အရှိဆုံးလူတွေပါ။ ဗိုလ်ခင်ညွန့်ကို “Prince of Evil” ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ သူလို့တောင် အမည်ပေးခဲ့ကြပါတယ်။ ဆိုတော့ သူ့ရဲ့ ထောက်လှမ်းရေးအရာရှိတွေနဲ့ MI ကို “The forces of Evil” ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ အဖွဲ့ လို့ခေါ်ရမှာပါ။
ဒါကြောင့်လည်း စစ်ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ်ခင်ညွန့်အပါအဝင် ထောက်လှမ်းရေးအရာရှိတွေအားလုံးဟာ နိုင်ငံရေးအင်အားစုတွေကို ရက်ရက်စက်စက် စစ်ဆေး နှိပ်စက်သတ်ဖြတ်တဲ့နေရာမှာ အဓိကတာဝန်အရှိဆုံးလူတွေပါ။ ဗိုလ်ခင်ညွန့်ကို “Prince of Evil” ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ သူလို့တောင် အမည်ပေးခဲ့ကြပါတယ်။ ဆိုတော့ သူ့ရဲ့ ထောက်လှမ်းရေးအရာရှိတွေနဲ့ MI ကို “The forces of Evil” ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ အဖွဲ့ လို့ခေါ်ရမှာပါ။
သူပြုတ်ပြီးနောက်ပိုင်း ထောက်လှမ်းရေးကို စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရဖ) ဆိုပြီး ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
ပုလင်းတူဘူးဆို့ အာဏာရှင်နဲ့ ထောက်လှမ်းရေးချုပ်
အာဏာရှင်နဲ့ ထောက်လှမ်းရေးဆိုတာ အပြန်အလှန် အမှီသဟဲပြုနေတာပါ။ ထောက်လှမ်းရေးဆိုတာ အာဏာရှင်စနစ် ရဲ့ အဓိကဒေါက်တိုင်ဖြစ်တဲ့အတွက် သူတို့မရှိရင် အာဏာရှင်စနစ် ရပ်တည်ဖို့ခက်ပါတယ်။
ဒါကြောင့် အာဏာရှင်နဲ့ ထောက်လှမ်းရေးချုပ်ဆိုတာ ဆရာတပည့် ပုလင်းတူဘူးဆို့ပါ။ ကျနော်တို့နိုင်ငံ သမိုင်းမှာ ပြည်သူကို ဆိုးဆိုးရွားရွား ဒုက္ခပေးတဲ့ အာဏာရှင်နဲ့ စစ်ထောက်လှမ်းရေးချုပ် အတွဲ နှစ်တွဲ ရှိပါတယ်။

ပထမအတွဲက အာဏာရှင် ဗိုလ်ချုပ်နေဝင်းနဲ့ သူ့ရဲ့ လူယုံတော် ထောက်လှမ်းရေးချုပ် ဖြစ်တဲ့ ဗိုလ်ခင်ညွန့်ပါ။ နောက် တတွဲကတော့ လက်ရှိ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စရဖချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦးပါပဲ။ စစ်ခေါင်းဆောင်ရဲ့ အရေးကြီးတဲ့ ခရီးစဉ်တိုင်းမှာ သူ့ကိုတွေ့ကြမှာ ဖြစ်ပါတယ်။
အာဏာရှင်တွေအားလုံးဟာ စစ်ထောက်လှမ်းရေးချုပ်တွေကို သူတို့အယုံရဆုံးနဲ့ လက်သံအပြောင်ဆုံးသူတွေကို ရွေးခန့်လေ့ရှိပါတယ်။ တခါတလေ သူတို့ထက်တောင် တံခိုးထွားလာလို့ ဖြုတ်ထုတ်ရှင်း လုပ်ရတာတွေလည်း ထောက်လှမ်းရေးသမိုင်းမှာ ရှိခဲ့ပါတယ်။
ပထမအာဏာရှင် ဗိုလ်ချုပ်နေဝင်း လက်ထက်မှာ ထောက်လှမ်းရေးက တန်ခိုးထွားလာပြီး အဂတိလိုက်စားမှုတွေ အလွန်အကျွံဖြစ်လာတဲ့အတွက် သူ့ရဲ့ ထောက်လှမ်းရေးချုပ်ဖြစ်တဲ့ မျက်မှန်ကြီးတင်ဦးလို့ လူသိများတဲ့ ဗိုလ်မှူးချုပ် တင်ဦးကို ဖြုတ်ချခဲ့ရပါတယ်။
ဒုတိယအာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း အားကြီးလာတဲ့ ဗိုလ်ခင်ညွန့်ကို ဖြုတ်ပြီး သူ့ရဲ့ လူယုံ ဗိုလ်ချုပ်မြင့်ဆွေကို အစားထိုးခဲ့တာတွေက သာဓကတွေဖြစ်ပါတယ်။
MI ရဲ့ နိုင်ငံရေး ဂျီနိုဆိုက်
စစ်ထောက်လှမ်းရေးရဲ့ အဓိကတာဝန်ကတော့ သူတို့ရဲ့ စစ်အစိုးရ၊ စစ်တပ်ကို ဆန့်ကျင်တဲ့သူနဲ့ ဝေဖန်သူတွေအားလုံးကို အဓိကစောင့်ကြည့်ပြီး ဖမ်းဆီး နှိပ်စက် အရေးယူ ထောင်ချဖို့ ဖြစ်ပါတယ်။
အထူးသဖြင့် ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်အဆက်ဆက်မှာ ထောက်လှမ်းရေးလုပ်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ ဆန့်ကျင်ဖက်နိုင်ငံရေးအင်အားစုတွေအပြင် နိုင်ငံရေးမျိုးဆက်တွေကို ဖျက်ဆီးသုတ်သင်တာ တွေ့ရပါတယ်။
MI ရဲ့အဓိကတာဝန်က ၁၉၆၂၊ ၁၉၈၈ နဲ့ ၂၀၂၁ ခေတ်အဆက်ဆက်မှာ ဒီမိုကရေစီအတွက် ကြိုးပမ်းတဲ့ နိုင်ငံရေးမျိုးဆက်တိုင်းကို အမြစ်ဖြတ် ချေမှုန်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါဟာ စစ်တပ်က ကျူးလွန်တဲ့ နိုင်ငံရေး ဂျီနိုဆိုက် (Political genocide) လို့ပြောရင် မမှားပါဘူး။ မျိုးနွယ်စုတခုကို ဂျီနိုဆိုက် လုပ်တဲ့သဘောမဟုတ်ပေမယ့် နိုင်ငံရေးမျိုးဆက် အဆက်ဆက်ကို ဂျီနိုဆိုက် လုပ်တာပါ။
ဆိုတော့ MI ရဲ့အဓိကတာဝန်က ၁၉၆၂၊ ၁၉၈၈ နဲ့ ၂၀၂၁ ခေတ်အဆက်ဆက်မှာ ဒီမိုကရေစီအတွက် ကြိုးပမ်းတဲ့ နိုင်ငံရေးမျိုးဆက်တိုင်းကို အမြစ်ဖြတ် ချေမှုန်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါဟာ စစ်တပ်က ကျူးလွန်တဲ့ နိုင်ငံရေး ဂျီနိုဆိုက် (Political genocide) လို့ပြောရင် မမှားပါဘူး။ မျိုးနွယ်စုတခုကို ဂျီနိုဆိုက် လုပ်တဲ့သဘောမဟုတ်ပေမယ့် နိုင်ငံရေးမျိုးဆက် အဆက်ဆက်ကို ဂျီနိုဆိုက် လုပ်တာပါ။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့မနက်မှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းတဲ့အချိန် စရဖက လူကြီးပိုင်းတွေကိုယ်တိုင် ဦးစီးခဲ့ကြပါတယ်။ ဦးဝင်းမြင့် နေအိမ်အကျယ်ချုပ်ကာလတွေမှာ စရဖ အနီးကပ်စောင့်ကြည့်ခဲ့တယ်လို့ သူကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။
အဲဒီနေ့ကစပြီး အာဏာသိမ်းမှုကို အဓိက ဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေ လုပ်ခဲ့တာလည်း စရဖ ပါပဲ။ အဲဒီကာလတွေမှာ ညဖက်ဖမ်းပြီး မနက် အလောင်းပြန်ပို့ခံရတဲ့ သူတွေ မနဲပါဘူး။ အဲဒီထဲမှာ ပန်းဘဲတန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရပ်ကျေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်၊ နောက်ထပ် NLD ပါတီဝင်တဦးဖြစ်တဲ့ “စု အသက်မွေးဝမ်းကျောင်း သိပ္ပံ (ရွှေပြည်သာမြို့နယ်)” တာဝန်ခံ ဦးဇော်မြတ်လင်း၊ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ကိုစိုးမိုးလှိုင် (ခ) ကိုမဲကြီး တို့ပါပါတယ်။
စရဖ အနေနဲ့ အမှုတိုင်းကို မကိုင်တွယ်ပေမယ့် အဓိကကျတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့လို့ အမှုမျိုးမှာတော့ ထောက်လှမ်းသတင်းယူတာ၊ ဝင်ရာက်ဖမ်းဆီးတာ၊ စစ်ကြောရေးလုပ်တာတွေအပြင် ထောင်ချတဲ့အထိပါခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထောက်လှမ်းရေးက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သူတွေ၊ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်တဲ့သူတွကို အဓိက စောင့်ကြည့် ဖမ်းဆီးပြီး ထုံးစံအတိုင်း နည်းမျိုးစုံနှိပ်စက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်ကျော်ကာလမှာ ဖမ်းဆီးခံရပြီး သေဆုံးခဲ့ရတဲ့ လူပေါင်း ၂၂၀၀ ကျော်ရှိပါပြီ။ အဲဒီအထဲမှာ ဆေးကုသခွင့်မရလို့ ဆုံးပါးခဲ့သူတွေပါသလို စရဖ ရဲ့ စစ်ကြောရေးစခန်းတွေမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ သူတွေလည်း မနည်းပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဖမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဖြစ်တဲ့ ရှောင်တာနဲလ် Sean Turnell လည်း စစ်ကြောရေးမှာ ထောက်လှမ်းရေး ရဲ့ နှိပ်စက်ရိုက်နှက်တာ ခံခဲ့ရတာကို သူ့ရဲ့ ထောင်အတွေ့အကြုံတွေကို ရေးထားတဲ့ “An Unlikely Prisoner” စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။
စစ်ကြောရေးလုပ်နေတုန်း တယောက်က နားထင်ကို ရိုက်သလို၊ မီးခြစ်နဲ့ သူ့ဆံပင်ကို မီးရှို့လည်း ခံခဲ့ရတယ်လို့ ရေးခဲ့ပါတယ်။ သူ့မိသားစုနဲ့ ဘယ်တော့မှပြန်တွေ့ရမှာ မဟုတ်ဘူးဆိုပြီး ခြိမ်းခြောက်ခံခဲ့ရတယ်လို့လည်း ပြောပြခဲ့ပါတယ်။
အင်္ဂလိပ်လို Office of the Chief of Military Security Affairs လို့ခေါ်တဲ့ စရဖ ဟာ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ရုံးတွေကို တိုးချဲ့ဖွင့်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက စရဖ ရဲ့ အဓိက ခေါင်းဆောင်ဖြစ်ပြီး ဗိုလ်ချုပ်မင်းသူက ဒုတိယ ခေါင်းဆောင်ဖြစ်ပါတယ်။
အင်္ဂလိပ်လို Office of the Chief of Military Security Affairs လို့ခေါ်တဲ့ စရဖ ဟာ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ရုံးတွေကို တိုးချဲ့ဖွင့်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက စရဖ ရဲ့ အဓိက ခေါင်းဆောင်ဖြစ်ပြီး ဗိုလ်ချုပ်မင်းသူက ဒုတိယ ခေါင်းဆောင်ဖြစ်ပါတယ်။
စရဖ ရဲ့အဓိကလုပ်ဆောင်တာတွေကတော့ သူတို့ရဲ့ သတင်းပေးနဲ့ ဒလန် ကွန်ယက်တွေကနေ
၁။ Intelligence gathering ဆိုတဲ့ သတင်းတွေ စုဆောင်းတယ်။ Digital surveillance ဆိုတဲ့ အင်တာနက် နဲ့ Social media အပေါ်မှာ အချိန်ပြည့် စောင့်ကြည့်တယ်။ အခုဆိုရင် ပြည်သူတွေကို ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System -NSIMS) နဲ့သာမက ပြည်သူလူထုရဲ့ ပုဂ္ဂလိက အချက်အလက်တွေကို စုဆောင်း စောင့်ကြည့်မှု နည်းပညာ (Person scrutinising and monitoring system -PSMS) ကိုပါသုံးပြီး ဖမ်းဆီး အရေးယူမှုတွေ လုပ်နေပါပြီ။
၂။ Counter-intelligence ဆိုတဲ့ လျှိုဝှက်စစ်ရေးသတင်းတွေကို မပေါက်ကြားအောင် ကာကွယ်တာ၊ ပြီးတော့ပြည်ပ ထောက်လှမ်းရေးကို တန်ပြန် ထောက်လှမ်းတဲ့စနစ်။
၃။ Internal security ဆိုတဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ ကို အဓိကကိုင်တွယ်တဲ့ ပြည်တွင်း ထောက်လှမ်းရေး။
၄။ Executive protection ကတော့ စစ်ရေးခေါင်းဆောင်တွေကို လုံခြုံရေးယူရတာပါ။
၅ Psychological Warfare လို့ခေါ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး။ ဥပမာပြရမယ်ဆိုရင် ဗိုလ်ခင်ညွန့်ခေတ် ထောက်လှန်းရေးကထုတ်ခဲ့တဲ့ Myanmar Times သတင်းစာထုတ်ပြီး ဝါဒဖြန့်ချိတာ။ စစ်ထောက်လှမ်းရေး အရာရှိ ဗိုလ်မှုးချုပ် သိန်းဆွေနဲ့ သူ့သား ရှယ်ယာပါတဲ့ အဲဒီ ဂျာနယ်ဟာ ပြည်တွင်းအပြင် နိုင်ငံတကာအတွက်ပါ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိမှု ဖြစ်ပြီး မီဒီယာကို မီဒီယာနှင့်တိုက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ခဲ့တာဖြစ်ပါတယ်။
ဒါတွေက ထောက်လှမ်းရေးအဆက်ဆက် လုပ်ခဲ့တဲ့ လုပ်ရပ်တွေပါပဲ။ ဗိုလ်နေဝင်းခေတ်ကနေ အခုထိ ထောက်လှမ်းရေးအဆက်ဆက် ဖမ်းခဲ့ သတ်ခဲ့ နှိပ်စက်ခဲ့တဲ့ လူအရေအတွက်ကတော့ တွက်လို့ မရပါဘူး။
၁၉၈၈ ကနေ ၂၀၁၀ ဝန်းကျင်အထိ ဗိုလ်ခင်ညွန့်နဲ့ သူ့နောက် ထောက်လှမ်းရေးတွေ ဖမ်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း တသောင်းထက်မနဲ ရှိလိမ့်မယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ကခ န့်မှန်းခဲ့ပါတယ်။ အခု ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီနေ့အထိ လူပေါင်း သုံးသောင်းလောက် ဖမ်းဆီးခဲ့ပါတယ်။
၁၉၈၈ ကနေ ၂၀၁၀ ဝန်းကျင်အထိ ဗိုလ်ခင်ညွန့်နဲ့ သူ့နောက် ထောက်လှမ်းရေးတွေ ဖမ်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း တသောင်းထက်မနဲ ရှိလိမ့်မယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ကခ န့်မှန်းခဲ့ပါတယ်။ အခု ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီနေ့အထိ လူပေါင်း သုံးသောင်းလောက် ဖမ်းဆီးခဲ့ပါတယ်။
ပြီးတော့ သူတို့ရဲ့ နိုင်ငံရေးပါတီတွေ၊ အတိုက်အခံတွေ၊ ကျောင်းသားသမဂ္ဂလိုအဖွဲ့တွေကို ရပ်တည်လို့မရအောင် တရားဝင်နည်းနဲ့ရော တရားမဝင်နည်းနဲ့ရော ပြည်တွင်းမှာသာမက ပြည်ပမှာပါ ဖျက်ဆီးခဲ့ပါတယ်။
ထင်ရှားတဲ့ ဥပမာပြောရရင် ထောက်လှန်းရေး ဗိုလ်မှူးချုပ် သိန်းဆွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စစ်သံမှုးဖြစ်တဲ့အချိန် ၁၉၉၀ ကာလတွေတုန်းကဆို သံအမတ်တွေ၊ သူလျှိုတွေနဲ့ ထောက်လှမ်းရေးကွန်ရက် တည်ဆောက်ပြီး ထိုင်းမှာရှိတဲ့ မြန်မာအရေးတက်ကြွ လှုပ်ရှားသူတွေကို စောင့်ကြည့်အရေးယူဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဂျာနယ်လစ် ဘာတေးလစ်တနာ Bertil Lintner က ရေးခဲ့ဖူးပါတယ်။
ဒီလုပ်ရပ်တွေအားလုံးဟာ နိုင်ငံရေးမျိုးဆက်တွေကို စနစ်တကျ သုတ်သင်ရှင်းလင်းမှုပါပဲ။ ဒါဟာ မြန်မာ စစ်အာဏာရှင်တွေရဲ့ နိုင်ငံရေး ဂျီနိုဆိုက် ပေါ်လစီဖြစ်ပြီး ထောက်လှမ်းရေးက ဒါကို တိုက်ရိုက် အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။
ထောက်လှမ်းရေး ငရဲခန်း
ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစခန်းတွေဆိုတာ ငရဲခန်းတွေပါပဲ။ အဲဒီထဲမှာ နာမည်အဆိုးဆုံးကတော့ ရေကြည်အိုင်ဖြစ်ပြီး၊ UG မြေအောက်လှုပ်ရှားမှုတွေနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို ကိုင်တွယ်တဲ့ ထောက်လှမ်းရေး ၆ နဲ့ ၇ လည်း လက်သံပြောင်ပြီး နာမည်ဆိုးပါတယ်။ အသက်ကို ဖက်နဲ့ထုပ်ထားရတယ်လို့ ပြောရင် မမှားပါဘူး။
ကျနော် ကိုယ်တိုင်လည်း ထောက်လှမ်းရေး ၆ နဲ့ ၇ စစ်ကြောရေးတွေမှာ ၁၀ ရက် တိတိ နှိပ်စက်ခံခဲ့ရပါတယ်။ ထောက်လှမ်းရေး နှစ်ခုလုံးမှာ ထမင်းမကျွေး ရေမတိုက်တာတွေရှိသလို လုံးဝပေးမအိပ်ဘဲ ရိုက်နှက်နှိပ်စက်ပြီး စစ်တာတွေပါ ကြုံခဲ့ရပါတယ်။
စစ်ကြောရေးပြီးလို့ တရားခွင်မှာ အမိန်ချတော့လည်း ထောင်ဒဏ်တွေကို တရားသူကြီးတွေက ချမှတ်တာ မဟုတ်ပါဘူး။ ထောက်လှမ်းရေးက ဆုံးဖြတ်ပြီး ရေးထားတဲ့ စီရင်ချက်တွေကို တရားသူကြီးတွေက ဖတ်ပြရုံအဆင့်ပဲ ဖြစ်ပါတယ်။
၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ထောက်လှမ်းရေးဖမ်းဆီးပြီး နှိပ်စက်လို့သေဆုံးတဲ့သူနဲ့ ထောင်ထဲမှာ ဆေးကုသခွင့် သေချာမရလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ၂၀၀ လောက်ရှိပါတယ်။
သေဆုံးသွားတဲ့သူတွေထဲမှာ အထင်ကရဖြစ်တဲ့ နိုင်ငံရေးသမားတွေ၊ အသိပညာရှင် အတက်ပညာရှင်တွေနဲ့ စာရေးဆရာတွေလည်း ပါပါတယ်။ သူတို့ထဲမှာ ထောက်လှမ်းရေးရဲ့ ရေကြည်အိုင် စစ်ကြောရေးမှာ ပထမဆုံး သေဆုံးခဲ့သူကတော့ ရန်ကုန် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်က ဦးမောင်ကိုပါ။ သူ့ကိုဖမ်းပြီး သုံးပတ်အကြာမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ထောက်လှမ်းရေးကတော့ သူ့ကိုယ်သူ သတ်သေတယ်လို့ ပြောပါတယ်။
သေဆုံးသွားတဲ့သူတွေထဲမှာ အထင်ကရဖြစ်တဲ့ နိုင်ငံရေးသမားတွေ၊ အသိပညာရှင် အတက်ပညာရှင်တွေနဲ့ စာရေးဆရာတွေလည်း ပါပါတယ်။ သူတို့ထဲမှာ ထောက်လှမ်းရေးရဲ့ ရေကြည်အိုင် စစ်ကြောရေးမှာ ပထမဆုံး သေဆုံးခဲ့သူကတော့ ရန်ကုန် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်က ဦးမောင်ကိုပါ။ သူ့ကိုဖမ်းပြီး သုံးပတ်အကြာမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ထောက်လှမ်းရေးကတော့ သူ့ကိုယ်သူ သတ်သေတယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ “Letters from Burma” (မြန်မာပြည်က ပေးစာများ) စာအုပ်ထဲမှာ ဦးမောင်ကိုရဲ့ အလောင်းကိုပြန်ရတဲ့အခါမှာ ရိုက်နှက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေတွေ့ရတယ်လို့ သူ့မိသားစုကို ကိုးကားပြီး ရေးခဲ့ပါတယ်။
အဲဒီစာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က “Death in Custody” (ထောင်တွင်း သေဆုံးမှုများ) ဆိုပြီး ဆောင်းပါးတို သုံးပုဒ် ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးတွေထဲမှာ ၁၉၉၁ ဝန်းကျင် ထောင်ထဲမှာ သေဆုံးတဲ့သူတချို့ဖြစ်တဲ့ စာရေးဆရာ မောင်သော်က၊ NLD ပါတီကနေ ရွေးကောက်ပွဲနိုင်ခဲတဲ့ ကိုးကိုးကျွန်း လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးလှသန်း၊ ခရမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း တို့အကြောင်းလဲ ပါပါတယ်။
ဦးတင်မောင်ဝင်းဟာ ရေကြည်အိုင်မှာ တလကြာ စစ်ဆေးခံရပြီး အင်းစိန်ထောင်ကို အပို့ခံခဲ့ရပါတယ်။ ထောင်ထဲရောက်ပြီး လပိုင်းအတွင်းမှာပဲ သေဆုံးခဲ့ပါတယ်။ အာဏာပိုင်တွေက သွေးကင်ဆာနဲ့ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ သူ့စာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးတင်မောင်ဝင်း အဖမ်းမခံရခင်မှာ အဲလိုရောဂါလက္ခဏာမျိုး မရှိခဲ့ဘူးလို့ ဆိုပြီး သူသေဆုံးတာဟာ အာဏာပိုင်တွေရဲ့ ဆေးကုသခွင့် သေချာမပေးတာကြောင့်လို့ ရေးခဲ့ပါတယ်။
ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆေးကုသခွင့်ရဖို့ကို ဆုံးဖြတ်တာဟာ ထောင်အာဏာပိုင်တွေနဲ့ ထောင်ဆရာဝန်တွေ မဟုတ်ပါဘူး။ ထောင်မှာ တာဝန်ကျတဲ့ ထောက်လှမ်းရေးတွေ ဖြစ်ပါတယ်။
သူတို့ရဲ့ ခွင်ပြုချက်မရရင် အပြင်ဆေးရုံနေနေသာသာ ထောင်တွင်းဆေးရုံတောင် တက်ခွင့်မရပါဘူး။ ဒါကြောင့်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မသေဆုံးသင့်ဘဲ သေဆုံးရတာဟာ ထောက်လှမ်းရေးတွေကြောင့် အဓိကဖြစ်တယ်လို့ ပြောရင်မမှားပါဘူး။
ကိုယ်တွေ့အနေနဲ့ဆို ကျနော်အထိန်းသိမ်းခံရတဲ့ အင်းစိန် (သီးသန့်ထောင်) မှာတင် ဆုံးပါးခဲ့တဲ့သူတွေရှိပါတယ်။ ၁၉၉၄ မှာဆုံးပါးခဲ့တဲ့ ဦးထွန်းစိန်။ သူက ဗိုလ်ချုပ်နေဝင်းရဲ့ မဆလခေတ်မှာ နိုင်ငံရေးသမားအနေနဲ့ ကိုကိုးကျွန်းမှာ ကျွန်းကျခဲ့တဲ့အတွက် ကျနော်တို့က သူ့ကို ကျွန်းပြန်ကြီး ဦးထွန်းစိန် လို့ခေါ်ပါတယ်။
နောက်တယောက်က ပြည်မြို့ ပြည်သူ့တိုးတက်ရေးပါတီက ဦးကင်းစိန်။ သူလည်း သီးသန့်ထောင်မှာ နာမကျန်းတာ ကြာနေပြီး သေလုမျောပါးအချိန်ကျမှ အပြင်ဆေးရုံကို အပို့ခံရပြီး ရက်ပိုင်းအတွင်း ဆုံးပါးခဲ့ပါတယ်။ မသေခင်လေးမှာပဲ ထောက်လှမ်းရေးတွေရောက်လာပြီး သူ့ကို လွှတ်ပေးခဲ့ပါတယ်။
ကျနော် သာယာဝတီထောင်ကို ရွှေ့ပြောင်းခံရပြီး နောက်ပိုင်းမှာလည်း ပြည်မြို့က တက္ကသိုလ်ကျောင်းသား ကိုညွန့်ဇော်လည်း အသည်းရောဂါနဲ့ သေဆုံးခဲ့သလို ကိုစည်သူလည်း သာယာဝတီထောင်မှာပဲ ဆုံးခဲ့ပါတယ်။ နောက်တဦးကတော့ ၁၉၉၈ သာယာဝတီထောင်ထဲ အကျဉ်းသားအခွင့်အရေးအတွက် အစာငတ်ခံဆန္ဒပြတဲ့အတွက် အာဏာပိုင်တွေရဲ့ နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကိုအောင်ကျော်မိုး ဖြစ်ပါတယ်။
သူတို့အကြောင်းကို ကျနော့်စာအုပ်မှာ “အကျဉ်းထောင်မှ သုဿာန်သို့” နဲ့ “HS သို့မဟုတ် သေမင်းနဲ့ စစ်ခင်းသည့် တိုက်ပွဲ” ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ရေးခဲ့ပါတယ်။ ဒီသေဆုံးမှုတွေဟာ ထောက်လှမ်းရေးရဲ့ စနစ်တကျ နှိပ်စက်မှုတွေထဲက တချို့သာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကင်ဆာရောဂါခံစားနေတဲ့ ဒေါက်တာ ဇော်မြင့်မောင်၊ NLD လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ ဒါရိုက်တာ ဖေမောင်စိမ်း တို့လည်း ဆေးကုသခွင့်သေချာမရဘဲ ဆုံးခါနီးမှ ထောင်ကနေ လွှတ်ပေးခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကင်ဆာရောဂါခံစားနေတဲ့ ဒေါက်တာ ဇော်မြင့်မောင်၊ NLD လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ ဒါရိုက်တာ ဖေမောင်စိမ်း တို့လည်း ဆေးကုသခွင့်သေချာမရဘဲ ဆုံးခါနီးမှ ထောင်ကနေ လွှတ်ပေးခံခဲ့ရပါတယ်။
ဒါရိုက်တာ ဖေမောင်စိမ်း ဆို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ချိန်မှာ နံရိုးကျိုးတဲ့အထိ နှိပ်စက်ခံခဲ့ရပြီး စစ်ကြောရေးက ဒဏ်ရာတွေကြောင့်ပဲ အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးဆိုးရွားခဲ့ပြီး မနှစ်က လွတ်ရက်စေ့လို့ ထောင်က လွတ်ပြီး ၃ ရက်အကြာ မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကတော့ ထောက်လှမ်းရေးရဲ့ ထောင်ထဲမှာ မျှင်းသတ်တဲ့ ရက်စက်ပုံရက်စက်နည်းပါပဲ။ ဒါက စစ်ကောင်စီရဲ့ ပေါ်လစီကို ထောက်လှမ်းရေးက အကောင်အထည်ဖော်ပေးရတာ ဖြစ်ပါတယ်။
၂၀၂၁ နောက်ပိုင်းမှာတော့ စစ်ထောက်လှမ်းရေးက အရင်တုန်းကထက် ပိုဆိုးလာတယ်လို့ ထောင်ကလွတ်လာတော့ နိုင်ကျဉ်းဟောင်းတွေကရော၊ AAPP အဖွဲ့ ကပါ ဆိုပါတယ်။
တဖက်မှာလည်း စစ်အုပ်စုဟာ ဗိုလ်မှုးချုပ် သိန်းဆွေတို့လို ထောက်လှမ်းရေးအဟောင်းတွေကို ပြန်သုံးနေပါတယ်။ မင်းအောင်လှိုင် တရုတ်ကို မသွားခင် မနှစ်ကဆို ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးချုပ်သိန်းဆွေနဲ့ ဗိုလ်မှူးကြီးလှမင်း တို့ကို Paragon Institute အနေနဲ့ တရုတ်ကို ကြိုလွှတ်ပြီး တရုတ်က ပညာရှင်အဖွဲ့တွေနဲ့ ကြိုတွေ့ခိုင်းပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် မတိုင်ခင်မှာလည်း သူတို့တွေရှေ့ပြေးအနေနဲ့ တရုတ်ကို သွားခဲ့ပါတယ်။
သင်ပုန်းချေမှာလား၊ လက်စားချေမှာလား
၂၀၁၃ မှာ ဆရာဦးဝင်းတင်နဲ့ ကျနော် Dateline Irrawaddy အစီအစဉ်မှာ သူက ထောက်လှမ်းရေးတွေက သူတို့ဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ အပါအဝင် ပြည်သူတွေအားလုံးကို တောင်းပန်ရမယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါတောင် ၂၀၂၁ နောက်ပိုင်း စစ်ကောင်စီနဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ ပိုဆိုးတဲ့ ရက်စက်မှုတွေကို ဆရာဦးဝင်းတင် မသိရှိခဲ့ရပါဘူး။
တကယ်တော့ စစ်ဗိုလ်ချုပ်တွေနဲ့ ထောက်လှမ်းရေးတွေ အားလုံးဟာ ရာဇဝတ်သားတွေပါ။ ၂၀၁၅ ခုနှစ်မှာ “Criminals at Large” (လွတ်မြောက်နေဆဲ ရာဇဝတ်သားများ) ဆိုတဲ့ခေါင်းစဉ်နဲ့ ဗိုလ်ခင်ညွန့်အပါအဝင် ထောက်လှမ်းရေးတွေအကြောင်းကို ကျနော်ရေးဖြစ်ခဲ့ပါတယ်။

အခုထိလည်း သူတို့တွေ လွတ်မြောက်နေဆဲပါပဲ။ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တဲ့ (ကျူးလွန်နေဆဲဖြစ်တဲ့) ရာဇဝတ်မှုမျိုးစုံအတွက် သူတို့တွေ တရားရင်မဆိုင်ရသေးပါဘူး။ ဆရာဦးဝင်းတင် ပြောသလို တောင်းပန်ရုံနဲ့ မရတော့ပါဘူး။ အကြောင်းကတော့ သူတို့ဟာ သူတို့အမှား မသိသလို၊ ဒါမှမဟုတ် သိရက်နဲ့ ထပ်ခါထပ်ခါ ကျူးလွန်ခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။
“သင်ပုန်းချေမလား၊ လက်စားချေမလား” ဆိုတဲ့နေရာမှာ သင်ပုန်းချေစရာ အကြောင်းမရှိပါဘူး။ တကယ်ခံခဲ့ရတဲ့ ပြည်သူတွေကတော့ လက်စားချေဖို့တောင် ဆန္ဒရှိမှာ သေချာပါတယ်။
သူတို့ရဲ့ အမှားကို မတောင်းပန်ပဲ ဗိုလ်ခင်ညွန့်တို့လို ဆက်ခါဆက်ခါ မှားနေတဲ့ သူတွေအတွက် လက်စားချေတာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုရင် အမှန်တရားကိုဖော်ထုတ်ပြီး နောက်တခါ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဒီလိုအမှားတွေ ထပ်မမှားဖို့အတွက် တရားစီရင်ဖို့ လိုပါလိမ့်မယ်။
သူတို့ရဲ့ အမှားကို မတောင်းပန်ပဲ ဗိုလ်ခင်ညွန့်တို့လို ဆက်ခါဆက်ခါ မှားနေတဲ့ သူတွေအတွက် လက်စားချေတာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုရင် အမှန်တရားကိုဖော်ထုတ်ပြီး နောက်တခါ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဒီလိုအမှားတွေ ထပ်မမှားဖို့အတွက် တရားစီရင်ဖို့ လိုပါလိမ့်မယ်။
မှန်ကန်တဲ့ တရားစီရင်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေရှိမှပဲ ဒဏ်ရာတွေရခဲ့တဲ့ လူ့အဖွဲ့အစည်းနဲ့ တိုင်းပြည်ကို ပြန်လည်ကုစားနိုင်မှာပါ။ အနာဂတ်မှာ အမှန်တရားနဲ့ တရားမျှတရေး ကော်မရှင်ဆိုတာ ကျနော်တို့ တိုင်းပြည်မှာ လိုပါလိမ့်မယ်။ အဲဒီနေ့ကလည်း ရောက်ကို ရောက်လာရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ဒီ ထောက်လှမ်းရေး (MI) တွေနဲ့ သူတို့ရဲ့ ဒလန်တွေဟာ တိုင်းပြည်ထဲမှာတင်မဟုတ်ဘဲ အိမ်နီးနားချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာ စစ်ကော်မရှင်ကို အလုပ်လုပ်ပေးနေကြတာမို့ သတိထားကြဖို့ လိုပါတယ်။ သူတို့အရေခြုံထားတာကလည်း မျိုးစုံဖြစ်နိုင်ပါတယ်။ Think tank၊ ပညာရှင်၊ လေ့လာသူ၊ ဂျာနယ်လစ်၊ စီးပွားရေးသမား၊ တက်ကြွလှုပ်ရှားသူတွေထဲမှာလည်း ပါနိုင်ပါတယ်။ အန္တရာယ်ကို သတိရှိကြပါ။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းဌာန အမှုဆောင်အယ်ဒီတာ ဖြစ်ပြီး သူ၏ MI: Myanmar Dictators’ Most Ruthless Pillar ကို ဘာသာပြန်သည်။)
Watch this story on The Irrawaddy’s Opinion Talk Part 1 and Part 2.
You may also like these stories:
အာဏာရှင်တွေရဲ့ အဓိက ဒေါက်တိုင် MI
ပေါက်ဖော်ဝင်ဖျက်တဲ့ မြန်မာ့တော်လှန်ရေး
စစ်ဗိုလ်ချုပ်တွေ မချေမှုန်းနိုင်တဲ့ သူ














