• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဏ္ဏားကျွန်းဘက် စစ်တပ်က ခံစစ်အခိုင်အမာပြင်

by လင်းသစ်
20 October 2025
in သတင်း
A A
ပုဏ္ဏားကျွန်းဘက် စစ်တပ်က ခံစစ်အခိုင်အမာပြင်

ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို သိမ်းပိုက်အပြီးတွေ့ရသည့် AA တပ်ဖွဲ့ဝင်တချို့/ AA Info Desk

4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေကို ကာကွယ်ရန် စစ်တပ်က ၂၂ မိုင်ခန့်ဝေးသည့် ပုဏ္ဏားကျွန်း မြို့နယ်ဘက် စစ်ကြောင်းထိုးပြီး ကွမ်းတောင်နှင့် အမြင့်ကျွန်းရွာများအနီး ခံစစ်စည်းများ အသေအချာ ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

“မင်းချောင်းတံတားကို ပြင်တယ်။ ပြီးရင် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကွမ်းတောင်ရွာဘက်ကို ဆင်းလာတာ။ ဘန်ကာ အကြီးတွေ သုံးလေးဆင့်တောင် လုပ်ထားတယ်။ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တောက်လျောက်ပစ်ပြီးတော့ ချဲ့လာတာ။ အေအေဘက်ကလည်း အဲဒီနားကနေ နည်းနည်းပြန်ဆုတ်ပေးရတဲ့ အခြေအနေဖြစ်နေတယ်” ဟု စစ်ရေးနှင့်နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်တဦးက ဧရာဝတီကို ပြောသည်။

အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းပိတ်ဆို့ခံထားရသည့် စစ်ကော်မရှင်တပ်သည် စစ်တွေမြို့ပတ်လည် ပုဏ္ဏား ကျွန်းမြို့နယ်နှင့် အနီးစပ်ဆုံးနေရာများတွင် ရှေ့တန်းကာကင်းစခန်းကြီးများ အခိုင်အမာတည်ဆောက်၍ အင်အားဖြည့်နေခဲ့ ရာမှ ယခုအခါ ပုဏ္ဏားကျွန်းနှင့် စစ်တွေအစပ် မင်းချောင်း (အမြင့်ကျွန်း)တံတားပေါ်နှင့် တံတားအောက် ပုဏ္ဏားကျွန်းမြို့နယ် ဘက်ခြမ်းသို့ပါ ထိုးစစ်ဆင်ပြီး ကာကင်းများတိုးချလာခြင်း ဖြစ်သည်။

စစ်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန် ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီ လဆန်းကတည်းက ပုဏ္ဏားကျွန်းမှ စစ်တွေမြို့သို့လာရာ ကားလမ်းမပေါ်ရှိ မင်းချောင်းတံတားကို ချိုးဖျက်ခဲ့ပြီး ယခုအခါ ပြန်လည်ပြုပြင်ခြင်း ဖြစ်သည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
12
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
490
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
40

အထက်ပါသတင်းရင်းမြစ်က “ဒီလမ်းကနေဝင်ပြီး စစ်တွေတပ်ရင်းတွေကို လာတိုက်မှာစိုးလို့ ချိုးထားတာ။ အခုတော့ တံတားကို ပြန်လုပ်တယ်၊ ကာကင်းကြီးတွေ ဆောက်တယ်။ စစ်တွေကို အလွယ်တကူဝင်လို့မရအောင် ရှေ့ထွက်ကာကင်း ကြီး တိုးဆောက်မယ်ပေါ့။ စစ်တွေကိုကာဖို့ ခံတပ်လုပ်တဲ့သဘောလို့ပဲ ထင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ် သုံးခုကိုသာ ထိန်းချုပ်နိုင်တော့သည့် စစ်ကော်မရှင်သည် ကျောက်ဖြူမြို့နယ်ရှိ တပ်စခန်းများ ဆက်တိုက်လက်လွှတ်ခဲ့ရချိန် ယခုနှစ်ဇူလိုင်လကတည်းက စစ်တွေမြို့နယ်မှ ရှေ့တန်း ကာကင်းစခန်းများဖြစ်သော ဇော်မတက်၊ ကန့်ကော်ကျွန်း၊ သုံးဆောင်ရွာနှင့် ပါဒလိတ်၊ အမြင့်ကျွန်းတပ်ရင်းများသို့ အင်အား လက်နက်ဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ် မတ်လကတည်းက AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ပါ မင်းချောင်းတံတား မှတဆင့် နယ်မြေချဲ့ ထိုးစစ်ဆင်ရန် ကြိုးစားလာကာ လက်နက်ကြီး၊ ဒရုန်းများနှင့်လည်း နေ့စဉ်ရက်ဆက် ပစ်ခတ်မှုများရှိနေ ကြောင်း ဒေသခံများက ဆိုသည်။

စစ်တွေနှင့် ပုဏ္ဏားကျွန်းဒေသပြ မြေပုံ (ဧရာဝတီ)

“လက်နက်ကြီးကတော့ နေ့တိုင်းပစ်နေကြတာပဲ၊ အပြန်အလှန်ပစ်တယ်၊ ထိတွေ့တိုက်ပွဲတွေလည်း ရံဖန်ရံခါ ဖြစ်နေတာ တလနီးပါးရှိပြီ။ အဓိကတော့ ပုဏ္ဏားကျွန်းအစပ်တွေမှာ ဖြစ်ကြတာ” ဟု AA နှင့် နီးစပ်သည့် နောက်ထပ် သတင်းရင်းမြစ် တဦးက ပြောသည်။

AA နှင့် စစ်ကော်မရှင်တပ်တို့သည် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်၊ ကံကော်ကျွန်းအနီးဝန်းကျင်နှင့် ပါဒလိတ်တပ်ရင်း များအနီးဝန်းကျင်တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်လေ့ရှိကြောင်း၊ ပြင်းပြင်းထန်ထန် ဖြစ်ခြင်းမျိုးမဟုတ်ဘဲ နေ့စဉ် လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခြင်းမျိုးဖြစ်ကြောင်း စစ်တွေ ဒေသခံတဦးက ပြောသည်။

အောက်တိုဘာ ၁၅ ရက် AA ထုတ်ပြန်ချက်တွင်လည်း စစ်တွေမြို့အနီးဝန်းကျင်၌ လက်နက်ကြီး၊ ဒရုန်း အပြန်အလှန်တိုက် ခိုက်မှုများ ပိုမိုပြင်းထန်နေကြောင်း ဆိုထားသည်။

စစ်ကော်မရှင်တပ်သည် AA တပ်ဖွဲ့ဝင်များရှိမည်ဟု ယူဆသည့်နေရာများဆီ လက်နက်ကြီး၊ ဒရုန်းများနှင့် ပစ်ခတ်မှုများ ရှိနေသလို အရပ်သားများနေထိုင်ရာ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာများသို့ပါ လက်နက်ကြီးပစ်ခတ်လျက် ရှိရာ အရပ်သား ထိခိုက်၊ သေဆုံးမှုများ ရှိနေသည်။

“လက်နက်ကြီးသံ မကြားရတဲ့နေ့မရှိဘူး။ ဒီနေ့လည်း ပေါက်တောဘက်ကို သုံးလေးလုံးကျတယ်။ ဘယ်ရွာမှာကျလဲ ဆိုတာတော့ မသိရသေးဘူး” ဟု စစ်တွေမြို့နယ်နှင့် ထိစပ်နေသည့် ပေါက်တောမြို့နယ်မှ ဒေသခံအမျိုးသားတဦးက ပြောသည်။

စစ်တွေမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသလို စစ်တွေမြို့တွင်း၌လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP)တပ်ဖွဲ့ဝင်များက နေအိမ်များကို ဝင်ရောက်စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း မြို့ခံများက ပြောသည်။

စစ်တပ်သည် စစ်တွေမြို့အနီးပတ်လည် ကျေးရွာပေါင်းနှစ်ဆယ်ခန့်မှ အရပ်သားများကို မြို့ထဲအတင်းအကျပ်နှင်ထုတ်၍ အဝင်အထွက်ပိတ်ထားပြီး လူသားတံတိုင်းလုပ်ထားသဖြင့် စစ်တွေမြို့တွင်း ပိတ်မိနေသူများမှာ စားဝတ်နေရေး အကျပ် အတည်းဖြစ်နေကြောင်း သိရသည်။

စစ်တွေမြို့တွင် စစ်ကော်မရှင်က ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ထားပြီး ဒေသစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (ဒကစ စစ်တွေ) လည်း အထိုင်ချထားသည်။ ထို့ပြင် အမ်းမှ တပ်ဆုတ်ပြေးလာရသည့် လက်ကျန်တပ်သားများနှင့်စုဖွဲ့ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း စစ်တွေ၌ အထိုင်ချထားပြီး ရေတပ်ဌာနချုပ်၊ လက်ရုံးတပ်များ အပါအဝင် အခြေစိုက်တပ်ရင်း တဆယ်ကျော် ရှိနေသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် ရခိုင် ဒေသတခုလုံးကို အပြီးသတ်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း မကြာခဏ အသိပေးထုတ်ပြန်လျက်ရှိသည်။

You may also like these stories:

နတ်ရေကန် ဗျူဟာစခန်းအားလုံးနီးပါး AA သိမ်းပိုက်

အမ်း- ပဒါန်းလမ်းပေါ်မှ ဂုတ်ကြီးစခန်း AA သိမ်း

စစ်မျက်နှာ ၄ ခုမှာ တန်ပြန်ထိုးစစ် ဆင်နေတယ်လို့ AA ပြော (ရုပ်/သံ)

Your Thoughts …
Tags: AAစစ်ကော်မရှင်စစ်တွေပုဏ္ဏားကျွန်း
လင်းသစ်

လင်းသစ်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ဂုဏ်ယူစရာမရှိသော NCA ဆယ်နှစ်ပြည့်

ဂုဏ်ယူစရာမရှိသော NCA ဆယ်နှစ်ပြည့်

KK Park ကို စစ်ကော်မရှင် ဟန်ပြဝင်စီး

KK Park ကို စစ်ကော်မရှင် ဟန်ပြဝင်စီး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved