မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောမြို့နယ်ထဲမှာ မွတ်ဆလင်လက်နက်ကိုင်တပ်တွေရဲ့ စိမ့်ဝင် တိုက်ခိုက်မှုကို တန်ပြန်ချေမှုန်းရေး လုပ်နေတဲ့ အာရက္ခတပ်တော် (AA) ဟာ ပြည်တွင်း စစ်မျက်နှာ ၄ ခုမှာလည်း အာဏာသိမ်း စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ နေရာတွေ အပါအဝင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း စစ်မျက်နှာတွေမှာ အာဏာသိမ်း စစ်တပ်ကို တန်ပြန်ထိုးစစ်တွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA က အောက်တိုဘာ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံတဝန်း ဆုံးရှုံးသွားတဲ့ တပ်ရင်း၊ တပ်မ၊ စစ်တိုင်းစစ်ဌာနချုပ်တွေ အပါအဝင် စစ်ရေး၊ နိုင်ငံရေး အရ မဟာဗျူဟာကျတဲ့နေရာတွေကို ပြန်လည်း စိုးမိုးနိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်လာမှုအပေါ် AA အနေနဲ့ ကြံ့ကြံ့ခံပြီး တန်ပြန်ထိုးစစ်တွေကို ဆင်နွှဲနေတာဖြစ်တယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်မျက်နှာ #မကွေး #ရခိုင်#ပဲခူး #AA #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













