မြန်မာကျောင်းသူတဦး ကွန်ကရစ်ဗုံးခိုကျင်းအတွင်း စာသင်ခန်းသို့ မဆင်းသက်မီ မေတ္တာပို့ပြီး သူ၏ဆုတောင်း မပြည့်မည်ကို သိသော်လည်း လူမှုအသိုက်အဝန်း ဘေးကင်းလုံခြုံရေးအတွက် ဆုတောင်းသည်။
“ဂျက်တိုက်လေယာဉ်တွေ မလာပါစေနဲ့။ လေယာဉ်မှူးက ကျမတို့ကို မေတ္တာထားပါစေ။ ဗုံးက မပေါက်ကွဲဘဲ နေပါစေ” ဟု အသက် ၁၈ နှစ်အရွယ် မဖြိုးဖြိုးက ပြောပြီး သူ၏ဖွင့်မပြောသော ဆုတောင်းများကိုလည်း ပြောပြသည်။
မျက်မြင်သက်သေများ၏ အဆိုအရ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးရှိ စာသင်ကျောင်းတကျောင်း လုံးဝပျက်စီးပြီး ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမ အနည်းဆုံး ၂၀ သေဆုံးပြီးနောက် သူသည် မြေအောက်တွင် တည်ဆောက်ထားသည့် ကျောင်းတွင် ကျောင်းသူ ကျောင်းသား တဒါဇင်ခန့်နှင့်အတူ တက်ရောက်ပညာသင်ကြားနေသည်။
“ကျမတို့ကျောင်းက လွတ်လပ်ပြီး ပျော်စရာ ကောင်းခဲ့ဖူးတယ်” ဟု လုံခြုံရေးအရ အမည်ပြောင်းထားသူ မဖြိုးဖြိုးက ပြောသည်။
“ဗုံးစကြဲ ကတည်းက ကျမတို့ မပျော်တော့ဘူး။ ကျောင်းသားတွေ တိတ်သွားတယ်” ဟု သူကပြောသည်။
စစ်တပ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာပြီးနောက် တနှစ်ပြီးတနှစ် လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာပြီး လေကြောင်းတိုက်ခိုက်မှုများသည် ဝိုင်းပတ်ပိတ်ဆို့ခံနေရသည့် ၎င်း၏ တပ်များကို တိုက်ခိုက်နေသည့် ပြောက်ကျားများကို တုံ့ပြန်မှုဖြစ်သည်။
စစ်တပ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာပြီးနောက် တနှစ်ပြီးတနှစ် လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာပြီး လေကြောင်းတိုက်ခိုက်မှုများသည် ဝိုင်းပတ်ပိတ်ဆို့ခံနေရသည့် ၎င်း၏ တပ်များကို တိုက်ခိုက်နေသည့် ပြောက်ကျားများကို တုံ့ပြန်မှုဖြစ်သည်။
မေလမှ စက်တင်ဘာလအထိ မုတ်သုန်ရာသီ ရေလွှမ်းမိုးမှုများနှင့် လေပြင်းများသည် ထုံးစံအားဖြင့် လေကြောင်းတိုက်ခိုက်မှု သက်သာသောကာလ ဖြစ်သည်။
သို့သော် ယခုနှစ် မိုးရာသီအတွင်း အချက်အလက်အချို့အရ စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှု ၁,၀၀၀ ကျော် ပြုလုပ်ပြီး လူ ၈၀၀ ကျော် သေဆုံးစေကြောင်း အကြမ်းဖက်မှု မီဒီယာသတင်းများကို မှတ်တမ်းတင်နေသည့် လက်နက်ကိုင် ပဋိပက္ခတည်နေရာနှင့်ဖြစ်ရပ် အချက်အလက် (ACLED) အဖွဲ့က ပြောသည်။
မြန်မာစစ်တပ်ပြောခွင့်ရသူကို မှတ်ချက်တောင်းနိုင်ခြင်း မရှိပေ။
စစ်အုပ်စုသည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ နယ်မြေများကို ပြန်လည် သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည်။
တော်လှန်ရေးအင်အားစုများက ၎င်းတို့ဒေသများတွင် ရွေးကောက်ပွဲများကို ပိတ်ပင်ရန် ကတိပြုထားပြီး ထိုရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေး အသက်ဆက်စေရန် နည်းပရိယာယ်တခု ဖြစ်သည်ဟု သုတေသီတဦးက ပြောသည်။
မန္တလေးမြို့မှ ကီလိုမီတာ ၁၁၀ ခန့်အကွာ စစ်ကောင်စီဂျက်လေယာဉ်များက ကောင်းကင်တွင် ပိုက်စိပ်တိုက် ရှာဖွေနေသည့် တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသတွင် မဖြိုးဖြိုးနှင့် အတန်းဖော်များသည် မှောင်သော်လည်း အများအားဖြင့် ဘေးကင်းလုံခြုံမှုဖြင့် ပညာသင်ယူနေသည်။
မန္တလေးမြို့မှ ကီလိုမီတာ ၁၁၀ ခန့်အကွာ စစ်ကောင်စီဂျက်လေယာဉ်များက ကောင်းကင်တွင် ပိုက်စိပ်တိုက် ရှာဖွေနေသည့် တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသတွင် မဖြိုးဖြိုးနှင့် အတန်းဖော်များသည် မှောင်သော်လည်း အများအားဖြင့် ဘေးကင်းလုံခြုံမှုဖြင့် ပညာသင်ယူနေသည်။
ထိုစာသင်ခန်းကို အလှူငွေများဖြင့် တောအတွင်း တည်ဆောက်ထားပြီး ခက်ခဲကြမ်းတမ်းသော ထောင်တိုက်ခန်းနှင့် တူသည်။
“ဘာအခက်အခဲပဲရှိရှိ ကျမတို့ ပညာလိုချင်တယ်” ဟု မဖြိုးဖြိုးက ပြောသည်။
လေကြောင်း အားသာချက်
သူ အနှစ်သက်ဆုံး ဘာသာရပ်ဖြစ်သည် မြန်မာစာပေကို လေ့လာရန် ဦးခေါင်းကို ငုံ့လိုက်ပြီး ဆယ်ကျော်သက် မဖြိုးဖြိုးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က ဖြုတ်ချလိုက်သည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပိုစတာက ငုံ့ကြည့်နေသကဲ့သို့ဖြစ်သည်။
ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများသည် ပြောက်ကျားတပ်ဖွဲ့များ ဖွဲ့စည်းကြပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် စစ်တပ်ကို တိုက်ပွဲဝင်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဘုံရပ်တည်ချက် တွေ့ရှိကြသည်။
၎င်းတို့၏ ပြန့်ကျဲနေသော အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှ စတင်သည့် ပူးပေါင်းထိုးစစ် မတိုင်မီအထိ တိုးတက်မှု အနည်းငယ်သာရရှိသည်။
လေတပ်မရှိသလို လေကြောင်းကာကွယ်ရေးလည်း မရှိသော တော်လှန်ရေးအင်အားစုများကို ထွက်ပြေးရသော စစ်တပ်သည် တရုတ်နှင့် ရုရှားလုပ် ဂျက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်တင်သည်။
“သူတို့ လေကြောင်းတိုက်ခိုက်မှုလုပ်ရတဲ့ အကြောင်းရင်းက ကျနော်တို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက သူတို့ကို ဖြုတ်ချနိုင်တယ်လို့ သူတို့ထင်လို့ပဲ” ဟု စစ်ကိုင်းတိုင်းမြောက်ပိုင်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ တပ်ဖွဲ့ဝင်တဦးဖြစ်သူ ကိုဇော်ထွန်းက ပြောသည်။
“မြေပြင်စစ်ပွဲမှာ အနိုင်မရနိုင်ပေမဲ့ သူတို့မှာ ကျနော်တို့ကို လေကြောင်းက တိုက်နိုင်တဲ့စွမ်းအားရှိတယ်” ဟု သူကပြောသည်။
ကလေးငယ်များ၊ သံဃာတော်များနှင့် တခါတရံ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူများ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းများတွင် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေသည့် ဗုံးကြဲတိုက်ခိုက်မှုများတွင် အရပ်သားများ သတ်ဖြတ်မခံရသည့် ရက်သတ္တပတ်ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။
ကလေးငယ်များ၊ သံဃာတော်များနှင့် တခါတရံ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူများ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းများတွင် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေသည့် ဗုံးကြဲတိုက်ခိုက်မှုများတွင် အရပ်သားများ သတ်ဖြတ်မခံရသည့် ရက်သတ္တပတ်ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။
“အကြောက်တရားဖန်တီးချင်လို့ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လူအုပ်တွေကို ပစ်မှတ်ထားတယ်” ဟု ACLED မ သုတေသီ မဆုမွန်သန့်က ပြောသည်။
“ပြည်သူတွေ သူတို့ဘဝတွေမှာ ပိုမိုမရေမရာဖြစ်ပြီး မျှော်လင့်ချက် ကင်းမဲ့တဲ့အခါ တော်လှန်ရေးကို မထောက်ခံချင်တော့ဘူး” ဟု သူက ရှင်းပြသည်။
လေကြောင်းအားသာချက်ကြောင့် စစ်တပ်သည် အရှုံးကို ကာလတခုအထိ တားဆီးနိုင်သော်လည်း အောင်ပွဲရရန် မလုံလောက်ဘဲ ရှေ့တန်းစစ်မျက်နှာသည် အပြောင်းအလဲမရှိ ထိခိုက်သေဆုံးမှု မြင့်မားသည့် အကျပ်အတည်းကို ဖန်တီးကြောင်း မဆုမွန်သန့်က ပြောသည်။
မြန်မာစစ်ပွဲကြောင့် တရားဝင်သေဆုံးမှုစာရင်း မရှိဘဲ ခန့်မှန်းချက်များသည် ကျယ်ကျယ်ပြန့်ပြန့် ကွဲလွဲသည့်တိုင် ဘက်အားလုံးမှ လူ ၈၅,၀၀၀ ကျော် သေဆုံးသည်ဟု ACLED က ဖော်ပြသည်။
ထိုသေဆုံးသူများအနက် ၃,၄၀၀ နီးပါးသည် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုများတွင် စစ်အုပ်စုက သတ်ဖြတ်ခံရသည့် အရပ်သားများဖြစ်သည်။
အမှောင်ထုကို အကာအကွယ်ယူ
စစ်အုပ်စုမီဒီယာက အရပ်သားထိခိုက်သေဆုံးမှုများသည် မသမာသူများက ဖြန့်ချိသည့် သတင်းမှားများဟု ဖော်ပြခဲ့သည်။
သို့သော် စပါးခင်းများအား ဖြတ်သန်းပြီး ဓာတ်မီးနှင့် ၎င်းတို့၏ စပါးသီးနှံများကို စောင့်ရှောက်ရသည် စစ်ကိုင်းတိုင်းမှ လယ်သမားများအတွက် ထိုခြိမ်းခြောက်မှုသည် အစစ်အမှန်ဖြစ်သည်။
“နေ့ဘက်မှာ ပုန်းနေဖို့ အာရုံစိုက်နေရလို့ ညဘက်မှာ ကျနော်တို့ ကောက်စိုက်ကြတယ်” ဟု အမည်မဖော်လိုသော လယ်သမားတဦးက ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် နေ့ဘက်၌ တော်လှန်ရေးအင်အားစုများသည် ကောင်းကင်ကို စောင့်ကြည့်ထောက်လှမ်းနေရပြီး စစ်တပ် ဂျက်တိုက်လေယာဉ်များ၏ နောက်ဆုံးတည်နေရာကို အသံလိုင်းမကောင်းသည့် လမ်းလျှောက်စကားပြောစက်များဖြင့် ထပ်ဆင့်ပို့နေရသည်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် နေ့ဘက်၌ တော်လှန်ရေးအင်အားစုများသည် ကောင်းကင်ကို စောင့်ကြည့်ထောက်လှမ်းနေရပြီး စစ်တပ် ဂျက်တိုက်လေယာဉ်များ၏ နောက်ဆုံးတည်နေရာကို အသံလိုင်းမကောင်းသည့် လမ်းလျှောက်စကားပြောစက်များဖြင့် ထပ်ဆင့်ပို့နေရသည်။
ကိုသွက်လက်သည် ၈ ကီလိုမီတာအဝေးအထိ ကြားနိုင်သည့် စပီကာစနစ်တွင် တပ်ဆင်ထားသည့် ပန်းရောင်နှင့်ရွှေရောင် မိုက်ခရိုဖုန်းဖြင့် တနေ့လျှင် ၁၅ ကြိမ်အထိ နေ့စဉ် အချက်ပေးခရာမှုတ်ရပြီး ဒေသခံများကို ဗုံးခိုကျင်းများသို့ ထွက်ပြေးခိုင်းရသည်။
“လူတယောက်ရဲ့အသက်ကို ကယ်နိုင်တိုင်း ကျနော်လုပ်နေတာ တန်ဖိုးရှိတယ်လို့ ခံစားရတယ်” ဟု သူ၏ မကြာသေးမီက ၁၉ နာရီ ဂျူတီအဆိုင်းအတွင်း ပြောသည်။
သို့သော် ဗုံးခိုကျင်းများနှင့် မြေအောက် စာသင်ကျောင်းများသည် ထိုနေရာများတွင် နေထိုင်သူများကို စိတ်ဒဏ်ရာများမှ ကာကွယ်မပေးနိုင်ပေ။
“ဘယ်လောက် စိုးရိမ်ပူပန်ရတယ်ဆိုတာ ပြောစရာစကားတောင် ရှာမတွေ့ဘူး” ဟု အသက် ၆၇ နှစ်အရွယ် ဒေါ်ခင်တင့်က ပြောသည်။
“တခါတခါ ကျမသေသွားပြီလို့ထင်ပေမဲ့ နှလုံးက ခုန်နေတုန်းပဲ” ဟု သူကပြောသည်။
(AFP သတင်း Myanmar Junta Airstrikes Force Youth Into Bunker Schools ကို ဘာသာပြန်သည်။)
You may also like these stories:
ကလေးငယ်များအား သတ်ဖြတ်ရန် စာသင်ကျောင်းများပေါ် စစ်တပ် ဗုံးကြဲနေသည်
ကောလင်း လေကြောင်းတိုက်ခိုက်မှု စာသင်ကျောင်းနှင့်အိမ်များ ပျက်စီး
မျက်မြင်သက်သေတွေ ပြောတဲ့ ဒေါဆီးအီ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု
ရခိုင်စာသင်ကျောင်း ဗုံးကြဲသတ်ဖြတ်မှု နိုင်ငံတကာ ရှုတ်ချ
စစ်တပ်က စာသင်ကျောင်းများကို တိုက်ခိုက်မှု များပြားလာ
လေကြောင်းရန်အောက်က စာသင်ကျောင်း (ရုပ်/သံ)













