တနိုင်ငံလုံးတွင် ပြည်တွင်းစစ် ဖြစ်ပွားနေစဉ် စစ်အုပ်စုသည် ၎င်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဆယ်နှစ်ပြည့် အခမ်းအနား ပြုလုပ်သည်။
သို့သော် ယနေ့အပစ်အခတ်ရပ်စဲရေးသည် စာရွက်ပေါ်တွင်သာ ရှိသည်။
ထိုစာချုပ်လက်မှတ်ရေးထိုးသည့် အဖွဲ့ ဆယ်ဖွဲ့တွင် ၆ ဖွဲ့သည် ယခုအခါ စစ်အုပ်စုကို တိုက်ခိုက်ခြင်းမရှိဘဲ အခြားအဖွဲ့ဝင် ၄ ဖွဲ့အနက် ၃ ဖွဲ့တွင် ထိရောက်သော လက်နက်ကိုင်တပ် လုံးဝမရှိပေ။
လက်ရှိအချိန်တွင် စစ်အုပ်စုကို တိုက်ခိုက်နေသည့် အင်အားကြီးမားဆုံး တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းများသည် ထိုအပစ်အခတ်ရပ်စဲရေးကို မည်သည့်အခါကမျှ လက်မှတ်ရေးထိုးခြင်းမရှိသလို အလယ်ပိုင်းဒေသ ဗမာများ၏ ထင်ရှားကျော်ကြားသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) သည် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက မရှိသေးပေ။
ထို့အပြင် လက်ရှိအချိန်တွင် စစ်အုပ်စုကို တိုက်ခိုက်နေသည့် အင်အားကြီးမားဆုံး တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းများသည် ထိုအပစ်အခတ်ရပ်စဲရေးကို မည်သည့်အခါကမျှ လက်မှတ်ရေးထိုးခြင်းမရှိသလို အလယ်ပိုင်းဒေသ ဗမာများ၏ ထင်ရှားကျော်ကြားသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) သည် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက မရှိသေးပေ။
NCA ၏ ဝမ်းနည်းစရာကောင်းသော ဇာတ်လမ်းကို ဧရာဝတီက အောက်တွင်ဖေါ်ပြထားသည်။
မည်သည့်အဖွဲ့များ လက်မှတ်ထိုးသနည်း
NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် မြန်မာစစ်တပ်၊ ဗိုလ်ချုပ်ဟောင်း သိန်းစိန်ခေါင်းဆောင်သည့် အရပ်သား အစိုးရအတုနှင့် EAOs ၈ ဖွဲ့အကြား လက်မှတ်ရေးထိုးသည်။ ထို EAOs ၈ ဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ပါဝင်သည်။
၂၀၁၈ ခုနှစ်တွင် နောက်ထပ် EAOs နှစ်ခုဖြစ်သော လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ လက်မှတ်ရေး ထိုးကြသည်။

NCA ကို စွန့်လွှတ်ခြင်း
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သား အစိုးရကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချပြီးနောက် KNU, CNF နှင့် ABSDF တို့သည် စစ်အုပ်စုကို တိုက်ခိုက်မှုပြန်လည်စတင်ကြပြီး ထိုစစ်အာဏာသိမ်းမှုကြောင့် NCA ပျက်ပြယ်သည်ဟု ပြောသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် PNLO သည်လည်း ငြိမ်းချမ်းရေးသဘောတူစာချုပ်မှ တရားဝင်နုတ်ထွက်ပြီး စစ်အုပ်စုကို တိုက်ခိုက်သည်။ NMSP တွင်လည်း ဝါရင့်အဖွဲ့ဝင်အများအပြားသည်ခွဲထွက်ပြီး ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ဖွဲ့စည်းပြီး စစ်အုပ်စုကို တိုက်ခိုက်ရေးတွင် ပူးပေါင်းသည်။
LDU သည် စစ်အုပ်စု စီစဉ်ထားသည့် ရွေးကောက်ပွဲနှင့် အပစ်အခတ်ရပ်စဲရေးနှစ်ပတ်လည်ကို ရှုတ်ချကာ NCA မှ ထွက်သည့် အခြား EAOs များကို မကြာသေးမီက ပူးပေါင်းသည်။
KNU ဥက္ကဌဟောင်း မူတူးစေးဖိုးသည် စစ်အုပ်စုနှင့် ဆက်လက်ချစ်ကြည်ရင်းနှီးဆဲဖြစ်သော်လည်း KNU သည် သူနှင့် လူသိရှင်ကြား ကင်းကင်းနေကာ စစ်အုပ်စုကို ပဲခူးနှင့် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ဆက်လက် တိုက်ခိုက်သည်။
KNU ဥက္ကဌဟောင်း မူတူးစေးဖိုးသည် စစ်အုပ်စုနှင့် ဆက်လက်ချစ်ကြည်ရင်းနှီးဆဲဖြစ်သော်လည်း KNU သည် သူနှင့် လူသိရှင်ကြား ကင်းကင်းနေကာ စစ်အုပ်စုကို ပဲခူးနှင့် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ဆက်လက် တိုက်ခိုက်သည်။
PNLO ပူးတွဲခေါင်းဆောင်ဟောင်း သို့မဟုတ် နာယက ခွန်ဥက္ကာသည်လည်း စစ်အုပ်စုနှင့် ချစ်ကြည်ရင်းနှီးသော်လည်း သူ့ကို ပအိုဝ်း တော်လှန်ရေးသမားများက ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပယ်ပြီး ယခုအခါ စစ်အုပ်စုလိုလားသော ခွဲထွက်အဖွဲ့တခုကို ဦးဆောင်နေသည်။
စစ်အုပ်စုနှင့် မည်သည့် EAO များ ဆက်လက်ဆက်ဆံနေသနည်း
RCSS, DKBA, KNU/KNLA-PC နှင့် ALP တို့သည် စစ်အုပ်စုနှင့် ငြိမ်းချမ်းသော ဆက်ဆံရေး ဆက်လက်ရှိနေသော်လည်း RCSS တွင်သာ ၎င်းတို့နယ်မြေတွင် တစုံတရာသော အုပ်ချုပ်ရေး ထူထောင်သည့် လက်နက်ကိုင်အဖွဲ့မှအပ စစ်မှန်သော စစ်တပ်ရှိသည်။
NCA အဖွဲ့ဝင် ကရင်အုပ်စု ၂ ခုသည်လည်း တခုတည်းသော ရင်းမြစ်မှလာသည်။ DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်သည်။ ထိုနောက် ၂၀၀၉ ခုနှစ်တွင် ထိုအဖွဲ့ဝင် အချို့သည် ကရင်နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသည်။ KNU/KNLA-PC သည် KNU မှ ၂၀၀၇ ခုနှစ်တွင် ခွဲထွက်သည်။
ယခုအခါ ALP သည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စစ်အုပ်စုအောက်မှ လက်နက်ကိုင်အဖြစ်သာရှိနေသည်။
စစ်အုပ်စုကို မည်သူတို့ တိုက်ခိုက်နေသနည်း
NCA မှနုတ်ထွက်သော လက်မှတ်ရေးခဲ့သူ ၆ ဖွဲ့နှင့်အတူ အခြား EAOs များနှင့် စစ်အုပ်စုကိုတော်လှန်သည့် အုပ်စုများ စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်နေသည်။ ထိုအဖွဲ့များတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၊ ကရင်နီတပ်မတော် (KA) ၊ ကရင်နီ အမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ၊ အာရက္ခတပ်တော် (AA) ၊ ချင်းအမျိုးသား တော်လှန်ရေး အဖွဲ့ ၆ ဖွဲ့ မဟာမိတ် ချင်းညီနောင်မဟာမိတ်နှင့် နိုင်ငံအလယ်ပိုင်းမှ အမျိုးမျိုးသော PDFs များ၊ ခေတ်ဟောင်း ကွန်မြူနစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် အခြားလူမျိုးစု သို့မဟုတ် ဒေသဆိုင်ရာတော်လှန်ရေး အင်အားစုများ ပါဝင်သည်။
NCA ဆက်လက်တည်တံ့နေလား
မကြာသေးမီက ပူးတွဲကြေညာချက်တစောင်တွင် NCA လက်မှတ်ရေးထိုးသည့် အဖွဲ့ ၆ ဖွဲ့က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် NCA အနှစ်သာရ၊ အုတ်မြစ်နှင့် ဦးတည်ချက်များကို ထိခိုက် သို့မဟုတ် ဖျက်ဆီးလိုက်ပြီး ထို့ကြောင့် ပျက်ပျယ်သည်ဟု ပြောသည်။
စစ်အုပ်စုသည် နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး အရပ်သားများကို ဖမ်းဆီး၊ နှိပ်စက်၊ ဖိနှိပ်ရန် အင်အားအသုံးပြုနေသောကြောင့် NCA မူများကို လုံး၀ ဂရုမစိုက်ဟု စွပ်စွဲသည်။
စစ်အုပ်စုသည် နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး အရပ်သားများကို ဖမ်းဆီး၊ နှိပ်စက်၊ ဖိနှိပ်ရန် အင်အားအသုံးပြုနေသောကြောင့် NCA မူများကို လုံး၀ ဂရုမစိုက်ဟု စွပ်စွဲသည်။
NCA ကိုလက်မှတ်ရေးထိုးပြီး များပြားလှသော သဘောတူညီချက်များ ရရှိပြီးချိန်မှစတင်ပြီး ဆယ်စုနှစ်တခုကြာသော်လည်း မည်သည့်အချက်ကိုမျှ အကောင်အထည်မဖေါ်ကြောင်း နိုင်ငံရေးသုတေသီ ဝေမင်းထွန်းက ဧရာဝတီ အတွေးအမြင် ဆောင်းပါးတွင် ရေးသားသည်။

ခွဲထွက်အုပ်စု ၆ ခုကလည်း စစ်အုပ်စုကိုယ်တိုင် ချိုးဖေါက်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်တွင် စစ်အုပ်စုစီစဉ်သည့် ရွေးကောက်ပွဲသည် ပဋိပက္ခကို ရှည်ကြာရုံသာဖြစ်နိုင်သည့် အာဏာဆက်လက်ထိန်းချုပ်မှုကို တရားဝင်စေရန် ကြိုးစားမှုအဖြစ် ရှုတ်ချသည်။
ထိုအဖွဲ့များက NCA ဆယ်နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ခြင်းဖြင့် စစ်အုပ်စုကို တရားဝင်မှု သို့မဟုတ် ထောက်ခံမှု မပေးရန် ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် မြန်မာမှ သံတမန် အသိုက်အဝန်းကို တိုက်တွန်းသည်။
NCA အစုပ်အပြတ်ကို စစ်အုပ်စုက မည်သည့်အတွက် ဖက်တွယ်နေသနည်း
တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များ၊ EAOs အချို့နှင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီများ အပါအဝင် ပြည်ပသံအမတ် ၁၁ ဦး၊ သံရုံးအရရှိ ၃၀ သည် နေပြည်တာ်တွင်ပြုလုပ်သည့် နှစ်ပတ်လည် အခမ်းအနားများ တက်ရောက်သည်ဟု စစ်အုပ်စု ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရှီကျွင်းနှင့် အိန္ဒိယ သံအမတ်တို့ ထိုအခမ်းအနားတွင် မိန့်ခွန်းများ ပြောကြသည်။
ထိုသို့သော လုပ်ရပ်များသည် ဆိုးကျိုးဖြစ်စေသည်ဟု KNU ပြောခွင့်ရသူ ပဒို စောတောနီး ပြောသည်။
“ဒီအခမ်းအနားကိုတက်တာ ကျင့်ဝတ်အရ ထိခိုက်လွယ်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ သူပြောသည်။ “အခမ်းအနားတက်ဖို့ ရွေးတဲ့သူတွေ သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့တက်တာဖြစ်ပေမဲ့ ဒါဟာ သူတို့တန်ဖိုးတွေကို သူတို့ စွန်လွှတ်တာပဲ” ဟု ပဒို စောတောနီး ပြောသည်။
“ဒီအခမ်းအနားကိုတက်တာ ကျင့်ဝတ်အရ ထိခိုက်လွယ်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ သူပြောသည်။ “အခမ်းအနားတက်ဖို့ ရွေးတဲ့သူတွေ သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့တက်တာဖြစ်ပေမဲ့ ဒါဟာ သူတို့တန်ဖိုးတွေကို သူတို့ စွန်လွှတ်တာပဲ” ဟု ပဒို စောတောနီး ပြောသည်။
စစ်အုပ်စုကို ထောက်ခံအားပေးသူများအတွက် နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်၏ စကားများက ပိုမိုပြင်းထန်သည်။
တရုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံများသည် အမှန်တကယ်တွင် လက်နက်ခဲယမ်းရောင်းသော အဖွဲ့အစည်းများသာ ဖြစ်သောကြောင့် ပြည်သူများကို သတ်ဖြတ်ခြင်းသည် ၎င်းတို့အတွက် မည်သည့်အံ့သြစရာမျှ မဟုတ်ကြောင်း သူပြောသည်။
ထိုကိစ္စက အင်အားကြီးနိုင်ငံများသည် လူသတ်သမားများကို ထောက်ခံရုံသာမက အရပ်သားများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံနေရသော နိုင်ငံများကို စီးပွားရေးအရလည်း အကျိုးအမြတ်ရှာသော ခေတ်သစ် ပထဝီနိုင်ငံရေး ပကတိအခြေအနေကိုထင်ဟပ်သည်ဟု သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ “Nothing to Celebrate”: Myanmar’s Abortive Nationwide Ceasefire Agreement Marks 10th Birthday ကို ဘာသာပြန်သည်။)
You may also like these stories:
၁၀ နှစ်ပြည့် NCA နှင့် အပစ်မရပ်နိုင်သည့် အကြောင်းရင်းများ
NCA နှစ်ပတ်လည် ဖွင့်ပွဲသာ တက်မည်ဟု FPNCC အဖွဲ့ဝင်တချို့ ပြော
လက်မခံသူများရှိသော်လည်း NCA ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော
မြန်မာစစ်ပွဲမှာ ၂ ဖက်လုံး ဝင်ပါသည့် တရုတ်က ကြားဝင်မစွက်ဖက်ရေး ပြော
ငြိမ်းချမ်းရေးအတွက် အရေးကြီးတာက ယုံကြည်မှုပဲ (ရုပ်/သံ)
အာဏာရှင်တွေရဲ့ အဓိကဒေါက်တိုင် MI














