“လျို” မိသားစု ဦးဆောင် ဦးလျိုအာပေါက် (ခ) လီကျိန်ချန်း၏ အစောပိုင်း ဖြတ်သန်းမှုမှာ ဘိန်းရောင်းဝယ်မှု ဖြစ်သည်ဟု ဖော်ပြရေးသားကြသည်များရှိပြီး နောက်ပိုင်းတွင် ကိုးကန့်၏ ချမ်းသာကြွယ်ဝသူအဖြစ် ကျော်ကြားသူ ဖြစ်သည်။
ဦးလျိုအာပေါက်သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့ပြတည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဖြစ်သည့်အလျောက် ၎င်းကို ကိုးကန့်၏ လမ်းများပေါ်တွင် တက်ကြွစွာဖြင့် လက်ညှိုး တညွှန်ညွှန်နှင့် တွေ့ရလေ့ရှိသည်။
စီးကရက်ကြိုက်သူ ဖြစ်၍ ဆေးလိပ် လက်ကြားညှပ် အနေအထားနှင့် လောက်ကိုင်၏ အခမ်းအနားများ၌လည်း ရှေ့ဆုံးတွင် တွေ့ရလေ့ ရှိသည်။
စစ်ခေါင်းဆောင်တို့ ပေးသော သာသနာဘွဲ့များကို ဂုဏ်ယူခဲ့သူ၊ ဓနဥစ္စာတို့ဖြင့် ဩဇာညောင်းခဲ့သူ “လျို” အိမ်၏ အရှင်သခင် ဦးလျိုအာပေါက် တယောက် ဇန်နဝါရီလ ၃၀ ရက်တွင်မူ တရုတ်သို့ လွှဲပြောင်းခြင်း ခံလိုက်ရသည်။ ၎င်းသစ္စာခံခဲ့သော စစ်ခေါင်းဆောင်တို့ကပင် နေပြည်တော်မှ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













