• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

လက်မခံသူများရှိသော်လည်း NCA ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

by ဧရာဝတီ
16 October 2025
in သတင်းတို
A A
လက်မခံသူများရှိသော်လည်း NCA ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

NCA ဆယ်နှစ်ပြည့် အခမ်းအနားတွင် မိန့်ခွန်းပြောနေသည့် စစ်ခေါင်းဆောင်

550
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းပြီးနောက် စစ်တပ်နှင့်လက်မတွဲလိုသူများရှိသော်လည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာ ချုပ် (NCA)ပါ အချက်များအား လာမည့်လွှတ်တော်တွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အောက်တိုဘာ ၁၅ ရက်က ကျင်းပသည့် NCA ဆယ်နှစ်ပြည့်အခမ်းအနား၌ ပြောသည်။

NCA တွင် ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့်အတွက် ကတိဖျက်မည်မဟုတ်ကြောင်းနှင့် သဘောတူညီချက်များ အကောင်အထည်ဖော်ရန် နောက်ကျနေပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် NCA ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် စစ်တပ်အား ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသော်လည်း တပ်အင်အားမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် လက်နက်ကိုင် ၇ ဖွဲ့၊ NCA လက်မှတ်ထိုးထားခြင်းမရှိသည့် လက်နက်ကိုင် ၃ ဖွဲ့၊ နိုင်ငံရေးပါတီအချို့နှင့် ဆက်လက်ဆွေးနွေး ကာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအပါ သဘောတူညီချက် ၄၃ ချက်ကို မကြာမီ ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော် ၌ တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ငြိမ်းချမ်းရေးညီလာခံများမှ ပြည်ထောင်စုသဘောတူညီ ချက် အစိတ်အပိုင်း(၁) ၃၇ ချက်၊ အစိတ်အပိုင်း(၂) ၁၄ ချက်နှင့် အစိတ်အပိုင်း(၃) ၂၁ ချက်တို့ကိုလည်း ဆက်လက်လုပ် ဆောင်သွားမည်ဟု စစ်ခေါင်းဆောင်က ပြောသည်။

တိုင်းရင်းသားများအနေဖြင့် လိုလားချက်များအား လက်နက်ကိုင်တောင်းဆိုခြင်းထက် နိုင်ငံရေးစင်မြင့်ဖြစ်သော လွှတ်တော် တွင်သာ တောင်းဆိုသင့်ကြောင်းလည်း ၎င်းက ဆိုသည်။

၎င်းက “ဖြစ်နိုင်တာ ကျနော်တို့ဘက်ကလုပ်ပေးမယ်၊ တိုင်းရင်းသားနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း ဖြစ်နိုင်တာကိုပဲ ပြောဖို့၊ လုပ်ကြဖို့ ပြောချင်ပါတယ်။ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီးတော့မှ လုပ်နေလို့မရပါဘူး” ဟု ပြောသည်။

NCA ပါဝင်လက်မှတ်ထိုးခဲ့သော်လည်း အာဏာသိမ်းမှုကြောင့် စစ်တပ်ကို ခုခံတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက် ကိုင် ၆ ဖွဲ့က စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမူနှင့် ရည်မှန်းချက်များအား ပြောင်ပြောင်တင်း တင်း ဖျက်ဆီးလိုက်ပြီဖြစ်ပြီး NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်လည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ် ရောက်ရှိသွားပြီဖြစ်ကြောင်း အောက်တို ဘာ ၁၃ ရက်၌ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP-AD)နှင့် လားဟူ ဒီမိုက ရက်တစ်အစည်းအရုံး (LDU)တို့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏ NCA အမည်ခံလုပ်ဆောင်မှုများသည် ဟန်ပြသာဖြစ် သလို ၂၀၀၈ အခြေခံဥပဒေသည်လည်း ပျက်ပြယ်သွားပြီဖြစ်ကြောင်း ပြောထားသည်။

KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက “သူ(စစ်တပ်) လိုချင်ရင် NCA ကိုသုံးတယ်၊ မလိုချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံကို ဂရုမစိုက်ဘူး၊ NCA ကို ဂရုမစိုက်ဘူး။ အခုက သူ့အတွက် နိုင်ငံရေးအကွက်တခုရအောင် အဲဒါကိုဆွဲသွင်းပြီး တော့မှ ဆယ်နှစ်ပြည့်ပွဲလုပ်တာ။ ဘာမှအခြေခံအဓိပ္ပာယ် မရှိတဲ့ဟာတွေကို လျှောက်လုပ်နေတော့ ဒါကြီးကို ကျနော်တို့ အသိအမှတ်ပြုလို့မရဘူး” ဟု ပြောသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်သည့် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ပါဝင်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်အချို့အနေဖြင့် စစ်တပ်ကျင်းပသည့် NCA ဆယ်နှစ်ပြည့်ပွဲအား ငြိမ်းချမ်းရေးကို မကန့်ကွက်ကြောင်းပြသသည့်အနေဖြင့် ဟန်ပြအဖြစ်သာ ဖွင့်ပွဲတက်ရောက် မည်ဖြစ်ပြီး နောက်ဆက်တွဲဆွေးနွေးပွဲများ တက်ရောက်မည်မဟုတ်ကြောင်း အဖွဲ့ဝင်တဦးက ပြောသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
53
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
3.9k
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.4k

စစ်တပ်သည် NCA ဆယ်နှစ်ပြည့်ပွဲနှင့်အတူ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲများအား အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက် ထိ ကျင်းပရန်စီစဉ်ထားပြီး တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် စစ်တပ်ကို ထောက်ခံနေသကဲ့သို့ အမြတ်ထုတ်ခံရမည့် အပေါ် စိုးရိမ်သည့်အပြင် လူထုအထင်အမြင်လွဲမှားမည်ကို စိုးရိမ်မှုများကြောင်း FPNCC အဖွဲ့ဝင်တဦးက ဆိုသည်။
NCA စာချုပ်အား KNU၊ CNF၊ ABSDF၊ PNLO၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်၌ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့က ထပ်မံ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

၁၀ နှစ်ပြည့် NCA နှင့် အပစ်မရပ်နိုင်သည့် အကြောင်းရင်းများ

NCA နှစ်ပတ်လည် ဖွင့်ပွဲသာ တက်မည်ဟု FPNCC အဖွဲ့ဝင်တချို့ ပြော

NCA ပွဲတက်သူတွေဟာ လူသတ်သမားကို ဝန်းရံနေသလို ဖြစ်နေဟုဆို (ရုပ်/သံ)

Your Thoughts …
Tags: NCANLDစစ်ခေါင်းဆောင်ဆယ်နှစ်ပြည့်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံလွှတ်တော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
ဟားခါးမြို့မရဲစခန်း CDF ၀င်‌စီး၊ အကျဥ်းသား ၁၅ ဦး ကယ်ထုတ်

ဟားခါးမြို့မရဲစခန်း CDF ၀င်‌စီး၊ အကျဥ်းသား ၁၅ ဦး ကယ်ထုတ်

စားနပ်ရိက္ခာအကြပ်အတည်းကို အဆိုးဆုံး ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေ (ရုပ်/သံ)

စားနပ်ရိက္ခာအကြပ်အတည်းကို အဆိုးဆုံး ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved