ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ရောက်ရှိလာပေမယ့် မြန်မာပြည်သူတွေဟာ စားနပ်ရိက္ခာ အကြပ်အတည်းကို အဆိုးဝါးဆုံး ရင်ဆိုင် နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီသူတွေက ဆိုကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စစ်တမ်းအရ ၂၀၂၄ ခုနှစ် ကတည်းက မြန်မာပြည်သူ လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ စားနပ်ရိက္ခာ အကြပ်အတည်းကို ရင်ဆိုင်နေရတာဖြစ်ပြီး အခု ၂၀၂၅ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီနဲ့ နိုင်ငံတကာက အကူအညီတွေ ဖြတ်တောက်ခံရတာကြောင့် ပိုမို ဆိုးဝါးလာနေတယ်လို့လည်း စစ်တမ်းတွေက ဖော်ပြပါတယ်။
မတည်ငြိမ်တဲ့ နိုင်ငံရေး၊ အထွေထွေ စီးပွားရေး အကြပ်အတည်းတွေနဲ့ စစ်ပဋိပက္ခတွေအပါအဝင် စစ်ဖြစ်ပွားရာဒေသတွေမှာ စစ်တပ်စစ်ကြောင်းတွေက ဒေသခံတွေရဲ့ နေအိမ်တွေ၊ အဆောက်အအုံတွေ၊ လယ်ယာစိုက်ခင်းတွေကို မီးရှို့ဖျက်ဆီးတာနဲ့ စစ်ကြောင်း ဝင်ရောက်မှုကြောင့် စိုက်ပျိုးလုပ်ကိုင်မရတာတွေဟာ ရိက္ခာပြတ်လပ်မှုတွေရဲ့ အကြောင်းအရင်းတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဆင်းရဲမှုနှုန်းဟာ နိုင်ငံလူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းအထိ ရောက်နေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ၂၀၂၄ ခုနှစ်က ထုတ်ပြန်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #ကမ္ဘာ့စားနပ်ရိက္ခာနေ့ #WHO #WFP #USAID #စစ်ဘေးရှောင် #ဒုက္ခသည် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












