ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ် (PDF) တွေကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးပြီး ၁၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အင်အား ၈၀ လောက်ပါတဲ့ အာဏာသိမ်းစစ်တပ်ဟာ လက်ပံတန်းမြို့နယ်၊ သရက်ချောင်း ရွာကို စစ်ကြောင်းထိုးလာတာဖြစ်ပြီးအောက်တိုဘာ ၁၅ ရက်နေ့က PDF ပူးပေါင်းတပ် တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်းပျက်ကာ တချို့က ဆုတ်ခွာထွက်ပြေး သွားကြတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းမှာ မင်းလှမြို့၊ စိန်ကန့်လန့်ရွာ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁) က တပ်သားတွေပါဝင်ပြီး အများစုကတော့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေထဲမှာ ခလရ (၁) က စနိုက်ပါသမား တဦး ပါဝင်တယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ပဲခူး #လက်ပံတန်း #သရက်ချောင်း #PDF #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













