• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အာဏာရှင်စနစ်၏ အမွေ (သို့မဟုတ်) စစ်တပ်မပီသသော မြန်မာစစ်တပ်

by တင်ရှိုင်းအောင်
17 October 2025
in သူ့အတွေး သူ့အမြင်
A A
အာဏာရှင်စနစ်၏ အမွေ (သို့မဟုတ်) စစ်တပ်မပီသသော မြန်မာစစ်တပ်

၂၀၁၆ ခုနှစ် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား/AFP

763
VIEWS
Share on FacebookShare on Twitter

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှစတင်ပြီး စစ်တပ်သည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အခင်းအကျင်းတွင် နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေသည်။

သို့သော် နိုင်ငံတကာသတင်းခေါင်းစဉ်များတွင် မြန်မာစစ်တပ်၏ အနေအထားသည် နိုင်ငံတော်ကာကွယ်ရေး သို့မဟုတ် အများပြည်သူ ဝန်ဆောင်မှုနှင့် ဆက်စပ်မှု မရှိသလောက်ရှားသည်။ ထိုသို့ဖြစ်ရမည့်အစား စစ်တပ်သည် ဗုံးကြဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း၊ အရပ်သားဒေသများကို မီးရှို့ခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် အမည်ဆိုး ကျော်ကြားသည်။

ထိုကိစ္စများသည် ၎င်းတို့ ကာကွယ်ရန် တခါက ကတိပြုခဲ့သည့် ပြည်သူများကို ရက်စက်ကြမ်းကြုတ်မှုဖြစ်သည်။ စစ်တပ်သည် အကြောက်တရား၊ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ပြီး အရပ်သားများ၏ အထက်မှ အဖွဲ့အစည်းအဖြစ်သာမက ပြည်သူများကို ထိန်းချုပ်သူနှင့် မြန်မာတွင် ဗုဒ္ဓဘာသာကို ကာကွယ်သူအဖြစ်လည်း နေရာယူသည်။

စစ်တပ်သည် မည်သည့်အတွက် ထိုမျှ အင်အားကြီးမားပြီး နက်ရှိုင်းစွာ အမြစ်တွယ်နေသည်ကို နားလည်ရန် ၎င်းတို့၏ အတွေးအခေါ်နှင့် သမိုင်းဆိုင်ရာ ရင်းမြစ်ကို ခြေရာခံရန် မရှိမဖြစ်လိုအပ်သည်။ အာဏာရှင်ဆန်ပြီး ပြင်းထန်သော အမျိုးသားရေးဝါဒ သြဇာလွှမ်းမိုးသည့် စစ်တပ်၏ အုတ်မြစ်က ၎င်းတို့ကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နိုင်စွမ်း မရှိသည့် ယုံကြည်အားထားမရသော အင်စတီကျူးရှင်း ဖြစ်စေသည်။

စစ်တပ်သည် မည်သည့်အတွက် ထိုမျှ အင်အားကြီးမားပြီး နက်ရှိုင်းစွာ အမြစ်တွယ်နေသည်ကို နားလည်ရန် ၎င်းတို့၏ အတွေးအခေါ်နှင့် သမိုင်းဆိုင်ရာ ရင်းမြစ်ကို ခြေရာခံရန် မရှိမဖြစ်လိုအပ်သည်။ အာဏာရှင်ဆန်ပြီး ပြင်းထန်သော အမျိုးသားရေးဝါဒ သြဇာလွှမ်းမိုးသည့် စစ်တပ်၏ အုတ်မြစ်က ၎င်းတို့ကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နိုင်စွမ်း မရှိသည့် ယုံကြည်အားထားမရသော အင်စတီကျူးရှင်း ဖြစ်စေသည်။

စစ်တပ်အတွင်း အာဏာရှင်စနစ် သမိုင်းဆိုင်ရာရင်းမြစ်

စစ်တပ်အတွေးအခေါ်၏ ရင်းမြစ်များကို ဒုတိယကမ္ဘာစစ်မတိုင်မီက ရဲဘော်သုံးကျိပ်ခေါ် အမျိုးသားရေးဝါဒီအုပ်စုတခုက နယ်ချဲ့ဂျပန်စစ်တပ်တွင် စစ်ပညာသင်ယူရန် ကြိုးစားသော ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး ဆန့်ကျင်သည့် မြန်မာ့တိုက်ပွဲတွင် ခြေရာခံနိုင်သည်။

ဗိုလ်အောင်ဆန်း၊ ဗိုလ်နေဝင်းနှင့် ဗိုလ်စင်္ကြာ ကဲ့သို့ ထိုအဖွဲ့မှ လူပုဂ္ဂိုလ်အချို့သည် ဂျပန်သိမ်းပိုက်မှုအောက်မှ မြန်မာအစိုးရတွင် အနာဂတ်အဆင့်မြင့်ရာထူးများအတွက် အထူးဖိနှိပ်သော နိုင်ငံရေးအယူအဆ သွတ်သွင်းခံကြရသည်။

ထိုသူများအကြားတွင် ခေတ်သစ်မြန်မာ၏ ဖခင်ကြီးအဖြစ် လူသိများသည့် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာ အာဏာရှင်စနစ်၏ ဗိသုကာ ဗိုလ်နေဝင်းတို့သည် စစ်တပ်အကြီးအကဲများအဖြစ် တာဝန်ထမ်းဆောင်ပြီး မြန်မာ့နိုင်ငံရေးတွင် အရေးပါသော အခန်းမှပါဝင်ကြသည်။ ထိုအဖွဲ့သည်ဂျပန်၏ ကျောထောက်နောက်ခံပေးမှုဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ဖွဲ့စည်းပြီး ဂျပန်တပ်များနှင့်အတူ ဗြိတိသျှ အုပ်ချုပ်ရေးကို တိုက်ခိုက်ကြသည်။

BIA ၏ မူလ ရည်ရွယ်ချက်မှာ လွတ်လပ်ရေးရယူရန်ဖြစ်သော်လည်း မမျှော်လင့်ဘဲ ၎င်း၏ မျိုးဗီဇကို နယ်ချဲ့ဂျပန် စစ်သင်တန်းမှတဆင့် ပြုပြင်ကာ သက်ဦးဆံပိုင်အတွေးအခေါ်နှင့် အစွန်းရောက်စစ်ဝါဒကို အနှစ်သာရအဖြစ် ထည့်သွင်းပေးလိုက်သည်။

မြန်မာကို ဂျပန်က သိမ်းပြီးနောက် BIA ကို ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) အဖြစ် ပြန်လည်ဖွဲ့စည်းပြီး နောင်တွင် ဂျပန်ထိန်းချုပ်ထားသည့် ရုပ်သေးအစိုးရ ဗမာနိုင်ငံတော်အောက်တွင် ဗမာအမျိုးသားတပ်မတော် (BNA) အဖြစ် အမည်ပြောင်းသည်။ သို့သော် စစ်ရှိန်မြင့်လာသောအခါ ဗြိတိသျှပညာရေးမှ ဘွဲ့ရသူ ဗိုလ်ချုပ် အောင်ဆန်းနှင့် သူ၏မဟာမိတ်အချို့သည် နယ်ချဲ့ဂျပန် အာဏာရှင်စနစ်၏ စစ်မှန်သော သဘောသဘာဝကို သိရှိပြီး ယခင် ကျောထောက်နောက်ခံပေးသည့် ဂျပန်ကို ပြန်လည်တိုက်ခိုက်သည်။

၎င်းတို့သည် ဂျပန်ကို ပုန်ကန်မှုအား ဦးဆောင်ရန် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ပဆပလ) ကို လျှို့ဝှက်ဖွဲ့စည်းသည်။ ဗြိတိသျှနှင့် တိုင်းရင်းသားအဖွဲ့များ၏ ထောက်ခံမှုဖြင့် BNA သည် ဂျပန်များကို မြန်မာမှ အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့သည်။

မြန်မာစစ်တပ်သည် အရပ်သားများအကြား အကြီးအကျယ် လူထုထောက်ခံမှုရပြီး အထူးသဖြင့် မြန်မာ ဗုဒ္ဓဘာသာဝင်များအကြား ရေပန်းစားသည်။ ထိုအောင်မြင်မှုရှိသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ အစိုးရအဖွဲ့ကဲ့သို့ အနာဂတ်ကို ကြိုမြင်သည့် ခေါင်းဆောင်များကို ဗုဒ္ဓဘာသာ အမျိုးသားရေးအစွန်းရောက် ဦးစောက လုပ်ကြံသတ်ဖြတ်ခြင်းသည် ခေါင်းဆောင်မှု လစ်ဟာနယ်ဖြစ်စေသည်။

မြန်မာစစ်တပ်သည် အရပ်သားများအကြား အကြီးအကျယ် လူထုထောက်ခံမှုရပြီး အထူးသဖြင့် မြန်မာ ဗုဒ္ဓဘာသာဝင်များအကြား ရေပန်းစားသည်။ ထိုအောင်မြင်မှုရှိသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ အစိုးရအဖွဲ့ကဲ့သို့ အနာဂတ်ကို ကြိုမြင်သည့် ခေါင်းဆောင်များကို ဗုဒ္ဓဘာသာ အမျိုးသားရေးအစွန်းရောက် ဦးစောက လုပ်ကြံသတ်ဖြတ်ခြင်းသည် ခေါင်းဆောင်မှု လစ်ဟာနယ်ဖြစ်စေသည်။

ထို့ကြောင့် ဗိုလ်နေဝင်းနှင့် စစ်တပ်သည် ၎င်းတို့ ဖွဲ့စည်းသည့်နှစ်များက သွတ်သွင်းထားသော အာဏာရှင်စိတ်ဓာတ်ကို ဆက်လက် အကောင်အထည်ဖော်ပြီး နောက်ဆုံး ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းလိုက်သည်။

အာဏာရှင်စနစ်ကို အင်စတီကျူးရှင်းတွင် သွတ်သွင်းခြင်း

လူနည်းစုလူမျိုးစုများနှင့် ဖက်ဒရယ်စနစ်၊ ပင်လုံစာချုပ်ကို ပယ်ချခြင်းနှင့် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြုလုပ်ရန် ကြိုးစားခြင်းဖြင့် ဦးနုအစိုးရသည် နိုင်ငံရေး ဖရိုဖရဲအခြေအနေအတွင်း ဆွဲချခဲ့သည်။ ထိုအစိုးရသည် ချင်း၊ ကချင်နှင့် ကရင်စသည့် အဓိကလူမျိုးစုများနှင့် စစ်ပွဲဆင်ကာ ဆယ်စုနှစ်များစွာကြာသည့် ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေသည်။

၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ဗိုလ်နေဝင်းသည် အာဏာကို ခိုင်မာအောင်လုပ်ကာ ဗုဒ္ဓဘာသာ မဟုတ်သော လူနည်းစုများ၏ သြဇာကို ဖယ်ရှားရန် စီးပွားရေးကို နိုင်ငံပိုင်သိမ်းပြီး မွတ်ဆလင်၊ ခရစ်ယာန်၊ တရုတ်နှင့် အိန္ဒိယနွယ်ဖွားများနှင့် အခြားလူနည်းစုများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူသည်။

အမျိုးသားရေး ဝါဒဖြန့်ချိမှုအောက်တွင် ဗမာဗုဒ္ဓဘာသာများသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကို မဆန့်ကျင်ခဲ့ဘဲ ပြည်ထောင်စုမြန်မာနိုင်ငံကို ထိန်းသိမ်းထားရန် တခုတည်းသော နည်လမ်းဖြစ်သည်ဟု မြင်ကာ စစ်တပ်သည် မြန်မာနိုင်ငံကို နိုင်ငံရေးမရေရာမှုမှ ကယ်ဆယ်မည့် အင်စတီကျူးရှင်ဟု ယုံကြည်ကြသည်။

ထိုနောက် ဗိုလ်နေဝင်းသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟု ခေါ်သည့်အရာအောက်တွင် ဖိနှိပ်သော စစ်အုပ်စုကို တည်ထောင်သည်။ ၁၉၈၂ ခုနှစ်တွင် သူသည် နိုင်ငံသား အဆင့်အတန်း သုံးမျိုး (နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ) ကို ထူထောင်ရန် နိုင်ငံသားဥပဒေကို ပြင်ဆင်ပြီး ထိုမှတဆင့် ဗုဒ္ဓဘာသာဝင် မဟုတ်သူများ နိုင်ငံသားအပြည့်အဝဖြစ်ခြင်းကို ကန့်သတ်သည်။

သူသည် ခရစ်ယာန်များ၊ မွတ်ဆလင်များ စသည့် လူနည်းစုများကို နှိမ်ထားရန် သွေးခွဲအုပ်ချုပ်ရေး သေနင်္ဂဗျူဟာကို အကောင်အထည်ဖော်သည်။ သူ၏မူဝါဒများသည် စီးပွားရေးကို လုံးဝပျက်စီးစေပြီး နိုင်ငံကို အထီးကျန်စေကာ ရာထူးမှဖယ်ရှားခြင်း၊ ဆင်ဆာတည်းဖြတ်ခြင်းနှင့် အကြီးအကျယ် ထောက်လှမ်းခြင်းဖြင့် အာဏာကို သံလက်ဖြင့် ချုပ်ကိုင်ထိန်းသိမ်းသည်။ ထိုဆိုးရွားသော ရိုက်ခတ်မှုများကြောင့် မြန်မာကို ကုလသမဂ္ဂက ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ (LDC) တခုအဖြစ် ၁၉၈၇ ခုနှစ်တွင် သတ်မှတ်လိုက်သည်။

ဗိုလ်သန်းရွှေစစ်အုပ်စုအောက်၌လည်း စစ်တပ်သည် ၁၉၈၈ ခုနှစ်တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီး ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများအား ရက်စက်ကြမ်းကြုတ်စွာဖိနှိပ်ကာ အတိုက်အခံများ အပြတ်အသတ် အနိုင်ရသည့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းပြီး ဆက်လက်လွှမ်းမိုးသည်။

စစ်တပ်က ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အုပ်စု၏အာဏာကို ပိုမိုခိုင်မာစေပြီး အရပ်သားအုပ်ချုပ်ရေးအတွင်းမှာပင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ စသည့် ဝန်ကြီးဌာနများကဲ့သို့ အဓိကကျသည့် အင်စတီကျူးရှင်းများကို ဆက်လက်ထိန်းချုပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အာမခံချက်ဖြင့် နိုင်ငံတော်နှင့် ဒေသဆိုင်ရာလွှတ်တော်များတွင် ရွေးကောက်မခံဘဲ ကိုယ်စားပြုမှု ၂၅ ရာခိုင်နှုန်း ရယူထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လက်တွေ့ခေါင်းဆောင်ဖြစ်လာပြီး စစ်တပ်၏ လုပ်ရပ်များကို နိုင်ငံတကာတွင် ကာကွယ်ပေးခြင်းဖြင့် သူ၏ အစိုးရသည် စစ်တပ်ကို ချော့ပေါင်းရန် ကြိုးစားသည်။ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ၂၀၁၉ ခုနှစ်တွင် ခုခံချေပခြင်းနှင့် စစ်တပ်နှင့် အလုပ်ဖြစ်သောဆက်ဆံရေး ထိန်းသိမ်းထားရေးအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) ၏ စီရင်ပိုင်ခွင့်ကို ငြင်းပယ်ခြင်းအားဖြင့် ချော့မော့ရန် ကြိုးစားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လက်တွေ့ခေါင်းဆောင်ဖြစ်လာပြီး စစ်တပ်၏ လုပ်ရပ်များကို နိုင်ငံတကာတွင် ကာကွယ်ပေးခြင်းဖြင့် သူ၏ အစိုးရသည် စစ်တပ်ကို ချော့ပေါင်းရန် ကြိုးစားသည်။ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ၂၀၁၉ ခုနှစ်တွင် ခုခံချေပခြင်းနှင့် စစ်တပ်နှင့် အလုပ်ဖြစ်သောဆက်ဆံရေး ထိန်းသိမ်းထားရေးအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) ၏ စီရင်ပိုင်ခွင့်ကို ငြင်းပယ်ခြင်းအားဖြင့် ချော့မော့ရန် ကြိုးစားသည်။

သို့သော် သမ္မတခန့်အပ်ရန် မင်းအောင်လှိုင်၏ တောင်းဆိုမှုသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရ လိုက်လျောနိုင်သည်ထက် ကျော်လွန်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ထိခိုက်လွယ်သော စစ်ဘက်-အရပ်ဘက် အာဏာခွဲဝေရေး အစီအစဉ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့်အတူ နောက်ဆုံးတွင် ပြိုလဲသွားသည်။

ထိုအချိန်မှစတင်ပြီး တတိယမျိုးဆက် အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ရက်စက်ကြမ်းကြုတ်ရန် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်ကို ထပ်လောင်းအတည်ပြုကာ စစ်တပ်သည် ပြုပြင်ပြောင်းလဲရေး သို့မဟုတ် စေ့စပ်ညှိနှိုင်းရေးထက် ဘောင်ကျော်နေကြောင်း ပြသသည်။

ထိုလမ်းကြောင်းသည် ဆင်မြူရယ် ဟန်တင်တန်က “ဓမ္မဓိဋ္ဌာန်ကျသော အရပ်သားထိန်းချုပ်မှု” ဟု ခေါ်သည့်အရာ လုံးဝပြိုလဲခြင်းကို ထင်ဟပ်နေသည်။ ဓမ္မဓိဋ္ဌာန်ကျသည့် အရပ်သားထိန်းချုပ်မှုဆိုသည်မှာ ကျင့်ဝတ်နှင့်ညီသည့် စစ်တပ်သည် နိုင်ငံရေးတွင် ကြားနေပြီး အရပ်သားအာဏာပိုင်၏ လက်အောက်ခံဖြစ်မှုကို ထိန်းထားသည်။ မြန်မာစစ်တပ်ကမူ ထိုအခြေအနေကို လက်မခံဘဲ အမြဲပယ်ချပြီး အာဏာရှင်လွှမ်းမိုးမှုကို ဆက်လက် ကိုင်စွဲသည်။

ခေတ်သစ် မြန်မာစစ်တပ်၏ ဂျပန်နယ်ချဲ့အမွေများ

မြန်မာစစ်တပ်သည် အာဏာရှင် အဖွဲ့အစည်းတခု၏ ဝိသေသ လက္ခဏာများ အားလုံးကို ဖော်ပြနေသည်။ စစ်တပ်သည် BIA ခေတ်က ကြွေးကြော်သံများဖြစ်သည့် “တသွေး၊ တသံ၊ တမိန့်” ကဲ့သို့သော ကြွေးကြော်သံများကို ဆက်လက် ကျင့်သုံးသည်။ စစ်တပ်သည် ဂျပန်နယ်ချဲ့၏ အချစ်ဆုံးမြင်းများ ချီတက်ပွဲကို “တူယှဉ်ကာ တိုက်စို့”၊ နယ်ချဲ့ဂျပန်၏ ဟိုအဲအိ နို ဟိုယို (Hohei no Horyo) ကို “မြန်မာပြည်ကို ကာကွယ်မည်” စသည့် နယ်ချဲ့ဂျပန် သီချင်းပုံစံများကိုလည်း တရားဝင် အမွေအနှစ်အဖြစ် ဆက်လက်ကျင့်သုံးသည်။

မြန်မာစစ်တပ်ကို တင်းကျပ်သော အထက်အောက်အဆင့်ဆင့်ဖြင့် တည်ဆောက်ထားပြီး လုံးဝအမိန့်နာခံခိုင်းကာ သဘောထားကွဲလွဲမှုကို ပုန်ကန်မှုပုံစံတမျိုးအဖြစ် သတ်မှတ်သည်။ စစ်တပ်သည် ကွဲပြားစုံလင်မှုကိုလည်း ဖိနှိပ်ပြီး မွတ်ဆလင်၊ ဟိန္ဒူစသည့် လူနည်းစုများ ရာထူးရယူခြင်းကို တားမြစ်ကာ စစ်တန်းလျားများတွင် ဗုဒ္ဓဘာသာသက်သက်ကိုသာ သီးခြားအားပေးပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို နေရာမပေးပေ။

နိုင်ငံတော်အကြီးအကဲသည်ပင် စစ်တပ်အကြီးအကဲကို လွတ်လပ်စွာ ခန့်အပ်နိုင်ခြင်း မရှိပေ။ သို့သော် စစ်တပ်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ၏ အကြံကို လိုက်နာရမည်ဖြစ်သည်။ ထိုကောင်စီတွင် ရွေးကောက်ခံအဖွဲ့ဝင် ငါးဦးနှင့် စစ်တပ်အကြီးအကဲကိုယ်တိုင်က ခန့်သည့် စစ်တပ်မှ အဖွဲ့ဝင် ခြောက်ဦးပါကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိရသည်။ ထိုကိစ္စသည် စစ်ခေါင်းဆောင်က ၎င်းတို့ကိုဆက်ခံသူများအား ရွေးချယ်သည့် အကြွင်းမရှိအာဏာကို ထိထိရောက်ရောက် ပေးလိုက်သည်။

ဒီမိုကရေစီနိုင်ငံများမှ အရပ်သားကြီးကြပ်မှုအောက်တွင် လုပ်ငန်းဆောင်ရွက်သည့် စစ်တပ်ပီသသော အင်စတီကျူးရှင်းများနှင့်မတူဘဲ စစ်တပ်သည် သီးခြားလွတ်လပ်ပြီး ကိုယ့်အကျိုး ကိုယ်ဆောင်သည့် အဖွဲ့အစည်းအဖြစ် လုပ်ကိုင်သည်။

ဒီမိုကရေစီနိုင်ငံများမှ အရပ်သားကြီးကြပ်မှုအောက်တွင် လုပ်ငန်းဆောင်ရွက်သည့် စစ်တပ်ပီသသော အင်စတီကျူးရှင်းများနှင့်မတူဘဲ စစ်တပ်သည် သီးခြားလွတ်လပ်ပြီး ကိုယ့်အကျိုး ကိုယ်ဆောင်သည့် အဖွဲ့အစည်းအဖြစ် လုပ်ကိုင်သည်။

စစ်တပ်သည် ၎င်း၏ အုပ်ချုပ်ရေးကို မှန်ကန်ကြောင်းပြသသည်။ (မြန်မာစစ်တပ်သည် ၎င်း၏ အုပ်ချုပ်ရေး တရားဝင်စေရန်နှင့် ထိန်းချုပ်မှုထိန်းသိမ်းရန် ဗုဒ္ဓဘာသာကို သေနင်္ဂဗျူဟာကျကျ အသုံးချသည်။) ၎င်းတို့ ဆက်လက်တည်တံ့ရေးသည် နိုင်ငံဆက်လက် တည်တံ့ရေးနှင့် တူညီသည်ဟု ပြောသည်။

ထိုအတွေးအခေါ်သည် လူမျိုးစုမူဝါဒများကို ဖြစ်စေပြီး အထူးသဖြင့် ရိုဟင်ဂျာလူမျိုးစုကို ဆန့်ကျင်သည့် မူဝါဒကို ဖြစ်စေကာ ထိုလူမျိုးစုကို စနစ်တကျ ဖိနှိပ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကို ဖြစ်စေသည်။

ထို့ပြင် စစ်တပ်သည် မြန်မာ့လူ့အဖွဲ့အစည်း၏ သွင်ပြင်အားလုံးသို့လည်း စိမ့်ဝင်သည်။ စစ်တပ်သည် မီဒီယာအမြင်များကို ထိန်းချုပ်ရန်နှင့် ပညာရေးစနစ်ကို ဖိနှိပ်ပြီး ပြည်သူလူထုကို ထိန်းချုပ်ရန် ဝါဒဖြန့်ချိရေးကို သုံးသည်။

စစ်တပ်၏ ကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းစုများသည် အဓိကလုပ်ငန်းများကို ထိန်းချုပ်ပြီး စစ်တပ်ရေပေါ်ဆီ လူတန်းစားများအတွင်း စီးပွားရေးအာဏာကို ထိန်းချုပ်ကာ အရပ်သားအုပ်ချုပ်ရေးကို အာဏာရှိစေနိုင်မည့် ချမ်းသာကြွယ်ဝမှု မျှဝေခြင်းကို ပိတ်ပင်သည်။

ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီနှင့် ဦးဖြိုးဇေယျာသော်ကို ကွပ်မျက်ခြင်းနှင့် စစ်သွေးကြွ အမျိုးသားရေးစစ်အုပ်စုကို ကာကွယ်ရန် လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းခြင်းက စစ်တပ်၏ ဗီဇသည် စေ့စပ်ညှိနှိုင်းခြင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်အမြင်များကို အမြစ်ဖြတ်သုတ်သင်ခြင်းဖြစ်သည်။

ထိုသို့ ပြင်းထန်သော ထိန်းချုပ်မှုသည် အာဏာရှင်မူဘောင်ပြင်ပတွင် လုပ်ဆောင်နိုင်စွမ်း မရှိခြင်းကို သက်သေပြနေသည်။ ထိုအင်စတီကျူးရှင်းသည် ပြုပြင်ပြောင်းလဲရေး သို့မဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း မလုပ်နိုင်သည့် အင်စတီကျူးရှင်းဖြစ်ကြောင်းလည်း ပြသနေသည်။ ယင်းတို့၏ ဗီဇသည် သက်ဦးဆံပိုင်ဖြစ်ပြီး ဖိနှိပ်ခြင်း၊ အပေါ်ယံဟန်ဆောင်မှု၊ အစွန်းရောက်အမျိုးသားရေးဝါဒနှင့် အကြွင်းမဲ့အာဏာထိန်းသိမ်းရေး အပေါ်တွင် တည်ဆောက်ထားသည်။

ရှေ့ဆက်ရမည့်လမ်း

နွေဦးတော်လှန်ရေး၏ ကြွေးကြော်သံ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” သည် စစ်တပ်၏ သက်ဦးဆံပိုင် စရိုက်လက္ခဏာကို မီးမောင်းထိုးပြနေပြီး စစ်တပ်သည် (ဒီမိုကရေစီ စည်းကမ်းများနှင့် အကောင်းဆုံး ကိုက်ညီသည့်) စစ်တပ်မပီသဘဲ အရပ်သားများနှင့် တပ်ဖွဲ့ဝင်များ ဘဝသာယာစိုပြေရေးကိုပင် ဦးစားပေးရန် ပျက်ကွက်သည့် အမျိုးသားရေးအစွန်းရောက် အင်စတီကျူးရှင်း ဖြစ်ကြောင်း ပြသနေသည်။

နွေဦးတော်လှန်ရေး၏ ကြွေးကြော်သံ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” သည် စစ်တပ်၏ သက်ဦးဆံပိုင် စရိုက်လက္ခဏာကို မီးမောင်းထိုးပြနေပြီး စစ်တပ်သည် (ဒီမိုကရေစီ စည်းကမ်းများနှင့် အကောင်းဆုံး ကိုက်ညီသည့်) စစ်တပ်မပီသဘဲ အရပ်သားများနှင့် တပ်ဖွဲ့ဝင်များ ဘဝသာယာစိုပြေရေးကိုပင် ဦးစားပေးရန် ပျက်ကွက်သည့် အမျိုးသားရေးအစွန်းရောက် အင်စတီကျူးရှင်း ဖြစ်ကြောင်း ပြသနေသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယနှင့် ဂျပန်တို့ကဲ့သို့ နိုင်ငံတကာ ပါဝင်ပတ်သက်သူများသည် ၂၀၁၀ ပြည့်နှစ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာစစ်တပ် ဦးဆောင်သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ယခင်က ထောက်ခံခဲ့သည်။ ၎င်းတို့သည် အနောက်တိုင်း အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းတွင် စစ်တပ်နှင့် ထိတွေ့ဆက်ဆံရန် ကြိုးစားကြသည်။

အလားတူစွာပင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကဲ့သို့သော ဒေသတွင်း ပါဝင်ပတ်သက်သူများသည် ၁၉၉၇ ခုနှစ်တွင် မြန်မာကို အဖွဲ့အတွင်း ဝင်ရောက်ခွင့်ပြုခြင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဘုံသဘောတူညီချက် ငါးချက်နှင့် တုံ့ပြန်ခြင်းတို့ဖြင့် အားထုတ်ခဲ့သည်။

ထိုအားထုတ်မှုများကို စစ်တပ်က အရပ်သားများနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ဆက်လက် အကြမ်းဖက်ခြင်းတို့ကြောင့် နောက်ဆုံးတွင် အင်အားချိနဲ့စေသည်။ စစ်တပ်၏ စနစ်ဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ရွေးကောက်ခံ အရပ်သားများ၏ ခေါင်းဆောင်မှုကို လက်မခံခြင်းသည် ၎င်းအပေါ် ကမ္ဘာ့နိုင်ငံရေး မိတ်ဖက်အဖြစ်ဖြစ်စေ၊ အမျိုးသားတည်ငြိမ်ရေးကို အာမခံသူအဖြစ်ဖြစ်စေ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား သို့မဟုတ် အခြားမည်သည့်နိုင်ငံမှဖြစ်စေ ရင်းနှီးမြှုပ်နှံမှုများကို ယုံကြည်အားထားနိုင်သော စီမံခန့်ခွဲသူအဖြစ်ဖြစ်စေ ယုံကြည်နိုင်မှုကို ထိခိုက်စေသည်။

မြန်မာစစ်တပ်နှင့် ဒီမိုကရေစီအင်အားစုများအကြား အမျိုးသားပြန်လည်သင့်မြတ်ရေးသည် မအောင်မြင်သော အတွေးအခေါ်ဖြစ်ကြောင်း နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုရမည်။ ပြုပြင်ပြောင်းလဲရေးကို စစ်တပ်က ဆန့်ကျင်ခြင်းနှင့် ဒီမိုကရေစီအင်အားစုများကို အကြမ်းဖက် ဖိနှိပ်ခြင်းကြောင့် ပြန်လည်သင့်မြတ်ရေးထက် ထိုအင်စတီကျူးရှင်းကို ဖျက်သိမ်းရန် ကြိုးစားခြင်းသည် ဖြစ်နိုင်ခြေရှိသည့် တခုတည်းသော နည်းလမ်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏သြဇာ ကျဆင်းစေရန် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပြင်ပမှ ၎င်းတို့၏ မိတ်ဖက်များနှင့် စစ်ခေါင်းဆောင်မျာကို ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပိုမိုခိုင်မာအောင်လုပ်ရန် လိုအပ်သည်။

ထိုသို့လုပ်ဆောင်ရာတွင် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ လေယာဉ်ဆီရောင်းချမှု ကန့်သတ်ခြင်း၊ ကချင်ပြည်နယ်မှ မြေရှားသတ္တုကိစ္စ အပါအဝင် မည်သည့်ကိစ္စအတွက်မဆို စစ်အုပ်စုနှင့် တိုက်ရိုက်ဆက်ဆံခြင်းကို ရှောင်ရှားခြင်းတို့ ပါဝင်သည်။ စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသင့်ပေ။

တချိန်တည်းတွင် ကျူးလွန်သူများကို အရေးယူရန်နှင့် စစ်တပ်ကို နိုင်ငံတကာ အပယ်ခံအဖြစ် မြင်စေရန် မြန်မာက ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့် ဂမ်ဘီယာ၏ ICJ စွပ်စွဲချက်နှင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ရိုဟင်ဂျာများကို လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုအတွက် ICC စုံစမ်းစစ်ဆေးမှုများ အပါအဝင် နိုင်ငံတကာ တရားမျှတမှုရရှိရေး အားထုတ်မှုများကို ကမ္ဘာက ထောက်ခံသင့်သည်။

သို့သော် စစ်အုပ်စုသည် တရုတ်၊ ရုရှား၊ အိန္ဒိယတို့၏ ထောက်ခံမှုဖြင့် ဆက်လက် ရှင်သန်ရေးအတွက် အာဏာဆက်လက်ရရေး ကြိုးစားနေသည်။ ထိုနိုင်ငံများသည် မြန်မာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စစ်လက်နက်ပစ္စည်းအပါအဝင် စစ်အုပ်စုနှင့် ကုန်သွယ်ရေး အများပြားရှိသောကြောင့် ထိုသို့ ထောက်ခံခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်ရန် အနောက်ဒီမိုကရေစီနိုင်ငံများက စံနှုန်းစည်းမျဉ်းချမှတ်သူအဖြစ် စုပေါင်းအရေးယူခြင်းသည် အရေးပါသည်။

အခြားတဖက်တွင်လည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သို့ နိုင်ငံတကာ တရားဝင်မှုပေးခြင်းသည် ရိုဟင်ဂျာများ အပါအဝင် လူမျိုးစုအခွင့်အရေးများကို အာမခံသည့် ကြားဖြတ် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ချမှတ်ခြင်းအပေါ် မူတည်နိုင်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် မြန်မာမှ လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများကို ချိုးနှိမ်ရန် အသုံးပြုသော ခွဲခြားဆက်ဆံသည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ဖျက်သိမ်းရန်လည်း လိုအပ်သည်။

ဘုံရန်သူကို အရင်တိုက်ဆိုသည့် နွေဦးတော်လှန်ရေး ကြွေးကြော်သံသည် ဒီမိုကရေစီလှုပ်ရှားမှုကို ညီညွတ်စေသည့် ပထမဆုံးခြေလှမ်းဖြစ်သာ ဖြစ်သည်ဆိုသည်ကို မြန်မာတော်လှန်ရေးအင်အားစု နားလည်ရမည် ဖြစ်သည်။

ဘုံရန်သူကို အရင်တိုက်ဆိုသည့် နွေဦးတော်လှန်ရေး ကြွေးကြော်သံသည် ဒီမိုကရေစီလှုပ်ရှားမှုကို ညီညွတ်စေသည့် ပထမဆုံးခြေလှမ်းဖြစ်သာ ဖြစ်သည်ဆိုသည်ကို မြန်မာတော်လှန်ရေးအင်အားစု နားလည်ရမည် ဖြစ်သည်။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
478
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.7k
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
5.4k

ဒီမိုကရေစီတော်လှန်ရေး အောင်မြင်ရန်အတွက် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (လက်နက်ကိုင် ပဋိပက္ခတည်နေရာနှင့်ဖြစ်ရပ် အချက်အလက်အဖွဲ့ -ACLED ၏ စာရင်းအရ လက်နက်ကိုင်အဖွဲ့ ၂၆၀၀ ကျော်) သည် နိုင်ငံရေးသဘောတူစာချုပ် သို့မဟုတ် လူမျိုးစု သို့မဟုတ် ဘာသာရေးကို ထည့်သွင်းမစဉ်းစားဘဲ အားလုံးအတွက် ဖက်ဒရယ် ဒီမိုကရေစီကို အာမခံသော ကြားဖြတ်ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို ခိုင်မာအောင်လုပ်ရမည် ဖြစ်သည်။

တိုက်ခိုက်ရေးသမားများအကြား ဒီမိုကရေစီအတွေးအခေါ် အားပေးရေး BIA ၏ ပျက်ကွက်မှုကို သင်ခန်းစာယူရန်နှင့် ခေတ်သစ် မြန်မာစစ်တပ်၏ အမှားများကို ရှောင်ရှားရန် NUG နှင့် ၎င်း၏ လက်နက်ကိုင်တပ်များဖြစ်သည့် PDF နှင့် တိုင်းရင်းသားအင်အားစုများသည် တပ်ဖွဲ့ဝင်များအကြားတွင် စနစ်ကျသည့် ဒီမိုကရေစီတန်ဖိုးများ သွတ်သွင်းပေးရမည်ဖြစ်ကာ တော်လှန်ရေးအလွန်ကာလတွင် လက်ရှိစစ်တပ်ကို အစားထိုးရန် ပြင်ဆင်ရမည်ဖြစ်သည်။

တည်တံ့သော ငြိမ်းချမ်းရေးရရန်အတွက် မြန်မာ၏ အနာဂတ်ကို အာဏာရှင်စနစ်နှင့် အပေးအယူလုပ် တည်ဆောက်ရမည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို လုံးဝ ပယ်ချရမည်ဖြစ်သည်။ ဒီမိုကရေစီတန်ဖိုးများနှင့် အရပ်သားကြီးကြပ်မှုတွင် အခြေခံသည့် စစ်တပ်ပီသသော ကာကွယ်ရေးတပ်ဖွဲ့တခုသည် မြန်မာစစ်တပ်ကို အစားထိုးရမည်ဖြစ်သည်။ ထိုထက် လျှော့နည်းသည့် မည်သည့်အရာမဆိုသည် သမိုင်းတပတ်လည်ခြင်းသာ ဖြစ်သည်။

(Small Wars Journal ပါ တင်ရှိုင်းအောင်၏ Authoritarian Legacy: Myanmar’s Military and the Failure of Professionalization ကို ဘာသာပြန်သည်။ တင်ရှိုင်းအောင်သည် Shwetaungthagathu Reform Initiative Centre (SRIc) ၏ အတိုင်ပင်ခံ ဒါရိုက်တာ ဖြစ်သည်။ တင်ရှိုင်းအောင်သည် ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းတက္ကသိုလ်၌ Sustainability Science ပါရဂူဘွဲ့အတွက် လေ့လာနေသည်။)

You may also like these stories:

မဲစာရင်းကြောင့် အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ မဲစာရင်းတွေမှားနေ (ရုပ်/သံ)

ရွေးကောက်ပွဲလမ်းကြောင်း စစ်အုပ်စု အကြီးအကျယ် ကြိုးစားရှင်းနေသော်လည်း

တော်လှန်ရေးဒီရေကို စစ်တပ်က မည်သို့တွန်းလှန်သနည်း

အတုအယောင် ရွေးကောက်ပွဲ အကြံအစည်နှင့် လူတယောက်

မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တရုတ် ဝင်ရောက်စွက်ဖက်မှု နက်ရှိုင်းလာ

ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ

တိုင်းပြည်ပျက်နေချိန် ကျင်းပမယ့် ရွေးကောက်ပွဲ

Your Thoughts …
Tags: NUGPDFစစ်ကော်မရှင်စစ်အာဏာသိမ်းမှုစီးပွားရေးဒေါ်အောင်ဆန်းစုကြည်နွေဦးတော်လှန်ရေးပြည်တွင်းစစ်ဖွဲ့စည်းပုံအခြေခံဥပဒေရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုလေကြောင်းတိုက်ခိုက်မှုဝါဒဖြန့်ချိရေးအတင်းအကျပ် စစ်သားစုဆောင်းမှုအရေးယူပိတ်ဆို့မှုအာဆီယံအာဏာရှင်စနစ်
တင်ရှိုင်းအောင်

တင်ရှိုင်းအောင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

Next Post
ပန်းရောင်ကတ်လုပ်ရန် စောင့်နေသည့် မြန်မာ ၁၀၀ ကျော် အဖမ်းခံရ

ပန်းရောင်ကတ်လုပ်ရန် စောင့်နေသည့် မြန်မာ ၁၀၀ ကျော် အဖမ်းခံရ

အကျိုးစီးပွားအတွက် သွားနေတဲ့လူတွေလည်း ရှိနိုင်တယ် (ရုပ်/သံ)

အကျိုးစီးပွားအတွက် သွားနေတဲ့လူတွေလည်း ရှိနိုင်တယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved