နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်ကကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဆယ်နှစ်ပြည့် နှစ်ပတ်လည်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သူတွေ အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
အဲဒီအထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌဟောင်း မူတူးစေးဖိုး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌဟောင်း ရဲဘော်မျိုးဝင်း နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ရဲ့ နာယကဟောင်းဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့ ပါဝင်ပါတယ်။
KNU၊ ABSDF နဲ့ PNLO တို့ဟာ NCA လက်မှတ်ရေးထိုးခဲ့ကြတဲ့ အဖွဲ့တွေဖြစ်ပေမယ့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ စစ်တပ်ကို ပြန်တိုက်နေခဲ့ကြတဲ့ အဖွဲ့တွေဖြစ်ကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













