• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သမ္မတ ရှီကျင့်ဖျင်၏ မြေရှားသတ္တု ကန့်သတ်ချက်ကြောင့် ဂယက်ထ

by ဧရာဝတီ
17 October 2025
in ဆောင်းပါး
A A
သမ္မတ ရှီကျင့်ဖျင်၏ မြေရှားသတ္တု ကန့်သတ်ချက်ကြောင့် ဂယက်ထ

ကချင်ပြည်နယ်မှ မြေရှားသတ္တုတူးဖော်ရေးမိုင်းတွင်းတတွင်း/Global Witness

440
VIEWS
Share on FacebookShare on Twitter

မြေရှားသတ္တု ပို့ကုန်များကို တရုတ်၏ သိမ်းကျုံးကန့်သတ်မှုသစ်များသည် အစိုးရများကို လှုပ်ခါသွားစေပြီး မြေရှားရရန် အခြားလမ်းကြောင်းများကို အလုအယက်ရှာဖွေစေကာ တရုတ်၏ ကမ္ဘာ့သြဇာနှင့် ကုမ္ပဏီများအတွက် ကြီးထွားနေသော အန္တရာယ်ကို အထင်အရှား ပြသလိုက်သည်။

လွန်ခဲ့သော အပတ်က ကြေညာခဲ့သည့် စည်းမျဉ်းများအရ ပြည်ပလုပ်ငန်းများသည် တရုတ်နိုင်ငံမှ မြစ်ဖျားခံသည့် မြေရှားသတ္တု အနည်းငယ်မျှသာပါသော ထုတ်ကုန်များကို မတင်ပို့မီ တရုတ်အစိုးရ၏ ခွင့်ပြုချက် ရယူရန် လိုအပ်သည်။ ထိုစည်းမျဉ်းများသည် ဝါရှင်တန်မှ ဒဏ်ခတ် ခြိမ်းခြောက်မှုများ ဖြစ်စေကာ နှစ်ဖက်စလုံးက ဆွေးနွေးပွဲများအတွက် တံခါးဖွင့်ထားကြောင်းပြောသော်လည်း ဥရောပသမဂ္ဂမှ ဆန့်ကျင်မှုကို ဖော်ပြနေသည်။

တရုတ်နှင့် စားသုံးဆီ ကုန်သွယ်မှုကို ရပ်ဆိုင်းလိုက်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အောက်တိုဘာလ ၁၄ ရရက်နေ့တွင် ပြောကြားလိုက်သောကြောင့် အမေရိကန် ပဲပိစပ်ကို ဝယ်ယူရန် တရုတ်၏ ငြင်းပယ်ခြင်းကို လက်စားချေရန်ဖြစ်ကြောင်း ထင်ရှားသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး တရုတ်မှ ကုန်စည်များကို အခွန်နောက်ထပ် ၁၀၀ ရာခိုင်နှုန်း ချမှတ်မည်ဟုလည်း သမ္မတ ထရမ့် ယခင်က ခြိမ်းခြောက်ထားပြီး ယခုလနှောင်းပိုင်းတွင် တောင်ကိုရီးယား၌ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ဆွေးနွေးပွဲ ဖျက်သိမ်းမည့် အလားအလာကို မြင့်မားစေသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး တရုတ်မှ ကုန်စည်များကို အခွန်နောက်ထပ် ၁၀၀ ရာခိုင်နှုန်း ချမှတ်မည်ဟုလည်း သမ္မတ ထရမ့် ယခင်က ခြိမ်းခြောက်ထားပြီး ယခုလနှောင်းပိုင်းတွင် တောင်ကိုရီးယား၌ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ဆွေးနွေးပွဲ ဖျက်သိမ်းမည့် အလားအလာကို မြင့်မားစေသည်။

ဥရောပသမဂ္ဂအနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်သင့်သည်ဟု ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ် လော့ကဲ ရက်စ်မတ်ဆန် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြောသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့၏ အစည်းအဝေးအတွက် ဝါရှင်တန်တွင် စုဝေးရောက်ရှိနေသည့် ကမ္ဘာ့ဘဏ္ဍာရေး အကြီးအကဲများကို ပြောကြားရာတွင် EU စီးပွားရေး ကော်မရှင်နာ ဗယ်လ်ဒစ် ဒွမ်ဘရော့စကစ်က တရုတ်နိုင်ငံသည် ကုန်သွယ်ရေး အပြန်အလှန် မှီခိုမှုကို နိုင်ငံရေးအမြတ်ထုတ်ရန် လုပ်နေသည်ဟု စွပ်စွဲသည်။

တရုတ်နိုင်ငံ တန်ဂျင်းမြို့ရှိ စက်ရုံတရုံအတွင်း တွေ့ရသော မြေရှားသတ္တုသံလိုက်များ/Bloomberg

အနှောင့်အယှက်ဖြစ်မည့် အခြေအနေသည် ထိုစည်းမျဉ်းများကို မည်မျှ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးမည်ဆိုသည့်အပေါ် မူတည်မည်ဖြစ်သော်လည်း ထိုလုပ်ရပ်သည် ကုမ္ပဏီများနှင့် မူဝါဒချမှတ်သူများအနေဖြင့် တန်ပြန်သည့် အစီအမံများနှင့် တရုတ်ထံမှ အရေးပါသော သွင်းကုန်များအတွက် အခြား ရွေးချယ်စရာများ ရှာဖွေရန် ဖြစ်စေသည်။

“ဒီပို့ကုန်ထိန်းချုပ်မှုတွေနဲ့ စောင့်ကြည့်မှုတွေ ဆက်ရှိနေဖို့ ကျနော်တို့ ခွင့်ပြုမှာ မဟုတ်ဘူး” ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က Fox Business ၏ အောက်တိုဘာလ ၁၅ ရက်နေ့ တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

“သူတို့က ကျနော်တို့ကို ကုန်စည်ဖြန့်ချိရေး ကွင်းဆက်တွေနဲ့ လွတ်လပ်သော ကမ္ဘာတခုလုံးက စက်မှုအခြေခံမှာ ဘဇူကာ (ဖျက်ဆီး‌ရေး) လက်နက်နဲ့ ချိန်ထားတယ်” ဟု ၎င်းကပြောသည်။

ဥရောပ၊ အိန္ဒိယနှင့် အာရှမှ ဒီမိုကရက်တစ်အစိုးရများထံမှ ညှိနှိုင်းထောက်ခံမှုရရန် မျှော်လင့်နေသည်ဟု သူက ပြောသောကြောင့် ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့ နိုင်ငံများကို ရည်ညွှန်းကြောင်း ထင်ရှားသည်။ ယခုအပတ် ဝါရှင်တန်တွင် စက်မှုထိပ်သီး ခုနစ်နိုင်ငံအစည်းအဝေးတွင် ဆွေးနွေးမှုများဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ကော်မရှင်နာ ဒွမ်ဘရော့စကစ်က ပြောသည်။

အိန္ဒိယတွင် ကားနှင့် ကားအစိတ်အပိုင်းထုတ်လုပ်သူများသည် ၎င်းတို့ယခင်က မှီခိုအားထားခဲ့သည့် သိပ်သည်းဆများသော မြေရှားသတ္တုများအတွက် စွမ်းဆောင်ရည် နည်းသော်လည်း ပထဝီနိုင်ငံရေးအရ ပိုမိုလုံခြုံသော အစားထိုးအဖြစ် ဖာရိုက် (ferrite) အခြေခံ သံလိုက်များကို စမ်းသပ်မှု စတင် အရှိန်မြှင့်တင်နေသည်ဟု ထိုကိစ္စကိုသိသော လူများက ပြောသည်။ လတ်တလောတွင် ဒီဇင်ဘာလအထိ လုံလုံလောက်လောက် ရှိနေသေးသည်ဟု ထိုလူများက ပြောသည်။

ထိုင်ဝမ်အစိုးရသည် ပြည်တွင်းလုပ်ငန်းများအတွက် တည်ငြိမ်သော မြေရှားသတ္တုရရှိရန် ပြန်လည်သန့်စင်အသုံးပြုရေး ပြည်တွင်းကုမ္ပဏီများကို အားပေးနေသည်ဟု ထိုင်ဝမ်စီးပွားရေးဝန်ကြီး ခွန်မင်းရှင်က ပြောသည်။ တရုတ်နိုင်ငံ၏ နောက်ဆုံးအစီအမံများသည် မော်တာ၊ ကားနှင့် ဒရုန်းပြုလုပ်သူများကို ထိခိုက်စေမည်ဖြစ်ပြီး ချစ်ပ်ကဏ္ဍသည် ကြီးကြီးမားမား ထိခိုက်မှုမရှိဟု ၎င်းကပြောသည်။

ထိုင်ဝမ်အစိုးရသည် ပြည်တွင်းလုပ်ငန်းများအတွက် တည်ငြိမ်သော မြေရှားသတ္တုရရှိရန် ပြန်လည်သန့်စင်အသုံးပြုရေး ပြည်တွင်းကုမ္ပဏီများကို အားပေးနေသည်ဟု ထိုင်ဝမ်စီးပွားရေးဝန်ကြီး ခွန်မင်းရှင်က ပြောသည်။ တရုတ်နိုင်ငံ၏ နောက်ဆုံးအစီအမံများသည် မော်တာ၊ ကားနှင့် ဒရုန်းပြုလုပ်သူများကို ထိခိုက်စေမည်ဖြစ်ပြီး ချစ်ပ်ကဏ္ဍသည် ကြီးကြီးမားမား ထိခိုက်မှုမရှိဟု ၎င်းကပြောသည်။

တချိန်တည်းတွင် မြှင့်တင်ပြီးသော အခွန်များအပြင် လက်စားချေသည့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး အစီအမံများ ခြေလှမ်းမြန်နေသည်။ အောက်တိုဘာလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံက တရုတ်နှင့် အမေရိကန်အကြား ရေကြောင်းနယ်ပယ်များဆိုင်ရာ ပိုမိုကျယ်ပြန့်သော အစီအမံများ၏ အစိတ်အပိုင်းအဖြစ် တောင်ကိုရီးယား သင်္ဘောလုပ်ငန်းကြီး၏ အမေရိကန်လုပ်ငန်းခွဲကို အရေးယူပိတ်ဆို့မှုများ ကြေညာသည်။

တရုတ်၏ ကန့်သတ်မှုကြောင့် မူလကပင် ထိခိုက်ပြီးဖြစ်သော တွင်းထွက် ခုနစ်မျိုးနှင့် ပြုလုပ်သည့် သံလိုက်များအတွက် အစားထိုးရန် ခက်ခဲလာသည်

ထို့အပြင် ဥရောသမဂ္ဂသည် တရုတ်ကုမ္ပဏီများ ပြည်တွင်းတွင် လာရောက်လုပ်ကိုင်လိုပါက ဥရောပကုမ္ပဏီများသို့ နည်းပညာ လွှဲပြောင်းပေးရေး လိုအပ်စေရန် စဉ်းစားနေသည်။

ဆန့်ကျင်မှု အန္တရာယ်

ထိုခြေလှမ်းများသည် တရုတ်နိုင်ငံက လွှမ်းမိုးထားသည့် အရေးပါသော တွင်းထွက်များ ကမ္ဘာ့စီးဆင်းမှုကို ထိန်းချုပ်ရန် ပထမအဓိက အားထုတ်မှုဖြစ်ပြီး အမေရိကန်က ၎င်း၏ ကမ်းခြေများကို ကျော်လွန်ပြီး အာဏာပြခွင့်ပေးသည့် စည်းမျဉ်းကို အသုံးပြုသည်။

“ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားပြီးနောက် တရုတ်နိုင်ငံဟာ အမေရိကန်ထက် နည်းပညာစစ်မှန်တဲ့ အသာစီးရမှု အနည်းငယ်ရှိလာတယ်” ဟု Gavekal သုတေသနလုပ်ငန်းမှ အာသာ ခရိုးဘားနှင့် လိုင်လာ ခဝါဂျာက အောက်တိုဘာလ ၁၃ ရက်နေ့ မှတ်တမ်းတခုတွင် ပြောသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
180
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
106
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
388

တရုတ်နိုင်ငံက အလွန်အကျွံ ပြင်းထန်သော မြေရှားသတ္တု ထိန်းချုပ်မှုကို အကောင်အထည်ဖော်ခြင်းသည် အခြား ဖြန့်ချိရေးကွင်းဆက်များ တည်ဆောက်ရန် အားထုတ်မှုများကို အားပေးပြီး တရုတ်၏ ရေရှည်လွှမ်းမိုးမှုကို ထိခိုက်စေနိုင်သည်။ အမေရိကန်က အဆင့်မြင့် တပိုင်းလျှပ်ကူး ဆီမီးကွန်ဒတ်တာ တင်ပို့မှုထိန်းချုပ်ခြင်းသည် ဆန့်ကျင်ခံရပြီး တရုတ်ထီထွင်ဆန်းသစ်မှုကို တွန်းအားပေးခြင်းကဲ့သို့ပင် ဖြစ်သည်။

အရေးပါသော သတ္တုစီမံကိန်းနှင့် သြစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီများသည် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ခေါင်းရှုပ်စရာ ရှယ်ယာဈေးမြင့်တက်မှု ဖြစ်လာပြီး Resolution Minerals Ltd. ၏ ရှယ်ယာများသည် ၅၆ ရာခိုင်နှုန်း တက်ပြီး Nova Minerals Ltd. သည် ၁၆ ရာခိုင်နှုန်း တက်လာသည်။

တရုတ်နိုင်ငံ၏ အစီအမံများသည် အမေရိကန်က ရှေ့ဆောင်လမ်းပြလုပ်သည့် နည်းဗျူဟာကို သမ္မတ ရှီကျင့်ဖျင်က ပြုပြင်ပြောင်းလဲ အသုံးပြုမှုဖြစ်သည်။ အရေးပါသည့် ကဏ္ဍများတွင် လွှမ်းမိုးမှုကို ပြည်ပပြိုင်ဘက်များအား တိုက်ခိုက်သည့် တုတ်အဖြစ် အသုံးပြုခြင်းဖြစ်သည်။

အမေရိကန်သည် ဒေါ်လာကို အသုံးပြုနိုင်သည့် စွမ်းရည်ရှိသလို တရုတ်နိုင်ငံသည်လည်း မြေရှားသတ္တု သန့်စင်ခြင်းနှင့် တာရှည်ခံ သံလိုက်များ ထုတ်လုပ်ခြင်းကို ၎င်း၏ ချုပ်ကိုင်မှုအဖြစ် ဖြန့်ကြက်လာနေသည်။

အမေရိကန်သည် ဒေါ်လာကို အသုံးပြုနိုင်သည့် စွမ်းရည်ရှိသလို တရုတ်နိုင်ငံသည်လည်း မြေရှားသတ္တု သန့်စင်ခြင်းနှင့် တာရှည်ခံ သံလိုက်များ ထုတ်လုပ်ခြင်းကို ၎င်း၏ ချုပ်ကိုင်မှုအဖြစ် ဖြန့်ကြက်လာနေသည်။

“အမေရိကန် ပြည်ထောင်စုဟာ ဒေါ်လာရဲ့ ထိရောက်မှုနဲ့ အမေရိကန် ဘဏ္ဍာရေးစနစ်ကို ဗဟိုပြုခြင်းကြောင့် ဘဏ္ဍာရေးဈေးကွက်တွေမှာ မယှဉ်နိုင်တဲ့ သြဇာရှိတယ်” ဟု ယခင်က ဘိုင်ဒင်နှင့် ထရမ့် အစိုးရများလက်ထက် အမျိုးသားလုံခြုံရေးကောင်စီများတွင် ပထဝီစီးပွားရေး ဝါရင့်သုတေသီအဖြစ် လုပ်ခဲ့သူ ခရစ် ကနေဒီက ပြောသည်။ “တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုန်ထုတ်လုပ်မှုမှာ အရေးပါတဲ့ အဓိက စက်မှုလုပ်ငန်းတွေကို လွှမ်မိုးထားလို့ ကမ္ဘာ့သြဇာရှိတယ်” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု

မြေရှားသတ္တုကို တရုတ် ထိန်းချုပ်ထားမှု

ဟိုလ်မီယမ်၊ ယူရိုပီယမ်၊ ယက်တာဘီယမ်၊ သူလီယမ်နှင့် အာဘီယမ် စသည့်မြေရှားသတ္တု ငါးမျိုးကို ထည့်သွင်းခြင်းသည် ကုမ္ပဏီများအနေဖြင့် ဧပြီလတွင် တရုတ်၏ ကန့်သတ်မှုကြောင့် မူလကပင် ထိခိုက်ပြီးဖြစ်သော တွင်းထွက် ခုနစ်မျိုးနှင့် ပြုလုပ်သည့် သံလိုက်များအတွက် အစားထိုးရန် ခက်ခဲလာသည်။

ရေတိုတွင် အခြားရွေးချယ်စရာများသည် အကန့်အသတ် ရှိနေသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့တူးဖော်ပြီး မြေရှားသတ္တု ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး ထိုတွင်းထွက်များနှင့် ပြုလုပ်သည့် သံလိုက်များ၏ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်သည်။ ဥရောပသမဂ္ဂနှင့် အမေရိကန်မှ ကုမ္ပဏီများသည် တရုတ်နိုင်ငံ၏ ယခင်က ကန့်သတ်မှုများအတွင်း မြေရှားသတ္တု မလုံလောက်ခြင်းနှင့် ထုတ်လုပ်မှု ရပ်ဆိုင်းခြင်းများ ဖြစ်ခဲ့သော်လည်း အစားထိုးစွမ်းရည် တည်ဆောက်ရန် နှစ်ပေါင်းများစွာ ကြာနိုင်သည်။

အပြင်းအထန် အကောင်အထည်ဖော်ပါက ထိုမူဝါဒသည် စွမ်းဆောင်ရည်မြင့်မားသည့် တာရှည်ခံ သံလိုက်များကို မှီခိုသည့် ခေတ်သစ်လုပ်ငန်းများ အားလုံးအား ထိခိုက်စေမည့် နည်းပညာ အကျပ်အတည်းကို ဖြစ်စေသည်။ ထိုအစီအမံများကို ကုန်ကြမ်းများအတွက်သာမက တရုတ်မြေရှားသွင်းကုန် အသုံးပြုသည့် ပြည်ပလုပ် ထုတ်ကုန်များအတွက်ပါ ကျင့်သုံးပြီး ထုတ်ကုန်တန်ဖိုး၏ ဝ.၁ ရာခိုင်နှုန်းသာပါသည့် ပစ္စည်းများတွင်ပါ အကျုံးဝင်သည်။

တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထိုကန့်သတ်ချက်များသည် အမျိုးသားလုံခြုံရေးအရ လိုအပ်ကြောင်း ပြောကြားပြီး သိပ်သည်းဆ အလယ်အလတ်နှင့် မြင့်မားသည့် မြေရှားသတ္တုများသည် အရေးပါသည့် စစ်ဘက်အသုံးပြုမှု ရှိကြောင်း ပြောသည်။ ထိုအစီအမံများသည် ပို့ကုန်ကို လုံးဝ ပိတ်ပင်ခြင်းမဟုတ်ဘဲ လုပ်ထုံးလုပ်နည်း လိုအပ်ချက်များပြည့်မီပါက လျှောက်ထားမှုများကို ခွင့်ပြုမည်ဟု တရုတ်အရာရှိများက ကတိပြုသည်။

မည်သို့ရည်ရွယ်သည်ဖြစ်စေ ထိုတွင်းထွက်များ ကမ္ဘာ့စီးဆင်းမှုကို ထိန်းကြောင်းရန် ရည်မှန်းချက်သည် အစိုးရနှင့် ပတ်သက်နေသည့် ထိပ်တန်းသုတေသနလုပ်ငန်းဖြစ်သော တရုတ်လူမှုသိပ္ပံများ အကယ်ဒမီ (CASS) မှ သုတေသီတဦး၏ အောက်တိုဘာလ ၁၃ ရက်နေ့က ဆောင်းပါးတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မြေရှားရောင်းချသည့် နိုင်ငံအဖြစ်မှ မြေရှားစနစ်ကို စီမံအုပ်ချုပ်သူအဖြစ် ပြောင်းလဲလာပြီး ထိုအစီအမံများသည် မြေရှားသတ္တုများကို စစ်ရေးအတွက် အသုံးပြုမှုအား တားဆီးကာ ကမ္ဘာ့လူမှုအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားအတွက် ဖြစ်သည်ဟု ထိုအဖွဲ့မှ လက်ထောက်သုတေသီ ဝမ်ကျိယန်က ဖော်ပြသည်။

တရုတ်နိုင်ငံသည် မြေရှားရောင်းချသည့် နိုင်ငံအဖြစ်မှ မြေရှားစနစ်ကို စီမံအုပ်ချုပ်သူအဖြစ် ပြောင်းလဲလာပြီး ထိုအစီအမံများသည် မြေရှားသတ္တုများကို စစ်ရေးအတွက် အသုံးပြုမှုအား တားဆီးကာ ကမ္ဘာ့လူမှုအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားအတွက် ဖြစ်သည်ဟု ထိုအဖွဲ့မှ လက်ထောက်သုတေသီ ဝမ်ကျိယန်က ဖော်ပြသည်။

ထိုနောက်ဆုံးလုပ်ရပ်သည် တရုတ်၏ ပို့ကုန်ထိန်းချုပ်မှုစနစ် တိုးချဲ့သည့် နှစ်ပေါင်းများစွာအတွင်း အထွတ်အထိပ် ရောက်လာခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး တရုတ်နိုင်ငံသည် အဖွဲ့အစည်းများကို အမည်ပျက်စာရင်း သွင်းခြင်းမှ တရုတ်မှ မြစ်ဖျားခံသည့် နည်းပညာများ ပိုင်နက်ကျော်လွန် စီရင်ခွင့် ထူထောင်ခြင်းအထိ အမေရိကန် ထိန်းချုပ်မှုကို ထင်ဟပ်သည့် စနစ်တခုကို စနစ်တကျ တည်ဆောက်သည်။

တရုတ်နိုင်ငံရှိ မြေရှားသတ္တုသန့်စင်ရေး စက်ရုံတရုံ/Reuters

အချိန်ကာလသည် ဝါရှင်တန်က တပိုင်းလျှပ်ကူး ဆီမီးကွန်ဒတ်တာ တရုတ်လုပ်ငန်းများကို ပစ်မှတ်ထားသည့် အဖွဲ့အစည်းစာရင်းကို သက်တမ်းတိုးလိုက်ခြင်းနှင့် ဆက်စပ်နေပုံရသည်။ ထိုကိစ္စသည် ကုန်သွယ်ရေး ဆွေးနွေးပွဲများအတွင်း နှစ်ဖက်လုံးက ထိန်းချုပ်မှုသစ် မချမှတ်ရဟု လွန်ခဲ့သောလက စပိန်နိုင်ငံ မက်ဒရစ်တွင် ရရှိခဲ့သည့် နှစ်ဖက်သဘောတူညီမှုကို ချိုးဖောက်သည်ဟု တရုတ်က မြင်သည်။

ထိုထိန်းချုပ်မှုများသည် သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတ ဒေါ်နယ် ထရမ့် ယခုလနှောင်းပိုင်းတွင် မျှော်လင့်ထားသည့် ဆွေးနွေးပွဲများမတိုင်မီ ညှိနှိုင်းရေးကို သြဇာသက်ရောက်စေမည့် ကိစ္စဖြစ်နိုင်သည်။ ထိုကြေညာချက်သည် တပိုင်းလျှပ်ကူး ဆီမီးကွန်ဒတ်တာ တင်ပို့မှု ထိန်းချုပ်သည့်ကိစ္စတွင် အမေရိကန် အလျှော့ပေးမှုနှင့် အပေးအယူအဖြစ် မြေရှားတင်ပို့မှု ထိန်းချုပ်မှုများကို ဖြေလျှော့ရန် ဖြစ်သည်ဟု ခရိုးဘားနှင့် ခဝါဂျာက ပြောသည်။

ထိုဆွေးနွေးပွဲများ၏ ရလဒ်သည် မည်သို့ဖြစ်လာသည်ဖြစ်စေ လုံးဝ နောက်ကြောင်းပြန်လှည့်ခြင်းသည် ဖြစ်နိုင်ဖွယ်မရှိဟု မကြာသေးမီအထိ တရုတ်မှ အမေရိကန် ဘဏ္ဍာရေးသံမှူးလုပ်ခဲ့ပြီး ယခုအခါ Rhodium Group ၏ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာ အိုလီဗာ မက်လ်တန်က ပြောသည်။

အဆုံးအထိ သွားကြမည်

“ဒါဟာ အနာဂတ်မှာ တရုတ်ကို ပို့ကုန်ထိန်းချုပ်မှုတွေ တားဆီးဖို့ အမေရိကန်နဲ့ အခြားနိုင်ငံတွေအပေါ် ရေရှည် သြဇာရှိစေဖို့ သေနင်္ဂဗျူဟာကျတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ အမေရိကန် ဈေးကွက်တွေကို ထိခိုက်မှု အများဆုံး ဖြစ်စေမယ့် နည်းလမ်းနဲ့ အဓိကကျတဲ့ အမေရိကန်ကုမ္ပဏီတွေ ကုန်ထုတ်လုပ်မှုကို ဖြတ်တောက်နိုင်တဲ့ စွမ်းရည်ရှိကြောင်း တရုတ်မူဝါဒ ချမှတ်သူတွေက ကောင်းကောင်းသိတယ်။ ဥပမာအားဖြင့် Apple နဲ့ Tesla တို့လိုလုပ်ငန်းတွေကို ပစ်မှတ်ထားတယ်” ဟု ၎င်းက ပြောသည်။

တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆွေးနွေးပွဲများအတွက် တံခါးဖွင့်ထားကြောင်း ပြောကြားပြီး ၎င်း၏ လုပ်ရပ်များကို ကာကွယ်ကာ တရုတ်အစိုးရသည် လိုအပ်ပါက အဆုံးတိုင် တိုက်ခိုက်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲများအတွက် တံခါးဖွင့်ထားကြောင်း ပြောသည်။

လက်စားချေခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်း နည်းပရိယာယ်များအပြင် ထိုအစီအမံများက တရုတ်၏ ပိုမိုကျယ်ပြန့်သော စက်မှုသေနင်္ဂဗျူဟာကို ရှေ့တန်းတင်သည်။ မြေရှားသတ္တုသန့်စင်သည့် နည်းပညာနှင့် ထုတ်လုပ်ရေး နည်းလမ်းများကို ထိန်းချုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် ယှဉ်ပြိုင်သူများကို နောက်ကျစေရန် ထိန်းချုပ်ပြီး တရုတ်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးသည်။

လက်စားချေခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်း နည်းပရိယာယ်များအပြင် ထိုအစီအမံများက တရုတ်၏ ပိုမိုကျယ်ပြန့်သော စက်မှုသေနင်္ဂဗျူဟာကို ရှေ့တန်းတင်သည်။ မြေရှားသတ္တုသန့်စင်သည့် နည်းပညာနှင့် ထုတ်လုပ်ရေး နည်းလမ်းများကို ထိန်းချုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် ယှဉ်ပြိုင်သူများကို နောက်ကျစေရန် ထိန်းချုပ်ပြီး တရုတ်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးသည်။

တရုတ်မြေရှားသတ္တု သို့မဟုတ် သက်ဆိုင်ရာနည်းလမ်းများ အသုံးပြုသော ပြည်ပမှ ထုတ်လုပ်သူများအတွက် စည်းမျဉ်းများသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင် သက်ဝင်မည် ဖြစ်သည်။ ဝ.၁ ရာခိုင်နှုန်း အနိမ့်ဆုံး သတ်မှတ်ချက်သည် ကြားခံကုန်စည် အများအပြားကို သက်ရောက်စေနိုင်ပြီး အဓိကကျသည့် စီမံအုပ်ချုပ်ရေး နှောင့်နှေးမှုများ ဖြစ်စေမည်ဖြစ်သည်။

(Bloomberg ပါ Xi’s Rare Earth ‘Bazooka’ Sparks Global Alarm, Race for Supplies ကို ဘာသာပြန်သည်။)

You may also like these stories:

ထရမ့် ဒေါသထွက်လည်း အမေရိကန်၏ ရန်သူများကို တရုတ် ပိုမိုဆွဲဆောင်လာ

အိန္ဒိယ၊ ပါကစ္စတန်နှင့် တရုတ်တို့၏ အရင်းအနှီးကြီးသော မြေရှားသတ္တု အားပြိုင်ပွဲ

မြန်မာတွင် မြေရှားသတ္တုတူးဖော်မှု မြင့်မားလာကြောင်း ဂြိုဟ်တုပုံများပြသနေ

မြန်မာ့မြေရှား အမေရိကန် တကယ်စိတ်ဝင်စားနေပြီလား (ရုပ်/သံ)

ပေါက်ဖော်၊ ဘာဘူ၊ CIA နှင့် မြန်မာ့ မြေရှားသတ္တု

မြန်မာ့မြေရှားအပေါ် အမေရိကန်သဘောထားက စိတ်ပျက်ဖွယ်ဖြစ်သည်

Your Thoughts …
Tags: ကုန်သွယ်ရေးစီးပွားရေးတရုတ်နည်းပညာမြေရှားသတ္တုအမေရိကန်အရေးယူပိတ်ဆို့မှုဥရောပသမဂ္ဂ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

Next Post
သီပေါက ဆုတ်ပြီဟု TNLA အတည်ပြု

သီပေါက ဆုတ်ပြီဟု TNLA အတည်ပြု

ကျောင်းတွေကို ဗုံးကြဲနေသူက ပညာရေး အရေးကြီးတယ်လို့ပြောနေ (ရုပ်/သံ)

ကျောင်းတွေကို ဗုံးကြဲနေသူက ပညာရေး အရေးကြီးတယ်လို့ပြောနေ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved