• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အိန္ဒိယ၊ ပါကစ္စတန်နှင့် တရုတ်တို့၏ အရင်းအနှီးကြီးသော မြေရှားသတ္တု အားပြိုင်ပွဲ

by ဧရာဝတီ
19 September 2025
in ဆောင်းပါး
A A
အိန္ဒိယ၊ ပါကစ္စတန်နှင့် တရုတ်တို့၏ အရင်းအနှီးကြီးသော မြေရှားသတ္တု အားပြိုင်ပွဲ

ရှီကျင့်ဖျင်နှင့် ထရမ့်တို့သာမက မိုဒီလည်း မြေရှားသတ္တုရှာဖွေတူးဖော်ရေး စိတ်ဝင်စားလာပြီ ဖြစ်သည်/CNN

1.6k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်နှင့် ပါကစ္စတန်ရှိ ဘလူချစ္စတန်မှ လျှို့ဝှက်သတ္တုမိုင်းများတွင် မြေရှားသတ္တုများသည် လျှို့ဝှက်ရတနာများ မဟုတ်တော့ပေ။ ၎င်းတို့သည် အာဏာ၊ သြဇာနှင့် ရှင်သန်မှု အသုံးချခံဖြစ်လာပြီး တောင်အာရှ၏ အနာဂတ်နှင့် အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ အမေရိကန် ပြည်ထောင်စုအကြား သေနင်္ဂဗျူဟာ ချိန်ခွင်လျှာကို ပုံဖော်နေသည်။

မြေရှားသတ္တုတွင်းထွက်များသည် ခေတ်သစ်ကမ္ဘာ၏ မမြင်နိုင်သော မောင်းနှင်အားဖြစ်သည်။ လျှပ်စစ် မော်တော်ယာဉ်နှင့် လေအားလျှပ်စစ် တာဘိုင်မှသည် ဂျက်တိုက်လေယာဉ်၊ စမတ်ဖုန်းနှင့် ကမ္ဘာ့အာဏာကို ဖော်ဆောင်ပေးသည့် အဆင့်မြင့်နည်းပညာများအထိ ထိုသယံဇာတများသည် ၂၁ ရာစု သြဇာအာဏာသင်္ကေတ ဖြစ်လာသည်။

ယနေ့တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့သန့်စင်မှု စွမ်းရည်၏ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး တရုတ်သည် မဟာမိတ်များကို ချီးမြှောက်ရန်နှင့် ရန်သူများကို ဒဏ်ခတ်ရန် သြဇာအကြီးအကျယ် ရရှိစေသည်။

သို့သော် ထိုသယံဇာတများ ရရှိရေးသည် လုံးဝ မရိုးရှင်းပေ။ ယနေ့တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့သန့်စင်မှု စွမ်းရည်၏ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး တရုတ်သည် မဟာမိတ်များကို ချီးမြှောက်ရန်နှင့် ရန်သူများကို ဒဏ်ခတ်ရန် သြဇာအကြီးအကျယ် ရရှိစေသည်။

အိန္ဒိယအတွက် ထိုပြိုင်ပွဲကို လိုအပ်ချက်နှင့် သေနင်္ဂဗျူဟာက တွန်းအားပေးသည်။ အိန္ဒိယနိုင်ငံသည် နည်းပညာနှင့် စက်မှုလွတ်လပ်ရေးအတွက် တရုတ်နိုင်ငံအပေါ် မှီခိုမှုလျှော့ချရန် မြေရှားတွင်းထွက်များကို ထိန်းချုပ်မှုရရေး ဆုံးဖြတ်ထားသည်။

တချိန်တည်းတွင် ပါကစ္စတန်သည် ထိုပြိုင်ပွဲကို မတူညီသောအမြင်ဖြင့် ချဉ်းကပ်ပြီး ၎င်း၏ တွင်းထွက်ကြွယ်ဝမှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အမေရိကန် ပြည်ထောင်စု၊ တရုတ်တို့နှင့် သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးအပြင် အင်အားချိနဲ့စေသည့် အကြွေးများမှ လွတ်မြောက်ရန် နည်းလမ်းဖြစ်သည်။

အိမ်နီးချင်း နှစ်နိုင်ငံဖြစ်သည့် သေနင်္ဂဗျူဟာပြိုင်ဘက် နှစ်နိုင်ငံနှင့် ၎င်းတို့၏ စီးပွားရေးများ၊ ပထဝီနိုင်ငံရေး အနာဂတ်များကို ပြန်လည် ပုံဖော်ပေးနိုင်သည့် အရင်းအနှီးကြီးမားသော သယံဇာတလည်း ဖြစ်သည်။

မြန်မာတွင် အိန္ဒိယ၏ စွန့်စားရဲသော ကစားကွက်

အိန္ဒိယသည် မြေရှားသတ္တုရရှိရေးတွင် သမားရိုးကျမဟုတ်သော မိတ်ဖက်ကို အားကိုးသည်။ မြန်မာမှ အင်အားအကြီးမားဆုံး လက်နက်ကိုင်အဖွဲ့များအနက် တခုဖြစ်သော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဖြစ်သည်။

Reuters သတင်းအရ အိန္ဒိယသတ္တုတွင်းဝန်ကြီးဌာနသည် IREL နှင့် Midwest Advanced Materials အပါအဝင် နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများကို မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း KIA ထိန်းချုပ်ဒေသများမှ နမူနာများ စုဆောင်းပို့ဆောင်ရေး နည်းလမ်းရှာရန် ပြောသည်။

Reuters သတင်းအရ အိန္ဒိယသတ္တုတွင်းဝန်ကြီးဌာနသည် IREL နှင့် Midwest Advanced Materials အပါအဝင် နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများကို မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း KIA ထိန်းချုပ်ဒေသများမှ နမူနာများ စုဆောင်းပို့ဆောင်ရေး နည်းလမ်းရှာရန် ပြောသည်။

ထိုသတ္တုတွင်းများသည် လျှပ်စစ်မော်တော်ယာဉ်များ၊ လေအားလျှပ်စစ် တာဘိုင်များနှင့် အဆင့်မြင့် လက်နက်စနစ်များအတွက် မရှိမဖြစ် လိုအပ်သော ဒစ်ပရိုစီယမ်နှင့် တာဘီယမ် အပါအဝင် သိပ်သည်းဆများသော မြေရှားသတ္တုများ ကြွယ်ဝသည်။

ထိုပူးပေါင်းဆောင်ရွက်မှုသည် ပထဝီနိုင်ငံရေးဖြစ်သလို စီးပွားရေးလည်း ဖြစ်သည်။ မြန်မာမှ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်တွင် KIA သည် ချီဖွေ-ပန်ဝါ သတ္တုကြောကို သိမ်းပိုက်ပြီး မြန်မာစစ်အုပ်စုကို ထောက်ခံသည့် တရုတ်နှင့် အဆင်မပြေဖြစ်သည်။

အိန္ဒိယ၏ KIA နှင့် ထိတွေ့ဆက်ဆံခြင်းသည် အရေးပါမှုနှင့် ပါးနပ်မှု သို့မဟုတ် နည်းပညာ ရည်မှန်းချက်များအတွက် အရေးပါသော သယံဇာတများရရန် လုပ်ထုံးလုပ်နည်း သံတမန်ရေးမှ လမ်းခွဲခြင်း ဖြစ်သည်။ သို့သော် အန္တရာယ်များသည်။

KIA ထိန်းချုပ်ဒေသများမှ တွင်းထွက်များကို သယ်ယူပို့ဆောင်ရေး အကျပ်အတည်းများနှင့် အိန္ဒိယ၏ အကန့်အသတ်ရှိသော ပြည်တွင်းသန့်စင်နိုင်သည့် စွမ်းရည်သည် အားသာချက်များကို ထိခိုက်စေနိုင်သည်။

သန့်စင်သည့်လုပ်ငန်းများနှင့် သန့်စင်မှုမြင့်မားသည့် အဆောက်အအုံများ မရှိဘဲ အိန္ဒိယသည် သတ္တုမိုင်းများကို ရသည့်တိုင် ဈေးကွက်ကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။

သန့်စင်သည့်လုပ်ငန်းများနှင့် သန့်စင်မှုမြင့်မားသည့် အဆောက်အအုံများ မရှိဘဲ အိန္ဒိယသည် သတ္တုမိုင်းများကို ရသည့်တိုင် ဈေးကွက်ကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။

ပါကစ္စတန်၏ ပူးပေါင်းဆာင်ရွက်ရေး ချဉ်းကပ်ပုံ

ပါကစ္စတန်သည် မတူညီသည့် သေနင်္ဂဗျူဟာကို ကျင့်သုံးပြီး သူပုန်အဖွဲ့များထက် ကမ္ဘာ့ငွေရင်းနှင့် သေနင်္ဂဗျူဟာ မဟာမိတ်များကို မှီခိုအားထားသည်။ ပါကစ္စတန်၏ အရေးပါသော တွင်းထွက်များကို တူးဖော်သည့် အကြီးမားဆုံးလုပ်ငန်း Frontier Works Organization သည် နိုင်ငံတွင် သတ္တုမျိုးစုံ သန့်စင်လုပ်ငန်း ထူထောင်ရန် အမေရိကန်အခြေစိုက် Strategic Metals နှင့် ဒေါ်လာ သန်း ၅၀၀ တန်စာချုပ် ချုပ်ဆိုသည်။

ပါကစ္စတန်အတွက် ထိုကိစ္စသည် တွင်းထွက်ကိစ္စသက်သက် မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုရရှိရေး၊ ဝါရှင်တန်နှင့် ဆက်ဆံရေး ခိုင်မာစေရန်နှင့် ကာလရှည်ကြာ ဘဏ္ဍာရေးအကျပ်အတည်း သက်သာစေရေးလည်းဖြစ်သည်။

ပါကစ္စတန်၏ မြေရှားသတ္တု အလားအလာအများစုသည် ခွဲထွက်ရေးပုန်ကန်မှုကြောင့် ဒုက္ခရောက်နေသည့် ဘလူချစ္စတန်တွင် ရှိသည်။ ဘလူချစ္စတန် အမျိုးသားတပ်မတော်ကဲ့သို့ အုပ်စုများသည် တူးဖော်ရေး စီမံကိန်းများကို တက်ကြွစွာဆန့်ကျင်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အချို့အဖွဲ့များကို ပြည်ပအကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ထားသည်။

ထိုအန္တရာယ်များရှိသော်လည်း Reko Diq ရွှေတွင်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ကနေဒါ သတ္တုတူးဖော်ရေးလုပ်ငန်းကြီး Barrick Gold အပါအဝင် ကမ္ဘာ့ကုမ္ပဏီများသည် ထိုပြည်နယ်သို့ ဝင်ရောက်နေကြသည်။

ပါကစ္စတန်၏ လမ်းကြောင်းသည် အကျိုးအမြတ် များနိုင်ခြေရှိသော်လည်း မရေရာမှု များပြားသည်။ နိုင်ငံရေး မတည်ငြိမ်မှု၊ ခွဲထွက်ရေးတိုက်ခိုက်မှုများနှင့် ပြည်ပနှင့်သဘောတူစာချုပ်များသည် ရေပေါ်ဆီ လူတန်းစားထက် သာမန်နိုင်ငံသားများကို အကျိုးရှိ၊ မရှိဆိုသည့်ကိစ္စများသည် အခြေအနေကို လွှမ်းမိုးနေသည်။

ပါကစ္စတန်၏ လမ်းကြောင်းသည် အကျိုးအမြတ် များနိုင်ခြေရှိသော်လည်း မရေရာမှု များပြားသည်။ နိုင်ငံရေး မတည်ငြိမ်မှု၊ ခွဲထွက်ရေးတိုက်ခိုက်မှုများနှင့် ပြည်ပနှင့်သဘောတူစာချုပ်များသည် ရေပေါ်ဆီ လူတန်းစားထက် သာမန်နိုင်ငံသားများကို အကျိုးရှိ၊ မရှိဆိုသည့်ကိစ္စများသည် အခြေအနေကို လွှမ်းမိုးနေသည်။

ထို့ပြင် အမေရိကန်၏ ထောက်ခံမှုသည် သေနင်္ဂဗျူဟာ စေ့ဆော်မှုကြောင့်ဖြစ်ပြီး တရုတ်ကို တန်ပြန်ရန်နှင့် အိန္ဒိယ၏ ဒေသတွင်း သြဇာကို ချိန်ခွင်လျှာညှိရန် ဖြစ်သည်။

ပိုမိုကြီးမားသော ပထဝီနိုင်ငံရေး ကစားပွဲ

မြေရှားသတ္တု အားပြိုင်မှုသည် အိန္ဒိယနှင့် ပါကစ္စတန်တွင်သာ ရှိသည်မဟုတ်ပေ။ တရုတ်နှင့် အမေရိကန် ပြည်ထောင်စုသည်လည်း ထိုပြိုင်ပွဲကို ရှောင်လွှဲမရပေ။

တရုတ်သည် KIA ထံမှ ကာလကြာမြင့်စွာ ရယူနေသည့် သတ္တုများအပေါ် လွှမ်းမိုးမှုကို အလွယ်တကူ လက်လွှတ်မည်မဟုတ်ဘဲ အမေရိကန် ပြည်ထောင်စုသည် တရုတ်နိုင်ငံနှင့် ပိုမိုကျယ်ပြန့်သည့် သေနင်္ဂဗျူဟာယှဉ်ပြိုင်မှုတွင် ခြေကုပ်အဖြစ် ပါကစ္စတန်ကို အသုံးချနေသည်။

တောင်အာရှတွင် အားပြိုင်မှုသည် သပွတ်အူလိုက်နေသည်။ အိန္ဒိယနှင့် တရုတ်အကြား၊ ပါကစ္စတန်နှင့် သူပုန်များအကြား၊ အမေရိကန်နှင့် တရုတ်အကြား အားပြိုင်မှုများ ဖြစ်သည်။

တောင်အာရှတွင် အားပြိုင်မှုသည် သပွတ်အူလိုက်နေသည်။ အိန္ဒိယနှင့် တရုတ်အကြား၊ ပါကစ္စတန်နှင့် သူပုန်များအကြား၊ အမေရိကန်နှင့် တရုတ်အကြား အားပြိုင်မှုများ ဖြစ်သည်။

ကချင်ပြည်နယ်တွင် KIA သည် အိန္ဒိယအတွက် နမူနာများကို တူးဖော်နေသည်။ ဘလူချစ္စတန်တွင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများသည် ပါကစ္စတန်အတွက် သတ္တုသန့်စင်စက်ရုံများ ထူထောင်ပေးနေသည်။

တရုတ်တွင် မူဝါဒချမှတ်သူများက အနီးကပ် စောင့်ကြည့်နေသည်။ ဝါရှင်တန်တွင် သေနင်္ဂဗျူဟာသမားများက တွက်ချက်နေသည်။ တချိန်က အလေးမထားသည့် မြေရှားသတ္တုများသည် သေနင်္ဂဗျူဟာ အားပြိုင်မှုသစ်၏ ရှေ့တန်းစစ်မျက်နှာဖြစ်လာသည်။

ထိုအားပြိုင်မှု ဖြစ်လာသောအခါ မေးခွန်းမှာ ရှင်းလင်းပြတ်သားသည်။ မည်သူ ဦးဆောင်မည်နည်း။ မြေရှားသတ္တုလောကတွင် ထိပ်တန်းရောက်နိုင်သူမရှိဘဲ လွှမ်းမိုးမှု သို့မဟုတ် မှီခိုမှုသာ ရှိသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
144
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
86
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
374

(India Today ပါ Rare earths rivalry: India, Pakistan, and China’s high-stakes game ကို ဘာသာပြန်သည်။)

You may also like these stories:

KIA ဆီက မြေရှားသတ္တု အိန္ဒိယ တောင်းနေ

တရုတ်မြေရှားသတ္တုမိုင်းများ ရှမ်းပြည်အရှေ့ပိုင်းတွင် ပျံ့နှံ့နေ

မြေရှားသတ္တုတွေ တိုးချဲ့တူးဖော်နေ (ရုပ်/သံ)

မဲခေါင်မြစ်အနီး မိုင်းလားနယ်မြေ၌ မြေရှားသတ္တုတွင်း ၁၉ ခုရှိ

မြန်မာတွင် မြေရှားသတ္တုတူးဖော်မှု မြင့်မားလာကြောင်း ဂြိုဟ်တုပုံများပြသနေ

ပေါက်ဖော်၊ ဘာဘူ၊ CIA နှင့် မြန်မာ့ မြေရှားသတ္တု

တရုတ် မြေရှားသတ္တု ချုပ်ကိုင်မှုတွင် ပြည်တွင်းစစ် ဖြစ်နေသည့် မြန်မာ အရေးပါ

“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”

Your Thoughts …
Tags: KIAတရုတ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါကစ္စတန်မြေရှားသတ္တုသယံဇာတအိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
လိမ်လည်မှုစင်တာများမှသည် လိမ်လည်မှုနိုင်ငံတော်ဆီသို့

လိမ်လည်မှုစင်တာများမှသည် လိမ်လည်မှုနိုင်ငံတော်ဆီသို့

ဗန်းမောက်ကို ဘာကြောင့် တိုက်နေတာလဲ (ရုပ်/သံ)

ဗန်းမောက်ကို ဘာကြောင့် တိုက်နေတာလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved