• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မဲခေါင်မြစ်အနီး မိုင်းလားနယ်မြေ၌ မြေရှားသတ္တုတွင်း ၁၉ ခုရှိ

by ဧရာဝတီ
25 August 2025
in သတင်း
A A
မဲခေါင်မြစ်အနီး မိုင်းလားနယ်မြေ၌ မြေရှားသတ္တုတွင်း ၁၉ ခုရှိ

မိုင်းလားနယ်မြေရှိ မြေရှားသတ္တုတူးဖော်လုပ်ရေးလုပ်ငန်းများ၏ လူမှုကွန်ရက်ဗီဒီယိုများမှ မှတ်တမ်းပုံများ/ SHRF

430
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်အရှေ့ဘက်အစွန်ရှိ မိုင်းယောင်းမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA – မိုင်းလားတပ်) ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတူးဖော်နေသည့်နေရာ ၁၉ ခု ရှိနေသည်ကို မေလ၌ ရိုက်ကူးခဲ့သော ဂြိုလ်တုဓာတ်ပုံများမှ ဖော်ထုတ်ပြသခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ထုတ်ပြန်သည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် လက်ရှိ သတ္တုတွင်း ၁၆ ခု လည်ပတ်နေပြီး ကျန် ၃ ခုမှာ မေလကစ၍ တူးဖော်နေခြင်းဖြစ်ကြောင်း၊ ကချင်ပြည်နယ်မှ မြေရှားသတ္တုတွင်းများကဲ့သို့ စက်ဝိုင်းပုံစံ ဓာတ်ပြုကန်များ အတန်းလိုက် တွေ့ရကာ မြေရှားသတ္တုထုတ်ယူရန် ဓာတုဗေဒနည်းဖြင့် ပျော်ဝင်စေခြင်း (in-situleaching)နည်းကို ထိုနေရာမှာပင် အသုံး ပြုနေကြောင်း ပြသနေသည်ဟု ဆိုသည်။

မိုင်းယောင်းမြို့နယ်သည် တာချီလိတ်ခရိုင်အတွင်း ပါဝင်ပြီး အရှေ့ဘက် လာအိုနိုင်ငံ၊ အနောက်ဘက် ကျိုင်းတုံမြို့နယ်၊ တောင်ဘက် မိုင်းဖြတ်၊ တာချီလိတ်မြို့နယ်များ၊ မြောက်ဘက်တွင် NDAA တို့ ထိန်းချုပ်ရာ မိုင်းလားအပြင် တရုတ်နိုင်ငံ နှင့်ပါ ထိစပ်နေပြီး ယခုတူးဖော်နေသည့်နေရာမှာ မဲခေါင်မြစ်နှင့် ကီလိုမီတာ ၄၀ ခန့် သာဝေးကြောင်း ဖော်ပြထားသည်။

NDAA နယ်မြေရှိ သတ္တုတွင်းလုပ်သားများ လူမှုကွန်ရက်၌ တင်ထားသည့် ဗွီဒီယိုများတွင် ဓာတုဗေဒနည်းဖြင့် ပျော်ဝင်စေ သောနည်းလမ်းများ၊ စက်ပစ္စည်းများကို တွေ့မြင်ရပြီး ဓာတုပစ္စည်း အိတ်ထောင်ပေါင်းများစွာနှင့် ဓာတုဆေးရည်များ ထိုး သွင်းရန် ပိုက်လိုင်းများဖြင့် ဖုံးလွှမ်းနေသည့် တောင်စောင်းများတွေ့ရကြောင်း၊ သတ္တုတွင်းအများစုသည် တရုတ်နယ်စပ်နှင့် ၄ ကီလိုမီတာခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄ ထောင်မှ ၅ ထောင်ကြားရှိ မြင့်မားသော တောင်တန်းများ၌ တည်ရှိကြောင်း သိရသည်။

ထိုနေရာမှ စွန့်ပစ်ဓာတုပျော်ဝင်ရေများသည် အနောက်ဘက်သို့ စီးဆင်းကာ နပ်ချောင်းအတွင်းသို့ စီးဝင်ရာမှ မဲခေါင်မြစ်၏ မြစ်လက်တက် လွေးမြစ်အတွင်းသို့ ဝင်ရောက်ကြောင်း၊ လွေးမြစ်သည် လာအို၊ ထိုင်း၊ မြန်မာနယ်စပ်များဆုံရာ ရွှေတြိဂံမြစ် ဆုံ၏ အရှေ့မြောက် ဘက် ၁၂၅ ကီလိုမီတာခန့်အကွာ လာအိုနိုင်ငံ လုံနမ့်သာခရိုင် တဖက်ကမ်းဖြစ်သော ဆွပ်လွေနေရာတွင် မဲခေါင်မြစ်နှင့် ပေါင်းဆုံသွားကြောင်း သိရသည်။

လွေးမြစ်တလျောက် မြေရှားသတ္တုအပြင် မင်းဂနိစ် အပါအဝင် အခြားသတ္တုတူးဖော်မှုများလည်း လုပ်ဆောင်နေရာ ရေထု ညစ်ညမ်းမှု ဖြစ်ပေါ်စေကြောင်း၊ တရုတ်နယ်စပ်တောင်တန်းတလျောက် ၈ ကီလိုမီတာရှည်သည့် မင်းဂနိစ် (Manganese) သတ္တုတွင်းတန်း၏ အနောက်ဘက် ကီလိုမီတာအနည်းငယ်အကွာ၌ မြေရှားသတ္တုတွင်းများ တည်ရှိကြောင်း ဖော်ပြထား သည်။

မြေရှားသတ္တုတွင်းများ အားလုံးသည် ၁၉၈၉ ခုနှစ်တွင် စစ်အာဏာရှင်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုး ပြီးချိန်မှစ၍ NDAA ထိန်းချုပ်ထားသည့် အထူးဒေသ ၄ အတွင်း တည်ရှိသည်ဟု SHRF က ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၇ ရက်၌ စစ်ကော်မရှင်လက်အောက်ခံ ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်တို့သည် NDAA ဌာနချုပ် မိုင်းလားမြို့သို့ သွားရောက်ကာ NDAA ခေါင်းဆောင် များ၊ ဩဂုတ် ၆ ရက်တွင် “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မြောက်ပိုင်း နယ်မြေရှိ မိုင်းပေါက်နှင့် ပန်ဆန်းမြို့များ၌ UWSA ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သေးသည်။

အလားတူ ရှမ်းအရှေ့ မိုင်းဆတ်မြို့နယ်တောင်ဘက် မိုင်းယွမ်းဒေသ၌ UWSA တောင်ပိုင်း “ဝတပ်ဖွဲ့” သည် တရုတ်ကုမ္ပဏီ များနှင့်ပေါင်း၍ မြေရှားသတ္တုတူးဖော်နေမှုကြောင့် ထိုင်းနိုင်ငံတွင်း ဖြတ်သန်းစီးဆင်းသည့် ကော့မြစ်နှင့် စိုင်မြစ်အတွင်း အာ ဆင်းနစ်ကြောင့် ညစ်ညမ်းမှုများ ဖြစ်နေသလို စိုင်မြစ်မှတဆင့် စီးဝင်သည့် မဲခေါင်မြစ်သည်လည်း အလားတူ ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ သဘောတူခဲ့ကြောင်း The Nation သတင်း က ဖော်ပြသည်။

အဆိုပါ အစည်းအဝေးကို သြဂုတ် ၂၀ ရက်တွင် နေပြည်တော်ရှိ Jasmine Hotel ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ ရေအရည်အသွေးစီမံခန့်ခွဲရေးနှင့် လေ့လာစောင့်ကြည့်နိုင်ရေး၊ နှစ်နိုင်ငံကြား ရေအရည်အသွေး ညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်းလည်း စစ်ကော်မရှင်က ထုတ်ပြန် ထားသည်။

ကော့မြစ်နှင့် စိုင်မြစ် ဖြတ်သန်းစီးဆင်းရာ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များကမူ နှစ်နိုင်ငံသဘောတူညီထားသကဲ့သို့ အကောင်အထည်ဖော်မဖော် သတိနှင့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ရှမ်းအရှေ့ရှိ ဝတပ်နှင့်ပေါင်း၍ တရုတ်ကုမ္ပဏီများ ရွှေနှင့် သတ္တုတူးဖော်နေသဖြင့် ထိုဒေသကို မြစ်ဖျားခံကာ ထိုင်းနိုင်ငံ အတွင်း စီးလာသော ကော့မြစ်နှင့် စိုင်မြစ်ရေ၌ အာဆင်းနစ်ဓာတ်ပါဝင်မှု သတ်မှတ်စံနှုန်းထက်ကျော်နေ၍ မြစ်ငါးများ စားသုံးခြင်း ရှောင်ကြဉ်ရန်နှင့် ယင်းမှာ မဲခေါင်မြစ်ထိပါ သက်ရောက်မှုရှိနေကြောင်း ထိုင်းပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ပရီယာဖွန် ဆူဝမ်နကက်ကလည်း သုသတေသန အချက်အလက်များကို အခြေခံ၍ ပြီးခဲ့သည့် ဇွန်လအတွင်း၌ သတိပေးထားသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
227

You may also like these stories:

မြန်မာတွင် မြေရှားသတ္တုတူးဖော်မှု မြင့်မားလာကြောင်း ဂြိုဟ်တုပုံများပြသနေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

တရုတ် ဗျူဟာကြောင့် တွင်းထွက်ကို မှီခိုသည့် EAO များ ဩဇာကျဆင်းနိုင်

Your Thoughts …
Tags: SHRFUWSAစစ်ကော်မရှင်ထိုင်းမိုင်းယောင်းမြို့နယ်မိုင်းလားတပ်မြေရှားသတ္တု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.7k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.2k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

by ဧရာဝတီ
1 November 2025
19.6k

ပြည်တွင်းထဲမှာနေနေရလို့ စားဝတ်နေရေး၊ ရှင်သန်ရေးအတွက် အလုပ်တွေလုပ်ကြရတာပဲဆိုပြီး မလွန်ကျွံ နေသရွေ့ အားလုံးက နားလည်ပေးထားတာပဲ။ အဲဒါကိုမှ ကုလားအုပ်လို ခေါင်းလေးဝင်၊ ကိုယ်လုံးလေးဝင်နဲ့ တစထက် တစ စော်ကားလာကြတဲ့၊ အနေအထိုင်မတတ်ကြတဲ့သူတွေ ရွံစရာကောင်းလောက်အောင်ကို သိပ်မိုက်ရိုင်းလွန်းတယ်။

Next Post
မန်း PDF ထိန်းချုပ်ထားသည့် ဖယောင်းတောင် စစ်တပ် ပြန်ရ

မန်း PDF ထိန်းချုပ်ထားသည့် ဖယောင်းတောင် စစ်တပ် ပြန်ရ

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ အပိုင်း-၁ (ရုပ်/သံ)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ အပိုင်း-၁ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved