၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး လေးနှစ်ကျော် ကြာသောအခါ မြန်မာ့ပြည်တွင်း အာဏာအရွေ့များ သိသိသာသာ ပြောင်းလဲလာသည်။ စစ်တပ်၏သြဇာအင်အား ချိနဲ့သွားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAO/ERO) သည် ပိုင်နက်နယ်မြေသာမက နိုင်ငံရေးသြဇာလည်း ချဲ့ထွင်လာသည်။ အပြောင်းအလဲများအနက် တခုမှာ တရုတ်၏ သေနင်္ဂဗျူဟာကျသည့် လုပ်ငန်းများအတွက် အရေးပါသော မြန်မာမှ တွင်းထွက်များသည် အများအားဖြင့် EAO/ERO ထိန်းချုပ်မှုအောက် ရောက်လာသည်။
ထိုအပြောင်းအလဲသည် အခြေခံကျသည့် မေးခွန်းဖြစ်လာသည်။ EAO/ERO များသည် ထိုသယံဇာတများအား ထိန်းချုပ်နိုင်မှုကို တရုတ်နှင့် ထိတွေ့ဆက်ဆံရေးတွင် စည်းကမ်းပြဋ္ဌာန်းချက်များ ပြောင်းလဲအောင် အသုံးချနိုင်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။
သေနင်္ဂဗျူဟာကျသော အရေးပါမှု
မြေရှားသတ္တုများ၊ သံဖြူ၊ ခနောက်စိမ်းနှင့် တန်စတင် (tungsten) စသည့် အရေးပါသော တွင်းထွက်များသည် တရုတ်၏ နည်းပညာ၊ စစ်ရေးနှင့် စွမ်းအင်ကဏ္ဍများအတွက် အရေးပါသည်။ မြန်မာသည် ဒစ်စပရိုစီယမ်နှင့် တာဘီယမ်ကဲ့သို့ သိပ်သည်းဆများသော မြေရှားသတ္တုများ (HREEs) အဓိက ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ ထိုသတ္တုများသည် စစ်လက်နက်ပစ္စည်းများ၊ လျှပ်စစ်ကားများနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အဓိကျသည့် သွင်းအားစုများဖြစ်သည်။
အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုတွင်းထွက်များ တရုတ်သို့တင်ပို့မှု မြင့်တက်လာသည်။ မြေရှားသတ္တုတင်ပို့မှု ၅ ဆ တိုးလာပြီး ကျောက်စိမ်းတင်ပို့မှု အဆ ၂၀ တိုးလာသည်။ ရှမ်းပြည်မြောက်ပိုင်းမှ သံဖြူနှင့် တန်စတင်သည် တရုတ်၏ ထုတ်လုပ်ရောင်းချရေးကွင်းဆက်မှ အရေးပါသော လိုအပ်မှုများကို ဖြည့်ဆည်းပေးသည်။ HREEs အများစုပါဝင်သော တရုတ်၏ နှစ်စဉ် မြေရှားသတ္တုတင်သွင်းမှု၏ ထက်ဝက်နီးပါးသည် မြန်မာမှဖြစ်သည်။
အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုတွင်းထွက်များ တရုတ်သို့တင်ပို့မှု မြင့်တက်လာသည်။ မြေရှားသတ္တုတင်ပို့မှု ၅ ဆ တိုးလာပြီး ကျောက်စိမ်းတင်ပို့မှု အဆ ၂၀ တိုးလာသည်။ ရှမ်းပြည်မြောက်ပိုင်းမှ သံဖြူနှင့် တန်စတင်သည် တရုတ်၏ ထုတ်လုပ်ရောင်းချရေးကွင်းဆက်မှ အရေးပါသော လိုအပ်မှုများကို ဖြည့်ဆည်းပေးသည်။ HREEs အများစုပါဝင်သော တရုတ်၏ နှစ်စဉ် မြေရှားသတ္တုတင်သွင်းမှု၏ ထက်ဝက်နီးပါးသည် မြန်မာမှဖြစ်သည်။
အနောက်နိုင်ငံများနှင့် ကုန်သွယ်ရေးတင်းမာမှု မြင့်မားနေချိန်တွင် တရုတ်သည် ဒစ်စပရိုစီယမ်နှင့် တာဘီယမ်ကဲ့သို့ အဓိကကျသည့် ဒြပ်စင်များကို ကန့်သတ်ပြီး ထိုသတ္တုများ၏ တန်ဖိုးမြင့်တက်ခြင်းကိုသာမက ကမ္ဘာ့ထုတ်လုပ်ရောင်းချရေး ကွင်းဆက်များတွင် မြန်မာ၏ အရေးပါသောအခန်းကဏ္ဍကို မီးမောင်းထိုးပြသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် အရေးပါသော တွင်းထွက်ကဏ္ဍတွင် အဓိကကျသည့်အခန်းမှ ပါဝင်သည်။ ခနောက်စိမ်းသည် အဓိကကျသည့် သယံဇာတ ဆက်လက်ဖြစ်နေပြီး MNDAA သည် ကြေးနီနှင့် အခြား သေနင်္ဂဗျူဟာကျသည့် တွင်းထွက်များတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုကို တက်ကြွစွာလက်ခံသည်။
၎င်း၏ တရုတ်ဗဟိုပြုသော စီးပွားရေးမူဝါဒသည် ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်များကို အခြေခံသည်။ ထိုရည်မှန်းချက်များမှာ နိုင်ငံတော်သဖွယ် အင်စတီကျူးရှင်းများ ထူထောင်ရေး၊ လက်တွေ့ကျသော အချုပ်အခြာအာဏာ ထူထောင်ရေးနှင့် ကိုးကန့်ဒေသဆိုင်ရာ အာဏာတရားဝင်ရေးတို့ ဖြစ်သည်။

EAO များနှင့် တရုတ်၏ဆက်ဆံရေး
တရုတ်သည် ၎င်း၏အကျိုးစီးပွားများ ခိုင်မာစေရန် ဖိအားပေး အကျပ်ကိုင်တတ်သောနိုင်ငံအဖြစ် လူသိရှင်ကြား မကြာခဏ သရုပ်ဖော်ကြသည်။ သို့သော် ပိတ်ထားသောတံခါးများ နောက်ကွယ်တွင် တရုတ်၏နည်းလမ်းသည် ပိုမိုပြောင်းလဲလာပြီး အထူးသဖြင့် အဓိကကျသည့် တွင်းထွက်သိုက်များကို ထိန်းချုပ်ထားသည့် EAO များနှင့်ပတ်သက်ပြီး ပြောင်းလဲလာသည်။
ထိုသို့သော ဥပမာတခုမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက ပန်ဝါ၊ ချီဖွေနှင့် မိုးမောက်ဒေသများမှ မြေရှားသတ္တုတွင်းတူးသည့် နေရာအားလုံးနီးပါးကို ထိန်းချုပ်လိုက်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖြစ်သည်။ ထိုဒေသများသည် ဒစ်စပရိုစီယမ်နှင့် တာဘီယမ် အပါအဝင် ကမ္ဘာ့အကြွယ်ဝဆုံး HREEs သိုက်များအနက် အချို့ရှိသောနေရာဖြစ်သည်။
တရုတ်သည် KIA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နှင့်ပတ်သက်ပြီး ပိုမိုပျော့ပျောင်း ပိုမိုလေးစားသည့် လေသံသို့ တိတ်တဆိတ် ပြောင်းလဲလာသည်။ တရုတ်ကိုယ်စားလှယ်များသည် ထူးခြားသောလေးစားမှု ပြသလာပြီး KIO/KIA ကိုယ်စားလှယ်များကို စောင့်ဆိုင်းကာ အစည်းအဝေး အစီအစဉ် ချိန်ညှိပြီး KIA ထိန်းချုပ်ဒေသများသို့ နယ်စပ်ဂိတ်ပြန်ဖွင့်ပေးသည်။
တရုတ်သည် KIA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နှင့်ပတ်သက်ပြီး ပိုမိုပျော့ပျောင်း ပိုမိုလေးစားသည့် လေသံသို့ တိတ်တဆိတ် ပြောင်းလဲလာသည်။ တရုတ်ကိုယ်စားလှယ်များသည် ထူးခြားသောလေးစားမှု ပြသလာပြီး KIO/KIA ကိုယ်စားလှယ်များကို စောင့်ဆိုင်းကာ အစည်းအဝေး အစီအစဉ် ချိန်ညှိပြီး KIA ထိန်းချုပ်ဒေသများသို့ နယ်စပ်ဂိတ်ပြန်ဖွင့်ပေးသည်။
ထိုကိစ္စသည် ထူးခြားသော အပြောင်းအလဲဖြစ်ပြီး အရေးပါသောတွင်းထွက်များ တည်ငြိမ်စွာရရှိရေး၏ သေနင်္ဂဗျူဟာကျသော အရေးပါမှုကို တရုတ်က အသိအမှတ်ပြုကြောင်း ထင်ဟပ်နေသည်။
KIA က မြေရှားသတ္တုများ တရုတ်သို့တင်ပို့ရေး ပြန်လည်စတင်ကြောင်း မတ်လတွင် ကြေညာပြီး တတန်လျှင် အခွန် ယွမ် ၃၅,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၈၆၀ ခန့်) ချမှတ်သည်။ “ဒါဟာ တရုတ်က အပြင်းအထန် ဖိအားမပေးရဲတော့ဘူးဆိုတာကို ပြသတဲ့ အဓိက ဥပမာဖြစ်တယ်” ဟု KIO/KIA သို့ တရုတ်၏ ပြောင်းလဲလာသော သဘောထားကို ဝန်ခံသည့် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြောသည်။
အခြားတဖက်တွင်လည်း KIA ၏ ကျယ်ပြန့်လာသော သတ္တုတူးဖော်ရေးလုပ်ငန်းများသည် ဒေသခံ လူမှုအသိုက်အဝန်းများမှ ဆန့်ကျင်မှုကို ဖြစ်စေသည်။ မိုးမောက်နှင့် ချီဖွေကဲ့သို့ ဒေသများမှ ဒေသခံများသည် မြေရှားသတ္တု ထုတ်ယူခြင်းကြောင့်ဖြစ်သည့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးထိခိုက်မှုကို ဆန့်ကျင်ကြသည်။
၎င်းတို့က ညစ်ညမ်းခြင်း၊ မြေပျက်စီးခြင်းနှင့် သဘောတူညီချက်ရယူခြင်း၊ တိုင်ပင်မှုမရှိခြင်းတို့ကို ကိုးကားပြောဆိုကြသည်။ KIA သည် သေနင်္ဂဗျူဟာကျသည့် သြဇာရလာသော်လည်း လူမှုမတည်ငြိမ်မှုနှင့် ထိခိုက်ပြည်သူများအကြား တရားဝင်မှုကျဆင်းခြင်း အန္တရာယ်ကို ရင်ဆိုင်ရပြီး အုပ်ချုပ်ရေး၊ ညီညွတ်ရေးနှင့် ရေရှည်ရပ်တည်မှုနှင့် ပတ်သက်သည့် ပူပန်မှုများဖြစ်စေသည်။

သြဇာအကန့်အသတ်
အပေါ်ယံအားဖြင့်ကြည့်ပါက အရေးပါသော တွင်းထွက်ဇုန်များကို ထိန်းချုပ်ထားသည့် EAO များသည် ကြီးမားသောသြဇာကို ပိုင်ဆိုင်ထားပုံရသည်။ တရုတ်၏နည်းပညာ၊ ကာကွယ်ရေးနှင့် စွမ်းအင်ရည်မှန်းချက်များအတွက် အရေးပါသော သယံဇာတများကို ဂိတ်ပေါက်စောင့်သူအဖြစ် EAO များသည် သဘောတရားအားဖြင့် ၎င်းတို့၏ထိန်းချုပ်မှုကို နိုင်ငံရေးအခွင့်အရေးများ၊ နိုင်ငံတကာ အသိအမှတ်ပြုမှု သို့မဟုတ် ဖက်ဒရယ်စနစ် သို့မဟုတ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆီသို့ လက်ဆုပ်လုပ်ကိုင် ပြနိုင်သော တိုးတက်မှုနှင့် ဖလှယ်ကြသည်။
သို့သော် ထိုသြဇာသည် နိုင်ငံရေးအာဏာ အလိုအလျောက် ဖြစ်မလာပေ။ KIO/KIA ကဲ့သို့သော အဖွဲ့များနှင့်ပတ်သက်ပြီး တရုတ်၏လေသံ ပြောင်းလာသော်လည်း စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းတွင် တရုတ်၏လုပ်ရပ်များသည် အားလုံးအကျုံးဝင်သော ငြိမ်းချမ်းရေး သို့မဟုတ် အရေးပါသော နိုင်ငံရေးပြောင်းလဲမှုကို မထောက်ခံသလောက်ပင် ဖြစ်သည်။
တရုတ်သည် နှစ်ခွ သေနင်္ဂဗျူဟာ ကျင့်သုံးသည်။ တွင်းထွက်များကို အတားအဆီးမရှိ ရယူသော်လည်း နိုင်ငံတော်အချုပ်အခြာအာဏာပိုင်မှု သဘောတရားကို ခြိမ်းခြောက်သည့် စစ်တပ် သို့မဟုတ် အတိုက်အခံတို့အနက် မည်သည့်ဘက်ကိုမှ တရားဝင် အသိအမှတ်ပြုခြင်း မရှိသည့် နှစ်ခွ သေနင်္ဂဗျူဟာဖြစ်သည်။ တရုတ်၏ ဦးစားပေးများမှာ တည်ငြိမ်မှု၊ နယ်စပ်လုံခြုံရေးနှင့် သေနင်္ဂဗျူဟာ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရေးဖြစ်သည်။
တရုတ်သည် နှစ်ခွ သေနင်္ဂဗျူဟာ ကျင့်သုံးသည်။ တွင်းထွက်များကို အတားအဆီးမရှိ ရယူသော်လည်း နိုင်ငံတော်အချုပ်အခြာအာဏာပိုင်မှု သဘောတရားကို ခြိမ်းခြောက်သည့် စစ်တပ် သို့မဟုတ် အတိုက်အခံတို့အနက် မည်သည့်ဘက်ကိုမှ တရားဝင် အသိအမှတ်ပြုခြင်း မရှိသည့် နှစ်ခွ သေနင်္ဂဗျူဟာဖြစ်သည်။ တရုတ်၏ ဦးစားပေးများမှာ တည်ငြိမ်မှု၊ နယ်စပ်လုံခြုံရေးနှင့် သေနင်္ဂဗျူဟာ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရေးဖြစ်သည်။
တရုတ်သည် ထိတွေ့ဆက်ဆံမှုကို အလွှာလွှာခွဲထားသည်။ ဗဟိုအာဏာပိုင်များသည် သံတမန်ရေး အနေအထားကို တွန်းအားပေးပြီး ယူနန်အရာရှိများက ကုန်သွယ်ရေးနှင့် နယ်စပ်စီမံခန့်ခွဲမှုကို ကိုင်တွယ်ကာ တရုတ်နိုင်ငံပိုင်နှင့် ပုဂ္ဂလိကလုပ်ငန်းများသည် မြေပြင်မှ တရားမဝင် သဘောတူညီချက်များ ညှိနှိုင်းကြသည်။
ထိုလုပ်ငန်းများသည် ခွင့်ပြုချက်၊ အခွန်များနှင့် အကာအကွယ်အတွက် ငွေပေးချေမှုများကို စီမံပေးသည့် ဒေသခံပွဲစားများမှတဆင့် လုပ်ပိုင်ခွင့်ရကြသည်။ ထိုသို့ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ပွင့်လင်းမှုမရှိသည့်စနစ်သည် တရုတ်ကို အကျိုးပြုပြီး သေနင်္ဂဗျူဟာ ဒွိဟပွားမှုကို ဖန်တီးထားသည်။ မည်သည့်အဖွဲ့အစည်းကိုမှ သြဇာအာဏာ မရစေဘဲ အမြတ်ထုတ်သည့် သေနင်္ဂဗျူဟာဖြစ်သည်။
အသွား နှစ်ဖက်ရှိသောဓား
သယံဇာတ ထိန်းချုပ်မှုသည် EAO/ERO များကို အင်အားတောင့်တင်းစေသော်လည်း အကျိုးအမြတ် အများစုကို စစ်အတွက် ပြန်သုံးကြသည်။ KIA သို့မဟုတ် ကချင်နှင့် စစ်ကိုင်းမှ အဖွဲ့များကဲ့သို့ တက်ကြွစွာ တိုက်ပွဲဝင်နေသည့် အုပ်စုများသည် တွင်းထွက်များမှ ဝင်ငွေများကို လက်နက်၊ သယ်ယူပို့ဆောင်ရေးနှင့် စစ်ဆင်ရေးများအတွက် မကြာခဏ အသုံးပြုကြသည်။
ထိုးစစ်တခုတည်းအတွက် ဒေါ်လာ သိန်းနှင့်ချီ ကုန်ကျနိုင်သည်။ နိုင်ငံတော် အင်စတီကျူးရှင်းများ သို့မဟုတ် အသုံးစရိတ်ခွဲသည့် ဘတ်ဂျက်စနစ် မရှိသောကြောင့် သဘာဝသယံဇာတ ထုတ်ယူခြင်းသည် မြန်မာ လက်နက်ကိုင်တော်လှန်ရေး၏ ဘဏ္ဍာရေးကျောရိုး ဖြစ်နေသည်။
တချိန်တည်းတွင် သယံဇာတကြွယ်ဝသည့် တိုင်းရင်းသားလူမျိုးစုဒေသများသည် ဆင်းရဲနွမ်းပါးမှု၊ နေရပ်စွန့်ခွာရခြင်း၊ သဘာဝပတ်ဝန်းကျင်အန္တရာယ်များကို ခံစားနေရသည်။ သတ္တုတူးဖော်သည့် ဇုန်များအနီးမှ လူမှုအသိုက်အဝန်းများ အကျိုးမခံစားရသလောက်ပင် ဖြစ်သည်။ ထိုအစား သယံဇာတများသည် ပဋိပက္ခကို ငွေကြေးထောက်ပံ့ပြီး လူမှုအခြေခံအဆောက်အအုံများကို လျစ်လျူရှုကာ ဒေသဆိုင်ရာအရေးပါမှု လျော့ကျခြင်းကို သက်ဆိုးရှည်စေသည်။ ထိုသို့သော အမြစ်တွယ်နေသည့် သယံဇာတထုတ်ယူမှု ယုတ္တိဗေဒကို ပြောင်းလဲရမည်ဖြစ်သည်။

လမ်းဆုံလမ်းခွမှ EAO များ
EAO/ERO များအတွက် သယံဇာတ ကြွယ်ဝချမ်းသာမှုသည် သြဇာအာဏာ တက်စေသလို့ အကန့်အသတ်လည်း ဖြစ်စေသည်။ တွင်းထွက်များကို ထိန်းချုပ်ခြင်းသည် စီမံအုပ်ချုပ်ခြင်း၊ အခွန်ကောက်ခံခြင်းနှင့် စစ်ရေးရပ်တည်မှုကို ဖြစ်နိုင်စေသည်။ သို့သော် တရုတ်ကို အလွန်အကျွံ မှီခိုခြင်းသည် ထိုအဖွဲ့များကို တရုတ်၏ သေနင်္ဂဗျူဟာအကျိုးစီးပွားတွင် လက်ဝေခံများဖြစ်မည့် အန္တရာယ်ရှိပြီး ရေရှည်နိုင်ငံရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထိခိုက်စေသည်။
EAO/ERO များအတွက် သယံဇာတ ကြွယ်ဝချမ်းသာမှုသည် သြဇာအာဏာ တက်စေသလို့ အကန့်အသတ်လည်း ဖြစ်စေသည်။ တွင်းထွက်များကို ထိန်းချုပ်ခြင်းသည် စီမံအုပ်ချုပ်ခြင်း၊ အခွန်ကောက်ခံခြင်းနှင့် စစ်ရေးရပ်တည်မှုကို ဖြစ်နိုင်စေသည်။ သို့သော် တရုတ်ကို အလွန်အကျွံ မှီခိုခြင်းသည် ထိုအဖွဲ့များကို တရုတ်၏ သေနင်္ဂဗျူဟာအကျိုးစီးပွားတွင် လက်ဝေခံများဖြစ်မည့် အန္တရာယ်ရှိပြီး ရေရှည်နိုင်ငံရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထိခိုက်စေသည်။
ထိုမှီခိုမှုနှင့် သယံဇာတထုတ်ယူမှု နိုင်ငံရေးသံသရာကို ချိုးဖျက်ရန် EAO/ERO များသည် အပေးအယူသဘောထက် ကျော်လွန်လှုပ်ရှားပြီး မူရှိသော ရေရှည်သေနင်္ဂဗျူဟာ ချမှတ်ရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် တွင်းထွက်သယံဇာတများကို အဖွဲ့အတွင်း စီမံအုပ်ချုပ်မှု တောင့်တင်းအောင်ပြုလုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် အလုပ်သမားများအတွက် အကာအကွယ်များ အကောင်အထည်ဖော်ခြင်းနှင့် တရုတ်ကုမ္ပဏီများနှင့် ပိုမိုပွင့်လင်းမြင်သာ၊ တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။
သယံဇာတထိန်းချုပ်မှုသည် သယံဇာတကိစ္စသက်သက်အဖြစ် မယူဆသင့်ဘဲ ပြည်တွင်းပြည်ပတွင် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးတရားဝင်မှု စင်မြင့်တခုဟုလည်း ယူဆသင့်သည်။
စီးပွားရေးသြဇာတခုတည်းသည် ပြည့်စုံလုံလောက်ခြင်း မရှိပေ။ EAO/ERO များသည် အပြုသဘော ငြိမ်းချမ်းရေးတွင်လည်း ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ ထိုသို့ဆိုခြင်းသည် ဖက်ဒရယ်စနစ်၊ တန်းတူညီမျှမှု၊ ရေရှည်တည်တံ့သော တည်ငြိမ်မှုတို့ကို အခြေခံသည့် ကျယ်ပြန့်သော ဖြေရှင်းမှုရရန် ရည်ရွယ်သည့် အားလုံးအကျုံးဝင်သော နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်ခြင်းဟု အဓိပ္ပာယ်ရသည်။
နိုင်ငံရေးအသွင်ကူးပြောင်းရေး ရည်မှန်းချက်တွင် သယံဇာတ စီမံခန့်ခွဲမှုကို ထည့်သွင်းခြင်းဖြင့်သာ EAO/ERO များသည် တရုတ်၏ သေနင်္ဂဗျူဟာဝဲဩဃတွင် ထာဝရ လက်ဝေခံဖြစ်ခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
ထိုသို့ ကြိုးတန်းလမ်းလျှောက်ခြင်းမှ ဖောက်ထွက်ရန် EAO/ERO များ၏ နိုင်ငံရေးရှင်သန်မှုအတွက်သာမက မြန်မာ၏ အနာဂတ်အတွက်လည်း အရေးကြီးသည်။ အရေးပါသော တွင်းထွက်များသည် ကုန်စည်သက်သက်သာ မဟုတ်တော့ဘဲ တရုတ်၏ သေနင်္ဂဗျူဟာ ပိုင်ဆိုင်မှုများလည်းဖြစ်လာပြီး EAO/ERO များအတွက် အပေးအယူလုပ်နိုင်သည့်အရာ သို့မဟုတ် ပထဝီနိုင်ငံရေးသြဇာ၏ အသုံးချခံများလည်း ဖြစ်သည်။
သို့သော် ထိုသြဇာသည် အသွား နှစ်ဖက်ပါသောဓား ဖြစ်သည်။ ထိုကိစ္စသည် ကာလတို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အာဏာရရှိစေသော်လည်း တရုတ်၏အသုံးချခံရခြင်း၊ စီးပွားရေးမှီခိုမှုနှင့် တရားဝင်မှု အကျပ်အတည်းကြောင့် ထိခိုက်ဆုံးရှုံနိုင်ခြေ ပိုမိုနက်ရှိုင်းစေသည်။
ယခုအခါ EAO/ERO များသည် အရေးပါသော ရွေးချယ်မှုနှင့် ရင်ဆိုင်နေရသည်။ ပြင်ပ အကျိုးစီးပွားအတွက် သယံဇာတ ဂိတ်ပေါက်စောင့်သူအဖြစ် ဆက်လက်လုပ်ကိုင်မည်လား သို့မဟုတ် နိုင်ငံရေးတရားဝင်မှုနှင့် တည်တံ့သောငြိမ်းချမ်းရေးအတွက် တွန်းအားပေးရန် ၎င်းတို့၏ ထိန်းချုပ်မှုကို အသုံးချမည်လားဆိုသည့် ရွေးချယ်မှုဖြစ်သည်။ မှီခိုမှုထောင်ချောက်မှ လွတ်မြောက်ရန်အတွက် တွင်းထွက်စီမံခန့်ခွဲမှုကို တာဝန်ခံမှု၊ မျှတမှု၊ ရှင်းလင်းသော နိုင်ငံရေးရည်မှန်းချက်နှင့် ချိတ်ဆက်ရန် လိုအပ်သည်။
ယခုအခါ EAO/ERO များသည် အရေးပါသော ရွေးချယ်မှုနှင့် ရင်ဆိုင်နေရသည်။ ပြင်ပ အကျိုးစီးပွားအတွက် သယံဇာတ ဂိတ်ပေါက်စောင့်သူအဖြစ် ဆက်လက်လုပ်ကိုင်မည်လား သို့မဟုတ် နိုင်ငံရေးတရားဝင်မှုနှင့် တည်တံ့သောငြိမ်းချမ်းရေးအတွက် တွန်းအားပေးရန် ၎င်းတို့၏ ထိန်းချုပ်မှုကို အသုံးချမည်လားဆိုသည့် ရွေးချယ်မှုဖြစ်သည်။ မှီခိုမှုထောင်ချောက်မှ လွတ်မြောက်ရန်အတွက် တွင်းထွက်စီမံခန့်ခွဲမှုကို တာဝန်ခံမှု၊ မျှတမှု၊ ရှင်းလင်းသော နိုင်ငံရေးရည်မှန်းချက်နှင့် ချိတ်ဆက်ရန် လိုအပ်သည်။
ပွင့်လင်းမြင်သာသော လုပ်ထုံးလုပ်နည်း မူဘောင်များ ထူထောင်ခြင်း၊ အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင် စံနှုန်းများ အကောင်အထည်ဖော်ခြင်းနှင့် တာဝန်သိသော သယံဇာတထိန်းကြောင်းမှု ပြသခြင်းသည် EAO/ERO များအပေါ် ဒေသခံလူမှုအသိုက်အဝန်းများသာမက ကျင့်ဝတ်ညီသည့် ကုန်စည်ထုတ်လုပ်ရောင်းချမှုကို ရှာဖွေသော နိုင်ငံတကာမှ သက်ဆိုင်သူများအကြားတွင်ပင် အယုံအကြည် မြှင့်တင်ပေးနိုင်သည်။ အပြန်အလှန်အားဖြင့် ထိုကိစ္စသည် ပိုမိုအသိအမှတ်ပြုခံရခြင်း၊ အကူအညီနှင့် နိုင်ငံရေးညှိနှိုင်းမှုများတွင် ပါဝင်ခြင်းတို့ကို တံခါးဖွင့်ပေးနိုင်သည်။
ထိုသို့ အပြောင်းအလဲမရှိပါက သယံဇာတကြွယ်ဝချမ်းသာမှုသည် လှောင်အိမ်တခုဖြစ်လာပြီး အကျိုးအမြတ်ရသော်လည်း ကန့်သတ်မှုခံရနိုင်သည်။
နောက်ဆုံးတွင် စစ်မှန်သောအာဏာသည် မည်သည့် သယံဇာတထုတ်ယူမှုတွင်မှ မူတည်ခြင်းမရှိဘဲ မည်သည်တို့ကို အကောင်အထည်ဖော် တည်ဆောက်သည်ဆိုသည့်အပေါ် မူတည်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Athena Awn Naw ၏ Myanmar EAOs Risk Seeing Mineral Leverage Blunted by China’s Dual Strategy ကို ဘာသာပြန်သည်။ အက်သန်နာ အောင်နော်သည် စီးပွားရေးကဏ္ဍများတွင် တရုတ်၏ ကျယ်ပြန့်လာသောသြဇာကို အာရုံစိုက်ပြီး မြန်မာမှ လူမျိုးစုပဋိပက္ခအရွေ့များ သရုပ်ခွဲလေ့လာခြင်းကို အထူးပြုသည်။ သူ၏ ကျွမ်းကျင်သော နယ်ပယ်များတွင် တရုတ်ပါဝင်ပတ်သက်မှု၏ လူမှုစီးပွားအကျိုးဆက်များ၊ မြန်မာ့လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်၏အခန်းကဏ္ဍ၊ ဒေသတွင်း အစီအစဉ်များတွင် တရုတ်ပတ်သက်မှုတို့ ပါဝင်သည်။)
You may also like these stories:
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”
မြန်မာပြည်တွင် တရုတ် လှေနံ ၂ ဖက်နင်းနေသည်
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး
ကချင်နယ်စပ်က မရေရာမှုကြောင့် တရုတ်မြေရှား ဈေးတက်













