မြန်မာ့ပြည်တွင်းစစ် လေးနှစ်အတွင်း ရောက်လာသောအခါ ထိုပဋိပက္ခကို အဖြေရှာရန် အလှမ်းကွာဝေးနေဆဲ ဖြစ်သည်။ ဆိုးရွားသော ဆုံးရှုံးမှုများနှင့် ရုန်းကန်နေရသော စစ်ကောင်စီသည် ဒုက္ခတွင်းနက်ကျနေသည်။
လက်မလျှော့သည့် တော်လှန်ရေးအင်အားစုများထံတွင် စစ်ကောင်စီသည် နိုင်ငံပိုင်နက်၏ ၄ ပုံ ၃ ပုံခန့်အထိ ထိန်းချုပ်မှု ဆုံးရှုံးနေပြီး တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် သေနင်္ဂဗျူဟာကျသည့် စစ်စခန်းများကို စွန့်လွှတ်ရသည်။ ယခုအခါ ဘက်ပြောင်းခြင်းနှင့် စိတ်ဓာတ် ကျဆင်းခြင်းကြောင့် စစ်သား မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်။
သို့သော် အတိုက်အခံ အင်အားစုများသည် တနိုင်ငံလုံးတွင် ကြီးကျယ်သော အောင်ပွဲများရနေသော်လည်း စစ်တပ်၏အမာခံ မြန်မာနိုင်ငံအလယ်ပိုင်းကို မထိုးဖောက်နိုင်သေးပေ။ အတိုက်အခံအင်အားစုများသည် နိုင်ငံကို ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု ထူထောင်ရေး ပုံမပေါ်သေးသည့် ရည်မှန်းချက်ပန်းတိုင်ကို မျှော်လင့်ထားကြသည်။
ထိုရည်မှန်းချက်ပန်းတိုင်သည် စစ်ကောင်စီကို တိုက်ခိုက်နေသည့် အမျိုးမျိုးသော အုပ်စုအားလုံး၏ ဘုံပစ်မှတ်ကို ရနိုင်လောက်သည့် အစီအစဉ်တခု ဖြစ်သည်။ အုပ်စုများအကြား ဆက်ဆံရေးသည် လျော့ရိလျော့ရဲဖြစ်ပြီး အချင်းချင်း ပွတ်တိုက်မှုများ ဖြစ်နေဆဲ ဖြစ်သည်။
စစ်ကောင်စီကို တော်လှန်သူများသည် တနိုင်ငံလုံးတွင် ပျံ့နှံ့နေပြီး ဆက်သွယ်ရေး မကောင်းခြင်းနှင့် ခေါင်းဆောင်များအချင်းချင်း ဆက်သွယ်ရန် ခက်နေသောကြောင့် စစ်မြေပြင် အောင်ပွဲများ ရရှိလျှင်ပင် သဘောထား ကွဲလွဲမှုများ တော်လှန်ရေးအင်အားစုအကြား ရှိနေနိုင်သည်။
စစ်ကောင်စီကို တော်လှန်သူများသည် တနိုင်ငံလုံးတွင် ပျံ့နှံ့နေပြီး ဆက်သွယ်ရေး မကောင်းခြင်းနှင့် ခေါင်းဆောင်များအချင်းချင်း ဆက်သွယ်ရန် ခက်နေသောကြောင့် စစ်မြေပြင် အောင်ပွဲများ ရရှိလျှင်ပင် သဘောထား ကွဲလွဲမှုများ တော်လှန်ရေးအင်အားစုအကြား ရှိနေနိုင်သည်။
တချိန်တည်းတွင် နိုင်ငံ၏ လူဦးရေ ၅၄ သန်းခန့်သည် ဒုက္ခများ ဆက်လက် ခံစားနေရသည်။ စစ်ကောင်စီသည် မြေပြင်တပ်များ ပိုမိုအင်အားနည်းလာခြင်းနှင့် နယ်မြေ ပိုမိုဆုံးရှုံးလာခြင်းကို ကာမိစေရန် လူဦးရေများသည့် နေရာများကို သိမ်းကြုံးဗုံးကြဲသည်။
အတိုက်အခံ အင်အားစုများကို လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်ခြင်းသည် အရပ်သား သေဆုံးမှု မြင့်မားစေပြီး ၂၀၂၄ ခုနှစ်ကုန်တွင် အရပ်သားသေဆုံးမှု ၁ သောင်းနီးပါးရှိသည်။ လူပေါင်း ၃ သန်းခွဲကျော် ပြည်တွင်း နေရပ်စွန့်ခွာဖြစ်ပြီး နိုင်ငံလူဦးရေ ၃ ပုံ ၁ ပုံသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည်။ စီးပွားရေး ပြိုလဲလုနီးပါး ဖြစ်နေသည်။
ထိုသို့ ဆိုးရွားသော စီးပွားရေးအခြေအနေကို သဘာဝဘေးအန္တရာယ်များက ပိုမိုဆိုးရွားစေသည်။ လွန်ခဲ့သော စက်တင်ဘာလတွင် ပြင်းထန်သော မုန်တိုင်းတခုက မြန်မာကို ဖျက်ဆီးပြီး လူရာပေါင်းများစွာ သေဆုံးစေကာ ဒေသအများအပြားကို ရေလွှမ်းမိုးသည်။
မတ်လ နှောင်းပိုင်းတွင် ပြင်းအား ၇.၇ ရှိသော ငလျင် မြန်မာတွင် လှုပ်ခတ်ကာ လူ ၃,၅၀၀ ကျော် သေဆုံးသည်။ ငလျင်လှုပ်ပြီးနောက် စစ်ဖြစ်နေသော ဘက်အသီးသီးက လူသားချင်းစာနာမှု ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာသော်လည်း ထိုအပစ်အခတ်ရပ်စဲရေးများသည် တည်တံ့ခြင်း မရှိပေ။
ငလျင်လှုပ်ပြီး မကြာမီ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်သစ်များ ပြုလုပ်ပြီး ထိုအချိန်မှစတင်ကာ တိုက်ခိုက်မှု ဆက်တိုက်လုပ်သည်။ ပြည်တွင်းသတင်းများ၏ အဆိုအရ စစ်ကောင်စီသည် မတ်လ ၂၈ ရက်နေ့နှင့် ဧပြီလ ၆ ရက်အတွင်း လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ၁၀၈ ကြိမ်ပြုလုပ်ပြီး အရပ်သား ၇၀ ဦးခန့် သေဆုံးသည်။
ထိုတိုက်ခိုက်မှုများအနက် ၄၆ ခုကို အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက်ပိုင်း ပြုလုပ်ခြင်းဖြစ်သည်။ မြေပြင်တွင်လည်း ပြင်းထန်သောတိုက်ပွဲများ ဆက်လက်ဖြစ်နေသည်။
ထိုကြေကွဲစရာဖြစ်ရပ်မှ အမြတ်ထွက်သည့် နိုင်ငံတခုသာရှိပြီး ယင်းနိုင်ငံမှာ တရုတ်ဖြစ်သည်။ အနောက်တိုင်းတွင် မြန်မာပြည်တွင်းစစ်ကို အမေ့ခံ ပဋိပက္ခအဖြစ် မကြာခဏ ဖော်ပြကြသည်။
တရုတ်နိုင်ငံအတွက် မြန်မာသည် ဒေသတွင်း ရည်မှန်းချက်များ၊ စီးပွားရေးအကျိုးစီးပွားနှင့် လုံခြုံရေးပူပန်မှုများ ဆက်စပ်နေသည့် အဓိက စစ်မြေပြင် ဖြစ်နေသည်။ အင်အားချည့်နဲ့သည့် မြန်မာသည် တရုတ်အစိုးရ၏ ပြိုင်ဘက်ကင်း ဒေသတွင်း ဗိုလ်ကျမှု ထူထောင်ရေး ရည်မှန်းချက်အတွက် အဓိကကျသည်။
သို့သော် တရုတ်နိုင်ငံအတွက် မြန်မာသည် ဒေသတွင်း ရည်မှန်းချက်များ၊ စီးပွားရေးအကျိုးစီးပွားနှင့် လုံခြုံရေးပူပန်မှုများ ဆက်စပ်နေသည့် အဓိက စစ်မြေပြင် ဖြစ်နေသည်။ အင်အားချည့်နဲ့သည့် မြန်မာသည် တရုတ်အစိုးရ၏ ပြိုင်ဘက်ကင်း ဒေသတွင်း ဗိုလ်ကျမှု ထူထောင်ရေး ရည်မှန်းချက်အတွက် အဓိကကျသည်။
မြန်မာကို တရုတ်အစိုးရက လွှမ်းမိုးနိုင်လျှင် ထိုသို့သော ဗိုလ်ကျစိုးမိုးမှုသည် တိုးတက်မှုနှုန်း မြန်ဆန်သည့် အရှေ့တောင်အာရှနှင့် အိန္ဒိယကို ချိတ်ဆက်မည့် အန္ဒိယ၏ အရှေ့ဘက်သို့ မျက်နှာမူ လုပ်ကိုင်သည့် “အရှေ့မျှော်မူဝါဒ” အတွက် သေနင်္ဂဗျူဟာကျသည့် အတားအဆီးသာမက အရှေ့တောင်အာရှ ပင်မကုန်းမြေနှင့် အိန္ဒိယ သမုဒ္ဒရာကမ်းခြေများတွင် အရေးပါသည့် ခြေကုပ်လည်း ဖြစ်သည်။
အများပြည်သူသို့ ကြေညာချက်များတွင် တရုတ်အရာရှိများက ၎င်းတို့သည် မြန်မာတွင် တည်ငြိမ်မှု ပြန်လည် ထိန်းသိမ်းလိုကြောင်းနှင့် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အားပေးကြောင်း ပြောကြသည်။
လက်တွေ့တွင် တရုတ်သည် အင်အားချည့်နဲ့လာသည့် စစ်ကောင်စီကို ကျားကန်ပေးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သူ၏သြဇာ စက်ဝန်းအတွင်း ဆွဲသွင်းရန် ကြိုးစားနေကာ အနောက်တိုင်းနှင့် နီးစပ်သည်ဟု ယူဆသည့် ဒီမိုကရေစီ အင်အားစုများကို ဘေးဖယ်ရန် လုပ်နေသည်။
မြန်မာတွင် အနောက်တိုင်း အကျိုးစီးပွား မရှိခြင်းသည် တရုတ်အတွက် အားသာချက်ဖြစ်စေသည်။ ဥပမာအားဖြင့် မတ်လက ငလျင်အပြီးတွင် အနောက်တိုင်း အင်အားကြီး နိုင်ငံများသည် မြန်မာတွင် အကူအညီ နှေးကြသော်လည်း တရုတ်သည် ငလျင်ဒဏ်ခံဒေသများသို့ အလျင်အမြန် ရောက်လာပြီး စည်းရုံးရေး စတင်သည်။
အမှန်တရားမှာ တရုတ်သည် ဖရိုဖရဲအခြေအနေတွင် အခွင့်အလမ်းရှာခြင်း ဖြစ်သည်။ တရုတ်သည် အင်အားချိနဲ့နေသည့် စစ်ကောင်စီကို ကျားကန်ပေးပြီး ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်စေသည်။
တော်လှန်ရေးအင်အားစု ညီညွတ်မှုကို ထိခိုက်စေပြီး တော်လှန်ရေးအင်အားစု အများအပြားအပေါ် သြဇာချဲ့ထွင်ကာ အနောက်တိုင်းသြဇာကို ဘေးရောက်စေသည်။ မြန်မာပြည်သူများ၏ နိုင်ငံရေး ရည်မှန်းချက်များကို မထေမဲ့မြင် လုပ်ခြင်းဖြင့် မြန်မာအပေါ် ၎င်း၏ ထိန်းချုပ်မှု ပိုမိုခိုင်မာအောင် လုပ်သည်။ ရှည်ကြာသော စစ်အုပ်ချုပ်ရေးအောက်တွင် သွေးကွဲနေသော မြန်မာသည် တရုတ်အတွက် ထိန်းချုပ်ရန် ပိုမိုလွယ်ကူသည့်နိုင်ငံ ဖြစ်နေသည်။
တရုတ် လှေနံ နှစ်ဖက် နင်းခြင်း
မြန်မာသည် တရုတ်၏ အိမ်နီးချင်းနိုင်ငံသက်သက်တခု မကပေ။ မြန်မာသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာသို့ ကုန်းတွင်းလမ်းဖြစ်ပြီး မလက္ကာရေလက်ကြား ရေကြောင်းကျပ်သောနေရာအတွက် အရေးပါသည့် အခြား ထွက်ပေါက်ဖြစ်သည်။
ထိုစီးပွားရေးလမ်းကြောင်းကို တည်ဆောက်ခြင်းသည် တရုတ်၏ ကြီးမားသော ပြည်ပ အခြေခံအဆောက်အအုံ စီမံကိန်း ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အဓိက ရည်မှန်းချက်ဖြစ်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) သည် တရုတ်၏ BRI သေနင်္ဂဗျူဟာ အဓိကအစိတ်အပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာ၏ ကြီးမားသော စွမ်းအင်သိုက်များ၊ သဘာဝသယံဇာတများနှင့် အိန္ဒိယ သမုဒ္ဒရာကို ချိတ်ဆက်ပေးသည်။
မြန်မာသည် တရုတ်လိုချင်သည့် အရေးပါသော သယံဇာတများကိုလည်း ပိုင်ဆိုင်သည်။ ထိုသယံဇာတများတွင် အရေးပါသော တွင်းထွက်များ၊ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ ပါဝင်သည်။ မြန်မာသည် အဆင့်မြင့်နည်းပညာနှင့် ကာကွယ်ရေးအတွက် မရှိမဖြစ် လိုသည့် သွင်းအားစုဖြစ်သော တရုတ်က တင်သွင်းသည့် အက်တမ် အလေးချိန်မြင့် မြေရှားသတ္တု ထက်ဝက်ကျော်ကို တင်ပို့သည်။
မြန်မာသည် တရုတ်လိုချင်သည့် အရေးပါသော သယံဇာတများကိုလည်း ပိုင်ဆိုင်သည်။ ထိုသယံဇာတများတွင် အရေးပါသော တွင်းထွက်များ၊ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ ပါဝင်သည်။ မြန်မာသည် အဆင့်မြင့်နည်းပညာနှင့် ကာကွယ်ရေးအတွက် မရှိမဖြစ် လိုသည့် သွင်းအားစုဖြစ်သော တရုတ်က တင်သွင်းသည့် အက်တမ် အလေးချိန်မြင့် မြေရှားသတ္တု ထက်ဝက်ကျော်ကို တင်ပို့သည်။
တရုတ်သည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုးကျိုးများကို ဂရုမစိုက်ဘဲ ထိုသယံဇာတများကို ထုတ်လုပ်ရန် လက်နက်ကိုင်အင်အားစုများနှင့် ပူးပေါင်းနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် မြန်မာသည် တရုတ်ကို မြေရှားသတ္တုအောက်ဆိုက်ဒ် မက်ထရစ်တန် ၅ သောင်း ရောင်းချပြီး ထိုပစ္စည်းများကို တရုတ်ပြည်တွင်း ထုတ်လုပ်မှုထက် ပိုမိုများပြားသည်။ မြန်မာသည် တပိုင်းလျှပ်ကူး ဆီမီးကွန်ဒတ်တာနှင့် အခြားအရေးပါသည့် နည်းပညာများအတွက် အရေးပါသည့်သံဖြူ တရုတ်သို့ ၇၉.၉ ရာခိုင်နှုန်းကို တင်ပို့သည်။
မြန်မာသည် လုံခြုံရေးအရ တရုတ်အရာရှိများ စိတ်ဝင်စားသည့် နိုင်ငံလည်း ဖြစ်သည်။ တရုတ်သည် မြန်မာတွင် ပြည်ပ အင်အားကြီးနိုင်ငံများ၊ အထူးသဖြင့် အနောက်တိုင်းက ခြေကုပ်ယူပြီး တရုတ်၏ ဒေသတွင်း လွှမ်းမိုးမှုအား စိန်ခေါ်သည်ကို မလိုလားပေ။
အနောက်တိုင်းနှင့် မဟာမိတ်ဖြစ်သည့် အစိုးရတခု သို့မဟုတ် နိုင်ငံရေး အင်အားစုတခု အာဏာရပါက တရုတ်နယ်စပ်အနီး အနောက်တိုင်းအင်အားစု ရေရှည် တည်ရှိမှုကို လမ်းဖွင့်ပေးပြီး ရေရှည် လုံခြုံရေး ခြိမ်းခြောက်မှု ဖြစ်မည်ကို တရုတ်က အထူးသဖြင့် စိုးရိမ်ပူပန်သည်။
ထိုသို့ လုံခြုံရေးကြောင့် စိုးရိမ်မှုသည် တရုတ်၏ မြန်မာပြည်တွင်းစစ်နှင့် ပတ်သက်သည့် အမြင်ကို ထင်ဟပ်ပြီး မြန်မာမှ တိုက်ခိုက်မှုများသည် မြန်မာ့ပြည်တွင်းရေးတွင် အနောက်တိုင်းသြဇာ သက်ရောက်မှု ရှိလာမည်ကို တရုတ်က စိုးရိမ်သည်။
ထိုပဋိပက္ခတွင် ပြင်ပအင်အားကြီး နိုင်ငံများ စွက်ဖက်မှုကို တားဆီးခြင်းသည် သူ၏အဓိက ရည်မှန်းချက်များအနက် တခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက မကြာသေးမီတွင် ပြောသည်။ မြန်မာသည် တရုတ်၏ သီးခြား သြဇာသက်ရောက်သော အသိုက်အဝန်းဟု ၎င်းကမြင်သည်။
တရုတ်ကွန်မြူနစ်ပါတီအာဘော် ပြည်သူ့နေ့စဉ် သတင်းစာမှ ဝါရင့်အယ်ဒီတာတဦးက မြန်မာမှ အရေးပါသော နေရာများကို တောင်တရုတ်ပင်လယ် အငြင်းပွားဒေသများနှင့် နှိုင်းယှဉ်ပြီး ၂၀၁၂ ခုနှစ်က ဂလိုဘယ်တိုင်းမ် အတွေးအမြင်ဆောင်းပါးတွင် ထိုအချက်ကို မီးမောင်းထိုးပြသည်။ “(တရုတ်က ရခိုင်ပြည်နယ်တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်နေသည့်) ကျောက်ဖြူနှင့် ပတ်ဝန်းကျင်ဒေသတွင် စီးပွားရေးနှင့် လူမှုတည်ငြိမ်မှုသည် တရုတ်နှင့် ဖိလစ်ပိုင်အကြား အချုပ်အခြာ အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်မှ ဟွမ်ယန်ကျွန်းကဲ့သို့ အရေးပါသည်” ဟု ထိုအယ်ဒီတာက ရေးသည်။
တရုတ်သည် မြန်မာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွင် စစ်မှန်သော စိတ်ဝင်စားမှု မရှိပေ။
တရုတ်သည် မြန်မာမှဖြစ်ရပ်များကို အလွန်အာရုံစိုက်ပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ပို၍အာရုံစိုက်သည်။ CMEC နေရာအများစုသည် ပဋိပက္ခဇုန်များကို တိုက်ရိုက် ဖြတ်သန်းသောကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်မီးသည် တရုတ်၏ မြန်မာမှ ရင်းနှီးမြှုပ်နှံမှု အများအပြားကို အနှောင့်အယှက် ဖြစ်စေသည်။
သို့သော် ထိုစစ်မီးသည် မြန်မာကို ၎င်း၏ ထိန်းချုပ်မှု ပိုမိုတောင့်တင်းအောင်လုပ်ရန် အခွင့်အလမ်းတခုလည်း ဖြစ်စေသည်။ တရုတ်အရာရှိများက မြန်မာစစ်အာဏာသိမ်းမှုကို ကနဦးတွင် အလေးမထားဘဲ “အစိုးရအဖွဲ့အတွင်း အပြောင်းအလဲမျှသာ ဖြစ်သည်” ဟုပြောပြီး အခြားနိုင်ငံအများစုက စစ်ကောင်စီကို ပစ်ပယ်ထားချိန်တွင် စစ်ကောင်စီနှင့် တက်ကြွသော ဆက်ဆံရေး ဆက်လက် ထိန်းသိမ်းထားသည်။
တရုတ်သည် မြန်မာတွင် လှေနံ နှစ်ဖက်နင်းပြီး စစ်အာဏာသိမ်းပြီးနောက် နယ်မြေထိန်းချုပ်မှု အကြီးအကျယ် ချဲ့ထွင်လာသည့် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ခိုင်မာအောင်လုပ်သည်။ တရုတ်သည် ထိုအဖွဲ့အစည်းများသို့ အခြေခံ လက်နက်ထောက်ပံ့သူဖြစ်ရုံသာမက အဓိက ကုန်သွယ်ဘက်လည်း ဖြစ်သည်။
တရုတ်သည် မြန်မာတွင် လှေနံ နှစ်ဖက်နင်းပြီး စစ်အာဏာသိမ်းပြီးနောက် နယ်မြေထိန်းချုပ်မှု အကြီးအကျယ် ချဲ့ထွင်လာသည့် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ခိုင်မာအောင်လုပ်သည်။ တရုတ်သည် ထိုအဖွဲ့အစည်းများသို့ အခြေခံ လက်နက်ထောက်ပံ့သူဖြစ်ရုံသာမက အဓိက ကုန်သွယ်ဘက်လည်း ဖြစ်သည်။
ထိုဆက်ဆံရေးများကြောင့် တရုတ်အစိုးရသည် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည့် မြန်မာမှ အဓိက အဖွဲ့အစည်း အားလုံးနီးပါးအပေါ် သြဇာလွှမ်းမိုးခွင့်ရပြီး စစ်တပ်ပြိုလဲပါက သေနင်္ဂဗျူဟာကျသည့် ဖြန့်ကြက်မှုဖြစ်စေသည်။ တရုတ်သည် မြန်မာမှ ဒီမိုကရေစီအင်အားစုများ၊ အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသူများကို အခြေခံဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အမြဲတမ်း သံသယရှိသည်။ အနောက်နိုင်ငံများက ထောက်ခံမှု အနည်းငယ်သာ ပေးသော်လည်း NUG သည် အနောက်တိုင်းနှင့် နီးစပ်လွန်းသည်ဟု တရုတ်အစိုးရက မြင်သည်။
၂၀၂၂ ခုနှစ်တွင် NUG က ဝါရှင်တန်တွင် ရုံးဖွင့်ပြီး ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် အမေရိကန် ပြည်ထောင်စုက ဘားမားအက် (Burma Act) ကို အတည်ပြုသောအခါ တရုတ်၏ စိတ္တဇ ပိုမိုနက်ရှိုင်းလာသည်။ ထိုဘားမားအက်သည် မြန်မာဒီမိုကရေစီ အင်အားစုကို အကူအညီများစွာ ကတိပြုသော်လည်း အကောင်အထည် မပေါ်လာသည့် အကူအညီများသာဖြစ်သည်။
တရုတ်သည် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ NUG နှင့် မပူးပေါင်းရန် လုပ်ဆောင်ရုံမျှသာမက စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးရန်လည်း ညွှန်ကြားသည်။ တရုတ်အစိုးရသည် တရုတ်စီးပွားရေး ပိုင်ဆိုင်မှုများကို ကာကွယ်ရန် NUG နှင့် ဆက်သွယ်ရေး လမ်းကြောင်းကို ဖော်ဆောင်ထားသော်လည်း ထိုဆက်ဆံရေးကို လျှို့ဝှက်ထားပြီး မည်သည့်ကတိကဝတ်မှ မလုပ်ပေ။
စစ်ကောင်စီ၏ ပိုင်နက်နယ်မြေများ ပိုမိုဆုံးရှုံးလာသောအခါ တရုတ်ကုမ္ပဏီအချို့သည် စီးပွားရေးလုပ်ငန်းများ ဆက်လက် လည်ပတ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ NUG နှင့် ပတ်သက်သော လက်နက်ကိုင်အဖွဲ့များကို အခွန်ဆောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သည်။
အချိန်အခါကို အခွင့်ကောင်းယူ
နှစ်အတန်ကြာအောင် ထိုသို့လှေနံ နှစ်ဖက် နင်းခြင်းသည် တရုတ်၏ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ကာကွယ်နိုင်စေပြီး မြန်မာတွင် အကြမ်းဖက်မှု မြင့်မားနေချိန်တွင်ပင် ၎င်း၏သြဇာကို ပိုမိုသက်ရောက်စေသည်။
ထို့နောက် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နှင့် ဆက်ဆံရေးရှိသည့် စစ်ကောင်စီဆန့်ကျင်ရေး တိုင်းရင်းသားမဟာမိတ်အဖွဲ့တခုနှင့် NUG နှင့်ပတ်သက်သည့် လက်နက်ကိုင်တပ်များက အတိုင်းအတာကြီးမားသည့် ညှိနှိုင်းထိုးစစ် ၁၀၂၇ စစ်ဆင်ရေး စတင်သည်။
ထိုထိုးစစ်စတင်သည့်နှစ်တွင် တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် နှစ်ခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာန ခြောက်ခု၊ တပ်ရင်း အခြေစိုက်စခန်း ၁၆၀ ကျော်နှင့် မြို့ပေါင်း ၉၃ မြို့ကို သိမ်းပိုက်သည်။ တချိန်က ချေမှုန်းမရဟု မြင်ခဲ့ကြသည့် စစ်တပ်သည် ယနေ့တွင် ပြိုလဲလုနီးပါး ဒယိမ်းဒယိုင် ဖြစ်နေသည်။
စစ်ကောင်စီ၏ လားရှိုးမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ကျဆုံးခြင်းသည် တရုတ်အတွက် သတိပေးချက်ဖြစ်စေပြီး တော်လှန်ရေးအင်အားစုသည် အရဲတင်းလွန်းသည်ဟု မြင်စေသည်။ ထို့ကြောင့် တရုတ်သည် သြဇာ ဖြန့်ခွဲထားသည့် သေနင်္ဂဗျူဟာကို စွန့်လွှတ်ပြီး စစ်ကောင်စီကိုယ်စား အပြင်းအထန် ဝင်ရောက်စွက်ဖက်သည်။
စစ်ကောင်စီ၏ လားရှိုးမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ကျဆုံးခြင်းသည် တရုတ်အတွက် သတိပေးချက်ဖြစ်စေပြီး တော်လှန်ရေးအင်အားစုသည် အရဲတင်းလွန်းသည်ဟု မြင်စေသည်။ ထို့ကြောင့် တရုတ်သည် သြဇာ ဖြန့်ခွဲထားသည့် သေနင်္ဂဗျူဟာကို စွန့်လွှတ်ပြီး စစ်ကောင်စီကိုယ်စား အပြင်းအထန် ဝင်ရောက်စွက်ဖက်သည်။
ထိုသို့ အလေးထားမှုသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ စစ်ကောင်စီအရာရှိများထံ သွားရောက်လည်ပတ်ပြီး တရုတ်အစိုးရ၏ ထောက်ခံမှုကို ပြသသောအခါ အထင်အရှားဖြစ်လာသည်။ မကြာမီ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ် တရုတ်ခရီးစဉ်အဖြစ် ကူမင်းသို့ သွားရောက်သည်။
တချိန်တည်းတွင် တရုတ်အစိုးရသည် တရုတ်-မြန်မာ နယ်စပ်တလျှောက်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တိုက်ခိုက်မှုရပ်ရန် ဖိအားပေးသည်။ တရုတ်သည် မလိုက်နာသည့် အဖွဲ့များကို နယ်စပ်ဂိတ်များ ပိတ်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် သုံးစွဲနေရသည့် လျှပ်စစ်၊ ရေ၊ အင်တာနက်နှင့် အခြေခံကုန်စည်များ ပိတ်ပင်ခြင်း အပါအဝင် အနိုင်အထက် လုပ်သည်။
တရုတ်သည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် (MNDAA) အပစ်အခတ်ရပ်ပြီး လားရှိုးကို လက်လွှတ်စေရန် ကြိုးစားသော ကြီးမားသည့် လုပ်ရပ်အဖြစ် ထိုအဖွဲ့ခေါင်းဆောင်ကို တရုတ်က ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းသည်ဟု ပြည်တွင်းသတင်းများက ဖော်ပြသည်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် တရုတ်သည် ငြိမ်းချမ်းရေးပွဲစားနှင့် တည်ငြိမ်ရေး အာမခံသူအဖြစ် အမွှမ်းတင်ပြီး စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားအကြား ဆွေးနွေးပွဲများ အကြိမ်ကြိမ် ကြားဝင်ဆောင်ရွက်သည်။ စစ်ကောင်စီက ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်တောင်းဆိုပြီး တိုင်းရင်းသား လက်နက်ကိုင်များကလည်း ခက်ခက်ခဲခဲ တိုက်ခိုက်ရရှိထားသည့် အောင်မြင်မှုများကို လက်လွှတ်ရန် ငြင်းဆိုသောကြောင့် ထိုညှိနှိုင်းမှုများ မအောင်မြင်ပေ။
သို့သော် တချိန်တည်းထွင် တရုတ်သည် မြန်မာ၏ အနာဂတ်ကို ပုံဖော်ရာတွင် ၎င်း၏ အခန်းကဏ္ဍကို ဘက်အားလုံးက အသိအမှတ်ပြု နေရာပေးရန် ဖိအားပေးပြီး မြန်မာတွင် သြဇာ ပိုမိုသက်ရောက်အောင် လုပ်နေသည်။ တရုတ်သည် နိုင်ငံတကာအသိုက်အဝန်းတွင် စစ်ကောင်စီကို သံတမန်ရေးအရ အကာအကွယ်ပေးပြီး လက်နက်ကြီးများ၊ ဂျက်တိုက်လေယာဉ်များ၊ ထောက်လှမ်းရေး နည်းပညာများနှင့် ဘဏ္ဍာရေး အသက်ဆက်ရန်လည်း ထောက်ပံ့ပြီး ကျားကန်ပေးသည်။
တရုတ်သည် ၎င်း၏သြဇာအောက်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အထူးသဖြင့် မြောက်ဘက်နယ်စပ်မှ အဖွဲ့များအနေဖြင့် အနောက်တိုင်းက ထောက်ခံသည်ဟု မြင်သည့် NUG သို့မဟုတ် ဒီမိုကရေစီ အင်အားစုများနှင့် မပူးပေါင်းရန် ဖိအားပေးခြင်းဖြင့် တော်လှန်ရေးအင်အားစုများအကြား ကွဲပြဲစေသည်။
ထိုသို့သော စွက်ဖက်မှုများသည် မတည်ငြိမ်မှုဖြစ်စေပြီး စစ်ပွဲကို ပိုမိုရှည်ကြာစေသည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစု အချို့သည် မြန်မာမှ တရုတ်အကျိုးစီးပွားကို ကာကွယ်ရန် သို့မဟုတ် တရုတ်၏ ဒေါသကို ရှောင်ရှားရန် ထိုးစစ် ယာယီရပ်ဆိုင်းရန်ပင် လူသိရှင်ကြား ကတိကဝတ် ထုတ်ပြန်ကြရသည်။
ကာလကြာရှည်နေသော စစ်အုပ်ချုပ်ရေးအောက်တွင် သွေးကွဲနေသော မြန်မာသည် တရုတ်အတွက် ထိန်းချုပ်ရန် ပိုမို လွယ်ကူစေသည်။
မတ်လ ငလျင်သည် တရုတ်အနေဖြင့် မြန်မာတွင် သြဇာချဲ့ထွင်ရန်နှင့် တရုတ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည့် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ အများအပြားဖြစ်နေမှုကို တိုက်ဖျက်ရန် နောက်ထပ် အခွင့်အလမ်းတခု ဖန်တီးပေးသည်။
မတ်လ ငလျင်သည် တရုတ်အနေဖြင့် မြန်မာတွင် သြဇာချဲ့ထွင်ရန်နှင့် တရုတ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည့် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ အများအပြားဖြစ်နေမှုကို တိုက်ဖျက်ရန် နောက်ထပ် အခွင့်အလမ်းတခု ဖန်တီးပေးသည်။
မြန်မာ၏ လူသားချင်းစာနာမှု အကျပ်အတည်းအတွင်း အနောက်တိုင်း အင်အားကြီးနိုင်ငံများက အကန့်အသတ်ဖြင့်သာ ထောက်ပံ့မှု ပေးသော်လည်း တရုတ်က အရှိန်မြှင့် လုပ်ဆောင်သည်။ တရုတ်သည် မြန်မာတွင် ၎င်း၏ မသိမသာ ဩဇာအာဏာကို ပျိုးထောင်ရင်း လုံခြုံရေးတည်ရှိမှုကိုလည်း တိုးချဲ့သည်။ တရုတ်၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် စစ်ကောင်စီ မလုပ်ဆောင်နိုင်ဆိုသည့် စိုးရိမ်ပူပန်မှုကို အကြောင်းပြပြီး ဖက်စပ်လုံခြုံရေးကုမ္ပဏီများ ထူထောင်ရန် စစ်ကောင်စီကို ဖိအားပေးသည်။
ယခုအခါ ထိုလုံခြုံရေး ကုမ္ပဏီများကို အနောက်ဘက်တွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အရှေ့ဘက် တရုတ်-မြန်မာ နယ်စပ် မူဆယ်တွင် ဖြန့်ကြက်ထားသည်။ ထိုလုပ်ငန်းများကို တရုတ်နိုင်ငံပိုင် လုံခြုံရေးကုမ္ပဏီများက ဦးဆောင်ပြီး မြန်မာတွင် တရုတ်၏ လက်နက်ကိုင်လုံခြုံရေး ပထမဆုံးအကြိမ် တရားဝင် ရောက်ရှိခြင်းဖြစ်သည်။
မြန်မာတွင် စစ်တပ်တည်မြဲမှု၏ ရေရှည်သက်ရောက်မှုများကို ရှင်းလင်းစွာ မသိရသေးသော်လည်း ထိုသို့ရှိခြင်းသည် မြန်မာပြည်တွင်း ပဋိပက္ခနှင့် ပိုမိုကျယ်ပြန့်သည့် ဒေသတွင်း လုံခြုံရေးအခင်းအကျင်းကို အကြီးအကျယ် ပြန်လည် ပြောင်းလဲစေနိုင်သည်။
ခပ်ရှင်းရှင်းပြောရလျှင် တရုတ်၏ ပါဝင်ပတ်သက်မှုသည် မြန်မာ၏ ဖျက်အားပြင်းစစ်ကို ပိုမိုရှည်ကြာစေသည်။ တရုတ်၏ ထောက်ခံမှုကြောင့် အတင့်ရဲလာပြီး စစ်ကောင်စီသည် တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် လုပ်ဆောင်လာပြီး အရပ်သားများကို သိမ်းကြုံးပစ်မှတ်ထားသည်။
သို့သော် စစ်ကောင်စီသည် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် သိမ်းပိုက်ရန် မြေပြင်ထိုးစစ်ဆင်လောက်အောင် အင်အားမရှိတော့ဘဲ တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားသည့် နယ်မြေသစ်များတွင် ထိန်းချုပ်မှု ခိုင်မာအောင်လုပ်ခြင်းကို တားဆီးရန်သာ အာရုံစိုက်လုပ်နေသည်။
မတ်လ ငလျင်ကြောင့် အပျက်အစီးများအကြားတွင်ပင် စစ်ကောင်စီသည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများထက် လေကြောင်းတိုက်ခိုက်မှုများကို ဦးစားပေးလုပ်နေသည်။ ထိုလုပ်ဆောင်မှုကို ထောက်ပံ့ရန် တရုတ်က စစ်ကောင်စီကို နောက်ထပ် စစ်လေယာဉ်များနှင့် ဒရုန်းများ ပေးပို့သည်။
စစ်ကောင်စီကို အစားထိုးနိုင်ဖွယ်ရှိသည့် ညီညွတ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အတိုက်အခံအင်အားစုသည် စစ်မြေပြင်တွင် အောင်ပွဲများ ဆက်လက် ရနေသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီ၏ အတိုက်အခံများသည် တနိုင်ငံလုံးတွင် မြို့ပြစစ်ဆင်ရေးများ တိုးချဲ့ရန် ကြိုးစားနေပြီး နိုင်ငံအလယ်ပိုင်းမှ အဓိကမြို့ကြီးများကို ရည်ရွယ်သည်။
စစ်ကောင်စီက မြန်မာ၏ အကြီးမားဆုံးမြို့ ရန်ကုန်နှင့် မြို့တော်နေပြည်တော်ကို ထိန်းချုပ်ထားသမျှ ကာလပတ်လုံး အတိုက်အခံအင်အားစုများ၏ အောင်ပွဲများသည် စစ်ကောင်စီကို အင်အားချိနဲ့စေမည် ဖြစ်သော်လည်း အဆုံးအဖြတ်ကျသည့် ထိုးနှက်ချက် ဖြစ်ဖွယ်မရှိပေ။ အတိုက်အခံများအကြား ခိုင်မာသည့် ညီညွတ်ရေးတပ်ဦးမရှိဘဲ စစ်ကောင်စီသည် ဆက်လက် ဒယိမ်းဒယိုင် လျှောက်နေမည့်သဘော ရှိသည်။
စစ်ကောင်စီက မြန်မာ၏ အကြီးမားဆုံးမြို့ ရန်ကုန်နှင့် မြို့တော်နေပြည်တော်ကို ထိန်းချုပ်ထားသမျှ ကာလပတ်လုံး အတိုက်အခံအင်အားစုများ၏ အောင်ပွဲများသည် စစ်ကောင်စီကို အင်အားချိနဲ့စေမည် ဖြစ်သော်လည်း အဆုံးအဖြတ်ကျသည့် ထိုးနှက်ချက် ဖြစ်ဖွယ်မရှိပေ။ အတိုက်အခံများအကြား ခိုင်မာသည့် ညီညွတ်ရေးတပ်ဦးမရှိဘဲ စစ်ကောင်စီသည် ဆက်လက် ဒယိမ်းဒယိုင် လျှောက်နေမည့်သဘော ရှိသည်။
မြန်မာကို အနောက်တိုင်းမှ စိတ်ဝင်စားမှု လျော့ကျနေသောကြောင့် တရုတ်သည် မြန်မာမှ ဖရိုဖရဲအခြေအနေနှင့် နိုင်ငံရေး အစိတ်စိတ်အမွှာမွှာကွဲခြင်းကို အမြတ်ထုတ်အသုံးချပြီး ၎င်း၏ သေနင်္ဂဗျူဟာခြေလှမ်းကို တိုးချဲ့ရန် အခွင့်အရေးကို အမိအရ ယူသည်။ ယခုအခါ တရုတ်သည် ပဋိပက္ခ၏ဘက်အားလုံးမှ အဓိက ပတ်သက်သူများအပေါ် သြဇာကြီးမားစွာ ချုပ်ကိုင်ထားပြီး အနောက်တိုင်းနှင့် မဟာမိတ်ဖြစ်သည့် အဖွဲ့များကို ခွဲခြားဆက်ဆံကာ အနောက်တိုင်းသြဇာကို စနစ်တကျ ဖယ်ရှားထားသည်။
ထို့ပြင် တရုတ်အစိုးရသည် မြေရှားသတ္တုများကဲ့သို့ သေနင်္ဂဗျူဟာကျသည့် သယံဇာတများ ရရှိရေးနှင့် မြန်မာ့ပိုင်နက်တွင် စစ်တပ်ထားရှိခွင့် အပါအဝင် လက်ဆုပ်လက်ကိုင် ပြနိုင်သော ရလဒ်အများအပြား ရရှိပြီး ဖြစ်သည်။ ထိုလုပ်ရပ်များသည် တရုတ်ကို စီးပွားရေးပိုင်ဆိုင်မှုများကို အခွင့်ထူးခံ အသုံးပြုခွင့်ရခြင်းသာ ရရှိစေသည် မဟုတ်ဘဲ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အတွင်းမှ ထိန်းချုပ်ရလွယ်သော အိမ်နီးချင်းအပေါ် နိုင်ငံရေး သြဇာလည်း သက်ရောက်နိုင်ပြီး ၎င်း၏ ရည်မှန်းချက်များအတွက် အဓိကကျသောဒေသကို ထိန်းချုပ်မှု ပိုမိုတင်းကျပ်စေနိုင်သည်။
မြန်မာတွင် တရုတ်သြဇာ ကြီးထွားလာခြင်းသည် သီးခြားဖြစ်ရပ် မဟုတ်ဘဲ ထိုကိစ္စသည် တရုတ်အစိုးရ၏ ပိုမိုကျယ်ပြန့်သော ဒေသတွင်း ဗိုလ်ကျစိုးမိုးရေး လှုပ်ရှားမှု၏ အရေးပါသော စစ်မျက်နှာဖြစ်သည်။ အနောက်တိုင်းနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများအတွက် ထိုကိစ္စသည့် သတိထားမှု ဖြစ်သင့်သည်။ ပြန်လည် တုံ့ပြန်သည့်နည်းလမ်းသည် လုံလောက်မည် မဟုတ်ပေ။ တရုတ်၏ သြဇာချဲ့ထွင်မှု ထိန်းချုပ်ခြင်းကို တရုတ်က သြဇာ အလျင်အမြန်ဆုံး ချဲ့ထွင်နေသည့် မြန်မာအဝန်းအဝိုင်းမှ စတင်ရမည်ဖြစ်သည်။
တရုတ်က လက်မခံချင်သောအရာ
ထိုပဋိပက္ခအတွက် နိုင်ငံရေးအဖြေသည် အလှမ်းကွာသည့် အလားအလာဖြစ်သည်။ စစ်ပွဲနှင့် မတ်လ ငလျင်ကြောင့် ရွေးကောက်ပွဲ သို့မဟုတ် ရွေးကောက်ပွဲအတုကိုပင် ကျင်းပနိုင်သည့် စွမ်းရည်ကို အကြီးအကျယ် အကန့်အသတ် ဖြစ်စေသော်လည်း တနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန် စစ်ကောင်စီက ကတိပြုထားသည်။
မြန်မာနိုင်ငံ ဒေသအများစုသည် ပဋိပက္ခကြောင့် အထိနာနေပြီး စစ်ကောင်စီသည် မူလက ၂၀၂၂ ခုနှစ်တွင် စီစဉ်ထားသည့် ရွေးကောက်ပွဲကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။ မည်သို့ဆိုစေ အတိုက်အခံအုပ်စုများနှင့် ပြည်သူများက စစ်ကောင်စီကျင်းပသည့် ရွေးကောက်ပွဲကို တရားဝင်သည်ဟု အသိအမှတ်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးစားခြင်းသည် ပဋိပက္ခကို ပိုမိုမီးထိုးပေးပြီး နိုင်ငံ၏ လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုမို ဆိုးရွားစေမည်ဖြစ်သည်။
အာဆီယံ၊ တရုတ်နှင့် အိန္ဒိယ အပါအဝင် ပြင်ပအင်အားကြီးများက ညှိနှိုင်းဖြေရှင်းမှုတခု တောင်းဆိုသော်လည်း ပြဋ္ဌာန်းချက် အတိအကျ မပြောကြပေ။ သို့သော် ထိုကိစ္စသည် အကြောင်းအချက် နှစ်ခုကြောင့် လက်တွေ့မကျပေ။
ပထမအချက်မှာ စစ်ကောင်စီ အားနည်းချက်ကြောင့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများသည် ၎င်းတို့၏ဒုက္ခများကို ကျူးလွန်သော လက်သည်ဖြစ်သည့် စစ်တပ်ကို အာဏာမှ ဖယ်ရှားရန် သမိုင်းဝင်အခွင့်အလမ်းဟု မြင်ကြသည်။
ဒုတိယ အချက်မှာ မြန်မာဗိုလ်ချုပ်များသည် မည်သည့်အခါကမှ သေချာရေရာသည့် နိုင်ငံရေးဆွေးနွေးမှု မလုပ်ခြင်းဖြစ်သည်။ ၎င်းတို့၏ အာဏာချုပ်ကိုင်မှုကို ခြိမ်းခြောက်နိုင်သည့် လိုက်လျောမှု အနည်းငယ်ကိုပင် သည်းမခံနိုင်ပေ။ ထိုသို့လုပ်မည့်အစား စစ်တပ်သည် ပြဋ္ဌာန်းချက်များ ချမှတ်ပြီး ဆွေးနွေးဘက်များအနေဖြင့် အရှုံးပေးရန်နှင့် စစ်တပ်လွှမ်းမိုးမှုကို အာမခံသည့် မူဘောင်အတွင်း လုပ်ကိုင်ရန် စိတ်ကူးကြသည်။
မတ်လ ငလျင်အပြီးတွင်ပင် စစ်ကောင်စီသည် အတိုက်အခံအင်အားစုများအား လေကြောင်းတိုက်ခိုက်မှုများ လုပ်နေပြီး နိုင်ငံတကာ ထိတွေ့ဆက်ဆံမှု များပြားလာခြင်း၊ အထူးသဖြင့် လူသားချင်းစာနာမှု အကူအညီကို စစ်ကောင်စီ၏ တရားဝင်မှု ရရှိရေးအဖြစ် အသုံးပြုရန် ကြိုးစားသည်။
မရေတွက်နိုင်သည် ငလျင်ဒဏ်ခံများသည် အကူအညီ လုံလုံလောက်လောက် မရဘဲ အပျက်အစီးအောက်တွင် ပိတ်မိနေစဉ်တွင်ပင် စစ်တပ်က ထိုသို့လုပ်ရန် ကြိုးစားနေသည်။ တရုတ်နှင့်ရုရှားတို့၏ ကျားကန်ပေးသော ထောက်ခံမှုဖြင့် စစ်ကောင်စီသည် အတင့်ရဲလာပြီး စစ်မှန်သော စေ့စပ်ညှိနှိုင်းမှုလုပ်ရန် အကြောင်းမရှိဟု မြင်နေသည်။
စစ်ကောင်စီသည် အခြားရွေးစရာ လုံးဝ မရှိတော့မှသာ စစ်ကို ညှိနှိုင်းအဆုံးသတ်ခြင်းအား လက်ခံလိမ့်မည် ဖြစ်သည်။ ထိုသို့ ဖြစ်စေရန် တော်လှန်ရေးအင်အားစုများအကြား ပိုမိုကြီးမားသော ပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်မှု လိုအပ်မည်ဖြစ်ပြီး ထိုညီညွတ်သော အင်အားစုများသည် စစ်မြေပြင်တွင် စစ်ကောင်စီကို အပြတ်အသတ် တိုက်ခိုက်ရမည်ဖြစ်ပြီး နိုင်ငံအလယ်ပိုင်းတွင် စစ်ကောင်စီထိန်းချုပ်မှုကို ခြိမ်းခြောက်ရမည် ဖြစ်သည်။
စစ်ကောင်စီသည် အခြားရွေးစရာ လုံးဝ မရှိတော့မှသာ စစ်ကို ညှိနှိုင်းအဆုံးသတ်ခြင်းအား လက်ခံလိမ့်မည် ဖြစ်သည်။ ထိုသို့ ဖြစ်စေရန် တော်လှန်ရေးအင်အားစုများအကြား ပိုမိုကြီးမားသော ပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်မှု လိုအပ်မည်ဖြစ်ပြီး ထိုညီညွတ်သော အင်အားစုများသည် စစ်မြေပြင်တွင် စစ်ကောင်စီကို အပြတ်အသတ် တိုက်ခိုက်ရမည်ဖြစ်ပြီး နိုင်ငံအလယ်ပိုင်းတွင် စစ်ကောင်စီထိန်းချုပ်မှုကို ခြိမ်းခြောက်ရမည် ဖြစ်သည်။
ထိုအခြေအနေမျိုးကို တရုတ်အစိုးရ မလိုလားပေ။ မည်သည့် အနာဂတ်အခြေအနေတွင်မဆို တရုတ်သည် ငြိမ်းချမ်းပြီး တည်ငြိမ်ကာ ဖက်ဒရယ် ဒီမိုကရေစီကို တနေ့တွင် ဖွဲ့စည်းရန် လိုအပ်သည့် တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေရန် လုပ်ဆောင်မည် ဖြစ်သည်။
တရုတ်သည် မြန်မာတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုကို အမှန်တကယ် စိတ်ဝင်စားမှု မရှိပေ။ သေနင်္ဂဗျူဟာကျသည့် လွှမ်းမိုးမှုကိုသာ လိုချင်သည်။ မြန်မာမှ အုပ်စုများကို အင်အားနည်းစေပြီး အကွဲကွဲအပြားပြား ဖြစ်အောင် လုပ်ခြင်းဖြင့် တရုတ်အပေါ် မှီခိုလာစေမည်ဖြစ်သည်။ တဖွဲ့နှင့်တဖွဲ့ ရန်တိုက်ပေးပြီး ဩဇာထူထောင်ရန် အခွင့်အလမ်းရှိပါက တရုတ်က လက်လွတ်ခံမည်မဟုတ်ပေ။
(Foreign Affairs ပါ ရဲမျိုးဟိန်း၏ China’s Double Game in Myanmar ကို ဘာသာပြန်သည်။ ရဲမျိုးဟိန်းသည် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ ဝါရင့်ကျွမ်းကျင်သူနှင့် ဝီလ်ဆင်စင်တာမှ သုတေသီဖြစ်သည်။)
You may also like these stories:
ငလျင်ဂရုဏာနဲ့ တရားဝင်ဖို့ကြိုးပမ်းနေတဲ့ စစ်ကောင်စီ (ရုပ်/သံ)
စစ်ကိုင်းငလျင်နဲ့ ယောင်ခြောက်ဆယ် စစ်ကောင်စီ
နိုင်ငံတကာအကူအညီ ငလျင်ဘေးသင့်သူများထံ မရောက်သေး
ငလျင်ကြောင့် ပျက်စီးအဆောက်အဦများ ကိုယ်ထူကိုယ်ထရှင်းနေရ
မြန်မာ့ငလျင်ကယ်ဆယ်ရေး အမေရိကန် လက်တွန့်ချိန် တရုတ် ဝင်လာ
မြန်မာငလျင်ကို နိုင်ငံတကာတုံ့ပြန်မှုက သေနင်္ဂဗျူဟာ ပြိုင်ဘက်များအကြောင်း မီးမောင်းထိုးပြနေ