• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန်း PDF ထိန်းချုပ်ထားသည့် ဖယောင်းတောင် စစ်တပ် ပြန်ရ

by ဧရာဝတီ
25 August 2025
in သတင်း
A A
မန်း PDF ထိန်းချုပ်ထားသည့် ဖယောင်းတောင် စစ်တပ် ပြန်ရ

ဖယောင်းတောင်ဒေသအား ပြန်ထိန်းချုပ်နိုင်ကြောင်း စစ်တပ်ထောက်ခံသူများက ပုံများနှင့်တကွ ဖော်ပြထားစဉ်

2.8k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်မြို့နယ်အစပ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်- မန္တလေး (MDY-PDF) တိုက်ခိုက်သိမ်းပိုက်ထားသော ရွှေလုပ်ကွက်များရှိရာ ဖယောင်းတောင်ဒေသကို ဩဂုတ် ၂၄ ရက်တွင် စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်သွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ဖယောင်းတောင်သည် မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၄ မိုင်အကွာ၌တည်ရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသ တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၁၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စက ခ ၁၈) ၏ မိုင်းဖြတ်အခြေစိုက် ခမရ ၃၂၉ တပ် နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်၍ ထိန်းချုပ်နိုင်ခဲ့ခြင်းဟု သိရသည်။

စစ်တပ် CDM ဗိုလ်ကြီး ဇင်ယော်က “ဖယောင်းတောင်ကတော့ အရင်ကတည်းက နှစ်ဖက် တဝက်စီ ထိန်းထားတဲ့ အနေ အထားမျိုး။ မနေ့တုန်းကတော့ ဖယောင်းတောင်ဘက်ကို စစ်တပ် ထိန်းချုပ်နိုင်လိုက်တဲ့အနေအထား ရှိတယ်။ သူတို့ အဓိက ထိန်းချုပ်သွားနိုင်တာကတော့ ဖယောင်းတောင်မှာရှိတဲ့ MEC ဦးပိုင်စက်ရုံ ဧရိယာအချို့ကို ထိန်းချုပ်နိုင်လိုက်တာ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ မတ္တရာဆည်တော်ကြီးဘက်ထိ စစ်ဘောင်ချဲ့ပြီး သွားလိုဟန်ရှိတယ်လို့ သုံးသပ်ရတယ်” ဟု ပြော သည်။

ဖယောင်းတောင်သတ္တုတွင်းသည် MDY-PDF သိမ်းဆည်းထားသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အယ်လ်ဖာ ဘိလပ် မြေစက်ရုံနှင့် ၂ မိုင် ဝန်းကျင်အကွာတွင် တည်ရှိပြီး စစ်ကောင်စီခန့် မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို လုပ်ပိုင်ခွင့်ရထားသော အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်းကြီးဖြစ်ကာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ၂၀၂၄ ဩဂုတ် ၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။

ဖယောင်းတောင်ဒေသအား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်၊ လူမှုကွန်ရက်တို့၌ ဓာတ်ပုံများနှင့်တကွ ဖော်ပြထားပြီး ယင်းအခြေအနေကို မန္တလေး PDF သို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “ဒိုးပင်ကနေ ရတနာသိင်္ဂီမိုင်းအထိ လမ်းကြောင်းကို စစ်တပ်ရတဲ့အတွက် ကြောင့်မို့ အဲဒီအနောက်ဘက်ကြောမှာက မတ္တရာအရှေ့ခြမ်း ဖယောင်းတောင်ကြောဘက်ကို စစ်ကူပို့ရတာ ထောက်ပို့ ပို့ရတာ ဒီဘက်က အင်အားစုတွေ ခက်သွားတာ၊ ဒါကြောင့်မို့ ဖယောင်းတောင် လက်လွှတ်လိုက်ရတာ” ဟု ပြောသည်။

လက်ရှိ စစ်ကော်မရှင်က TNLA ထိန်းချုပ်နိုင်ခဲ့သည့် နောင်ချိုမြို့ ကို ပြန်လည်ရရှိပြီးနောက် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်းတို့အား ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေခြင်းကြောင့် မန္တလေး PDF အနေဖြင့် စစ်မျက်နှာဖွင့်ထားရမှု များပြားနေကြောင်း သိရသည်။

“မန္တလေး PDF အနေနဲ့လည်း စစ်မျက်နှာတွေက များနေတယ်၊ သပိတ်ကျင်းဘက်မှာလည်း တိုက်စစ်ဆင်လိုက် ပြန်လန်ကျ လိုက်နဲ့၊ ထုနဲ့တိုက်စစ်ဆင်တာက ကိစ္စမရှိပေမယ့် ဒီနေ့ဆိုရင်ပဲ Y12 နဲ့ လေကြောင်းကနေ ဗုံးကြဲတာကိုပဲ ၁၅ ကြိမ် နီးပါး လောက် ရှိနေပြီ၊ တဖက်မှာလည်း မိုးကုတ်ကို တက်လာတဲ့ စစ်ကြောင်းကလည်း ရတနာသိင်္ဂီမိုင်းအထိ ရောက်နေပြီ၊ ဒါကြောင့်မို့ စစ်တပ်က မတ္တရာ၊ ပုသိမ်ကြီးထိစပ်နယ်မြေတွေကိုလည်း အလစ်အငိုက်ယူပြီးတော့ တိုက်နေတာဆိုတော့ ဆက်ပြီးတော့ မြေပြင်ထိတွေ့မှုတွေ မတ္တရာအရှေ့ခြမ်းမှာရှိနေမယ့် အနေအထားမျိုး မှန်းဆလို့ရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

မတ္တရာမြို့နယ်အရှေ့ခြမ်းနှင့် ပုသိမ်ကြီးမြို့နယ်အတွင်းမှ MDY-PDF နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့် နေရာများ ပြန်လည်ရရှိရေးအတွက် စစ်မှုထမ်းသင်တန်းဆင်းများကို ပို့ဆောင်ကာ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင် နေသည်မှာ ၆ လခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

မြေပြင် စစ်ရေးသတင်းရင်းမြစ်တဦးက “အခုက စစ်တပ်က လူအင်အားသုံးပြီးတော့ အသေခံခိုင်းပြီး တိုက်လာတာကို တွေ့ရတယ်၊ Human Wave အပြင် Fire Power ပေါ့။ ပစ်အား အသာသုံးနိုင်တဲ့ဘက်က အသာစီးရလာတဲ့ အနေအထားမျိုး တွေ့ရတယ်။ အဲဒီတော့ ကာကွယ်ရေးအင်အားစုတွေဘက်က ဒီနှစ်ချက်ကို စစ်တပ်ကို ပြန်ပြီး ယှဉ်နိုင်ရင်တော့ အရေးနိမ့် စရာ အကြောင်းမရှိဘူးလို့ ပြောရမှာပေါ့” ဟု ပြောသည်။

ဖယောင်းတောင်သတ္တုတွင်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံအပါ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ပြီးခဲ့သည့် ဧပြီလ သင်္ကြန်အပြီးတွင် စစ်တပ်က ထိုးစစ်ဆင်လာမှုကြောင့် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားရာ စစ်တပ်က လေကြောင်း လက်နက်ကြီးပစ်ကူ ဒရုန်းများဖြင့်ပါ တိုက်ခိုက်နေသဖြင့် ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။

ဖယောင်းတောင် ရွှေလုပ်ကွက်များသည် စစ်တပ်အာဏာသိမ်းပြီးချိန်တွင် မန္တလေးတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည့် ထာဝရလုပ်ငန်းစုမှ ဦးမောင်ကိုပိုင် Myanmar Golden Point Family ကုမ္ပဏီနှင့် အမှတ် ၂ သတ္တုတွင်း လုပ်ငန်းတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသော အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်းလည်း ဖြစ်သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
56

ဖယောင်းတောင်ရွှေသတ္တုတူးဖော်ရေး လုပ်ကွက်ဧရိယာသည် ဧက ၅၄၀၀ ရှိကာ အမှတ် ၂ သတ္ထုတွင်းလုပ်ငန်းက ၁၉၉၆ မှ ၁၉၉၈ အထိ လုပ်ကိုင်ခဲ့ပြီးနောက် ဦးမောင်ကို၏ Myanmar Golden Point Family ကုမ္ပဏီနှင့် အကျိုးတူ ဖက်စပ် စာချုပ် ချုပ်ဆို၍ အကြိမ်ကြိမ် သက်တမ်းတိုးခဲ့သလို စစ်တပ်အာဏာသိမ်းပြီးအချိန်ထိ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါရွှေလုပ်ကွက်မှ တရက်လျှင် သတ္တုရိုင်းတန်ချိန် ၁၂၀ ခန့် တူးဖော်ပြီး အမှုန့်ကြိတ်ကာ ဆာရာနိုက်ဓာတ်ဆေးဖြင့် ရွှေဖမ်းခြင်း၊ ကာဗွန်ဖြင့် ရွှေသန့်စင်ထုတ်လုပ်ရာ တလလျှင် ရွှေတပိဿာကျော် ထွက်သည်ဟု ၂၀၂၃ နှစ်ဆန်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံ တင်ပြသည့် ကုမ္ပဏီ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဦးမောင်ကိုနှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဥတို့သည် ဖယောင်းတောင်ရွှေတွင်းတူးဖော်ခွင့်ရ Myanmar Golden Point Family ကုမ္ပဏီတွင် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများအရ သိရသည်။

အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်လာသူ ဦးမောင်ကိုသည် ၂၀၂၃ ဖေဖော်ဝါရီတွင် ဝန်ကြီး ချုပ်အဖြစ်မှ အနားပေးခံခဲ့ရသလို ဩဂုတ်လ၌ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှပါ ထပ်မံအနားပေးခံခဲ့ရကြောင်း၊ ၂၀၂၁ ဒီဇင် ဘာတွင် စစ်ကော်မရှင်၏ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ၄ ဦးကို အမေရိကန်အစိုးရ အရေးယူပိတ်ဆို့ရာ ဦးမောင်ကို သည်လည်း ပိတ်ဆို့မှုစာရင်း၌ ထည့်သွင်းခံခဲ့ရသည်။

မန္တလေး PDF အနေဖြင့် မတ္တရာမြို့နယ်အရှေ့ခြမ်းနှင့် ပုသိမ်ကြီးမြို့နယ်များရှိ ဖယောင်းတောင် သတ္တုတွင်း၊ ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်)၊ ဆည်တော်ကြီးတပ်စခန်း အပါအဝင် စစ်တပ်စခန်း ၄၀ ခုထိ သိမ်းပိုက်ထားခြင်းဖြစ်သည်။

စစ်ကော်မရှင်က ရွှေလုပ်ကွက်များရှိရာ ဖယောင်းတောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ယနေ့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသလို မတ္တရာအရှေ့ခြမ်း ထန်းပင်ကုန်းဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ကာ တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

You may also like these stories:

စစ်သင်္ဘောတွေ ဗန်းမော်ရောက်ပြီးနောက်

ဒီးမော့ဆို ထိန်းချုပ်ပြီးနောက် နန်းမယ်ခုံနှင့်ဖရူဆိုဘက် စစ်တပ် ထိုးစစ်ဆင်

စစ်ကိုင်းမြို့ပေါ်ထိ တိုက်ပွဲဖြစ်လာ

ဗန်းမော် အမြောက်တပ် စစ်တပ် ပြန်ရဟုဆို

Your Thoughts …
Tags: ဖယောင်းတောင်မတ္တရာမန္တလေး PDFရွှေလုပ်ကွက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

by စောရယ်
29 September 2023
11.2k

ကနောင်စစ်ဆင်ရေးအရ မန္တလေးတိုင်း မတ္တရာ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ကြားတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများ ဖော်ဆောင်သွားမည်

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

by ဧရာဝတီ
22 January 2024
9.5k

တော်လှန်ရေးတပ်ဖွဲ့များစုပေါင်းကာ စစ်ကောင်စီတပ်အား ကြးဖြတ် တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း၊ မတ္တရာမြို့နယ်ထဲမှ တော်လှန်ရေးအင်အားစုများအနေဖြင့် ဗျုဟာအလိုက် စစ်ကြောင်းထွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

by Anthony Davis
13 August 2024
8.2k

အခြေခံအချက်အလက် သုံးခုအရ မြန်မာနိုင်ငံမြောက်ပိုင်းမှ နောက်ဆုံး တိုက်ပွဲများသည် ပဋိပက္ခ၏ အခြေအနေကို လုံးဝ ပြောင်းလဲသွားစေသည်။

မတ္တရာနှင့် ပုသိမ်ကြီးရှိ ရွာများ စစ်တပ် စီးနင်း

မတ္တရာနှင့် ပုသိမ်ကြီးရှိ ရွာများ စစ်တပ် စီးနင်း

by ဧရာဝတီ
26 July 2024
8.2k

မတ္တရာမြို့နယ် တောင်ခြမ်းနှင့် ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာများအားစီးနင်း၍ ဧည့်စာရင်းစစ်ခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

by Hpan Ja Brang နှင့် Emily Fishbein
3 August 2024
8.2k

ယခုနောက်ဆုံးတိုက်ပွဲများသည် စစ်တပ်ကို ဆန့်ကျင်သည့် ပိုမိုကျယ်ပြန့်သော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်၏ ဒုတိယပိုင်းဖြစ်သည်။

ဒရုန်းခေတ်ရောက်ပြီ

ဒရုန်းခေတ်ရောက်ပြီ

by ဧရာဝတီ
3 January 2024
7.8k

"ဒီနေ့ဟာ ဒရုန်းခေတ်လို့ ကျနော်တို့ပြောနိုင်တယ်" ဟု TNLA ပြောခွင့်ရသူက ပြောသည်။

Next Post
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ အပိုင်း-၁ (ရုပ်/သံ)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ အပိုင်း-၁ (ရုပ်/သံ)

မြန်မာစစ်တပ်၏ လော်ဘီ ထိုးစစ်များ

မြန်မာစစ်တပ်၏ လော်ဘီ ထိုးစစ်များ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved