၎င်းတို့၏ ကံကြမ္မာကို နောက်ပြန်လှန် ပြောင်းလဲစေမည်ဟု မြန်မာဗိုလ်ချုပ်များ ယုံကြည်သည့်အရေးပါသော ဖြစ်ရပ်တခု ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ ၎င်းတို့သည် အမေရိကန်၊ ဝါရှင်တန်အခြေစိုက် ပြည်သူ့ဆက်ဆံရေး လော်ဘီလုပ်ငန်း DCI အုပ်စုနှင့် သဘောတူညီချက်တခု လက်မှတ်ရေးထိုးသည်။
ထိုလုပ်ငန်းသည် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများအတွက် တနှစ်လျှင် ဒေါ်လာ ၃ သန်း ရရှိမည်ဖြစ်သည်။ ကုန်သွယ်ရေး၊ သဘာဝသယံဇာတများနှင့် လူသားချင်းစာနာမှု အကူအညီတို့ကို အထူးအလေးထားမည်ဖြစ်ကြောင်း ထိုစာချုပ်တွင် ဖော်ပြသည်။ စစ်အရာရှိဟောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်ဝန် ဦးမြင့်ကျော်သည် ဆက်သွယ်ရေးအရာရှိ ဖြစ်သည်။
မည်သည့်ပုံစံ လော်ဘီမျိုးဖြစ်သည်ကို တိကျရှင်းလင်းစွာ မသိရသော်လည်း DCI သည် မြန်မာ့ရေးရာများတွင် ပါဝင်ပတ်သည်မှာ ယခုအကြိမ်သည် ပထမဆုံး မဟုတ်သည်မှာ မှတ်သားစရာဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် DCI ကို ထိုစဉ်က စစ်အုပ်အတွက် ရှစ်လကြာ အကြံပေးရန် ဒေါ်လာ ၃၄၈,၀၀၀ ပေးခဲ့ပြီး ထိုအားထုတ်မှုသည် အကြီးအကျယ် ကျဆုံးခဲ့သည်။
မည်သည့်ပုံစံ လော်ဘီမျိုးဖြစ်သည်ကို တိကျရှင်းလင်းစွာ မသိရသော်လည်း DCI သည် မြန်မာ့ရေးရာများတွင် ပါဝင်ပတ်သည်မှာ ယခုအကြိမ်သည် ပထမဆုံး မဟုတ်သည်မှာ မှတ်သားစရာဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် DCI ကို ထိုစဉ်က စစ်အုပ်အတွက် ရှစ်လကြာ အကြံပေးရန် ဒေါ်လာ ၃၄၈,၀၀၀ ပေးခဲ့ပြီး ထိုအားထုတ်မှုသည် အကြီးအကျယ် ကျဆုံးခဲ့သည်။
၂၀၀၈ ခုနှစ်တွင် The Atlantic မဂ္ဂဇင်းက ထိုစဉ်က DCI အမှုဆောင်အရာရှိချုပ် ဒေါက် ဂွတ်ယီးယားကို ကိုးကားပြီး “ကျနော်တို့ အောင်မြင်အောင် လုပ်ရမယ့်ကိစ္စကို ကျနော်တို့ အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုတာ ရှင်းလင်းတယ်။ ကျနော်တို့ဟာ မြန်မာနဲ့ အမေရိကန် ပြည်ထောင်စု နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမို ပုံမှန်ဖြစ်အောင်လုပ်ဖို့ ကြိုစားခဲ့တာပဲ။ ကျနော်တို့ လုပ်ချင်တာကို မလုပ်နိုင်ခဲ့ဘူးဆိုတာ ရှင်းလင်းတယ်” ဟု ပြောကြောင်း ဖော်ပြခဲ့သည်။
The Atlantic က ထိုတွေ့ဆုံမေးမြန်းမှုကို မဖော်ပြမီ အချိန်အနည်းငယ်အလိုတွင် Newsweek က DCI သည် မြန်မာစစ်အုပ်စုအတွက် ပုံရိပ်ကောင်းရစေရန် အကြံပေးအဖြစ် အတိတ်က လုပ်ခဲ့သည်ဟု ဆောင်းပါးတပုဒ်တွင် ဖော်ပြခဲ့ပြီး ထိုစာစောင် နှစ်ခု၏ ဖော်ထုတ်မှုများသည် ဂွတ်ယီးရားအတွက် အလွန်အရှက်ရစရာ ကောင်းသောကြောင့် သူသည် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၏ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲ စေတနာ့ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ရသည်။
မြန်မာစစ်တပ်သည် ၎င်းတို့ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို အာရုံလွှဲကာ ခေါင်းဆောင်ပိုင်း၏ ပိုမိုနူးညံ့ပြီး သနားညင်သာသောပုံရိပ် ဖန်တီးရန် ပြည်ပ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများနှင့် လော်ဘီလုပ်ငန်းများကို ငှားရမ်းသည့် ရှည်လျားသော သမိုင်းရှိသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို သွေးချောင်းစီး ဖိနှိပ်သည်မှာ သုံးနှစ် အတိအကျဖြစ်သည့် ၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့တွင် ထိုစဉ်က စစ်အုပ်စု နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) သည် ဝါရှင်တန်မှ အမည်ဆိုး အကျော်ကြားဆုံး လော်ဘီ ကုမ္ပဏီများအနက်တခုဖြစ်ပြီး အာဏာရှင်အစိုးရများကို အထူးလုပ်ကိုင်ပေးသော Van Kloberg and Associates နှင့် ဒေါ်လာ ၃၀,၀၀၀ တန် သုံးလစာချုပ်တခု ချုပ်ဆိုခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း Van Kloberg သည် အီရတ်မှ ဆတ်ဒန် ဟူစိန်၊ လိုက်ဘေးရီးယား အာဏာသိမ်းခေါင်းဆောင် ဆင်မြူရယ် ဒိုး၊ ရိုမေးနီးယားအာဏာရှင် နီကိုလေ ချောင်ဆက်စကူးနှင့် ဇိုင်ယာအာဏာရှင် မိုဘူတူ စီစီ စက်ကို တို့ကို ကိုယ်စားပြု လုပ်ကိုင်ပေးခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း Van Kloberg သည် အီရတ်မှ ဆတ်ဒန် ဟူစိန်၊ လိုက်ဘေးရီးယား အာဏာသိမ်းခေါင်းဆောင် ဆင်မြူရယ် ဒိုး၊ ရိုမေးနီးယားအာဏာရှင် နီကိုလေ ချောင်ဆက်စကူးနှင့် ဇိုင်ယာအာဏာရှင် မိုဘူတူ စီစီ စက်ကို တို့ကို ကိုယ်စားပြု လုပ်ကိုင်ပေးခဲ့သည်။
နဝတနှင့် သဘောတူစာချုပ်တွင် Van Kloberg သည် မြန်မာတွင် အမေရိကန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် မြန်မာသံအမတ်နှင့် သြဇာကြီးမားသော ဆုံးဖြတ်ချက်ချမှတ်သူများ တွေ့ဆုံပေးမည်ဟု ဖော်ပြထားသည်။
Van Kloberg သည် အထိန်းအကွပ်မရှိသည့် မြန်မာနှင့် စစ်အုပ်စုအား အဆိုးမြင်ကိုယ်စားပြု ပြောကြားမှုများကို တန်ပြန်မည်ဟုလည်း ဖော်ပြထားသည်။ ထိုအားထုတ်မှုများသည် နဝတအတွက် မည်သည့် အပြုသဘောဆောင်သည့်ရလဒ်မှ ထွက်မလာဘဲ ထိုလုပ်ငန်း၏ အားထုတ်မှုများက ၎င်း၏ အခြားအာဏာရှင် ဖောက်သည်များအတွက် မည်သည့်ကောင်းမွန်သော ရလဒ်မှ ထွက်မလာသည်ကို ပြောရန်လိုမည် မဟုတ်ပေ။
ဖျားနာကာ မွဲပြာကျပြီး ထိုလုပ်ငန်းကို တည်ထောင်သူ တတိယမြောက် အက်ဒဝပ် ဗန် ကလိုဘတ်သည် ၂၀၀၅ ခုနှစ်တွင် ရောမရှိ Castel Sant’Angelo တံတိုင်းပေါ်မှ ခုန်ချကာ ပတ်စီနီ၏ အီတလီ အော်ပရာပြဇာတ်မှ တော့စကာကဲ့သို့ပင် သူ့ကိုယ်သူ အဆုံးစီရင်သွားသည်။
နောက်ထပ်ငှားရမ်းသည့် လုပ်ငန်းမှာ ထိုစဉ်က မစ္စ အန်း ဝရော်ဘဲစကီး ဦးဆောင်သည့် Jefferson Waterman ဖြစ်သည်။ အန်း ဝရော်ဘဲစကီးသည် လွန်စွာ လှောင်ပြောင်ဝေဖန်ခံရသည့် Just Say No မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှု၏ ပဲ့ကိုင်ရှင်ဖြစ်သည်။
ထင်မထားသည့်ကိစ္စမှာ ဝရော်ဘဲစကီးသည် သမ္မတ ရော်နယ်ရေဂင် အောက်တွင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့ပြီး ထိုစဉ်က ၁၉၈၈ ခုနှစ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး မြန်မာသို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အမေရိကန် အကူအညီ မပေးရန်အတွက် လုပ်ဆောင်ရာတွင် အရေးပါသည်။
ထိုစဉ်က စစ်အုပ်စုထက် မြန်မာပြည်သူများအကြား ယုံကြည်မှုနှင့် ထောက်ခံမှုပိုမိုရရှိသည့် အစိုးရတခု မပေါ်ပေါက်မချင်း မြန်မာသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် တိုးတက်မှုမရနိုင်ဟု ထိုစဉ်က ဝရော်ဘဲစကီး ပြောခဲ့သည်။
၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလသို့ ရောက်သောအခါ Jefferson Waterman သည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ သိန်း အခကြေးငွေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ပုံရိပ်ကောင်းစေရန် တာဝန်ယူပြီး ထိုအခါ ဝရော်ဘဲစကီးက မြန်မာနိုင်ငံသည် “လှပပြီး စိတ်လှုပ်ရှားစရာ နိုင်ငံဖြစ်သည်” ဟု ဆိုကာ အမေရိကန် ပြည်ထောင်စုသည် နိုင်ငံပြင်ပမှ ဒီမိုကရေစီလိုလားသော အုပ်စုများကို ထောက်ပံ့ခြင်းဖြင့် အကြမ်းဖက်လုပ်ငန်းတွင် ပါဝင်နေသည်ဆိုသည့် မြန်မာဗိုလ်ချုပ်များ၏ စကားကို လိုက်ပြောလာသည်။
သို့သော် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလသို့ ရောက်သောအခါ Jefferson Waterman သည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ သိန်း အခကြေးငွေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ပုံရိပ်ကောင်းစေရန် တာဝန်ယူပြီး ထိုအခါ ဝရော်ဘဲစကီးက မြန်မာနိုင်ငံသည် “လှပပြီး စိတ်လှုပ်ရှားစရာ နိုင်ငံဖြစ်သည်” ဟု ဆိုကာ အမေရိကန် ပြည်ထောင်စုသည် နိုင်ငံပြင်ပမှ ဒီမိုကရေစီလိုလားသော အုပ်စုများကို ထောက်ပံ့ခြင်းဖြင့် အကြမ်းဖက်လုပ်ငန်းတွင် ပါဝင်နေသည်ဆိုသည့် မြန်မာဗိုလ်ချုပ်များ၏ စကားကို လိုက်ပြောလာသည်။
သို့သော် သူ၏ ထင်မြင်ချက် ဆန့်ကျင်ဘက်သို့ ပြောင်းသွားခြင်းသည် အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာ့အခြားနေရာများတွင် စစ်အာဏာရှင်စနစ်၏ ဂုဏ်သတင်းကို အထောက်အကူ မပြုသလို (Atlantic မဂ္ဂဇင်းနှင့် မပတ်သက်သည့်) လော်ဘီလုပ်ငန်း Atlantic Group ၏ အားထုတ်မှုသည်လည်း အထောက်အကူ မပြုပေ။ ထိုလုပ်ငန်းသည် အမေရိကန် အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းစေရန် ပိုမို တိုက်ရိုက်ကျစွာကူညီသည်။
တချိန်တည်းခန့်တွင်ပင် ဇေကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးခင်ရွှေက မြန်မာစစ်အုပ်စု ပိုမို ပုံရိပ်ကောင်းအောင်လုပ်ရန် ရုပ်သံသတင်းထောက်ဟောင်း ဘိန်းနှင့် သူ၏ဇနီး ထူထောင်ထားသည့် အခြား အမေရိကန်လုပ်ငန်းတခုဖြစ်သော Bain and Associates ကို ငှားရမ်းသည်။ ထိုလုပ်ငန်းသည်လည်း မအောင်မြင်ပေ။
၎င်းတို့သည် ထိုစဉ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးအုန်းဂျော်ကို မန်ဟက်တန်မှ ဟိုတယ်တခုတွင် အနောက်တိုင်း သတင်းထောက်များနှင့် တွေ့ဆုံရန် ရှားရှားပါးပါး နယူးယောက်သို့ ခေါ်ဆောင်နိုင်ခဲ့သည်။ သို့သော် မည်သည့် သတင်းသမားကမှ သူပြောသည့် ထွန်းကားနေသော မြန်မာ့စီးပွားရေးအကြောင်း ခမ်းနားသည့်ဇာတ်လမ်းကို ယုံကြည်ပုံ မရပေ။
၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ထုတ် လော့စ်အိန်ဂျယ်လိတိုင်းမ်၏ သတင်းအရ ထိုဟိုတယ်ပြင်ပ လမ်းဘေးတွင် ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာရပ်ပြီး “ဦးအုန်းဂျော် လိမ်နေသည်”၊ “လူသတ်သမားတွေ” စသည်ဖြင့် အော်ဟစ်ကြကြောင်း သိရသည်။
ဦးခင်ရွှေသည် နောက်ဆုံးတွင် မြန်မာနိုင်ငံဒီမိုကရေစီတိုက်ပွဲမှ နှစ်ဖက်လုံးနှင့် အဆင်မပြေဖြစ်သွားသည်။ ၂၀၀၇ ခုနှစ်တွင် သူ့ကို စစ်အုပ်စုနှင့် ပတ်သက်သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ၁၀၀ ခန့်နှင့်အတူ အမေရိကန် ပြည်ထောင်စုက အထူးသတ်မှတ်ထားသော နိုင်ငံခြားသားများစာရင်းသို့ ထည့်သွင်းခံရပြီး အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းသည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလရောက်မှသာ သူ၏အမည်ကို ထိုစာရင်းမှ ပြန်လည် ပယ်ဖျက်နိုင်ခဲ့သည်။
ဦးခင်ရွှေသည် နောက်ဆုံးတွင် မြန်မာနိုင်ငံဒီမိုကရေစီတိုက်ပွဲမှ နှစ်ဖက်လုံးနှင့် အဆင်မပြေဖြစ်သွားသည်။ ၂၀၀၇ ခုနှစ်တွင် သူ့ကို စစ်အုပ်စုနှင့် ပတ်သက်သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ၁၀၀ ခန့်နှင့်အတူ အမေရိကန် ပြည်ထောင်စုက အထူးသတ်မှတ်ထားသော နိုင်ငံခြားသားများစာရင်းသို့ ထည့်သွင်းခံရပြီး အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းသည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလရောက်မှသာ သူ၏အမည်ကို ထိုစာရင်းမှ ပြန်လည် ပယ်ဖျက်နိုင်ခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် သူ အဖမ်းခံရပြီး သားဖြစ်သူ ဇေသီဟနှင့်အတူ အင်းစိန်ထောင်သို့ အပို့ခံရသည်။ ရန်ကုန်ရှိ စစ်တပ်ပိုင်မြေတွင် မအောင်မြင်သော တည်ဆောက်ရေး စီမံကိန်းအပေါ် ပဋိပက္ခနောက်ပိုင်း အဖမ်းခံရခြင်ဖြစ်ကြောင်း ထင်ရှားသည်။ ဦးခင်ရွှေကို စစ်ကောင်စီက ကျန်းမာရေး မကောင်းသောကြောင့်ဟုဆိုကာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ပြန်လွှတ်ပေးသည်။
မြန်မာစစ်အုပ်ချုပ်သူများသည် အမှန်တကယ်တွင် လူသားဆန်ပြီး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသည့် ပရဟိတသမားဖြစ်သည်ဟု ပြင်ပကမ္ဘာက ယုံကြည်စေရန် မည်သည့်အားထုတ်မှုကိုမှ ဆယ်စုနှစ် နှစ်ခုကြာအောင် ပြုလုပ်ခြင်း မရှိတော့ပေ။
ယခုအခါ DCI အုပ်စု ပြန်ရောက်လာသည်။ မြန်မာစစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ မရိုးသားသော ဂုဏ်သတင်းကို တိုးတက်အောင်လုပ်ရန် နည်းလမ်းတခုသာရှိသည်ကို သဘောပေါက်လာပါသလား။ ထိုနည်းလမ်းမှာ ယဉ်ကျေးသောပုံစံဖြင့် ပြုမူပြီး ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် ဖိနှိပ်ခြင်းကို ရပ်ဆိုင်းရန်သာဖြစ်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ မတ်လတွင် စစ်ကောင်စီသည် နိုင်ငံအခြေအနေမှန်ကို သိရှိစေရန်နှင့် ၎င်းတို့ကို နားလည်မှုလွဲနေသည့် အခြားနိုင်ငံများနှင့် ဆက်သွယ်ရန်အတွက် အစ္စရေး-ကနေဒါ လော်ဘီသမား အရီ ဘန် မီနာရှီ ခေါင်းဆောင်သည့် လုပ်ငန်းတခုဖြစ်သော Dickens & Madson ကို ငှားရမ်းသည်ဟု အမေရိကန် တရားရေးဌာနသို့ တင်သွင်းသည့် စာရွက်စာတမ်းများအရ သိရသည်။
စစ်ကောင်စီကိုယ်စား ဘန် မီနာရှီ၏ အားထုတ်မှုများအနက် တခုမှာ CNN ရိုက်ကူးရေးအဖွဲ့တဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ရေးအတွက် စီစဉ်ပေးရန်ဖြစ်သည်။ သို့သော် ထိုကိစ္စသည် မှန်းချက်နှင့်နှမ်းထွက် မကိုက်ဖြစ်ခဲ့သည်။
CNN သတင်းထောက်များသည် သာမန်ပြည်သူများနှင့် တွေ့ဆုံမေးမြန်းနိုင်ခဲ့သည်။ ပြည်သူများက စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး စစ်တပ်က ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအကြောင်း သတင်းထောက်များကို ပြောခဲ့သည်။ ထိုနှစ် ဇူလိုင်လတွင်ပင် ဘန် မီနာရှီသည် အမေရိကန် အရေးယူပိတ်ဆို့မှုများကြောင့် သူငွေရရန် မဖြစ်နိုင်တော့သောကြောင့် စစ်ကောင်စီနှင့် အဆက်အသွယ်ဖြတ်လိုက်သည်။
ယခုအခါ DCI အုပ်စု ပြန်ရောက်လာသည်။ မြန်မာစစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ မရိုးသားသော ဂုဏ်သတင်းကို တိုးတက်အောင်လုပ်ရန် နည်းလမ်းတခုသာရှိသည်ကို သဘောပေါက်လာပါသလား။ ထိုနည်းလမ်းမှာ ယဉ်ကျေးသောပုံစံဖြင့် ပြုမူပြီး ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် ဖိနှိပ်ခြင်းကို ရပ်ဆိုင်းရန်သာဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ The Myanmar Military’s PR Offensives ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် လေးခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
စစ်ရာဇဝတ်မှုတွေကို လော်ဘီနဲ့ခဝါချလို့ရမှာတဲ့လား (ရုပ်/သံ)
ဝါရှင်တန်ကို ချဉ်းကပ်ရန် အမေရိကန် လော်ဘီ စစ်အုပ်စု ငှားရမ်း
စစ်ခရိုနီများ ဆန်ရှင်လွတ်အောင် အမေရိကန် လော်ဘီလုပ်ငန်း ကူညီ
စစ်တပ်က အစ္စရေး-ကနေဒီယန် လော်ဘီသမားကို ဒေါ်လာ ၂ သန်းပေး ငှားရမ်း
သွေးစွန်းလက်ကို ဒေါ်လာသန်းချီပေးပြီး သန့်စင်ဖို့ စစ်တပ်ကြိုးစား (ရုပ်/သံ)
ပညာရှင်လား စစ်ကောင်စီလော်ဘီလား (ရုပ်/သံ)
ဂျပန်စီးပွားရေး လော်ဘီက မြန်မာအာဏာသိမ်းမှုကို ထောက်ခံ














