• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဂျပန်စီးပွားရေး လော်ဘီက မြန်မာအာဏာသိမ်းမှုကို ထောက်ခံ

by ဧရာဝတီ
21 December 2021
in ဆောင်းပါး
A A
ဂျပန် - မြန်မာအသင်း (JMA) ဥက္ကဋ္ဌ မစ္စတာ ဟိုက်ဒေယို ဝါတာနာဘေနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဂျပန် - မြန်မာအသင်း (JMA) ဥက္ကဋ္ဌ မစ္စတာ ဟိုက်ဒေယို ဝါတာနာဘေနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

14.1k
VIEWS
Share on FacebookShare on Twitter

ဂျပန်ထိပ်တန်း ကုမ္ပဏီအချို့ထံမှ ဒေါ်လာ ဘီလီယံပေါင်းများစွာတန်သော ရင်းနှီးမြှုပ်နှံမှုများ ယူဆောင်လာရန် လှုပ်ရှားနေသော ဂျပန်နိုင်ငံရေးသမားဟောင်းက စစ်ကောင်စီကို ထောက်ခံရန် တိုက်တွန်းလိုက်ပြီး စစ်အာဏာသိမ်း ခေါင်းဆောင်သည် “ထူးခြားသောလူသား” ဖြစ်ကြောင်းပြောကာ သူ၏ “ဒီမိုကရေစီရေး အားထုတ်မှုများ”ကို ချီးကျူးလိုက်သည်။

အသက် ၈၇ နှစ်ရှိပြီဖြစ်သော ဝန်ကြီးဟောင်း မစ္စတာ ဟိုက်ဒေယို ဝါတာနာဘေသည် အရေးယူ ပိတ်ဆို့ခံထားရသော စစ်တပ်လုပ်ငန်းစုနှင့် ချိတ်ဆက်ထားသော လုပ်ငန်းတခုနှင့် အမေရိကန်ဒေါ်လာ ၄၂ သန်းတန် အရောင်းစင်တာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စီစဉ်ထားကြောင်း Reuters က သိရှိရသော သူ၏ မှတ်ချက်စာမူနှင့် လုပ်ငန်း မှတ်ပုံတင်များအရ သိရသည်။

မြန်မာစစ်ကောင်စီနှင့် ပြန်လည် ထိတွေ့ဆက်ဆံရေးအတွက် ဝါတာနာဘေ၏ ထူးခြားသော တွန်းအားပေးမှုသည် မြန်မာကို အကူအညီသစ်များ ဖြတ်တောက်ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန် စစ်ကောင်စီကို တောင်းဆိုနေသည့် ဂျပန်အစိုးရ၏ သဘောထားနှင့် ဆန့်ကျင်နေသည်။ ဂျပန်နိုင်ငံသည် မြန်မာဒီမိုကရေစီရေးကို ထောက်ခံရေးနှင့် မြန်မာတွင် တရုတ်သြဇာလွှမ်းမိုးမှု တိုက်ဖျက်ရေးတို့ကို ချိန်ညှိနေကြောင်း အရာရှိများနှင့် သုတေသီများက ပြောသည်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကဲ့သို့ပင် ဝါတာနာဘေနှင့် သူဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော ဂျပန် – မြန်မာအသင်း (JMA) တို့ကလည်း တစုံတရာ ဝေဖန်ပြောကြားပေးရန် ငြင်းဆန်ကြသည်။

သူ၏ သဘောထားသည် JMA ကို ကမကထပြုသော ဂျပန်မှ အကြီးမားဆုံး ကုမ္ပဏီများအတွက်လည်း အကျပ်အတည်းကို ဖြစ်စေကြောင်း စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများက ပြောသည်။ JMA သည် သူတည်ထောင်ထားသည့် လော်ဘီအဖွဲ့နှင့် ဂျပန်တွင် မြန်မာရင်းနှီးမြှုပ်နှံမှုအတွက် သတင်းဖလှယ်သည့် အဖွဲ့ဖြစ်သည်။ ထို JMA အဖွဲ့ဝင်များသည် အခြားနိုင်ငံစုံ လုပ်ငန်းများကဲ့သို့ပင် ဝါတာနာဘေ ကူညီထူထောင်ခဲ့သော အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံမှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းရန် တက်ကြွလှုပ်ရှားသူများ၏ ဖိအားပေးခံနေရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုသည် ဥပဒေနှင့်ညီသည်ဟုလည်း ပြောသော ဝါတာနာဘေက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်မှ ပြန်ရောက်သောအခါ အထက်ပါစကားများကို ဇွန်လ ၃၀ ရက်နေ့က ကျင်းပသည့် JMA ၏ ပုံမှန်အစည်းဝေးတွင် ပြောကြားခြင်းဖြစ်သည်။ စီးပွားရေးသတင်းစာစောင် တိုကျို ကဲအိဇိုင်း (Toyo Keizai) က ပထမဆုံး ဂျပန်ဘာသာဖြင့် စတင်ဖော်ပြခဲ့သည့် သူ၏ပြောကြားချက်ကို အသင်းကို ကမကထပြုသူများအတွက် သတင်းစာစောင်အဖြစ် ဖြန့်ဝေခဲ့ပြီး Reuters သတင်းဌာနက ကြည့်ရှုခဲ့ရသည်။

ဂျပန် – မြန်မာအသင်း (JMA) ဥက္ကဋ္ဌ မစ္စတာ ဟိုက်ဒေယို ဝါတာနာဘေနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က တွေ့ဆုံစဉ် / Military Information Team

ယခုနှစ်အတွင်း JMA မှ ကုမ္ပဏီ ၆ ခု နုတ်ထွက်ခဲ့ပြီး အဖွဲ့ဝင် ကုမ္ပဏီတခုက ဝါတာနာဘေ၏ ပြောကြားချက်ကို ဆန့်ကျင်ကြောင်း ပါဝင်သော ကုမ္ပဏီများ၏ အဆိုအရ သိရသည်။

သူ၏ပြောကြားချက်ကို ဆန့်ကျင်သည့် အိမ်ခြံမြေ စီမံခန့်ခွဲရေးလုပ်ငန်း XYMAX ကော်ပိုရေးရှင်းက မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အသင်း၏ သဘောထားနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း အသင်းအတွင်း အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ကြောင်း သိရသည်။

“ကျနော်တို့က စစ်အာဏာသိမ်းမှုကို လုံးဝမထောက်ခံဘဲ စစ်အာဏာသိမ်းမှုကို ထောက်ခံတယ်ဆိုတဲ့ စကားကို မထောက်ခံနိုင်ဘူး။ မြန်မာနဲ့ပတ်သက်လို့ ကျနော်တို့ သဘောထား မပြောင်းလဲဘူး” ဟု XYMAX မှ နိုင်ငံတကာ စီးပွားရေး အမှုဆောင်တဦးဖြစ်သူ ရူဟိုင်း ရူဟဲအီ မိုရီက Reuters သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံမှ အထူးစီးပွားရေးဇုန်တွင် ဟိုင်းလပ်ပစ်ကပ် ထရပ်ကားများ ထုတ်လုပ်မည်ဟု ၂၀၁၉ ခုနှစ်က ကြေညာခဲ့သော တိုယိုတာမော်တာ ကော်ပိုရေးရှင်သည် ဝါတာနာဘေ၏ အုပ်စုမှ ယခုနှစ် အစောပိုင်းတွင် နုတ်ထွက်ခဲ့သည်။

မြန်မာနိုင်ငံမှ အထူးစီးပွားရေးဇုန်တွင် ဟိုင်းလပ်ပစ်ကပ် ထရပ်ကားများ ထုတ်လုပ်မည်ဟု ၂၀၁၉ ခုနှစ်က ကြေညာခဲ့သော တိုယိုတာမော်တာ ကော်ပိုရေးရှင်းသည် ဝါတာနာဘေ၏ အုပ်စုမှ ယခုနှစ် အစောပိုင်းတွင် နုတ်ထွက်ခဲ့သည်။ တိုယိုတာက အချိန်အပါအဝင် ထိုသို့ထွက်ခွာသွားခြင်းကို ပြောဆိုဆွေးနွေးရန် ငြင်းဆန်သည်။ ကုမ္ပဏီ၏ မြန်မာနိုင်ငံမှ ထုတ်လုပ်ရေး စီမံချက်ကို အာဏာသိမ်းပြီးနောက် ဆိုင်းငံ့လိုက်ကြောင်းသာ တိုယိုတာက ပြောသည်။

ဟိုတယ်လုပ်ငန်းစုဖြစ်သော Vessel Hotel Development နှင့် သတင်းနည်းပညာလုပ်ငန်း Global Innovation Consulting တို့ကလည်း အာဏာသိမ်းပြီးနောက် အသင်းမှ နုတ်ထွက်လိုက်ကြောင်း Reuters သို့ ပြောသည်။ Vessel က ၎င်းတို့ ကုမ္ပဏီသည် ကုန်ကျစရိတ် လျှော့ချလိုသောကြောင့် အသင်းမှ ထွက်ခြင်း ဖြစ်ကြောင်း ပြောသည်။ Global Innovation Consulting က ထိုအသင်းတွင် ဆက်လက် ပါဝင်ခြင်းသည် ကုမ္ပဏီ အတွက် အကျိုးကျေးဇူး မဖြစ်ကြောင်း ပြောသည်။

အထည်ချုပ်လုပ်ငန်း မူဆာရှီ ဖူဆိုကမူ ၎င်းတို့ရရှိသော သတင်းအချက်အလက်သည် ကုန်ကျစရိတ်လောက် တန်ဖိုးမရှိသောကြောင့် အသင်းမှ နုတ်ထွက်လိုက်ကြောင်း Reuters သို့ပြောသည်။ SPARX Asset Management နှင့် ခရက်ဒစ်ကတ်လုပ်ငန်း JCB International တို့က ၎င်းတို့သည် ယခုနှစ်အစောပိုင်းတွင် အသင်းမှ ထွက်ထားကြောင်းပြောသည်။

Kirin Holdings က လူအခွင့်အရေး လေ့လာသူများ၏ ရှုတ်ချခြင်းခံရပြီးနောက် မြန်မာစစ်အုပ်စုနှင့် ပတ်သက်သည့် လုပ်ငန်းစုနှင့် ကာလကြာမြင့်စွာ ဖက်စပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းလိုက်သည်။

အချို့ ကုမ္ပဏီများသည် မြန်မာစစ်အုပ်စုနှင့် ခပ်ကင်းကင်း နေကြသော်လည်း JMA တွင် ဆက်လက် ကျန်ရှိနေသည်။ ထိုလုပ်ငန်းများတွင် Kirin Holdings က လူအခွင့်အရေး လေ့လာသူများ၏ ရှုတ်ချခြင်းခံရပြီးနောက် မြန်မာစစ်အုပ်စုနှင့် ပတ်သက်သည့် လုပ်ငန်းစုနှင့် ကာလကြာမြင့်စွာ ဖက်စပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းလိုက်သည်။

ဝါတာနာဘေ၏ မှတ်ချက်နှင့်ပတ်သက်ပြီး Kirin က ဝေဖန်ပြောကြားရန် ငြင်းဆိုသည်။ မြန်မာစစ်အုပ်စု၏ လုပ်ရပ်များသည် မိမိတို့၏ စံနှုန်းများနှင့် လူ့အခွင့်အရေး မူဝါဒများနှင့် ဆန့်ကျင်နေကြောင်း Reuters သို့ ပြောသည်။

JMA အဖွဲ့ဝင်အဖြစ် ဆက်လက်ကျန်ရှိနေသည့် ကားထုတ်လုပ်သော ဆူဇူကီးကော်ပိုရေးရှင်းနှင့် ဂျပန်မှ အကြီးမားဆုံး ကုန်သွယ်ရေးလုပ်ငန်း မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတို့ကလည်း ဝါတာနာဘေ၏ မှတ်ချက်ကို ဝေဖန်ပြောကြားရန် ငြင်းဆိုသည်။ ၎င်းတို့သည် ၎င်းတို့ဝန်ထမ်းများ၏ လုံခြုံရေးကို ဦးစားပေးကြောင်းပြောပြီး မစ်ဆူဘီရှီက လူ့အခွင့်အရေးများသည် စီးပွားရေးလုပ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်တခုဖြစ်ကြောင်း ပြောသည်။

ဝါတာနာဘေသည် ဂျပန်၏ မြန်မာနိုင်ငံမှ စီးပွားရေးမူဝါဒ ချမှတ်ရာတွင် သြဇာကြီးမားကြောင်းနှင့် ဂျပန်ကော်ပိုရေးရှင်းများသည် စီးပွားရေးလုပ်ရာတွင် သူ၏သြဇာနှင့် လမ်းကြောင်းကို အားကိုးရကြောင်း ဂျပန်နိုင်ငံရှိ ယာမာဂါတာ တက္ကသိုလ် အရှေ့တောင်အာရှ သမိုင်းပါမောက္ခ မာဆာအို အီမာမူရာက ပြောသည်။

“မြန်မာမှာ လှုပ်ရှားနေတဲ့ ဂျပန်ကော်ပိုရေးရှင်းကြီးတွေက ဝါတာနာဘေလို လူတွေနဲ့ပတ်သက်နေတာ တော်တော်လေးကို ရှည်ကြာပြီး အရမ်းကို နက်ရှိုင်းလို့ ဘယ်လို နုတ်ထွက်ရမယ်ဆိုတာ မသိကြဘူး”

“မြန်မာမှာ လှုပ်ရှားနေတဲ့ ဂျပန်ကော်ပိုရေးရှင်းကြီးတွေက ဝါတာနာဘေလို လူတွေနဲ့ပတ်သက်နေတာ တော်တော်လေးကို ရှည်ကြာပြီး အရမ်းကို နက်ရှိုင်းလို့ ဘယ်လို နုတ်ထွက်ရမယ်ဆိုတာ မသိကြဘူး” ဟု သူက ပြောသည်။ ပါမောက္ခ အီမာမူရာသည် မြန်မာနှင့်ပတ်သက်သည့် JMA ၏ မူဝါဒကို ယခုနှစ်အစောပိုင်းက ဝေဖန်ခဲ့သူ ဖြစ်သည်။

JMA အစည်းအဝေး မတိုင်မီ မေလက ဝါတာနာဘေ၏သား ယူဆူကဲ ဝါတာနာဘေနှင့် အသင်း၏ အထွေထွေ အတွင်းရေးမှူးတို့သည် Diplomat စာစောင်တွင် ဆောင်းပါးတစောင်ရေးသားပြီး ဂျပန်နိုင်ငံသည် အနောက်နိုင်ငံများက အစိုးရပြောင်းအောင်လုပ်သည့် မူဝါဒကို မလိုက်နာသင့်ဘဲ မြန်မာစစ်ကောင်စီနှင့် ပေါင်းကူးတံတားအဖြစ် ရှိသင့်ကြောင်း ရေးသားကြသည်။

ဂျပန်ရှိ မြန်မာနိုင်ငံသားများ၏ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးအဖွဲ့များ၊ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများ အပါအဝင် အခြားသူများနှင့် ပါမောက္ခ အီမာမူရာတို့က ထိုကိစ္စကို တုံ့ပြန်သည့်အနေဖြင်း JMA ကို ပံ့ပိုးနေသည့် လုပ်ငန်းများသို့ အိတ်ဖွင့်ပေးစာများ ပေးပို့ကြသည်။

ယူဆူကဲ ဝါတာနာဘေ၏ ဆောင်းပါးသည် စစ်ကောင်စီက အရပ်သားများကို သတ်ဖြတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ပိတ်ပင်ခြင်းတို့ကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း ၎င်းတို့က ရေးသားခဲ့သည်။ JMA ၏ သဘောထားကို ထောက်ခံခြင်း ရှိ၊ မရှိ ၎င်းတို့က အဖွဲ့ဝင် ကုမ္ပဏီတိုင်းကို မေးမြန်းကြကြောင်း ယူဆူကဲ ဝါတာနာဘေက ပြောသည်။ သူ၏ မှတ်ချက်သည် “စစ်အာဏာသိမ်းမှု မှန်ကန်ကြောင်း အကြောင်းပြခြင်းသာ” ဖြစ်သည်ဟုလည်း အထက်ပါ အုပ်စုကပြောသည်။

ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှု

မစ္စတာ ဟိုက်ဒေယို ဝါတာနာဘေသည် ၁၉၈၇ ခုနှစ်မှ စတင်ပြီး မြန်မာနှင့် စီးပွားရေး ဆက်ဆံမှုတွင် ဂျပန်၏ ထိပ်တန်း တူးမြောင်းသဖွယ် ဖြစ်နေသည်။ သူသည် နိုင်ငံခြားသား အနည်းငယ်နှင့်သာ အဆက်အသွယ် ရှိသော်လည်း ထိပ်တန်း မြန်မာအရာရှိများနှင့် အဆက်အသွယ် ရှိနေသည်။ ရန်ကုန်အနီးတွင် ဆိပ်ကမ်းတခု တည်ဆောက်ခွင့်အတွက် ဂျပန်က မြန်မာကို အကူအညီနှင့် ကြွေးမြီပယ်ဖျက်ပေးမှု ဒေါ်လာ ၅ ဘီလီယံ နီးပါး ပေးခဲ့သောကိစ္စတွင် ဝါတာနာဘေသည် အရေးပါသော အခန်းမှပါဝင်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် – မြန်မာအသင်း (JMA) ဥက္ကဋ္ဌ မစ္စတာ ဟိုက်ဒေယို ဝါတာနာဘေတို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် / State Counselor office / Facebook

မစ္စတာ ဝါတာနာဘေသည် နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ပေးသည့် ကာလကြာမြင့်သော မိတ်ဆွေဖြစ်ကြောင်း မြန်မာစစ်အုပ်စုက စာဖြင့် အကြောင်းပြန်သည်။

မြန်မာနိုင်ငံတွင် သူ၏ပေါက်ရောက်မှုကို ပြသသည့်အချက်တခုမှာ ဝါတာနာဘေ၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ယိုဟိုင်း ဆာဆာကာဝါ နှင့် အမေရိကန် သံတမန်ဟောင်း ဘီလ်ရစ်ချတ်ဆန်တို့ကြောင့် အမေရိကန် သတင်းသမား ဒန်နီဖန်စတားကို လွှတ်ပေးခြင်းဖြစ်ကြောင်း လွန်ခဲ့သောလက စစ်ကောင်စီက ပြောကြားခဲ့ခြင်းပင်။

ဇွန်လက ကျင်းပသော အစည်းအဝေးအတွင်း ဝါတာနာဘေက “စစ်အုပ်စုက လုပ်သမျှ ကောင်းတယ်လို့ ပြောတာ မဟုတ်ဘူး” ဟု ပြောပြီး သူသည် ရင်းနှီးမြှုပ်နှံမှုများအတွက် ဒီမိုကရေစီသို့ ပြန်သွားမည့် လမ်းပြမြေပုံကို ဗိုလ်ချုပ်များထံ မေးမြန်းခဲ့ကြောင်း ပြောသည်။

စီးပွားရေးလုပ်ငန်းများကို အဖွဲ့ဝင်အဖြစ် လက်ခံခြင်းအပြင် JMA တွင် ယခင်ဝန်ကြီးချုပ်ဟောင်း မစ္စတာ တာရို အာဆိုနှင့် မြန်မာဆိုင်ရာ ဂျပန်သံအမတ်ဟောင်းများ အပါအဝင် အာဏာရ လစ်ဘရယ် ဒီမိုကရက်ပါတီမှ နိုင်ငံရေးသမားများနှင့်လည်း ပတ်သက်နေသည်။ ဝါတာနာဘေ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး အာဆို၏ ရုံးက မှတ်ချက်ပေးရန် ငြင်းဆန်သည်။

မြန်မာစစ်ကောင်စီသည် ရွေးကောက်ခံ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို မဲလိမ်သည်ဟု စွပ်စွဲဖြုတ်ချခဲ့ပြီး ယခုလအတွင်း ထောင်ဒဏ် ၄ နှစ်ချသည်။ ဆန္ဒပြသူ ၁၃၀၀ ကျော်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း လွတ်လပ်သော လေ့လာသူများက ပြောသည်။

မြန်မာနိုင်ငံကို ထောက်ခံမှုရှိသော်လည်း မစ္စတာ ဝါတာနာဘေက သံသယအချို့ကို ဖော်ပြခဲ့သည်။ ဇွန်လက ကျင်းပသော အစည်းအဝေးအတွင်း ဝါတာနာဘေက “စစ်ကောင်စီ လုပ်သမျှ ကောင်းတယ်လို့ ပြောတာ မဟုတ်ဘူး” ဟု ပြောပြီး သူသည် ရင်းနှီးမြှုပ်နှံမှုများအတွက် ဒီမိုကရေစီသို့ ပြန်သွားမည့် လမ်းပြမြေပုံကို ဗိုလ်ချုပ်များထံ မေးမြန်းခဲ့ကြောင်း ပြောသည်။

တချိန်တည်းတွင် ဝါတာနာဘေက ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုမှ ပိတ်ဆို့အရေးယူထားသည့် စစ်ကောင်စီခေါင်းဆောင်များနှင့် သူ့ကြား ခင်မင်မှုနှင့် ယုံကြည်မှုကို ပြောသည်။ “မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကို တားဆီးဖို့ ဂျပန်အနေနဲ့ လက်ရှိအုပ်ချုပ်ရေးစနစ်ကို ထောက်ခံသင့်တယ်။ နည်းနည်းပဲဖြစ်ဖြစ် ထောက်ခံသင့်တယ်” ဟု သူက ပြောသည်။

မစ္စတာ ဝါတာနာဘေ၏ ဈေးဝယ်စင်တာ စီမံကိန်းကို ဆက်လက် လုပ်ဆောင်နေကြောင်း စစ်ကောင်စီက Reuters သို့ စာဖြင့် အကြောင်းပြန်သည်။ စစ်တပ်ကို တိုက်ရိုက်အကျိုးပြုသည့် ရင်းနှီးမြှုပ်နှံမှုများကို အားမပေးကြောင်း ပြောသည့် ဝါတာနာဘေက ခိုင်မာသော တိုးတက်မှုများ ရှိလာသော ထိုစီမံကိန်းနှင့် ပတ်သက်ပြီး JMA ကို အသိပေးမည်ဖြစ်ကြောင်း ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
31
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
723
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
206

(Reuters မှ Japan business lobbyist backs Myanmar coup, urges investment ကို ဘာသာပြန်သည်)

You may also like these stories:

ဂျပန်-မြန်မာ စီးပွားရေးအကျိုးဆောင် (သို့) မစ္စတာ ဝါတာနာဘေး

မြန်မာတွေ ဆန္ဒပြနေတဲ့ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ ဘယ်လို လူလဲ

အသိအမှတ်ပြုရန် ဂျပန်ကို NUG တောင်းဆို၊ စစ်ကောင်စီကလည်း အကူအညီများ ပြန်ရရန် သွေးဆောင်

ကီရင်က ဦးပိုင်နှင့် လမ်းခွဲရန် စင်ကာပူ တရားရုံးမှာ အမှုပြန်ဖွင့်

Your Thoughts …
Tags: JMAဂျပန်ဂျပန်-မြန်မာအသင်းစစ်ကောင်စီစီးပွားရေးမစ္စတာ ဟိုက်ဒေယို ဝါတာနာဘေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်  / ဧရာဝတီ

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဥပဒေချုပ်တို့ကို ထောင် ၂ နှစ်စီချမှတ်

တပ်မဟာ ၇ ခုအတွင်း နယ်ကျွံလာလျှင် ပစ်မိန့်ရှိကြောင်း KNU ပြော

တပ်မဟာ ၇ ခုအတွင်း နယ်ကျွံလာလျှင် ပစ်မိန့်ရှိကြောင်း KNU ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved