ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက် လာပါက ခုခံပစ်ခတ်ဖို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ (၇) ခုလုံးကို ညွှန်ကြား ထားတယ်လို့ KNU ဗဟိုကော်မတီထံက သတင်းရရှိပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့က အာဏာသိမ်း စစ်ကောင်စီတပ်မှ ခန့်မှန်းခြေအင်အား ၇၀ ခန့်ဟာ အ မြောက်ကား ၂ စီး၊ စစ်ကား ၁၄ စီးနဲ့ အတူ KNU ဌာနချုပ်တည်ရှိရာ နေရာဖြစ်တဲ့ (KNLA) တပ်မဟာ (၇) နယ်မြေထဲက လှိုင်းဘွဲ့မြို့နယ်၊ နဘူးရွာကို ဒီဇင်ဘာလ ၂၀ ရက်နံနက်ပိုင်းမှာ ရောက်ရှိနေတယ်လို့ ဒေ သခံတွေက ဆိုပါတယ်။











