စစ်တပ်က အာဏာသိမ်းသည့် “အခြေအနေမှန်”ကို အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများအား ရှင်းပြရန် မြန်မာစစ်ကောင်စီက အစ္စရေး-ကနေဒီယန် လော်ဘီသမားကို အမေရိကန် ဒေါ်လာ ၂ သန်းပေးငှားရမ်းကြောင်း အမေရိကန်တရားရေးဌာနသို့ တင်သွင်းသည့် စာရွက်စာတမ်းများအရ သိရသည်။
မြန်မာဗိုလ်ချုပ်များ အာဏာသ်ိမ်းပြီး နိုင်ငံတော်အတ်ိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သား ခေါင်းဆောင်များကို ဖမ်းဆီးလိုက်သည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံတွင် ဆန္ဒပြသူ ၆၀ ကျော်ကို ပစ်သတ်ခဲ့ပြီး လူပေါင်း ၁၉၀၀ ကျော်ကို ဖမ်းဆီးထားသည်။
အရီ ဘန် မန်နာရှီ နှင့် သူ၏လုပ်ငန်းဖြစ်သော Dickens & Madson Canada သည် မြန်မာစစ်ကောင်စီကို ကိုယ်စားပြုပြီး ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများနိုင်ငံ၊ အစ္စရေး၊ ရုရှားနှင့် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများကို ဆွဲဆောင်စည်းရုံးမည်ဖြစ်သည်။
မွန်ထရီရယ် အခြေစိုက် ထိုလုပ်ငန်းသည် ” မြန်မာနိုင်ငံ အကျိုးစီးပွား တိုးတက်ရေး” အတွက် မူဝါဒများကို ကူညီ စီမံဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတွင်းမှ “အခြေအနေမှန်” ကို ရှင်းပြရာတွင်လည်း ကူညီမည်ဖြစ်ကြောင်း ထိုသဘောတူညီချက်တွင် ဖေါ်ပြထားသည်။
ထိုသဘောတူညီချက်ကို အမေရိကန် ပြည်ပကိုယ်စားလှယ် မှတ်ပုံတင် ဥပဒေအရ တရားရေးဌာနသို့ တနင်္လာနေ့က တင်သွင်းပြီး အွန်လိုင်းမှ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
ကျယ်ကျယ်ပြန့်ပြန့် သံသယဖြစ်စရာများ ရှိနေသော်လည်း မြန်မာစစ်ဗိုလ်ချုပ်များသည် တရုတ်မှ လမ်းခွဲပြီး အနောက်နိုင်ငံများနှင့် နီးကပ်စွာဆက်ဆံလိုကြောင်း အမေရိကန် ပြည်ထောင်စုက ယုံကြည်လာအောင် လုပ်ဆောင်ရန် သူ့ကို တာဝန်ပေးထားကြောင်း ဘန် မန်နာရှီ ပြောသည်။
ထို ဗိုလ်ချုပ်များ၏ လူမျိုးတုန်း သတ်ဖြတ်မှုကို ကြီးကြပ်ဆောင်ရွက်မှု အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသော ၂၁၀၇ ခုနှစ် စစ်ဆင်ရေးအတွင်း ထွက်ပြေးသွားသော ရိုဟင်ဂျာ မွတ်ဆလင်များကို ဗိုလ်ချုပ်များက ပြန်လက်ခံလိုကြောင်းလည်း သူပြောသည်။
“သူပြောတဲ့ ဇာတ်လမ်းကို အမေရိကန်ပြည်ထောင်စုက လက်ခံယုံကြည်မယ်ဆိုတာက တော်တော်လေးကို မဖြစ်နိုင်ဘူး ” လူ့အခွင့်အရေးစောင့်ကြည်အဖွဲ့မှ ဒါရိုက်တာ ဂျွန်ဆစ်ဖ်တွန်ပြောသည်။
ဘန်မန်နာရှီက တင်သွင်းသည့် အခြားစာရွက်စာတမ်းများတွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက လက်မှတ်ထိုးထားပြီး စစ်ကောင်စီက ထိုလုပ်ငန်းကို ဒေါ်လာ ၂ သန်းပေးမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။
ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အခြားထိပ်တန်းဗိုလ်ချုပ်များကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကနေဒါအစိုးရတို့က အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသောကြောင့် ငွေပေးချေမှုကို ဥပဒေအရ ခွင်ြ့ပုနိုင်ချိန်တွင်မှ ပြုလုပ်မည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။
သို့သော် ဘန်မန်နာရှီသည် အရေးယူ ပိတ်ဆို့မှုများကို ချိုးဖေါက်နိုင်ဖွယ်ရှိကြောင်း ရှေ့နေများကပြောသည်။
“အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့ခံထားရသူတွေကို ခွင့်ပြုချက်မရဘဲ ဝန်ဆောင်မှုပေးတဲ့ အတိုင်းအတာအရ အမေရိကန်ဥပဒေကို ချိုးဖေါက်တဲ့သဘောဖြစ်နေတယ်” ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန အရေးယူပိတ်ဆို့မှုများဆိုင်ရာ အကြံပေးဟောင်း ပီတာကူးဆစ်ပြောသည်။
အမေရိကန် ဘဏ္ဍာရေးဌာနကမူ ဝေဖန်ပြောကြားပေးရန် ငြင်းဆန်သည်။
သူ့အနေဖြင့် ငွေပေးချေမှုကိုလက်ခံရန် အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေး ရုံး(OFAC) နှင့် ကနေဒါအစိုးရထံမှ လိုင်စင်ရယူရန်လိုကြောင်း ဥပဒေ အကြံပြုချက်ရထားကြောင်းနှင် စစ်ကောင်စီကို လော်ဘီလုပ်ပေးသောကြောင့် ဥပဒေ ချိုးဖေါက်မှု မဖြစ်နိုင်ကြောင်း ဘန် မန်နာရှီက Reuters သို့ပြောသည်။
” လုပ်ထုံးလုပ်နည်းပိုင်းလုပ်စရာတွေရှိတယ်။ ဒါပေမယ့် အဲဒီကိစ္စကို ရှေနေတွေနဲ့ OFAC ကိုလွှဲအပ်ရမယ်” ဟု သူပြောပြီး သူ၏ရှေ့နေများသည် ဘဏ္ဍာရေးဌာနနှင့် ဆက်သွယ်လုပ်ကိုင်နေကြောင်း သူပြောသည်။
ကိုးကား။ ။ Reuters
You may also like these stories:
တရုတ် မဟုတ်ဘဲ အနောက်နှင့် ဆက်ဆံရေးကောင်းလိုဟု စစ်ကောင်စီ လော်ဘီ ပြော
လူနာတင်ယာဉ်ကို တိုက်ခိုက်ရာတွင် သုံးသော အီတလီထုတ် ခဲယမ်း ဘယ်ကရ
မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မည်သို့ ကျဆုံးသွားနိုင်သနည်း