• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လူနာတင်ယာဉ်ကို တိုက်ခိုက်ရာတွင် သုံးသော အီတလီထုတ် ခဲယမ်း ဘယ်ကရ

by ဧရာဝတီ
10 March 2021
in ဆောင်းပါး
A A
မတ်လ ၃ ရက်နေ့ မြောက်ဥက္ကလာတွင် လူနာတင်ယာဉ်ကို တိုက်ခိုက်ရာတွင် သုံးသော ကျည်ဆံအခွံမှာ အီတလီလုပ်ငန်းတခုဖြစ်သော Cheddite Italy S.r.l မှ ဖြစ်သည်/ RFA

မတ်လ ၃ ရက်နေ့ မြောက်ဥက္ကလာတွင် လူနာတင်ယာဉ်ကို တိုက်ခိုက်ရာတွင် သုံးသော ကျည်ဆံအခွံမှာ အီတလီလုပ်ငန်းတခုဖြစ်သော Cheddite Italy S.r.l မှ ဖြစ်သည်/ RFA

23k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်ရှိ မြောက်ဥက္ကလာပမြို့နယ်တွင် မတ်လ ၃ ရက်နေ့က စီစီတီဗွီမှ ရိုက်ကူးထားသည့် ဗီဒီယိုတွင် မြန်မာရဲများသည် အရပ်သားလူနာတင်ယာဉ်တစင်း၏ ရှေ့လေကာမှန်ကို သတ္တုအပိုင်းအစ များစွာထွက်သော သေနတ်ဖြင့် ပစ်ခတ်ပြီး ရပ်တန့်စေကာ အရေးပေါ်လူနာတင်ယာဉ်မှ ဝန်ထမ်းများကို အပြင်းအထန်ရိုက်နှက်ခဲ့ကြောင်းတွေ့ရသည်။ ထိုဖြစ်ရပ်တွင် ရဲများ၏ ရိုင်ဖယ်မှ ပစ်ခတ်ပြီး ထွက်ကျလာသည့် ကျည်ဆံအခွံကို နိုးကြားသည့် ပြည်သူပြည်သား သတင်းသမားတဦးက ကင်မရာဖြင့် ရိုက်ကူးတင်ပြခဲ့သည်။

ထိုကျည်ဆံအခွံမှာ အီတလီလုပ်ငန်းတခုဖြစ်သော Cheddite Italy S.r.l က ထုတ်လုပ်သော ကျည်ခွံဖြစ်နေသည်။ Cheddite သည် နောက်တနေ့တွင် ၎င်းတို့ကုမ္ပဏီသို့ စုံစမ်းမေးမြန်းမှုကို ထိုဖြစ်ရပ်တွင် ရိုက်ကူးထားသည် ဓါတ်ပုံနှင့်တကွ ချက်ခြင်းလျှင်မြန်စွာ တုံ့ပြန်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကျည်ဆံများကို ကမ္ဘာတဝှမ်းသို့ ပို့ဆောင်သော်လည်း မြန်မာနိုင်ငံသို့ လုံးဝတင်ပို့ခဲ့ခြင်းမရှိကြောင်း ၎င်းတို့၏ ပြန်ကြားချက်တွင် ဖေါ်ပြထားသည်။ ၎င်းတို့၏ ပို့ကုန်များကို ဥရောပသမဂ္ဂလုပ်ထုံးလုပ်နည်းများဖြင့် တင်ပို့ကြောင်းပင် ထိုကုမ္ပဏီက ထပ်မံပြောကြားလိုက်သေးသည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် စစ်သုံးကိရိယာ တမျိုးမျိုးကို မြန်မာနိုင်ငံသို့တင်ပို့ခြင်းအား ၁၉၉၀ ခုနှစ်များကပင်ချမှတ်ထားသည်။ ၂၀၀၀ ပြည့်နှစ်သို့ရောက်သောအခါ ထိုပိတ်ပင်မှုတွင် ပြည်တွင်းဖိနှိပ်မှု သို့မဟုတ် အကြမ်းဖက်မှုတွင် အသုံးပြုနိုင်သော မည်သည့်ကိရိယာမဆိုကို ထိုပိတ်ပင်မှုတွင် ထည့်သွင်းလိုက်သည်။

RelatedPosts

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
2.8k
ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
791
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
718

မည်သည့်လက်နက်မဆို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့ခြင်းကို ချက်ခြင်းရပ်ရန် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ကျင်းပသည့် မြန်မာ့အရေး ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေးမှ ထုတ်ပြန်ကြေညာချက်များတွင် အတိအကျ တောင်းဆိုထားသည်။

လက်နက်ကုန်သွယ်မှုကို ခြေရာခံသည့် အဓိကယန္တရားများအနက်တခုမှာ UN Register of Conventional Arms (UNROCA) ဆိုသည့် သမားရိုးကျလက်နက်များ မှတ်ပုံတင်ခြင်းဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်သည်။ UNROCA သည် အစိုးရများ ၎င်းတို့ဆန္ဒအလျောက် ပါဝင်ခြင်းကို မှီခိုနေရသောကြောင့် အကန့်အသတ်ရှိသည်။ မြန်မာနိုင်ငံသည် ၎င်းတို့ အခြားနိုင်ငံများမှ ရရှိသော လက်နက်များကို မည်သည့်အခါကမျှ အစီရင်ခံစာ တင်သွင်းခြင်းမရှိပေ။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ လက်နက်ပေးပို့ကြောင်း အစီရင်ခံစာတင်သွင်းသည့် နိုင်ငံများမှာ တရုတ်၊ ရုရှား၊ ဆာဗီးယားနှင့် ယူကရိန်းတို့ဖြစ်သည်။ အိန္ဒိယသည် ကုလသမဂ္ဂသို့ ထိုသို့သော အစီရင်ခံစာတင်သွင်းသော်လည်း မြန်မာနိုင်ငံသို့ ကမ်းရိုးတန်းထောက်လှမ်းရေးလေယာဉ်များနှင့် လွန်ခဲ့သော တနှစ်ကျော်က လွှဲပြောင်းပေးအပ်ခဲ့သည့် ကီလိုအတန်းအစားရေငုတ်သင်္ဘောကို ထိုအစီရင်ခံစာများတွင် ထည့်သွင်းရန် မေ့လျော့နေသည်။ UNROCA တွင် လွန်ခဲ့သောနှစ်အတန်ကြာက မြောက်ကိုရီးယားက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးလိုက်သည့် ဘက်စုံသုံး ဒုံးကျည်စနစ်အတွက်လည်း မှတ်တမ်းမရှိပေ။

သို့သော် အဓိကကျသည့် ဗျူဟာမြောက်လက်နက်များကို ဆန္ဒပြပွဲများကို ဖြိုခွဲရန် အသုံးပြုခြင်းမရှိဘဲ လက်နက်ငယ်များနှင် အဓိကရုဏ်း ထိန်းချုပ်ရေး လက်နက်များကိုသာ သုံးသည်။ သို့ဆိုလျှင် ထို အီတလီသေနတ် ကျည်အခွံသည် လွန်ခဲ့သော ရက်အနည်းငယ်က လူနာတင်ကားအား တိုက်ခိုက်မှုတွင် သုံးရန် ရဲများလက်သို့ မည်သို့ရောက်လာသနည်း။ ထိုမေးခွန်းကို ဖြေရန် ခက်ခဲနေခြင်းသည် ယနေ့ ကမ္ဘာ့လက်နက်ရောင်းချမှုကို ထိန်းချုပ်ရာတွင် အကြီးမားဆုံးပြဿနာများအနက် တခုကို ပြသနေသည်။ စစ်တပ်နှင့်ရဲ လက်နက်ခဲယမ်းမီးကျောက်များကို ခြေရာခံခြင်းတွင် စီးပွားရေးကုမ္ပဏီများ၏ ပုဂ္ဂလိက စာချုပ်များသို့ တူးဆွခြင်း သို့မဟုတ် ကမ္ဘာတဝှမ်း လက်နက်များကို နိုင်ငံခြင်း လျှို့ဝှက် ဝယ်ယူ၊ ရောင်းချ၊ လက်ဆောင်ပေး၊ ပွဲစားလုပ်၊ ကုန်စည်ခြင်းဖလှယ်ခြင်းများနောက် ထိုးဖေါက်ရခြင်း ပါဝင်သည်။ ထုတ်ကုန်တခုသည် ထုတ်လုပ်သူ၏ လက်မှ လွတ်သွားသောအခါ မကြာခဏဆိုသလို ဖြစ်လေ့ရှိသည့်အတိုင်း မည်သည့်နေရာသို့မဆို ရောက်သွားနိုင်သည်။

ကုလသမဂ္ဂ နိုင်ငံတကာကုန်သွယ်ရေး စာရင်းအင်း အချက်အလက်ဌာန (UN Comtrade) မှတဆင့် ထပ်မံခြေရာခံလိုက်သောအခါ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ သတ္တုအပိုင်းအစများစွာထွက်သော ကျည်များအဖြစ် ကုန်စည်သတ်မှတ်ချက်ဖြင့် လွှဲပြောင်းမှုမှာ ထိုင်းနိုင်ငံမှ ပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် Comtrade တွင် လွန်ခဲ့သော ဆယ်နှစ်အတွင်း ထိုင်းနိုင်ငံသို့ ထိုကျည်ဆံများရောင်းချသည့် မှတ်တမ်းလည်း မရှိပေ။ ထိုင်းနိုင်ငံသည် ထိုသို့သောကျည်ဆံများကို အခြားနေရာများမှ တင်သွင်းကြောင်းကိုမူ ထိုစာရင်းတွင် ဖေါ်ပြထားပြီး ထိုကျည်ဆံများသည် မြန်မာနိုင်ငံသို့မရောက်မီ အခြားတနိုင်ငံမကကို ဖြတ်သန်းလာခြင်းဖြစ်နိုင်သည်။ Comtrade တွင် အီတလီမှ စင်္ကာပူ၊ စင်္ကာပူနှင့် ထိုင်းအကြား အမျိုးအမည်ဖေါ်ပြသည့် သင်္ကေတဖြင့် မှတ်တမ်းတင်ထားခြင်း ရှိသည်။ သို့သော် မတ်လ ၃ ရက်နေ့က လူနာတင်ကားဝန်ထမ်းများကို အကြမ်းဖက်ရန်နှင့်လူနာတင်ယာဉ်ကို တိုက်ခိုက်ရန် ဖြစ်စေသော ထိုသို့သော လက်နက်ခဲယမ်း လွှဲပြောင်းမှု ရှိမရှိကို အတိအကျဖေါ်ပြရန် အချက်အလက်များ Comtrade ထံမှ ရရန်မဖြစ်နိုင်ပေ။

အီတလီအစိုးရသည် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ရှုတ်ချပြီး အာဏာသိမ်းပြီးနောက် ဖမ်းထားသူအားလုံးကို ချက်ခြင်းလွှတ်ရန်၊ အရပ်သား ဆန္ဒပြသူများကို အကြမ်းဖက်မှု ရပ်ရန်နှင့် အရပ်သားအစိုးရ ထိန်းချုပ်မှုကို ပြန်လည်ထိန်းသိမ်းရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တောင်းဆိုသည်။ ရန်ကုန်ရှိ အီတလီ သံအမတ်သည် အခြား သံအမတ် ၁၃ ဦးနှင့်အတူ တရားဝင်အစိုးရကို ဖြုတ်ချခြင်းကို ကန့်ကွက်သည့် ဆန္ဒပြသူများနှင့် အရပ်သားများကို အကြမ်းဖက်မှု ရပ်ရေးကို တောင်းဆိုပြီး ဖမ်းဆီးမှုများနှင့် ဆက်သွယ်ရေးဖြတ်တောက်မှုများကို ရှုတ်ချသည့် ကြေညာချက်ကို ပူးတွဲလက်မှတ်ရေးထိုးသည့် စာတစောင်ကို စစ်ကောင်စီထံသို့ ပေးပို့သည်။ မည်သို့ပင်ဆိုစေကာမူ အီတလီနိုင်ငံသည် အီတလီလုပ်လက်နက်များကို အရပ်သား လူနာတင်ယာဉ်အား တိုက်ခိုက်ရာတွင် သုံးခဲ့ကြောင်းကို တွေ့ရမည်ဖြစ်ပြီး ထုတ်လုပ်သူကလည်း ၎င်းတို့ထုတ်လုပ်သည့် ထိုလက်နက်ခဲယမ်းများကို ခြေရာခံရန် မဖြစ်နိုင်ကြောင်း အကြောင်းပြန်ကြားစာတွင် ဖေါ်ပြခဲ့သည်။ နိုင်ငံတကာ အသိုက်အဝန်းသည် လက်နက်များ ပျံ့နှံ့ခြင်းနှင့် ၎င်းတို့က ဖြစ်ပွားစေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း အထက်ပါဖြစ်ရပ်များက ရှင်းလင်းစွာပြသနေပေသည်။

မြန်မာစစ်တပ်နှင့် ရဲများ အသုံးပြုသည့် လက်နက်များ၏ အထောက်အထားများကို ပြည်သူပြည်သား သတင်းသမားများက ဆက်လက်မှတ်တမ်းတင်ရန် လိုအပ်ပြီး အနာဂတ်တွင် တရားမျှတမှုတောင်းခံရေးအတွက် အသုံးပြုရမည်ဖြစ်သည်။

ကိုးကား။ မတ်လ ၃ ရက် တိုက်ခိုက်မှုအတွက် အွန်လိုင်းတွင်ဖေါ်ပြသော ပို့စ်များ။ RFA ၏ ဤဗီဒီယို သတင်း https://www.youtube.com/watch?v=BDnnAv6n89g လည်း ပါဝင်သည်။

( လက်နက်ကုန်သွယ်မှုနှင့် စစ်ဘက်ခြစားမှုများအား သုတေသနလုပ်သူ Yeshua Moser-Puangsuwan ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ရေးသားထားသော Italian Ammunition Used in Myanmar Police Assault on Ambulance Raises Questions ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ

ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း

မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မည်သို့ ကျဆုံးသွားနိုင်သနည်း

Your Thoughts …
Tags: Cheddite Italy S.r.lကျည်ခွံစစ်အာဏာသိမ်း ဆန့်ကျင်ရေးမြောက်ဥက္ကလာရဲ ရိုင်ဖယ်လူနာတင်ယာဉ် တိုက်ခိုက်မှုအီတလီထုတ် ခဲယမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မတ်လ ၂၃ ရက် မုံရွာတွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြကြစဉ်

အကြမ်းမဖက်နှင့် အကြမ်းဖက်နည်းလမ်းများအပေါ် ကျိုးကြောင်းဆင်ခြင်ခြင်း

by အီဂေါဗလာဇီဗစ်
23 March 2021
31k

အကြမ်းမဖက်နည်းလမ်းသည် ရလဒ် မြန်မြန်မပေါ်၊ ထို့ကြောင့် အကြမ်းဖက်လမ်းသုံးရမည်ဟု ချက်ချင်း ကောက်ချက်ချခြင်းသည် မှားယွင်းပါသည်။

မြောက်ဥက္ကလာတွင် ထိခိုက်ဒဏ်ရာ၊ သေဆုံးသူများ  / Facebook

မြောက်ဥက္ကလာတွင် ရဲနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် ၁၅ ဦး သေ

by ဧရာဝတီ
3 March 2021
16.6k

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရဲနှင့် စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာကြောင်း သိရှိရသည်။

ပဲခူးမြို့တွင် အပစ်ခံရသောနေရာ / ဧရာဝတီ

ဆန္ဒပြသူ ၁၅ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ

by ဧရာဝတီ
28 February 2021
9.7k

7Day သတင်းက မျက်မြင်သက်သေများကို ကိုးကား၍ မော်လမြိုင်တွင် အသက် ၁၉ နှစ်အရွယ် လူငယ်တဦး သေဆုံးကြောင်းလည်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့လည်၌ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ် / ဧရာဝတီ

ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လျှော့မတွက်နဲ့

by Tom Fawthrop
10 April 2021
82.3k

မြန်မာနိုင်ငံတွင်ဖြစ်စေ၊ ဖိလစ်ပိုင်တွင်ဖြစ်စေ၊ တီမောလက်စ်တွင်ဖြစ်စေ ပြည်သူများ၏ ဆုံးဖြတ်ချက်ကို လျစ်လျူမရှုရန် သမိုင်းက မိမိတို့ကို သင်ကြားပေးခဲ့သည်။

မတ်လအတွင်း ရန်ကုန်မြို့တနေရာတွင် မြင်တွေ့ရသော စစ်သားများ / ဧရာဝတီ 

နေအိမ်တွင် မနေနိုင်သော ဘဝများ

by စောထွန်း
27 September 2021
37.8k

ထူးခြားချက်က စစ်ဗိုလ်ချုပ်ကြီးများနှင့် သူတို့၏ မိသားစုများပါ နေအိမ်တွင် မနေနိုင်ကြခြင်း ဖြစ်ပါသည်။

မတ်လ ၇ ရက်နေ့ ရန်ကုန်တွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူတဦးက R2P တောင်းဆိုမှုကို ကျောတွင် ချိတ်ဆွဲထားစဉ်/ဧရာဝတီ

မြန်မာပြည်ကို ကယ်တင်ရန် တာဝန်နှင့် အခွင့်အရေး

by Ashley South
13 March 2021
15.4k

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှုပေးရန် တာဝန်ရှိပါသည်။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တခုတွင် တွေ့ရသည့် ကိုဂျမား

ဖမ်းခံရသည့် ပဲခူး NLD ပါတီဝင် ကိုဂျမားနှင့် မိသားစုဝင်များ အဆက်အသွယ်မရ

သရုပ်ဆောင် ပိုင်ဖြိုးသု / Paing Phyoe Thu's Facebook

“အာဏာရှင်အတွက် လုပ်ကိုင်နေတာ တန်ရဲ့လား”လို့ ပိုင်ဖြိုးသု မေးခွန်းထုတ်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.3k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate