• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အာဏာရှင်အတွက် လုပ်ကိုင်နေတာ တန်ရဲ့လား”လို့ ပိုင်ဖြိုးသု မေးခွန်းထုတ်

by ဧရာဝတီ
10 March 2021
in Entertainment
A A
သရုပ်ဆောင် ပိုင်ဖြိုးသု / Paing Phyoe Thu's Facebook

သရုပ်ဆောင် ပိုင်ဖြိုးသု / Paing Phyoe Thu's Facebook

9.8k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ပြည်သူများအား အထက်အမိန့်အရ အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်နေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များကို သရုပ်ဆောင် ပိုင်ဖြိုးသုက စားနပ်ရိက္ခာတောင် လုံလောက်အောင် မပေးတဲ့သူတွေရဲ့ အာဏာမြဲဖို့ ဘာလို့ အဲဒီလောက် လုံ့လောက် စိုက်ထုတ်နေကြတာလဲလို့ မေးခွန်း ထုတ်လိုက်ပါတယ်။

“ကျမ တကယ် နားမလည်ဘူး။ ကိုယ့်ကို အခြေခံလူသား အခွင့်အရေးတွေထဲက တခုဖြစ်တဲ့ စားနပ် ရိက္ခာတောင် လုံလောက်အောင် မပေးတဲ့သူတွေရဲ့အာဏာမြဲဖို့ကို ရှင်တို့ဘာလို့ အဲဒီလောက် လုံ့လ စိုက်ထုတ်နေကြတာလဲ။ ရှင်တို့တွေ အငတ်ငတ် အပြတ်ပြတ် တာဝန် ထမ်းဆောင်နေရတဲ့အချိန်မှာ သူတို့က ကောင်းပေ့ဆိုတဲ့ အစားအစာတွေ စားလို့ မကုန်လို့တောင် လွှင့်ပစ်နေတာ”

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.6k
မြိတ်မြို့

မြိတ်မြို့

11 May 2025
598
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
262

“မနေ့ညက တွေ့လိုက်တာ ရှင်တို့အတွက် ဂုဏ်ပြု ညစာစားပွဲတဲ့။ ဖော့ဘူးလေးတွေနဲ့ ရေသန့်ပုလင်းလေးတွေနဲ့။ သူတို့ သားသမီးတွေက သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ဆိုင်မှာသွားစားတဲ့ ညစာမှာ သိန်း ဆယ်ဂဏန်းလောက် သုံးနေကြတာ။ အပျင်းပြေ ထွက်စားတဲ့ ညစာနော်။ ဂုဏ်ပြု ညစာစားပွဲ မဟုတ်သေးဘူး”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသု (ဓာတ်ပုံ – Paing Phyoe Thu’s Facebook)

အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဖို့၊ သတ်ဖို့ အမိန့်တွေ ပေးထားချိန် အာဏာရှင်တွေရဲ့ ဇနီးနဲ့ သားသမီးတွေ ကမ္ဘာကျော် Branded တွေ သုံးနေတာလို့ ပိုင်ဖြိုးသုက အခုလိုပဲ ဆိုပါတယ်။

“ရှင်တို့ကို အခု အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဖို့၊ သတ်ဖို့ အမိန့်တွေ ပေးထားတဲ့ ကာလမှာ ရှင်တို့ခဏတဖြုတ် နားရင် ပလက်ဖောင်းပေါ်အိပ်နေရတုန်း အဲဒီ့ လူကြီးတွေရဲ့သားသမီးတွေက Five Star ဟိုတယ်ကြီးတွေမှာ တက်အိပ်နေကြတာ။ ရှင်တို့ ကလေးတွေ ကျောင်းအပ်ခါနီးဆို ရှင်နဲ့ ရှင့်မိန်းမ ခေါင်းချင်းဆိုင်ပြီး ချွေးပြန်နေချိန်မှာ သူတို့ သားသမီးတွေက အနောက်နိုင်ငံက ကျောင်းကောင်းကြီးတွေမှာ အေးဆေးသက်သာ ပညာသင်ဖို့ First class တန်းကနေ လေယာဉ်စီးပြီး သွားနေကြတာ”

“ရှင်တို့ရဲ့မိန်းမတွေ ပြည်တွင်းဖြစ် ပိုက်ဆံအိတ် အပါးလေး ချိုင်းကြား ညှပ်ပြီး ဈေးထဲမှာ ဟင်းစားဝယ်ဖို့အရေး ရှင်တို့လစာနဲ့ လောက်ငှဖို့ ခေါင်းပူအောင် တွက်နေရချိန်မှာ ရှင်တို့ ကာကွယ်ပေးနေတဲ့လူကြီးတွေရဲ့မိန်းမတွေက ရှင်တို့ ကြားတောင် မကြားဖူးလောက်မယ့် တလုံးကို သိန်း ၂၀၀၊ ၃၀၀ ပေးရတဲ့ ကမ္ဘာကျော် Branded ပိုက်ဆံအိတ်ကြီးတွေကို ရောင်စုံ ဝယ်ကိုင်၊ ဂုဏ်ချင်း ပြိုင်နေကြတာ”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ဆက်ပြီး ပိုင်ဖြိုးသုက နှိုင်းယှဉ်ပြောရရင် ကုန်တောင်ကုန်မယ် မထင်ဘူးလို့ ဆိုပါတယ်။

“အခုကနေ တောက်လျှောက် စစ်သားရဲ့ သားသမီး၊ ရဲရဲ့သားသမီးလို့ ပြောလိုက်တာနဲ့ ရှင်တို့ရဲ့ကလေးလေးတွေကို လူတွေ ဝိုင်းကြည့်ကြမယ့် အကြည့်တွေနဲ့ ရှင်တို့ အခု ကာကွယ်ပေးနေရတဲ့ လူတစုဆီက ရှင်တို့ပြန်ရ‌နေတဲ့ အခွင့်အရေးတွေနဲ့ လဲပစ်ဖို့အတွက် လူသားမှန်ရင် ဦးနှောက်ရှိရင် နှလုံးသားရှိရင် တွေးကြည့်လို့ရတယ်။ ခံစားကြည့်လို့ ရတယ်။ တန်ရဲ့လား”လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသု (ဓာတ်ပုံ – Paing Phyoe Thu’s Facebook)

ဒီအကြောင်းအရာတွေကို သရုပ်ဆောင် ပိုင်ဖြိုးသုက သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသား ပြောပြခဲ့တာဖြစ်ပြီး၊ ပိုင်ဖြိုးသုဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတ်အားသရွေ့ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေ အတွင်းကလည်း CDM လုပ်အားပေး ဆရာဝန် အချို့နဲ့အတူ အဖွဲ့လိုက် လုပ်အားပေးခဲ့ပါတယ်။

You may also like these stories:

ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူးနဲ့ ဟန်နေတာတို့ ဖန်တီးထားတဲ့ “Headshot” သီချင်း

ဦးကျော်သူနှင့် ဇနီးအား မတရားစွပ်စွဲ အမှုဖွင့်ခြင်းကို ဝိုင်းဝန်း ကန့်ကွက်

ဖမ်းဝရမ်းကြောင့် မိသားစုတွေ တိမ်းရှောင်နေရကြောင်း သဇင်ထူးမြင့် ဆို

Your Thoughts …
Tags: စစ်တပ်စစ်အာဏာရှင်ပိုင်ဖြိုးသုရဲတပ်ဖွဲ့အကြမ်းဖက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.7k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
11.5k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.6k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

Next Post
ဖမ်းဆီးခံထားရတဲ့ သတင်းသမားအချို့

မီဒီယာများအား ဖမ်းဆီးခြင်းအပေါ် အနုပညာရှင်အချို့ ကန့်ကွက် ရှုတ်ချ

ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့သည့် သံပန်းဆိုင်

မြစ်ကြီးနားတွင် ဒိုင်းကာလုပ်ပေးသည်ဟု ဆိုကာ ၈ ဦး ဖမ်းထား

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate