• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
in သတင်း
A A
ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း မန္တလေးမြို့ ဝင်ရောက်ဆန္ဒပြခဲ့စဉ် (ဒေါက်တာတေဇာစန်း)

10.7k
VIEWS
Share on FacebookShare on Twitter

ဒေါက်တာ တေဇာစန်း မန္တလေးမြိုတွင်းဝင်၍ အထင်ကရ နေရာတချို့၌ စစ်ကောင်စီဆန့်ကျင်ရေး လှုံဆော်မှုများ ပြုခဲ့သည့် ဓာတ်ပုံများ ဇူလိုင် ၂၂ရက်က ထွက်ပေါ်ခဲ့ပြီးနောက် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့မှ နယ်ထိန်းအချို့ အရေးယူခံရ ကာ လုံခြုံရေးတိုးမြှင့်ပြီး အစစ်အဆေး ပို၍တင်းကျပ်လာကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းခြင်းကို ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြခဲ့သူ ဒေါက်တာတေဇာစန်းသည် နန်းမြို့ရိုး ကျုံးဘေး၊ ကျောက်တော်ကြီးဘုရား၊ မြို့အဝင်နေရာ၊ မြို့လယ် လူစည်းကားရာ ၆၉ လမ်းပေါ်တို့၌ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီးမြို့နယ်များမှ နယ်ထိန်းအချို့ အရေးယူခံထားရသလို မြို့နယ် ရဲတပ်ဖွဲ့မှူး အဆင့်ထိ ဖိအားပေး ခြင်းခံနေရကြောင်း မန္တလေးမြို့ခံများက ဆိုသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
1
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
13
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
3

အုပ်ချုပ်ရေးအသိုင်းအဝိုင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက “ဒေါက်တာတေဇာစန်း မန္တလေးမြို့ထဲကို ဘယ်လိုဝင်လာတာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ပြန်ထွက်သွားသလဲဆိုတာ မသိရလို့ဆိုပြီး နယ်ထိန်းခေါင်းဆောင်အရာရှိအချို့နဲ့ နယ်ထိန်းတွေ အရေးယူခံရတာ မြို့နယ်မှူးတွေကအစ ဖိအား ပေးခံရတာပေါ့၊ အုပ်ချုပ်ရေးပိုင်းနဲ့ အရာရှိတွေတော်တော် များများလည်း တိုင်းအစည်းအဝေးမှာ အဆူအဆဲခံရကြရ တာပေါ့ဗျာ”ဟု ပြောသည်။

အဆိုပါ နယ်ထိန်းအရာရှိများကို မည်သည့်ပုဒ်မများဖြင့် အရေးယူသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

“၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂” တိုက်ပွဲများ မန္တလေးမြောက်ခြမ်း ပုသိမ်ကြီးမြို့နယ်ထိ ဖြစ်ပွားလာသလို မိုးကုတ်၊ နောင်ချို၊ စဉ့်ကူးမြို့များ အသိမ်းခံရသဖြင့် စစ်ကောင်စီက မန္တလေးအဝင်အထွက်နှင့် မြို့တွင်းနေရာမျိုးစုံ၌ လုံခြုံရေးတင်းကျပ်ထား သည့် ကြား ဒေါက်တာတေဇာစန်းက ဝင်ရောက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဒေါက်တာတေဇာစန်း မန္တလေးမြို့ ဝင်ရောက်ဆန္ဒပြခဲ့စဉ် (ဒေါက်တာတေဇာစန်း)

မဟာအောင်မြေမြို့နယ် သူတဦးက “လက်ရှိက မန္တလေးက လုံခြုံရေးတွေ တိုးမြှင့်ထားပြီး အစစ်အဆေးတွေ ကြမ်းနေ တဲ့ ကြားကနေ ဒေါက်တာတေဇာစန်းက မြို့ပေါ်ထိ တက်လာပြီး ဆန္ဒပြသွားတယ်ဆိုတော့ သူတို့နားရွက်ကို တံတွေးစွတ်သွား သလိုမျိုး ဖြစ်သွားတာပေါ့၊ ဒါကြောင့် လမ်းတွေပေါ်မှာ အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာမျိုးတွေ လုပ်လာကြတာကို တွေ့ရတယ်”ဟု ပြောသည်။

ဇူလိုင် ၂၄ ရက်က စ၍ မန္တလေးမြို့ပေါ်မှ ရဲစခန်းများ၊ ထွေအုပ်ရုံးများ၊ ဌာနဆိုင်ရာရုံးများ ရှေ့လမ်းမများပေါ်၌ သဲအိတ်များ၊ ဘန်ကာများ၊ အတားအဆီးများ လမ်းပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးတိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ ကားဖြင့် လုံခြုံရေး ကင်းလှည့်ခြင်း၊ မြို့ပေါ်ရပ်ကွက်များကို နေ့ည ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်နေသည်။

မန္တလေးမြို့ခံတဦးက “လမ်းပေါ်မှာ ကားတစီးမောင်းသာရုံ ချန်ထားပြီး ပိတ်ထားတယ်၊ အချို့လမ်းတွေဆိုရင် အပြလိုက် ပိတ်တာမျိုးတွေထိ လုပ်ထားတယ်”ဟု ပြောသည်။

ထိုသို့ လုံခြုံရေးတိုးမြှင့်ရခြင်းအပေါ် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး အား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားခြင်း မရှိပေ။

ဒေါက်တာ တေဇာစန်းသည် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က မန္တလေး ဆေးတက္ကသိုလ်အနီး၌ ဦးဆောင်ပြီး ဆန္ဒပြခဲ့ရာမှ တနိုင်လုံးအနှံ့ လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဖြစ်ပေါ် စေခဲ့သည့် မန္တလေး သပိတ်ခေါင်းဆောင်တဦး ဖြစ်ကာ စစ်ကောင်စီက ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်း ထုတ်ခံထားရသူလည်း ဖြစ်သည်။

“မင်းအောင်လှိုင် အာဏာရူးတဲ့အတွက် သူ့ရဲ့ဆိုးကျိုး နောက်ဆက်တွဲဒဏ်ကို မြန်မာ့တပ်မတော်ရော မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ရော လုံခြုံရေးတာဝန်ရှိသူအားလုံး ထိပ်ဆုံးကနေ ခံစားနေရတာ ဖြစ်တယ်၊ ဒါကြောင့် မြန်မာတပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့ ရန်သူဟာ မင်းအောင်လှိုင်ဆိုတာ ကျနော်တို့ ထပ်ခါထပ်ခါ တင်ပြနေရတာဖြစ်တယ်။ ဒါကို မြန်မာ့တပ်မတော် တာဝန်ရှိသူ များ လုံခြုံရေးတာဝန်ရှိသူများ အခုအချိန်မှာ ကောင်းကောင်းကြီး သဘောပေါက်သင့်ပြီ ဆိုတာ ကျနော်ထပ်လောင်းပြီး ပြောချင်ပါတယ်”ဟု ဒေါက်တာတေဇာစန်းက မှတ်ချက်ချ ပြောကြားခဲ့သည်။

You may also like these stories:

မန္တလေးကို ထိုးဖောက်ဝင်ရောက်ခဲ့သူ ဒေါက်တာတေဇာစန်းနှင့် မေးမြန်းခြင်း

တိုက်ပွဲများကြောင့် မန္တလေးနှင့် ပြင်ဦးလွင် လုံခြုံရေး တင်းကျပ်

မတ္တရာနှင့် ပုသိမ်ကြီးရှိ ရွာများ စစ်တပ် စီးနင်း

Your Thoughts …
Tags: ဒေါက်တာတေဇာစန်းမန္တလေးရဲတပ်ဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

Next Post
အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

ငြိမ်းချမ်းရေးအတွက် ရပ်တည်ချက်ခိုင်မာသူ (သို့) ပဒိုနော်စီဖိုးရာစိန် (ရုပ်/သံ)

ငြိမ်းချမ်းရေးအတွက် ရပ်တည်ချက်ခိုင်မာသူ (သို့) ပဒိုနော်စီဖိုးရာစိန် (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved