ဧရာဝတီမြစ်ရေကြီးပြီး ရေပြင်ကျယ်သည့် မိုးလယ်ကာလတွင်း စစ်တပ်သည် ဧရာဝတီမြစ်အတိုင်း ဆန်တက်ကာ ဗန်းမော်ကို လူ၊ လက်နက်၊ ခဲယမ်း၊ စစ်သုံးပစ္စည်း၊ ရိက္ခာနှင့် ခံစစ်ဆိုင်ရာ တည်ဆောက်ရေးသုံးပစ္စည်းများကို ဖြည့်တင်းနိုင်သွားခဲ့ပြီဖြစ်သည်။
မန္တလေး ဂေါဝိန်ဆိပ်မှ နှစ်သုတ်ခွဲ၍ ဇူလိုင်လ ၁၇ ရက်နေ့တွင် စတင်ထွက်ခွာလာသည့် စစ်ရေယာဉ်အုပ်စုတွင် သင်္ဘောအစီးရေ ၂၀ ကျော် ပါဝင်ခဲ့သည်။ ထိုအထဲက သင်္ဘော ၁၂ စီးမှာ ရွှေကူမြို့သို့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေတွင် ရောက်ရှိခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည့် မြစ်ကျဉ်းနေရာများကို ခက်ခက်ခဲခဲဖြတ်၍ ဩဂုတ်လ ၁ ရက်နေ့တွင် ဗန်းမော်သို့ ရောက်ရှိသွားခဲ့ကြသည်။
စစ်သင်္ဘောအုပ်စုသည် KIA နှင့် ပူးပေါင်းတပ်များ၏ မြို့သိမ်းတိုက်ပွဲ ခြောက်လကြာကာလတွင် ဗန်းမော်သို့ ယခုကဲ့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုမြို့သိမ်းတိုက်ပွဲကာလအတွင်း KIA နှင့် ပူးပေါင်းတပ်များသည် မြို့ပတ်လည်ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး ဗန်းမော်လေဆိပ်နှင့် အမှတ် (၃၆၆) အမြောက်တပ်ရင်း (အမတ ၃၆၆) အပါအဝင် အရေးပါသည့်နေရာများကို သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။
စစ်သင်္ဘောအုပ်စုသည် KIA နှင့် ပူးပေါင်းတပ်များ၏ မြို့သိမ်းတိုက်ပွဲ ခြောက်လကြာကာလတွင် ဗန်းမော်သို့ ယခုကဲ့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုမြို့သိမ်းတိုက်ပွဲကာလအတွင်း KIA နှင့် ပူးပေါင်းတပ်များသည် မြို့ပတ်လည်ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး ဗန်းမော်လေဆိပ်နှင့် အမှတ် (၃၆၆) အမြောက်တပ်ရင်း (အမတ ၃၆၆) အပါအဝင် အရေးပါသည့်နေရာများကို သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။
သို့သော် ဗန်းမော်စစ်မျက်နှာတွင် စစ်တပ်ဘက်က အဓိကကွပ်ကဲမှုနေရာဖြစ်သည့် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် အမှတ် (၄၇) ခြေလျင်တပ်ရင်း (ခလရ ၄၇)၊ အမှတ် (၉၃၃) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း (ထပရ ၉၃၃) နှင့် တပ်မ ၈၈ လက်အောက်ခံတပ်ရင်းများ၏ စစ်ကြောင်းများ ခံစစ်ဆင်ထားသည့်စခန်းများ အပါအဝင်နေရာ ရှစ်ခုခန့်ကို သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်။
ထိုအခြေအနေတွင် ဗန်းမော်ကို သိမ်းပိုက်ရလုနီးနီး အနေအထားဖြင့် KIA နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့ထားခဲ့သည်။ ထို့သို့ ဝိုင်းပတ်ပိတ်ဆို့မှုကြောင့် စစ်တပ်ဘက်က လေကြောင်းကသာ လေယာဉ်များနှင့် လေထီးဖြင့် ရိက္ခာနှင့်ခဲယမ်းများချပေးခြင်း၊ MI 17 ရဟတ်ယာဉ်ဖြင့် လူအင်အားနှင့် ထောက်ပံ့ပို့ဆောင်မှုများ ဆောင်ရွက်ခြင်းတို့ကိုသာ လုပ်ဆောင်လာနိုင်တော့သည်။
ပြီးခဲ့သည့် မေလအတွင်းက အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ရှိ ရဟတ်ယာဉ်ကွင်းအတွင်း ဆင်းသည့် MI-17 ရဟတ်ယာဉ်ကို KIA နှင့် PDF များက အဝေးမှ ပစ်ခတ်တိုက်ခိုက်သဖြင့် ဗန်းမော်နှင့်ရွှေကူအကြားတွင် ပျက်ကျခဲ့သည်။ နောက်ထပ် MI-17 ရဟတ်ယာဉ်တစင်းသည်လည်း ရွှေကူတွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီး ရပ်တန့်ထားစဉ် ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးခံလိုက်ရသည်။ ထို့နောက်ပိုင်းတွင် စစ်တပ်ဘက်က ဗန်းမော်အတွက် ရဟတ်ယာဉ်သုံး၍ ထောက်ပံ့ပို့ဆောင်ရန် အလွန်ခက်ခဲသွားခဲ့သည်။
ထို့ကြောင့် ယခင်နှစ်ကကဲ့သို့ စစ်တပ်ဘက်က သင်္ဘောများဖြင့် ဗန်းမော်ကို အင်အားဖြည့်တင်းရန်နှင့် ထောက်ပံ့ပို့ဆောင်မှု ဆောင်ရွက်ရန် အစီအမံဆွဲခဲ့ဟန်တူသည်။ လေကြောင်းက ထောက်ပို့ရန် ခက်ခဲသည့်အတွက် ရေကြောင်းကို စဉ်းစားရသော်လည်း ယခင်နှစ်က ဧရာဝတီမြစ်ကြောင်းအတိုင်း ထောက်ပံ့ပို့ဆောင်မှု အစီအမံသည်လည်း အလဲလဲအကွဲကွဲ ဖြစ်ခဲ့ရသည်။

ထို့ကြောင့် စစ်တပ်သည် ယခုနှစ်တွင် ရေကြောင်းမှ ထောက်ပံ့ပို့ဆောင်မှုအစီအမံကို အသေးစိတ်ဆွဲ၍ ဖိဖိစီးစီး ဆောင်ရွက်လာခဲ့သည်။ လေကြောင်းပစ်ကူ အဆမတန်အသုံးပြုခြင်း၊ မြေပြင်စစ်ကြောင်းများဖြင့် မြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးခြင်းများ ဆောင်ရွက်ပြီး စောင့်ကြိုတိုက်ခိုက်နိုင်သည့်နေရာများကို လေကြောင်းမှ ကြိုတင် ချေမှုန်းနိုင်ခဲ့သည်ကို တွေ့ရသည်။
စစ်သင်္ဘောများ မရောက်ရှိခင်ကတည်းက ဗန်းမော်ဆိပ်ကမ်းကို စိုးမိုးမှု ကြိုတင်ရယူထားနိုင်ခြင်းကလည်း စစ်တပ်အတွက် စစ်သင်္ဘောများပေါ်မှ ပစ္စည်းများ အလွယ်တကူ တင်ချနိုင်ရန်အတွက် အားသာချက် ဖြစ်စေခဲ့သည်။
စစ်သင်္ဘောများ မရောက်ရှိခင်ကတည်းက ဗန်းမော်ဆိပ်ကမ်းကို စိုးမိုးမှု ကြိုတင်ရယူထားနိုင်ခြင်းကလည်း စစ်တပ်အတွက် စစ်သင်္ဘောများပေါ်မှ ပစ္စည်းများ အလွယ်တကူ တင်ချနိုင်ရန်အတွက် အားသာချက် ဖြစ်စေခဲ့သည်။
ထိုသို့ဖြင့် စစ်သင်္ဘောများ ရောက်ရှိလာသည့်အခါ ကုန်တင်ကုန်ချခြင်း၊ ပါရှိလာသည့် လက်နက်၊ ခဲယမ်း၊ ရိက္ခာ စသည့် ပစ္စည်းများကို သယ်ဆောင်နေရာချခြင်းများအား စစ်တပ်က စိတ်တိုင်းကျ ပြုလုပ်နိုင်ခဲ့သည်။
ဗန်းမော်စစ်မျက်နှာကို အနီးကပ် ကွပ်ကဲနေသည့် စကခ ၂၁ စကခမှူးဖြစ်သူ ဗိုလ်မှူးချုပ် တင်မင်းလတ်အတွက်လည်း စစ်သင်္ဘောများ ရောက်လာခြင်းသည် အားရစရာအခြေအနေသို့ ရောက်လာစေခဲ့သည်။
စကခ ၂၁ ကို လက်လွှတ်ရဆဲဆဲ အခြေအနေတွင် စကခမှူးအနေဖြင့် အရှင်အဖမ်းခံရနိုင်သည့် ရာခိုင်နှုန်း များနေရာမှ စစ်ကူနှင့်အုပ်ချုပ်ထောက်ပံ့မှု အပြည့်အစုံရသွားသဖြင့် ခံစစ်မှ တိုက်စစ်သို့ ပြောင်း၍ ကွပ်ကဲရန်အတွက် အခွင့်အရေးရသွားခဲ့ရသည်။
ထို စကခမှူးသည် ဗန်းမော်တွင် ရဟတ်ယာဉ်ပျက်ကျသည့်ရက်ပိုင်း မရှေးမနှောင်းကာလတွင် စကခ ၂၁ တီးဝိုင်းကို အတင်းတီးခိုင်းပြီး ရုပ်သံရိုက်ကူးကာ ဝါဒဖြန့်ခဲ့သေးသည်။ ယခု အခြေအနေကြောင့် သူလုပ်သမျှ အမှန်ဆိုသလို ဖြစ်သွားခဲ့၏။
တကယ်တမ်းဆိုရလျှင် မိုးမောက်၊ မံစီရှိ စစ်တပ်ဌာနချုပ်များ အပါအဝင် စကခ ၂၁ ကွပ်ကဲမှုအောက်တပ်များမှ ဆုတ်ခွာလာခဲ့ကြသည့် စစ်တပ်အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များသည် စကခ ၂၁ အတွင်း စုပြုံရောက်ရှိနေသည်။
ထိုအင်အားများသည် စကခ ၂၁ အပါအဝင် ဗန်းမော်အခြေစိုက်တပ်များ၏ တပ်ပတ်လည်ကို ခံစစ်ဆင် ခုခံနေခဲ့ရခြင်းဖြစ်သည်။ အင်အားအများအပြားသည်လည်း ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ကြရပြီးဖြစ်သည်။ အချို့မှာမိသားစုလိုက်ပင် သေဆုံးခဲ့ကြရသဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေခဲ့ကြရသည်အထိ ဖြစ်ခဲ့ရကြောင်း သိရသည်။
ထိုအခြေအနေမှ ဗန်းမော်သည် ရှမ်းမြောက်ရှိ တောင်ခမ်းကဲ့သို့ ကျတော့မလိုလိုနှင့် ခံစစ်မှသည် တန်ပြန်ထိုးစစ် (တိုက်စစ်) သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြောင်းလဲလာရခြင်းမှာ မြန်မာ့နိုင်ငံရေးတွင် အဓိက ဇာတ်ညွှန်းဆရာ တရုတ်၏ စနက်ကလည်း အဓိကအကျုံးဝင်သော အချက်ဖြစ်မည်ထင်၏။
KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လကို ပြီးခဲ့သည့် ဇွန်လအတွင်းက ကျန်းမာရေး စစ်ဆေးမှုခံယူရန်ဆိုသည့် ခေါင်းစဉ်နှင့် တရုတ်တို့က ခေါ်ယူခဲ့သေးသည်။ ထိုကာလအလွန်မှစကာ ဗန်းမော်တွင် စစ်ရှိန်တန့်သွားသည့်သဘောကို တွေ့ခဲ့ရသည်။ ထိုသို့ တန့်နေသယောင်ရှိသည့် စစ်ရေးအခြေအနေတွင် စစ်သင်္ဘောအုပ် ရောက်ရှိလာမှုကြောင့် စစ်တပ်ဘက်က အားသာမှုရသည့် အခြေအနေတခု ဖြစ်လာခဲ့သည်။
KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လကို ပြီးခဲ့သည့် ဇွန်လအတွင်းက ကျန်းမာရေး စစ်ဆေးမှုခံယူရန်ဆိုသည့် ခေါင်းစဉ်နှင့် တရုတ်တို့က ခေါ်ယူခဲ့သေးသည်။ ထိုကာလအလွန်မှစကာ ဗန်းမော်တွင် စစ်ရှိန်တန့်သွားသည့်သဘောကို တွေ့ခဲ့ရသည်။ ထိုသို့ တန့်နေသယောင်ရှိသည့် စစ်ရေးအခြေအနေတွင် စစ်သင်္ဘောအုပ် ရောက်ရှိလာမှုကြောင့် စစ်တပ်ဘက်က အားသာမှုရသည့် အခြေအနေတခု ဖြစ်လာခဲ့သည်။
ဩဂုတ်လ ၁ ရက်နေ့တွင် ဗန်းမော်သို့ စစ်သင်္ဘောကိုးစီး ရောက်ရှိလာပြီးနောက် အင်အားဖြည့် ရောက်လာသည့် တပ်များနှင့် စကခ ၂၁ တွင် မင်းခေါင်စစ်ကြောင်းအမည်ဖြင့် စကခ ၂၁ မှ နည်းဗျူဟာမှူးတဦးကို ဦးဆောင်စေခဲ့ပြီး စုဖွဲ့မှုများ ဆောင်ရွက်ခဲ့သည်။
သုံးရက်အကြာ ဩဂုတ်လ ၄ ရက်နေ့တွင် လေကြောင်းပစ်ကူဖြင့် ပြန်သိမ်းရမည့်နေရာများကို ကြို၍ဗုံးကြဲသည်။ မြေပြင်စစ်ကြောင်းများသည် ဒရုန်းတပ်ဖွဲ့များအကူအညီဖြင့် ဗုံးချတိုက်ခိုက်ခြင်း၊ အမြောက်များနှင့် ခြေလျင်အကူပစ် လက်နက်ကြီးများ အပါအဝင် လက်နက်ကြီးပစ်ကူများ ရယူကာ ချဉ်းကပ်တိုက်ခိုက်လာခဲ့သည်ကို တွေ့ရသည်။
လတ်တလော အနေအထားအရ ခန့်မှန်းမိသည်မှာ မင်းခေါင်စစ်ကြောင်းသည် အဓိကစစ်ကြောင်း နှစ်ခုဖြင့် ထိုးစစ်ဆင်နေပြီး ပထမဆုံးအနေဖြင့် စကခ ၂၁ နှင့် အနီးဆုံး တပ်ဌာနချုပ်တခုဖြစ်သည့် အမတ ၃၆၆ နှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ် (စရတ-ဗန်းမော်) ကို ထိုးစစ်ဆင်၍ ပြန်လည်သိမ်းပိုက်သည်။
ထိုမှ အရှေ့ဘက်သို့ဆက်ထိုးပြီး လေယာဉ်ကွင်းကို သိမ်းသည်။ ဆက်တိုး၍ ထိုးစစ်ဆင်သွားနိုင်ပါက မိုးမောက်ဘက်အထွက် ၄ မိုင်ရှိ ထောက်ပို့တပ်နှင့် တပ်ချင်းဆက်ရန်ဖြစ်သည်။ ထိုးစစ်ကြောင်းသည် မိုးမောက်ဘက်သို့ စစ်ကြောင်းထိုးမည်မဟုတ်ဘဲ ထောက်ပို့တပ်ဘက်ကို လမ်းပွင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ လမ်းကြောင်းပွင့်ပါက ယခု စစ်သင်္ဘောအုပ်နှင့် ပါလာသည့် ရိက္ခာများကိုနေရာချ၍ စုပုံထားနိုင်မည်ဖြစ်သည်။

ထို မင်းခေါင်စစ်ကြောင်း၏ နောက်ထပ်စစ်ကြောင်းမှာ မံစီဘက်အထွက် ၄ မိုင်ရှိ ခလရ ၄၇ ဘက်သို့ စစ်ကြောင်းထိုးနေသည့်သဘော တွေ့ရသည်။ စကခ ၂၁ နှင့် ခလရ ၄၇ အကြား ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ရန်ဖြစ်သည်။ လမ်းကြောင်းပွင့်ပါက ခလရ ၄၇ က အပြန်အလှန် စစ်ကူပစ်ကူပေးနိုင်ပြီး လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုများကိုလည်း စကခ ၂၁ မှတဆင့်ပေးနိုင်မည်ဖြစ်သည်။
မြို့တွင်းအခြေစိုက် တပ်ချင်းချိတ်ဆက်နိုင်ရေးနှင့် မြို့တွင်းနေရာများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်တပ်ဘက်က ကြိုးစားနေသည်ကို တွေ့ရသည်။ ထိုမှတဆင့်တက်နိုင်ပါက မြို့ပတ်လည် လုံခြုံရေးဆောင်ရွက်ပြီး မြို့ကို လုံးဝထိန်းချုပ်သွားနိုင်ရေး ဆက်လက် ဆောင်ရွက်လာနိုင်ဖွယ် ရှိနေသည်။
မြို့တွင်းအခြေစိုက် တပ်ချင်းချိတ်ဆက်နိုင်ရေးနှင့် မြို့တွင်းနေရာများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်တပ်ဘက်က ကြိုးစားနေသည်ကို တွေ့ရသည်။ ထိုမှတဆင့်တက်နိုင်ပါက မြို့ပတ်လည် လုံခြုံရေးဆောင်ရွက်ပြီး မြို့ကို လုံးဝထိန်းချုပ်သွားနိုင်ရေး ဆက်လက် ဆောင်ရွက်လာနိုင်ဖွယ် ရှိနေသည်။
ယခုကဲ့သို့ ဗန်းမော်ကို ပြန်လည်ထိန်းချုပ်ခွင့်ရရေး ဆောင်ရွက်နေသည့် စစ်တပ်သည် မြေပြင်တိုက်ပွဲများအတွက် ဒရုန်းများကို စုံစမ်း စောင့်ကြည့် ဖော်ထုတ်သည့် (Intelligence, Surveillance, and Reconnaissance -ISR) နေရာများတွင် ထိထိရောက်ရောက် သုံးလာသည်။
ထိုကဲ့သို့ ဒရုန်းနှင့် အကဲကြည့်ပြီး နေရာများကို တိုက်လေယာဉ်များ၊ တိုက်ရိုက်ပစ် လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းပါ ကင်မရာများမှတဆင့် မြင်ကွင်းကို တိုက်ရိုက်ကြည့်ရှုပစ်ခတ်နိုင်သည့် FPV (First Person View) ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်မှုတို့ကို ဖောဖောသီသီ သုံးလာ ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခြင်းသည် နောင်ချို၊ မိုးဗြဲအပါအဝင် စစ်တပ်၏ တန်ပြန်ထိုးစစ်များတွင် အတွေ့များလာသည့် တိုက်ခိုက်မှုပုံစံလည်း ဖြစ်သည်။
အချုပ်ဆိုရသော် စစ်တပ်သည် ဗန်းမော်စစ်မျက်နှာတွင် ခံစစ်အနေအထားမှ တိုက်စစ်သို့ ပြောင်းလဲလာသည်ကို တွေ့လာရသည်။ ထိုအခြေအနေတွင် စစ်တပ်ထောက်ခံ လော်ဘီများသည် လိုင်ဇာနှင့် မိုင် ၅၀ အကွာသို့ ရောက်လာပြီဖြစ်၍ စစ်ရှိန်မြှင့်ရန် တောင်းဆိုလာကြသည်။
လိုင်ဇာကိုမဆိုထားနှင့် ဗန်းမော်မြို့ တောင်ဘက် ၁၅ မိုင် ဝန်းကျင်ရှိ မံစီနှင့် အရှေ့ဘက် မိုင် ၂၀ ဝန်းကျင်ရှိ မိုးမောက်တို့ကိုပင် ပြန်လည်ရယူရန် မဖြစ်နိုင်သေးပေ။ စစ်တပ်အနေဖြင့် ဗန်းမော်မြို့တွင်းရှိ နေရာများကို ပစ်ကူပစ်အား အလွန်အကျွံ သုံးစွဲခြင်း၊ ပြည်သူ့စစ်မှုထမ်းဆင်း စစ်သားအင်အား အများအပြားပါသည့် စစ်ကြောင်းများနှင့် မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်သွားမည့်သဘော ရှိနေသည်။
တကယ်တမ်း သုံးသပ်မည်ဆိုပါက စစ်တပ်သည် ခံစစ်မှ တိုက်စစ်သို့ ပုံစံပြောင်းလာနိုင်သည့် အခြေအနေ၊ တနည်းအားဖြင့် တန်ပြန်တိုက်စစ်ဆင်လာနိုင်သည့် အနေအထားတွင်သာ ရှိနေသေးသည်။ ဗန်းမော်မြို့နှင့် အနီးဝိုက်နေရာများကိုပင် ပြန်ရအောင် အတော်လုပ်ယူရဦးမည်ဖြစ်သည်။
လိုင်ဇာကိုမဆိုထားနှင့် ဗန်းမော်မြို့ တောင်ဘက် ၁၅ မိုင် ဝန်းကျင်ရှိ မံစီနှင့် အရှေ့ဘက် မိုင် ၂၀ ဝန်းကျင်ရှိ မိုးမောက်တို့ကိုပင် ပြန်လည်ရယူရန် မဖြစ်နိုင်သေးပေ။ စစ်တပ်အနေဖြင့် ဗန်းမော်မြို့တွင်းရှိ နေရာများကို ပစ်ကူပစ်အား အလွန်အကျွံ သုံးစွဲခြင်း၊ ပြည်သူ့စစ်မှုထမ်းဆင်း စစ်သားအင်အား အများအပြားပါသည့် စစ်ကြောင်းများနှင့် မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်သွားမည့်သဘော ရှိနေသည်။
မကြာမီ စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ ပြန်လည် ထိန်းချုပ်နိုင်သည့် မြို့တမြို့အဖြစ် ဗန်းမော်ကို အလုံးစုံ သိမ်းပိုက်နိုင်ရေး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိအားပေးထားသည်။
ထိုဖိအားသည် တိုင်းမှူးအလောင်းအလျာအဖြစ် နာမည်ကြီးနေသည့် စကခ ၂၁ မှူး ဗိုလ်မှူးချုပ် တင်မင်းလတ်အတွက် လုပ်ကွက်ကောင်းတခု ဖြစ်နေသည်။ သူ့လိုပင် ဗန်းမော်ရှိ စစ်တပ်က မြေပြင်တပ်မှူးများကလည်း လက်အောက်ကို စတေး၍ စစ်ခေါင်းဆောင်အကြိုက် ဗန်းမော်ကို ထိန်းချုပ်နိုင်အောင် လုပ်ပြသွားဖွယ်ရှိသည်ဟု သုံးသပ်မိပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ဗန်းမော် အမြောက်တပ် စစ်တပ် ပြန်ရဟုဆို
မြစ်ရေကြီးချိန် ဗန်းမော်ကို စစ်ကောင်စီ ထောက်ပို့
ဗန်းမော်ကို စစ်တပ်က လေကြောင်းမှ ပိုမိုတိုက်ခိုက်လာ
ဗန်းမော်မြို့မကျရေး စစ်ကောင်စီ အင်အားသုံးထိုးစစ်ဆင် (ရုပ်/သံ)
ရဟတ်ယာဉ်နှစ်စင်း ပစ်ချပြီးနောက် ဗန်းမော်ထိုးစစ် KIA ပြန်မြှင့်














