ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖြစ်တဲ့ ဗန်းမော်မြို့ ကျမသွားရေးအတွက် စစ်ကောင်စီတပ်က မြေပြင်ဝေဟင် အင်အားသုံးတိုက်ခိုက်နေတယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောပါတယ်။
ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် KIA နဲ့ ပူးပေါင်းတပ်တွေက မြို့ပေါ်မှာရှိတဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နဲ့ ရပ်ကွက်အတော်များများကို လနဲ့ချီပြီး စီးနင်းထားတာ ဖြစ်ပါတယ်။
ဗန်းမော်မြို့ဟာ စကခ-၂၁ အပါအဝင် စစ်ကောင်စီတပ် စုစုပေါင်း ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီး ဗန်းမော်မြို့ ကျသွားရင် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေ အားလုံး ကျသွားနိုင်တာကြောင့် စစ်ရေးအတွက် အရေးကြီးတဲ့ မြို့ တမြို့ဖြစ်သတ်မှတ် ခံထားရတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #KIA #ကချင် #ဗန်းမော်မြို့ #စကခ၂၁ #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












