စစ်ကောင်စီကို လေယာဉ်ဆီ ထောက်ပံ့နေတဲ့နိုင်ငံခြား ကုမ္ပဏီတွေကို ပိတ်ဆို့မှု တိုးမြှင့်ရေးနဲ့အတူ ငွေကြေးအထောက်အပံ့အသစ်တွေ ထပ်မရောက်စေဖို့ ပိတ်ဆို့မယ့်အချက်တွေအပါအဝင် စစ်ရေး၊ ဘဏ္ဏာရေး ဖိအားပေးဖို့ ရည်ရွယ်တဲ့ မြန်မာနိုင်ငံအတွက် ဥပဒေကြမ်း ၃ ခုကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီနဲ့ ဘဏ္ဏာရေးကော်မတီတွေက အတည်ပြုလိုက်ပါတယ်။
အဲဒီ ဥပဒေကြမ်း ၃ ခုကတော့ “BRAVE မြန်မာဥပဒေကြမ်း”၊ “မြန်မာ GAP ဥပဒေကြမ်း” နဲ့ “မြန်မာဘဏ္ဍာရန်ပုံငွေ အသစ်မရနိုင်ရေး ဥပဒေကြမ်း” တွေ ဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်နေ့ တရက်တည်းမှာပဲ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
BRAVE မြန်မာဥပဒေကြမ်းဟာ မြန်မာ စစ်အာဏာရှင်အတွက် ရန်ပုံငွေရှာဖွေပေးနေတဲ့အဓိက အရင်းအမြစ်ကို ဖြတ်တောက်ကာ အရပ်သားတွေကို လေကြောင်း တိုက်ခိုက်မှု လုပ်နိုင်စွမ်းကိုလည်း ကျဆင်းစေမှာဖြစ်တယ်လို့ အမေရိကန်လွှတ်တော်အမတ် ဘေလ်ဟိုင်ဇင်ဂါ က ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ကောင်စီ #လေယာဉ်ဆီ #စစ်ရေး #ဘဏ္ဍာရေး #ဥပဒေကြမ်း #အမေရိကန်အောက်လွှတ်တော် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












