၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့မှာ ပထမဆုံးအနေနဲ့ တက်ရောက်ပါတယ်။ အဲဒီ အခမ်းအနားဟာ လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေ ၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အထိမ်းအမှတ် အခမ်းအနားဖြစ်ပါတယ်။ အာဇာနည်ဗိမာန်ကို သူသွားရောက်တာဟာ လာမယ့် ဒီဇင်ဘာလမှာ စစ်ကောင်စီ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အာဇာနည်နေ့ အခမ်းအနားတွေကို စစ်ကောင်စီရဲ့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးက ကိုင်တွယ်ပြီး မင်းအောင်လှိုင် တက်ရောက်ဖို့ ပျက်ကွက်နေတာ ထင်ရှားပါတယ်။
အခု ရွေးကောက်ပွဲက ငါးလသာ လိုတော့တဲ့အချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်တဲ့ သူ့ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမိုင်းဝင်နေအိမ်ကို သွားရောက်တယ်။ ဗိုလ်ချုပ်ရဲ့ကားကို ပြန်လည် ပြုပြင်ထိန်းသိမ်းပေးဖို့၊ နေအိမ်ပတ်ဝန်းကျင် သန့်ရှင်းစေဖို့ ကတိပြုတာလိုမျိုး ဟန်ပြဆန်တာတွေ လုပ်လာပါတယ်။
အခု ရွေးကောက်ပွဲက ငါးလသာ လိုတော့တဲ့အချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်တဲ့ သူ့ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမိုင်းဝင်နေအိမ်ကို သွားရောက်တယ်။ ဗိုလ်ချုပ်ရဲ့ကားကို ပြန်လည် ပြုပြင်ထိန်းသိမ်းပေးဖို့၊ နေအိမ်ပတ်ဝန်းကျင် သန့်ရှင်းစေဖို့ ကတိပြုတာလိုမျိုး ဟန်ပြဆန်တာတွေ လုပ်လာပါတယ်။
သူဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေ လုပ်ကြံခံရတဲ့ အတွင်းဝန်ရုံးကိုလည်း သွားရောက်ပြီး သမိုင်းဝင်ဓာတ်ပုံတွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို စာလုံးပေါင်းမှန်မှန်နဲ့ စာတန်းတွေထိုးဖို့ တိုက်တွန်းတယ်။ ဒီလုပ်ရပ်တွေဟာလည်း ရွေးကောက်ပွဲမတိုင်မီ အများပြည်သူရှေ့မှာ ထွင်လုံး လုပ်တာလို့ အများက မြင်ကြပါတယ်။
စစ်အဏာသိမ်းပြီးနောက် နှစ်နဲ့ချီစွာ အကြမ်းဖက်ဖိနှိပ်ပြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ အစဉ်အလာကြီးမှုအပေါ် မင်းအောင်လှိုင်ရဲ့ ရုတ်တရက် လေးစားကြည်ညိုလာခြင်းဟာ သူ့ရွေးကောက်ပွဲကို ကြော်ငြာဖို့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ပုံရိပ်ကို အသုံးချတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်စေတယ်။ အဲဒီ ရွေးကောက်ပွဲဟာ တရားဝင်မှုရရေး သူ့အားထုတ်မှုအတွက် အရေးပါတယ်လို့ သတ်မှတ်ကြတယ်။

“ရွေးကောက်ပွဲ အောင်မြင်ဖို့ မင်းအောင်လှိုင်က ဗိုလ်ချုပ် အောင်ဆန်းရဲ့ ပုံရိပ်ကို အသုံးချ အမြတ်ထုတ်ဖို့ ကြိုးစားနေတာ ထင်ရှားတယ်” လို့ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ အသက် ၂၅ နှစ်အရွယ် ဘွဲ့ရကျောင်းသားတဦးက ပြောပါတယ်။
စစ်အာဏာသိမ်း ခေါင်းဆောင်တယောက်က လူထုထောက်ခံမှုရဖို့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ပုံရိပ်ကိုသုံးတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အာဏာရှင်ဟောင်း နေဝင်းက သူ့ရဲ့တော်လှန်ရေးကောင်စီကို ကြော်ငြာဖို့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူနဲ့တွဲရိုက်ထားတဲ့ ရှားပါးဓာတ်ပုံကို အသုံးချတယ်။ သမ္မတဟောင်း ဦးသိန်းစိန်ကလည်း သူအပေါ် ထောက်ခံမှု တိုးတက်အောင် ဗိုလ်ချုပ် အောင်ဆန်း ပုံဘေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဓာတ်ပုံရိုက်ခံတယ်။
စစ်အာဏာသိမ်း ခေါင်းဆောင်တယောက်က လူထုထောက်ခံမှုရဖို့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ပုံရိပ်ကိုသုံးတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အာဏာရှင်ဟောင်း နေဝင်းက သူ့ရဲ့တော်လှန်ရေးကောင်စီကို ကြော်ငြာဖို့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူနဲ့တွဲရိုက်ထားတဲ့ ရှားပါးဓာတ်ပုံကို အသုံးချတယ်။ သမ္မတဟောင်း ဦးသိန်းစိန်ကလည်း သူအပေါ် ထောက်ခံမှု တိုးတက်အောင် ဗိုလ်ချုပ်အောင်ဆန်း ပုံဘေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဓာတ်ပုံရိုက်ခံတယ်။
အခု မင်းအောင်လှိုင်က အလားတူလုပ်လာပြီး ရွေးကောက်ပွဲ နီးလာတာနဲ့အတူ ဗိုလ်ချုပ် အောင်ဆန်းကို ချစ်ခင်လေးစားမှု ပြသဖို့လို့ မြင်ကြပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ် မီဒီယာက မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့ တိုက်တွန်းတဲ့ သဝဏ်လွှာတစောင်ကို ထုတ်လွှင့်တယ်။ မင်းအောင်လှိုင်က ဗိုလ်ချုပ် အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး သူ့ဖခင် ဗိုလ်ချုပ် အောင်ဆန်းကို လေးစားဂုဏ်ပြုတယ်လို့ ပြောနေတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ထောင်နှစ်ရှည်ချ ဖမ်းဆီးထားတယ်။ အရင်စစ်အုပ်စုတွေအောက် သူ့နေအိမ်အကျယ်ချုပ်ကာလမှာ အာဇာနည်နေ့အခမ်းအနား တက်ရောက်ခွင့်ပြုခဲ့ပေမဲ့ လက်ရှိ စစ်ကောင်စီကတော့ အာဏာသိမ်းပြီးနောက်ပိုင်း အာဇာနည်နေ့အခမ်းအနား တက်ရောက်ခွင့် ပိတ်ပင်ထားတယ်။

ဇူလိုင်လ ၁၉ ရက်နေ့မှာ မင်းအောင်လှိုင်က စစ်ဝတ်စုံအပြည့်နဲ့ ရောက်လာပြီး အာဇာနည်ဗိမာန်မှာ ပန်းခွေချတယ်။ ဒါဟာ ဟန်ဆောင်မှုပဲလို့ အများက မြင်ကြတယ်။
ရွေးကောက်ပွဲတွေ ကျင်းပဖို့ မင်းအောင်လှိုင်ရဲ့ ရည်မှန်းချက်ဟာ ပါလီမန်မဲနဲ့ သမ္မတဖြစ်ဖို့လို့ သုတေသီတွေ ယုံကြည်တယ်။ အဲဒီလိုလုပ်ဖို့ စစ်တပ်ဟာ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့မြို့တွေကို ဗုံးကြဲနေတယ်။ မဲဆန္ဒ လေ့ကျင့်ရေးကို တနိုင်ငံလုံးမှာ လုပ်တယ်။ နိုင်ငံရေးပါတီကို ကန့်သတ်ချက်တွေ လျှော့ပေးတယ်။ ငြိမ်းချမ်းရေးဖိုရမ်တွေ ကျင်းပတယ်။ သူက နက္ခတ်ဗေဒင်တွေ အသုံးချပြီး သူ့ပုံရိပ်ကို ကျားကန်ဖို့ ဘာသာရေးထုံးစံတွေလည်း လုပ်တယ်။
ရွေးကောက်ပွဲတွေ ကျင်းပဖို့ မင်းအောင်လှိုင်ရဲ့ ရည်မှန်းချက်ဟာ ပါလီမန်မဲနဲ့ သမ္မတဖြစ်ဖို့လို့ သုတေသီတွေ ယုံကြည်တယ်။ အဲဒီလိုလုပ်ဖို့ စစ်တပ်ဟာ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့မြို့တွေကို ဗုံးကြဲနေတယ်။ မဲဆန္ဒ လေ့ကျင့်ရေးကို တနိုင်ငံလုံးမှာ လုပ်တယ်။ နိုင်ငံရေးပါတီကို ကန့်သတ်ချက်တွေ လျှော့ပေးတယ်။ ငြိမ်းချမ်းရေးဖိုရမ်တွေ ကျင်းပတယ်။ သူက နက္ခတ်ဗေဒင်တွေ အသုံးချပြီး သူ့ပုံရိပ်ကို ကျားကန်ဖို့ ဘာသာရေးထုံးစံတွေလည်း လုပ်တယ်။
ဗိုလ်ချုပ် အောင်ဆန်းရဲ့ အစဉ်အလာကြီးမှုကို အသုံးချတာကတော့ အများပြည်သူ ထောက်ခံမှုရဖို့ အဲဒီ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ သုတေသီတွေကပြောတယ်။
အဲဒီလို ဟန်ကြီးပန်ကြီးတွေလုပ်ပေမဲ့ နိုင်ငံသားအများအပြားက မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို မရိုးသားဘူးလို့ မြင်ကြတယ်။ ဗိုလ်ချုပ် အောင်ဆန်း တည်ထောင်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ အာဏာရှင်ဟောင်း နေဝင်းအောက်မှာ ပြည်သူ့တပ်မတော်ဆိုတဲ့ ဂုဏ်သိက္ခာ ဆုံးရှုံးခဲ့တယ်။
မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုအောက်မှာ အဲဒီစစ်တပ်ကို ဖက်ဆစ် စစ်တပ်လို့ မြင်ကြတယ်။ မြန်မာပြည်သူတွေက ရွံမုန်းလွန်းလို့ စစ်ကောင်စီစစ်သားတွေကို “စစ်ခွေးတွေ” လို့ ခေါ်ကြနေကြပါပြီ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Junta Boss’s Sudden Embrace of Gen. Aung San Seen as Election Ploy ကို ဘာသာပြန်သည်။)
You may also like these stories:
အာဇာနည်နေ့ကို စစ်ခေါင်းဆောင်က မည်သည့်အတွက် အလေးမထားသနည်း
အာဇာနည်နေ့ကို ထောင်အတွင်းကသာ ဖြတ်သန်းရဦးမယ့် ဒေါ်အောင်ဆန်းစုကြည်
ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်
စစ်ရှုံးနေသော မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းလာ
အတုအယောင် ရွေးကောက်ပွဲဖြင့် မင်းအောင်လှိုင် အာဏာ ဆွဲဆန့်ဖို့ ပြင်
ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား













