• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အတုအယောင် ရွေးကောက်ပွဲဖြင့် မင်းအောင်လှိုင် အာဏာ ဆွဲဆန့်ဖို့ ပြင်

by နွေနေ
1 July 2025
in သူ့အတွေး သူ့အမြင်
A A
စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ

၂၀၁၅ ရွေးကောက်ပွဲတွင် တပ်ချုပ် မင်းအောင်လှိုင် မဲပေးစဉ်/ AFP

3.3k
VIEWS
Share on FacebookShare on Twitter

ဇွန်လကုန်လျှင် ၂၀၂၅ ခုနှစ် ထက်ဝက်ကျိုးပြီ။ နောက် ခြောက်လဆိုလျှင် ၂၀၂၅ ခုနှစ် ကုန်ပြီ။ မြန်မာနိုင်ငံ အာဏာသိမ်း စစ်နွံထဲ ကျရောက်သည်မှာလည်း ငါးနှစ် ပြည့်မည်ဟု ဆိုရမည်။ မြန်မာ့သမိုင်းတွင် စစ်တပ်က အာဏာတခါသိမ်းလျှင် အနည်းဆုံး ၁၀ နှစ် ကြာတတ်သည်ဟု ပြောစမှတ်ပြုကြသည်။

ထိုပြောစမှတ်ကို အပိုတွေပါဟု ယူဆခဲ့သည်။ ၁၉၈၈ စစ်အာဏာသိမ်းမှုကို ပထမဆုံး ကြုံတွေ့လိုက်ရသည့်အခါ သိပ်မကြာပါဘူး၊ ဒီမိုကရေစီ ရမှာပါဟု မျှော်လင့်ခဲ့သည်။ အခြေအနေ အချိန်အခါများအရလည်း စစ်တပ်သည် ဘယ်လိုမှ သက်ဆိုးမရှည်နိုင်။

RelatedPosts

မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

9 July 2025
810
စစ်ကောင်စီ၏ တကျော့ပြန် ငြိမ်းချမ်းရေး ကစားပွဲ

စစ်ကောင်စီ၏ တကျော့ပြန် ငြိမ်းချမ်းရေး ကစားပွဲ

8 July 2025
783
မြန်မာပြည်ထုတ် ငြိမ်းချမ်းရေးအတုနှင့် စစ်ပွဲအစစ်

မြန်မာပြည်ထုတ် ငြိမ်းချမ်းရေးအတုနှင့် စစ်ပွဲအစစ်

5 July 2025
1.2k

၁၉၉၀ ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားပြန်မည်ဟု မျှော်လင့်ခဲ့သော စစ်တပ်သည် ၂၀၁၀ မတိုင်မီအထိ ကုပ်တွယ်ထားသော ပလ္လင်ပေါ်မှ မဆင်း။ ၁၉၈၈ စစ်အာဏာသိမ်းပြီးကာလ အခင်းအကျင်းသည် ၈၈ ဒီမိုကရေစီ လူထုအုံကြွလှုပ်ရှားမှု တော်လှန်ရေးကို စစ်တပ်က အရှုံးပေးလိုက်ရပြီဟု ထင်မှတ်ရသည်။

ကတိအတိုင်း ရွေးကောက်ပွဲတခု ကျင်းပပေးသော်လည်း အရပ်ဘက်အစိုးရကို အာဏာလွှဲမပေးချင်သောအခါ ဉာဏ်နီဉာဏ်နက်မျိုးစုံ၊ ကလိမ်ကကျစ်မျိုးစုံဖြင့် အာဏာကို ဆယ်စုနှစ်တခုကျော်အထိ ဆွဲဆန့်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တကျော့ပြန် အာဏာသိမ်းလိုက်သောအခါ ယခင်လို အချိန်အကြာကြီး ခံမည်မဟုတ်၊ ခြောက်လ၊ တနှစ်အတွင်း ခွေးပြေးဝက်ပြေး ပြေးရလိမ့်မည် ထင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တကျော့ပြန် အာဏာသိမ်းလိုက်သောအခါ ယခင်လို အချိန်အကြာကြီး ခံမည်မဟုတ်၊ ခြောက်လ၊ တနှစ်အတွင်း ခွေးပြေးဝက်ပြေး ပြေးရလိမ့်မည် ထင်ခဲ့သည်။

ထိုအချိန်တွင် တချို့က စစ်အာဏာတခါ သိမ်းလျှင် ဘယ်လောက်အထိ ကြာသည်ဆိုပြီး လာပြောတာ ရှိသည်။ လုံးဝ လက်မခံပါ။ ဤတကြိမ် လူထုအုံကြွဆန့်ကျင်မှုက သမိုင်းတွင် မရှိဖူးသည့် လူထုဆန့်ကျင်မှု ဖြစ်သည်။

လူထုဆန့်ကျင်မှု အရှိန်အဟုန်က ကြောက်စရာကောင်းသည်။ နိုင်ငံအနှံ့၊ မြို့ကြီးမြို့ငယ်အနှံ့ လူအများ လမ်းပေါ်ထွက်လာကြပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသည်။

နောက်တော့လည်း စစ်တပ်၏ အစဉ်အလာအတိုင်း ပြည်သူလူထု၏ အသက်ကို မငဲ့ကွက်။ လက်နက်မဲ့ ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ် ဖြိုခွင်း ဖမ်းဆီးမှုများ လုပ်လာသည်။ နောက်ဆုံးတွင် လက်နက်မဲ့ ဆန္ဒပြပွဲများသည် လက်နက်ကိုင်တော်လှန်ရေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှု၊ နိုင်ငံတကာအသိုင်းအဝိုင်းက ပစ်ပယ်မှု၊ ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် မရရှိမှု စသည့် အကြောင်းအမျိုးမျိုးကြောင့် မင်းအောင်လှိုင်၏ စစ်ကောင်စီ သက်ဆိုးရှည်လိမ့်မည်မဟုတ်ဟု ထင်မှတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးလှိုင်းက ကြောက်ခမန်းလိလိ ပြင်းထန်သည်။ လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် ရှမ်းမြောက်တကျော၊ ရခိုင်ပြည်နယ်တဝန်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ အလျင်အမြန် ကျရောက်သွားသောအခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးအချိန်ရောက်ပြီဟု တွက်ဆခဲ့ကြသည်။

လားရှိုးအပြီး မန္တလေးကိုသာ ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် မဟာမိတ် PDF များ ဆက်လက် သိမ်းပိုက်ခဲ့လျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဇာတ်သိမ်းပြီ။

သို့သော် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်ကို တရုတ်က ဝင်ဟန့်သဖြင့် အခြေအနေက ပြောင်းလဲသွားသည်။ တရုတ်သဘောထား ရုတ်တရက် ပြောင်းလဲသွားခြင်းက မင်းအောင်လှိုင် အသက်ရှူချောင်သွားခဲ့သည်။

မြန်မာစစ်ခေါင်းဆောင်များ တကြိမ်အာဏာသိမ်းတိုင်း မိမိတို့ ဆန့်ကျင်သူများ၊ အဖွဲ့အစည်းများကို အချိန်ဆွဲနည်းဗျူဟာ သုံးပြီး သူတို့ အာဏာသက်တမ်းကို မရ ရအောင် ဆွဲဆန့်လေ့ရှိကြသည်။ ယခုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် (ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသော) အာဏာသက်တမ်း ခြောက်လ အကြိမ်ကြိမ် တိုးမြှင့်ခဲ့ပြီးဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်များ တကြိမ်အာဏာသိမ်းတိုင်း မိမိတို့ ဆန့်ကျင်သူများ၊ အဖွဲ့အစည်းများကို အချိန်ဆွဲနည်းဗျူဟာ သုံးပြီး သူတို့ အာဏာသက်တမ်းကို မရ ရအောင် ဆွဲဆန့်လေ့ရှိကြသည်။ ယခုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် (ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသော) အာဏာသက်တမ်း ခြောက်လ အကြိမ်ကြိမ် တိုးမြှင့်ခဲ့ပြီးဖြစ်သည်။

အာဏာသိမ်းစက ဒီတခါ အရင်လို မကြာလောက်ပါဘူးဟု ထင်မှတ်ခဲ့သော်လည်း နောက် ခြောက်လဆိုလျှင် မင်းအောင်လှိုင် အာဏာသက်တမ်း ငါးနှစ်ပြည့်ပြီ။

ပြီးခဲ့သည့်နှစ်အတွင်း စစ်အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေးလှိုင်း အရှိန်အဟုန် အလွန်ကောင်းခဲ့သည်။ လားရှိုးမြို့ လက်လွှတ်ရခြင်း၊ ရမခ စစ်ဌာနချုပ် ကျဆုံးခြင်း၊ မိုးကုတ်၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ နမ္မတူ၊ ချင်းရွှေဟော်၊ လောက်ကိုင်။

အနောက်ဘက်တွင် ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ အနောက်ဘက်နယ်စပ်၏ အဓိကကျသော မောင်တော၊ သံတွဲ၊ ငပလီ၊ တောင်ကုတ် စသည့်မြို့များကို တော်လှန်ရေးအဖွဲ့ အသီးသီးက သိမ်းပိုက်နိုင်ခဲ့သည်။

ကရင်ပြည်နယ်ဘက်တွင် ကော့ကရိတ်-မြဝတီ အာရှလမ်းမကို တော်လှန်ရေးအဖွဲများ ထိန်းချုပ်ထားဆဲဖြစ်သလို မန္တလေး-မူဆယ် လမ်းမကြီးကိုလည်း နောင်ချိုအထိ ဖြတ်တောက်ထားနိုင်ခဲ့သည်။

တော်လှန်ရေးအောင်ပွဲက လက်တကမ်းအကွာသို့ ရောက်ပြီဟု ထင်မှတ်ခဲ့ရသည်။ သို့သော် ၂၀၂၄ ခုနှစ် နှောင်းပိုင်း တရုတ်က ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဖိအားပေးပြီး ကြားဝင်လာချိန်မှစ၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း အရှိန်အဟုန် ကျဆင်းသွားသည်။

တိုက်ပွဲများ ယနေ့အထိ ဆက်လက် ဖြစ်ပေါ်နေသော်လည်း လားရှိုးမြို့တော်ကို တရုတ်စီမံမှုဖြင့် စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရပြီး ကိုးကန့်အဖွဲ့ လှုပ်ရှားမှု ရပ်တန့်သွားခြင်းသည် တော်လှန်ရေး အရှိန်ဟုန် ကျဆင်းသွားခြင်းကို မြင်ရသည်။

တိုက်ပွဲများ ယနေ့အထိ ဆက်လက် ဖြစ်ပေါ်နေသော်လည်း လားရှိုးမြို့တော်ကို တရုတ်စီမံမှုဖြင့် စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရပြီး ကိုးကန့်အဖွဲ့ လှုပ်ရှားမှု ရပ်တန့်သွားခြင်းသည် တော်လှန်ရေး အရှိန်ဟုန် ကျဆင်းသွားခြင်းကို မြင်ရသည်။

တဖက်က စစ်ကိုင်းငလျင်ဘေးကြီးနှင့်အတူ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့်နိုင်ငံများ၏ အသိအမှတ်ပြု ထောက်ပံ့ကူညီမှုများကလည်း တော်လှန်ရေးအဟုန် တန့်စေသည့်အကြောင်းများထဲမှ တခုဖြစ်သည်။

ရက္ခိုင့်တပ်တော် (AA) အဖို့ အနောက်ဘက်ခြမ်းတခုလုံးကို ထိန်းချုပ်ထားပြီး ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် သုံးမြို့သာ ကျန်သည်။ အရေးပါသော ကျောက်ဖြူတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး အဆုံးအဖြတ် အနေအထား မရောက်သေး။

စစ်ကောင်စီသည် ဆုံးရှုံးနယ်မြေများကို ပုံမှန် ရမ်းသမ်း ဗုံးလိုက်ကြဲပြီး အနှောက်အယှက်ပေးသည့်အဆင့်ထက် ပိုမလုပ်နိုင်။ မြေပြင်ထိုးစစ်တွင် စစ်ကောင်စီတပ်များ ပြန်လည် ရရှိလိုက်သော မြို့များ ထူးထူးခြားခြား မရှိသေး။

ဤသို့ဖြင့် ၂၀၂၅ ခုနှစ် ထက်ဝက် ကျိုးခဲ့ပြီ။

၂၀၂၁ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူများ/ ဧရာဝတီ

စစ်ကောင်စီကမူ ၎င်းတို့ ရည်မှန်းထားသည့်အတိုင်း ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမည်။ မူလက မရေမရာဖြစ်နေရာမှ ဇွန်လ ၂၅ ရက် ငြိမ်းချမ်းရေးညီလာခံတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လာမည့် ဒီဇင်ဘာ တတိယပတ်နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကျင်းပသွားမည်ဟု ဆိုနေသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ဆိုလျှင် စစ်အာဏာသိမ်း ငါးနှစ်ပြည့်ပြီ။ စစ်ကောင်စီသည် ငါးနှစ်ပြည့်သည်အထိ ရည်ရွယ်ချက်ရှိရှိ အာဏာကို ဆွဲဆန့်သွားခဲ့သည်။ ယခင်အခြေအနေများနှင့် မတူသည်မှာ ရွေးကောက်ပွဲ ကျင်းပမည့်အချိန်တွင် နိုင်ငံသည် အစိတ်အပိုင်းတခုသာ လက်ဆုပ်လက်ကိုင် ကျန်တော့ခြင်း ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းမြောက်ပိုင်း၊ ကရင်နီပြည်နယ်တို့မှာ စစ်ကောင်စီ ကျင်းပချင်သော ရွေးကောက်ပွဲ လုပ်ဆောင်နိုင်မည် မဟုတ်။

မည်သို့ပင်ဖြစ်စေ အာဏာကို ဘယ်လိုပုံနှင့်ရရ ရသလောက်ယူဖို့ ပြင်ဆင်နေသည့် စစ်ကောင်စီသည် တဝက်တပျက် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်သကဲ့သို့ ရွေးကောက်ပွဲသည်သာ ပဋိပက္ခဖြေရှင်းရေး ထွက်ပေါက်အဖြစ် ဇာတ်တိုက်ထားသည့် ငြိမ်းချမ်းရေးညီလာခံက ဘေးတီးပေးနေသည်။

မည်သို့ပင်ဖြစ်စေ အာဏာကို ဘယ်လိုပုံနှင့်ရရ ရသလောက်ယူဖို့ ပြင်ဆင်နေသည့် စစ်ကောင်စီသည် တဝက်တပျက် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်သကဲ့သို့ ရွေးကောက်ပွဲသည်သာ ပဋိပက္ခဖြေရှင်းရေး ထွက်ပေါက်အဖြစ် ဇာတ်တိုက်ထားသည့် ငြိမ်းချမ်းရေးညီလာခံက ဘေးတီးပေးနေသည်။

အမှန်တကယ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ရွေးချယ်စရာ ထွက်ပေါက် မရှိတော့ပါ။

ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ပါတီ (PP) မှ ဦးကိုကိုကြီးက “ကဲ ဒါဆိုလည်းဗျာ၊ ခြောက်လ တကြိမ်၊ ခြောက်လ တကြိမ်နဲ့ သက်တမ်းတိုးပြီး စစ်အုပ်ချုပ်ရေးနဲ့ပဲ ဆက်နေမလား” ဟု သတင်းထောက်တယောက်ကို ဖြေသည်။

ဦးကိုကိုကြီးက လက်ရှိအချိန်တွင် တပ်ချုပ် မင်းအောင်လှိုင် တဦးတည်းလက်ထဲတွင် အာဏာသုံးရပ်လုံး ကိုင်ထားကြောင်း၊ ရွေးကောက်ပွဲအလွန်တွင် အာဏာခွဲဝေကျင့်သုံးမှုအရ ပဋိပက္ခများကို ဆက်လက် ဖြေရှင်း၍ ရကြောင်း ပြောသည်။

နေပြည်တော်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးညီလာခံသည် လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းရန်ထက် အာဏာသိမ်းစစ်တပ်က မိမိအာဏာ ဆက်လက် တည်မြဲရေးအတွက် ရည်ရွယ် လုပ်ဆောင်နေသည်ကိုသာ တွေ့ရကြောင်း ဝါရင့် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက မှတ်ချက်ပေးသည်။

အမှန်စင်စစ် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့သမိုင်းတွင် အနက်ရှိုင်းဆုံး ပဋိပက္ခနွံထဲ ကျရောက်နေပြီး အဘက်ဘက်က ကျရှုံးနေသည့် နိုင်ငံတခုတွင် ယခုအချိန်သည် စစ်တပ်က ဦးဆောင်သည့် ဟန်ပြ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရမည့် အချိန်ကာလ မဟုတ်။

ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို အမှန်တကယ် ဖြေရှင်းဖို့ဆိုလျှင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွေးကောက်ခံ အရပ်သားအစိုးရခေါင်းဆောင်များကို လွှတ်ပေးပြီး အားလုံးပါဝင် တွေ့ဆုံညှိနှိုင်းကြသည့် ငြိမ်းချမ်းရေးညီလာခံမျိုးသာ ဖြစ်သင့်သည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းပြည်၏ အဓိကအနာကို ဖော်ထုတ်ရှာဖွေခြင်းမပြုဘဲ အပေါ်ယံဆေးကုသမှုသာ ဖြစ်သည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းပြည်၏ အဓိကအနာကို ဖော်ထုတ်ရှာဖွေခြင်းမပြုဘဲ အပေါ်ယံဆေးကုသမှုသာ ဖြစ်သည်။

ယခုချိန်တွင် “ရွေးကောက်ပွဲ” မှတပါး အခြား ရွေးချယ်စရာလမ်းမရှိဟု ရွေးကောက်ပွဲကို တငံ့ငံ့ဖြစ်နေပြီး အာဏာတစွန်းတစ ရလိုရငြား မျှော်လင့်နေသည့်ပါတီများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ စစ်တပ်လိုလားသူများက ဆိုနေကြသည်။ ငြိမ်းချမ်းရေးညီလာခံ၏ ခေါင်းစဉ်ထဲတွင်လည်း “ရွေးကောက်ပွဲ” ပါသည်။

စစ်တပ်သည် ၎င်းတို့၏ ရည်မှန်းချက်လမ်းစဉ်အတိုင်း ပုံမှန်သွားနေသည်။ လုပ်ရိုးလုပ်စဉ်အလုပ်များကို ပုံမှန်အတိုင်းလုပ်သည်။ အနှစ်သာရရှိသည် မရှိသည်၊ ရလဒ်ထွက်သည် မထွက်သည် အပထား။ ဤသို့သော ပွဲလမ်းများကို ကျင်းပမြဲ ကျင်းပတတ်သည်။

ဤညီလာခံကို ဦးဆောင်ကျင်းပသည်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဖြစ်သည်။

ထူးခြားစွာ ယခုပွဲတွင် အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးမထားသော အဖွဲ့သုံးဖွဲ့မှ ကိုယ်စားလှယ်များ လာတက်သည်။ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) မိုင်းလားတို့ ဖြစ်သည်။

ခံယူချက်ခိုင်မာပြီး အင်အားကောင်းသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ လာမတက်။ MNDAA က ညီနောင် နှစ်ဖွဲ့ လာမတက်သဖြင့် မတက်ဘဲနေသည်ဟု ယူဆရသည်။ ကိုးကန့်အဖွဲ့သည် တရုတ်ဩဇာအောက် အပြည့်ရောက်နေသော အဖွဲ့ဖြစ်သွားပြီ။

ဝ နှင့် မိုင်းလားက စစ်တပ်ကို ကြောက်၍ လာတက်ခြင်း မဟုတ်။ ဖိတ်ကြားခံရပြီး ပုံမှန်ဆက်ဆံရေး မပျက်လို၍ အဖြစ်သဘော လာတက်ခြင်းသာ ဖြစ်သည်။ ဝ ရော မိုင်းလားပါ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အပြည့်အဝ ရရှိထားပြီး စစ်တပ်က လက်ပိုက်ကြည့်နေရသောဒေသ ဖြစ်သွားပေပြီ။

ယခင် ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ လူထုထောက်ခံမှု သိပ်မရှိသည့် ပါတီများ၊ အင်အားမရှိသည့် အမည်ခံအဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ၊ စစ်တပ်လော်ဘီများ ပါဝင်တက်ရောက်ခဲ့သည့် နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်က လက်ရှိ ရင်ဆိုင်နေရသည့် မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးထက် ရွေးကောက်ပွဲဖြင့် စစ်ကောင်စီ အသက်ဆက်ရေးကိုသာ ရည်ရွယ်သည့်ဖိုရမ်သာ ဖြစ်သည်။

ယခင် ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ လူထုထောက်ခံမှု သိပ်မရှိသည့် ပါတီများ၊ အင်အားမရှိသည့် အမည်ခံအဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ၊ စစ်တပ်လော်ဘီများ ပါဝင်တက်ရောက်ခဲ့သည့် နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်က လက်ရှိ ရင်ဆိုင်နေရသည့် မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးထက် ရွေးကောက်ပွဲဖြင့် စစ်ကောင်စီ အသက်ဆက်ရေးကိုသာ ရည်ရွယ်သည့်ဖိုရမ်သာ ဖြစ်သည်။

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က အာဏာလွှဲမပေးဘဲ NLD ပါတီကို ဖျက်သိမ်းကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်တန်း နိုင်ငံရေးသမားများကို နိုင်ငံရေးဇာတ်ခုံပေါ်မှ ဖယ်ရှားပစ်ခဲ့သည်။

NLD ပါတီကို ဖျက်သိမ်း၍ ရခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုကိုမူ ချိုးနှိမ်ထား၍ မရခဲ့။ ၂၀၁၀ ပြည့်နှစ်တွင် စစ်တပ်၏ ကြိုတင်ပြင်ဆင် ကြံစည်ထားသော ရွေးကောက်ပွဲ အထမြောက် အောင်မြင်ခဲ့ပြီး ၎င်းတို့လိုလားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ထိုရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ်က အပြတ်အသတ် အနိုင်ရခဲ့သော NLD ပါဝင်ခြင်း မရှိသည့် ရွေးကောက်ပွဲဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်းတို့ စိတ်တိုင်းကျ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး ၂၀၁၀ ရွေးကောက်ပွဲဖြင့် ၎င်းတို့ ပုံဖော်လိုသော အစိုးရတရပ် ထွက်ပေါ်လာသောအခါ အနာဂတ်အတွက် စိတ်ချရပြီဟု ယုံကြည်ကာ နေအိမ်အကျယ်ချုပ် ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့သည်။

သို့သော် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ထိုမှတဆင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD အပေါ် လူထုထောက်ခံမှုလှိုင်းမှာ ကြောက်ခမန်းလိလိ ဖြစ်ခဲ့ပြီး ကန့်သတ်ထားသည့် ကြားကပင် နိုင်ငံဦးဆောင်နေရာကို ရောက်ရှိခဲ့သည်။

၂၀၂၁ စစ်အာဏာ မသိမ်းမီအချိန်အထိ သမိုင်းဖြစ်စဉ်များမှာ ပူပူနွေးနွေးပင် ရှိပါသေးသည်။

စစ်ကောင်စီက ယခု ကျင်းပရန် ကြံရွယ်နေသော ရွေးကောက်ပွဲသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ၂၀၁၀ ရွေးကောက်ပွဲဖြစ်စဉ်နှင့် ခပ်ဆင်ဆင်တူသည်။

စစ်ကောင်စီက ယခု ကျင်းပရန် ကြံရွယ်နေသော ရွေးကောက်ပွဲသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ၂၀၁၀ ရွေးကောက်ပွဲဖြစ်စဉ်နှင့် ခပ်ဆင်ဆင်တူသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး NLD ကို နှိပ်ကွပ်ထားသည်။ အဓိက ပါတီကြီး မပါဝင်သည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု USDP က အပြတ်အသတ် အနိုင်ရခဲ့သည်။

ယခုလည်း ထိုစဉ်ကအတိုင်း ဦးခင်ရီ ဦးဆောင်သည့် USDP ကသာ အနိုင်ရဖို့ ရှိနေသည်။ ဦးကိုကိုကြီးတို့က ဒီတကြိမ်တွင် မစို့မပို့နေရာ ရနိုင်သည်။ ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြုစနစ် (PR) အရ ဒေါ်သက်သက်ခိုင်တို့၊ ဒေါက်တာ အေးမောင်တို့လည်း မစို့မပို့ နေရာရလာနိုင်သည်။ လက်ရှိ ရွေးကောက်ပွဲဝင်ရန် အားခဲထားသည့် ပါတီများမှာ ထိုမစို့မပို့နေရာများကို မျှော်ကိုးနေကြသူများ ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့လျှင် ထောက်ခံမည့် နိုင်ငံများထဲတွင် တရုတ်နှင့် ရုရှားက ထိပ်ဆုံးက ပါဝင်ပြီး အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို စသည့်နိုင်ငံများကလည်း အသိအမှတ်ပြုကြမည်။

ဇွန်လအတွင်း ၃ ရက်ကြာကျင်းပသော နေပြည်တော် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိုရမ်

အာဆီယံသည် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ဖြေရှင်းပြီးမှ အားလုံးပါဝင်သည့် ရွေးကောက်ပွဲ အစီအစဉ်ကို အဆိုပြုထားသည်။ ယခုအတိုင်း စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပလျှင် အာဆီယံနိုင်ငံအားလုံးက ထောက်ခံမည် မဟုတ်သလို ယခင်အတိုင်း မြန်မာကို အာဆီယံထဲမှ ဆက်လက် ဖယ်ထုတ်ထားနိုင်သည်။

ရွေးကောက်ပွဲအလွန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတပလ္လင်ပေါ်တွင် မြင်တွေ့ရနိုင်သည်။ သူ၏ အိပ်မက်မှာ သမ္မတဖြစ်ရေး ဖြစ်သည်။ သမ္မတရာထူးရယူရန် စစ်ဘက် တပ်ချုပ်ရာထူးကို စွန့်လွှတ်ရမည်ဖြစ်သော်လည်း အာဏာရှင်သဘောဖြစ်သောကြောင့် စစ်ဘက်ရာထူးကိုပါ ဖွဲ့စည်းပုံပြင်ပြီး ရယူကောင်း ရယူနိုင်သည်။

အရေးပါသည့် တပ်ချုပ်ရာထူးကိုမူ စွန့်လွှတ်ဖွယ် မရှိ။ ကမ္ဘာ့အာဏာရှင် ခေါင်းဆောင်များသည် ယခုကဲ့သို့ပင် အာဏာကို ဆက်လက် ဆုပ်ကိုင်ထားသည့် အစဉ်အလာများ ရှိသည်။

ရွေးကောက်ပွဲလွန်လျှင် ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ကကဲ့သို့ ပြန်လွှတ်ပေးနိုင်မည်လား။ ၂၀၁၀ ရွေးကောက်ပွဲအပြီး USDP အနိုင်ရသောအခါ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယခင် NLD ထိပ်တန်းခေါင်းဆောင်အချို့ ထောင်သွင်းအကျဉ်းချခံနေရသည်။ ရွေးကောက်ပွဲပြီးလျှင် ၂၀၁၀ တုန်းကကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည်လား။ မသေချာသေးပါ။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယခင် NLD ထိပ်တန်းခေါင်းဆောင်အချို့ ထောင်သွင်းအကျဉ်းချခံနေရသည်။ ရွေးကောက်ပွဲပြီးလျှင် ၂၀၁၀ တုန်းကကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည်လား။ မသေချာသေးပါ။

သူတို့တွင် “ကျားသေကို အသက်သွင်းခဲ့သည်” ဆိုသော သင်ခန်းစာများ ရှိထားသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အောင်ဆန်းစုကြည်နှင့် NLD အပေါ် ထားရှိသော သဘောထားသည် ဦးသိန်းစိန် လက်ထက်ကထက် ပိုမိုတင်းမာသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးမည်လား ခန့်မှန်း၍ မရပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်ပေါက်မှာ “ရွေးကောက်ပွဲ” ဖြစ်သည်။ ရွေးကောက်ပွဲသည် ရောဂါအလုံးစုံ ပျောက်ကင်းသည့် ဆေးခါးကြီးလို ရွေးကောက်ပွဲပြီးလျှင် ပြဿနာများအားလုံး ပြေလည်သွားပြီဟု မှတ်ယူထားပုံရသည်။

သတိပြုရမည်မှာ ယခုရွေးကောက်ပွဲ၏ တရားဝင်မှု ဖြစ်သည်။ ရုရှား၊ တရုတ်နှင့် နိုင်ငံအနည်းငယ်၏ ထောက်ခံမှုဖြင့် ကျင်းပမည့် ရွေးကောက်ပွဲကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းက အသိအမှတ်ပြု လက်ခံမည်မဟုတ်။

နိုင်ငံအနှံ့ စစ်မက်ဖြစ်ပွားနေချိန်၊ မြို့ရွာ ရပ်ကွက်များ ဗုံးကြဲခံနေရချိန်၊ နိုင်ငံလူဦးရေ ၃ သန်းခွဲကျော် နေရပ်စွန့်ခွာထွက်ပြေးနေရချိန် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဓိက နိုင်ငံရေးခေါင်းဆောင်များကို အကျဉ်းချထားပြီး ကျင်းပသည့် ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံမည် မဟုတ်သလို အာဆီယံ အပါအဝင် ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိလိမ့်မည် မဟုတ်ပါ။

မည်သို့ပင်ဖြစ်စေ စစ်ကောင်စီသည် သူ၏ အာဏာသက်တမ်းကို အတုအယောင် ရွေးကောက်ပွဲခေါင်းစဉ်ဖြင့် ဆက်လက် ဆွဲဆန့်သွားရန် ကြိုးပမ်းနေသည်ကို မြင်တွေ့နေရသည်။

(နွေနေသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီရွေးကောက်ပွဲ ရှမ်းပြည်နယ်ကို ဗဟိုပြုနေ

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်လဲ

စစ်ကောင်စီ ရွေးကောက်ပွဲက တိုင်းပြည်ပြဿနာ ဖြေရှင်းနိုင်မည်မဟုတ် (ရုပ်/သံ)

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAKIAMNDAANCANLDNSPNCPDFSliderTNLAUSDPကုလသမဂ္ဂငြိမ်းချမ်းရေးညီလာခံစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တိုင်းရ
နွေနေ

နွေနေ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ငြိမ်းချမ်းရေးဖိုရမ်

ငြိမ်းချမ်းရေးဖိုရမ်

စစ်ကိုင်းမြောက်ခြမ်း တိုက်ပွဲကြောင့် လူ ၁သောင်းကျော် နေရေးစားရေး ခက်ခဲနေ

စစ်ကိုင်းမြောက်ခြမ်း တိုက်ပွဲကြောင့် လူ ၁သောင်းကျော် နေရေးစားရေး ခက်ခဲနေ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

14 hours ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate