စစ်တပ်ထောက်ခံသူများအနေဖြင့် ယခုကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် ပြည်သူများအတွက် ‘ထွက်လမ်း’ ဟု သုံးနှုန်းပြောဆိုနေကြသည်။ အကြောင်းပြချက်အနေဖြင့် တပ်ချုပ် မင်းအောင်လှိုင်သည် သူတဦးတည်းက အာဏာကြီး သုံးရပ်စလုံးကို ကိုင်တွယ်ကျင့်သုံးနေသည့် အနေအထားမှသည် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်အခါ အရပ်သားအစိုးရ ပေါ်ထွန်းလာမည်ဖြစ်ပြီး တပ်ချုပ် ချုပ်ကိုင်ထားသော အာဏာကြီးသုံးရပ်ထဲမှ အနည်းဆုံး အာဏာကြီးနှစ်ရပ်အား အခြားသူများထံသို့ ခွဲဝေပေးပြီး ကျင့်သုံးရမည် ဖြစ်သောကြောင့် လက်ရှိအခြေအနေထက် ပြောရဆိုရ လုပ်ရကိုင်ရ ပိုမိုလွယ်ကူ ထိရောက်မည်ဟု အကြောင်းပြထားကြသည်ကို တွေ့ရသည်။
ထိုအခါ မေးရမည့် မေးခွန်းအချို့ ပေါ်ပေါက်လာသည်။ လက်ရှိ စစ်ကောင်စီအား ဖျက်သိမ်း၍ အရပ်သားအများစုပါဝင်သည့် အစိုးရတရပ် အမှန်တကယ် ပေါ်ပေါက်လာပါမည်လား။ ယခုလက်ရှိ စစ်ကောင်စီဖွဲ့စည်းပေးထားသော အစိုးရအဖွဲ့တွင် အရပ်သားအများစု ပါဝင်နေသကဲ့သို့ ထူးမခြားနားသော အစိုးရအဖွဲ့မျိုး မဖြစ်နိုင်ဟု ဆိုနိုင်ပါမည်လား။
လက်ရှိ အခြေ အနေအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူကိုယ်တိုင် သမ္မတ မလုပ်လျှင်တောင်မှ သူ့အား သစ္စာခံမည့်သူကိုသာ သမ္မတအဖြစ် ခန့်အပ်ပါလိမ့်မည်။ တရားစီရင်ရေးအာဏာကိုလည်း သူ့အား သစ္စာခံသူကိုသာ ခန့်အပ်ပါမည်။ မည်သည့်နည်းဖြင့် စဉ်းစားပါစေ ထိုအချက်သည် မမှားနိုင်ပါ။ အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာပါကလည်း ရုပ်သေးအစိုးရသာ ဖြစ်ပါလိမ့်မည်။
လက်ရှိ အခြေ အနေအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူကိုယ်တိုင် သမ္မတ မလုပ်လျှင်တောင်မှ သူ့အား သစ္စာခံမည့်သူကိုသာ သမ္မတအဖြစ် ခန့်အပ်ပါလိမ့်မည်။ တရားစီရင်ရေးအာဏာကိုလည်း သူ့အား သစ္စာခံသူကိုသာ ခန့်အပ်ပါမည်။ မည်သည့်နည်းဖြင့် စဉ်းစားပါစေ ထိုအချက်သည် မမှားနိုင်ပါ။ အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာပါကလည်း ရုပ်သေးအစိုးရသာ ဖြစ်ပါလိမ့်မည်။
အထူးသဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် ပါတီအားလုံးသည် အနည်းနှင့်အများသာ ခြားနားပါမည်။ စစ်တပ်အား ထောက်ခံကြသည့် ပါတီများသာ ဖြစ်ပါသည်။ လွှတ်တော်ထဲသို့ အဆိုပါ ပါတီများ၏ ကိုယ်စားလှယ်များသာ ရောက်ရှိကြပါလိမ့်မည်။
ဆိုလိုချင်သည့် အဓိပ္ပာယ်မှာ စစ်တပ် ထောက်ခံသူများ ရာနှုန်းပြည့် (နီးပါး) ပါဝင်မည့် လွှတ်တော် ဖြစ်လာပါလိမ့်မည်။ အာဏာသုံးရပ်ကို တဦးတည်း ကိုင်တွယ်သုံးစွဲရာမှ သုံးဦးထံသို့ လွှဲပြောင်းပေးလိုက်သော်လည်း ယခင် လူတဦးတည်းက အလုပ်သုံးခု လုပ်နေရသည့် အခြေအနေမှသည် တဦးတည်း၏ သစ္စာခံ လူသုံးဦးက အာဏာသုံးရပ်အား တဦးတရပ်စီ ခွဲဝေကိုင်တွယ်ခြင်းဖြင့် ပိုမို အလုပ်ဖြစ်လာပါမည်။
နိုင်ငံတကာသို့လည်း ပြည်သူက ရွေးချယ်လိုက်သည့် အစိုးရစင်စစ်ဖြစ်ကြောင်း ပြောဆိုနိုင်မည်မှာ အသေအချာ ဖြစ်ပါသည်။ တရားဝင်အသိအမှတ်ပြုခြင်း မခံရသော်လည်း အာဏာချုပ်ကိုင်ထားသည့် De facto ဘဝမှသည် တရားဝင်မှုရသည့် De Jure ဘဝသို့ ကူးပြောင်းနိုင်ခဲ့သည့် အမြတ်အစွန်းကြီးကို စစ်တပ်ဘက်က ရရှိသွားနိုင်ပါသည်။
အရပ်သား နိုင်ငံရေးသမားများ ဖြစ်ကြသည့် ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုဆွေ၊ ဒေါ်ဒွဲဘူ၊ ဒေါ်သက်သက်ခိုင် အစရှိသည့် ပုဂ္ဂိုလ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် စိတ်ဝမ်းကွဲကြပြီး စစ်အစိုးရထံ သွားရောက် ပူးပေါင်းခဲ့ကြသူများ ဖြစ်သည်။
၎င်းတို့အား ထိပ်တန်းရာထူးကြီးများ ပေးအပ်ခဲ့ကြသော်လည်း မည်သည့် လုပ်ပိုင်ခွင့်မှ ပေးထားသည်ကို မတွေ့ရပေ။ မြှောက်တော့ မြှောက်စားလိုက်ပါသည်၊ ချောင်ထဲသို့ ထိုးထားလိုက်ခြင်းဖြင့် စစ်တပ်အစိုးရအား အနှောင့်အယှက် မပေးနိုင်အောင်၊ မဝေဖန်နိုင်အောင် ထိန်းသိမ်းထားလိုက်ခြင်းသာဖြစ်ကြောင်း နားလည်သူတိုင်း သိကြမည်ထင်ပါသည်။
အဆိုပါ ထင်ရှားသည့် နိုင်ငံရေးသမားများအနေဖြင့် လက်ရှိကာလတွင် တိုင်းပြည်နှင့် ပြည်သူအတွက် ဘာကိုမှ လုပ်ဆောင်ပေးနိုင်ခြင်း မရှိတော့ဘဲ ပြည်သူအများ၏ ဒုက္ခသုက္ခများကို ထိုင်ကြည့်နေကြရပြီး ကိုယ့်သမိုင်းအမည်း ကိုယ်ထိုင်ရေးနေရသလို ဖြစ်နေသည်ကို ငြင်းဆို၍ မရတော့ပေ။ အဆိုပါ သင်ခန်းစာအား နောက်လူများအနေဖြင့် သတိကြပ်ကြပ်ထားရမည် ဖြစ်သည်။
အဆိုပါ ထင်ရှားသည့် နိုင်ငံရေးသမားများအနေဖြင့် လက်ရှိကာလတွင် တိုင်းပြည်နှင့် ပြည်သူအတွက် ဘာကိုမှ လုပ်ဆောင်ပေးနိုင်ခြင်း မရှိတော့ဘဲ ပြည်သူအများ၏ ဒုက္ခသုက္ခများကို ထိုင်ကြည့်နေကြရပြီး ကိုယ့်သမိုင်းအမည်း ကိုယ်ထိုင်ရေးနေရသလို ဖြစ်နေသည်ကို ငြင်းဆို၍ မရတော့ပေ။ အဆိုပါ သင်ခန်းစာအား နောက်လူများအနေဖြင့် သတိကြပ်ကြပ်ထားရမည် ဖြစ်သည်။
အခွင့်အရေး ရလိုမှုသက်သက်ဖြင့် စစ်တပ်နှင့် ပူးပေါင်းသူများအတွက်မူ ပြဿနာမရှိသော်လည်း ပြည်သူ့အတွက် ရည်ရွယ်ချက်ရှိသူများမှာမူ အတော် သတိထားရမည့်ကိစ္စဖြစ်ကြောင်း ထောက်ပြလိုပါသည်။
စဉ်းစားစရာ ကောင်းသည့်အချက်မှာ လက်ရှိ စစ်ခေါင်းဆောင်များအနေဖြင့် အရပ်သားခေါင်းဆောင်များထံသို့ အာဏာတရပ်ရပ်အား လွှဲပြောင်းလုပ်ကိုင်ခွင့် (အမှန်တကယ်) ပေးအပ်နိုင်ပါမည်လားဆိုသော မေးခွန်း ဖြစ်ပါသည်။ ပြည်သူအများစုအနေဖြင့် ပေးအပ်လိမ့်မည်မဟုတ်ဆိုသည့် အဖြေအား အသီးသီး ဖြေကြားချက်များ ရှိနေနှင့်ပြီးပြီဟု ယုံကြည်ထင်မြင်မိပါသည်။
အလွန်အရေးကြီးသော မေးခွန်းမှာ လာမည့် အရပ်သားအစိုးရအနေဖြင့် မြန်မာလူထုကြီး တရပ်လုံးက လိုလားနေသော စစ်ပွဲများရပ်တန့်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာသည့် လူ့ဘောင်အဖွဲ့အစည်းတရပ် ပြန်လည်ပေါ်ပေါက်လာရေး စသောအချက်များကို ဖော်ဆောင်နိုင်ပါမည်လားဟူသည့် မေးခွန်းဖြစ်ပါသည်။ စစ်တပ်နှင့် ပူးပေါင်းပါဝင်သူများအနေဖြင့် လုပ်နိုင်မည်ဟု မျက်စိမှိတ် ဖြေကြားကြမည်ဖြစ်သော်လည်း ကြားရသူတိုင်းကတော့ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
ယခုကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အရပ်သားပါတီဝင်များအနေဖြင့် စစ်တပ်၏ ကျောထောက်နောက်ခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ထဲရှိ စစ်မှုထမ်းဟောင်းများနှင့် နှိုင်းယှဉ်ပါက ရာထူးနေရာရရှိမှု ဦးစားပေးရာတွင် သေချာပေါက် အနောက်ရောက်နေမည် ဖြစ်သည်။
လွှတ်တော်တွင်း အစွမ်းပြဖူးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့သည်လည်း လာမည့်လွှတ်တော်အတွင်း အစွမ်းပြနိုင်လိမ့်မည်ဟု ယုံကြည်လျက် စိတ်အားထက်သန်နေကြကြောင်း ကြားသိနေရပါသည်။ အဆူအဆဲခံလျက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေကြသည်ကို ထင်ထင်ရှားရှား တွေ့နေရပါသည်။
မတော်တဆ လွှတ်တော်တွင်းရောက်ရှိ၍ လက်တွေ့ကာလတွင်မူ မည်သို့ဖြစ်ကြမည်ကို စောင့်ကြည့်ကြဖို့ လိုမည်ဟု ထင်မြင်မိပါသည်။ အဓိကအချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ်ချက်များက သူတို့အား ပိတ်ပင်နိုင်ပါသည်။
ငြိမ်းချမ်းရေးဖိုရမ် မတိုင်မီ နိုင်ငံရေးပါတီများနှင့် စစ်တပ်ဘက်က ဖွဲ့သည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် သဘောတူညီချက် ၄၃ ချက် ရရှိထားသည်ဟုဆိုပါသည်။ သို့သော် သူတို့မျှော်လင့်သလို ဖြစ်ပေါ်လာရန် အလွန်ခက်ခဲနေဆဲဟုဆိုလျှင် လွန်မည်မဟုတ်ပါပေ။ အချို့ပုဒ်မများမှာ လူထုဆန္ဒခံယူရန် လိုအပ်သောကြောင့် ပြင်ဆင်ရန် လုံးဝမလွယ်ကူကြောင်း သိထားကြပြီးဖြစ်သည်။
ငြိမ်းချမ်းရေးဖိုရမ် မတိုင်မီ နိုင်ငံရေးပါတီများနှင့် စစ်တပ်ဘက်က ဖွဲ့သည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် သဘောတူညီချက် ၄၃ ချက် ရရှိထားသည်ဟုဆိုပါသည်။ သို့သော် သူတို့မျှော်လင့်သလို ဖြစ်ပေါ်လာရန် အလွန်ခက်ခဲနေဆဲဟုဆိုလျှင် လွန်မည်မဟုတ်ပါပေ။ အချို့ပုဒ်မများမှာ လူထုဆန္ဒခံယူရန် လိုအပ်သောကြောင့် ပြင်ဆင်ရန် လုံးဝမလွယ်ကူကြောင်း သိထားကြပြီးဖြစ်သည်။
သို့ဆိုပါလျှင် ရွေးကောက်ပွဲအပြီးတွင် မြန်မာပြည်သူများ၏ ထွက်ပေါက်ရောက်ပြီဟု ဆိုနိုင်ပါမည်လား။ မေးသင့်ပါသည်။ ရွေးကောက်ခံသူများအနေဖြင့် ရောက်ချင်ရောက်ပါလိမ့်မည်။ ပြည်သူလူထုအတွက်ကမူ ထွက်ပေါက်ဖြစ်နိုင်စရာ လုံးဝ မဖြစ်နိုင်ပါပေ။

စစ်ကောင်စီ မရှိတော့သည့်နောက်ပိုင်း လက်နက်ကိုင် ခုခံတော်လှန်နေကြသော တော်လှန်ရေးတပ်ဖွဲ့များအပေါ် အရပ်သားအစိုးရက မည်သို့သဘောထားမည်နည်း။ အဆိုပါ သဘောထားအား စစ်တပ်ဘက်က လက်ခံနိုင်ပါမည်လား။ စစ်တပ်၏ သဘောထားများသာ ထင်ဟပ်နေသည့် အရပ်သားအစိုးရအနေဖြင့် ပြည်သူလူထုအတွက် သက်သာအေးချမ်းစေမည့် ကိစ္စရပ်များအား ပြည်သူအများ လိုလားသည့် သဘောထားတခုတည်း၊ တညီတညွတ်တည်း ရှိနိုင်ပါမည်လား။ လားပေါင်း များစွာက စောင့်ဆိုင်းနေပါလိမ့်မည်။
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၏ လိုလားချက်များအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ နိုင်ငံရေးလိုလားချက်များကို မည်သို့မည်ပုံ စေ့စပ်ဆွေးနွေးကြမည်နည်း။ စစ်တပ်အကြီးအကဲများ မပါသော အရပ်သားအစိုးရအနေဖြင့် ဖြစ်နိုင်စရာ ရှိနိုင်မည်လား။
အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေမှာ လက်နက်ကိုင် ခုခံတော်လှန်နေကြသော အင်အားစုများမှာ မနည်းမနော နေရာအနှံ့ ပြန့်ကြဲနေကြသောကြောင့် ဖြစ်ပါသည်။ ဖြစ်လာမည့် အရပ်သားအစိုးရအနေဖြင့် လွှဲအပ်ခံရသော အာဏာဖြင့် မြန်မာ့ငြိမ်းချမ်းရေး ပေါ်ပေါက်လာအောင် မည်သို့ ဆောင်ရွက်မည်ဆိုသည်ကို ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ကာလ (ရှိခဲ့လျှင်) တွင် ထုတ်ဖော်ပြောထားသင့်သည်ဟု တိုက်တွန်းချင်ပါသည်။
အမှန်စင်စစ် အာဏာသိမ်းထားသော စစ်တပ်သည် လေးနှစ်ကျော်ကာလအတွင်း နိုင်ငံကို ထိန်းချုပ်နိုင်ရန် အနည်းနည်းအဖုံဖုံ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်နိုင်တော့သည့် အခြေအနေကြောင့် နောက်ဆုံးနည်းလမ်းဖြစ်သည့် “ရွေးကောက်ပွဲ” ကို ကျင်းပရခြင်းဖြစ်သည်။ စစ်ကောင်စီတွင် အခြားနည်းလမ်းများ မရှိတော့၍ ကျင်းပရခြင်း ဖြစ်သည်။
အမှန်စင်စစ် အာဏာသိမ်းထားသော စစ်တပ်သည် လေးနှစ်ကျော်ကာလအတွင်း နိုင်ငံကို ထိန်းချုပ်နိုင်ရန် အနည်းနည်းအဖုံဖုံ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်နိုင်တော့သည့် အခြေအနေကြောင့် နောက်ဆုံးနည်းလမ်းဖြစ်သည့် “ရွေးကောက်ပွဲ” ကို ကျင်းပရခြင်းဖြစ်သည်။ စစ်ကောင်စီတွင် အခြားနည်းလမ်းများ မရှိတော့၍ ကျင်းပရခြင်း ဖြစ်သည်။
မြေပြင်လက်တွေ့အခြေအနေများက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခြေအနေမျိုး လုံးဝဖြစ်မနေပေ။ ၎င်းတို့ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေအရဆိုလျှင် USDP ကို မယှဉ်နိုင်အောင် တင်းကျပ်ထားပါသည်။
တနိုင်ငံလုံးတွင် စည်းရုံးပြီး ပါဝင်ယှဉ်ပြိုင်ကြမည့်ပါတီများမှာ တနိုင်ငံလုံး၏ ထက်ဝက်ဖြစ်သော ၁၆၅ မြို့နယ်တွင် ရုံးခန်းများ ဖွင့်လှစ်ရမည်ဖြစ်ရာ လက်ရှိအခြေအနေအရ မည်သည့်ပါတီမှ မဖြစ်နိုင်ပေ။ ထိုအခါ မြို့နယ် ၁၁၀ ဖွင့်လှစ်ရမည်ဟု ပြုပြင်ပေးခဲ့ပြန်သည်။
သို့တိုင်အောင် တနိုင်ငံလုံး ပါဝင်ယှဉ်ပြိုင်ကြမည်ဟု မှတ်ပုံတင်ခဲ့ကြသော ပါတီပေါင်း ကိုးပါတီအနက် သုံးပါတီသည်သာ ပြည့်မီသေးသည်ဟု ဆိုပါသည်။ ကျန် ခြောက်ပါတီမှာ ရုန်းကန်နေရဆဲ ဖြစ်သည်။ ထိုအထဲတွင် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီလည်း ပါဝင်နေကြောင်းတွေ့ရသဖြင့် ပါတီဖျက်သိမ်းခံရဖို့ ဖြစ်နိုင်၍ စိုးရိမ်နေသည်။
နောက်ဆုံးအခြေအနေမှာ အဆိုပါ ပါတီများ ပါဝင်နိုင်ရန်အတွက် ပထမအချက်အနေဖြင့် သတ်မှတ်ချက်များ ပြည့်မီကြောင်းကို ပြောင်ပြောင်တင်းတင်း လိမ်ရပါလိမ့်မည်။ သို့မဟုတ် ဒုတိယအချက်အနေဖြင့် ရွေးကောက်ပွဲ ဥပဒေကို လျှော့ပေါ့ပြင်ဆင်ပေးသည့် ဥပဒေတရပ်ကို ပြဋ္ဌာန်းရပါလိမ့်မည်။
သို့ဆိုလျှင် လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှု၊ လွတ်လပ်မှု၊ လူထုပါဝင်မှုများအတွက် သံသယအဆင့်မဟုတ်မူဘဲ ယုံကြည်မှုကင်းမဲ့ခြင်းများနှင့် ပြည့်နှက်နေပြီဖြစ်သည်။
ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအမည်များကို မထုတ်ပြန်ဘဲ ကျင်းပရန် တိုက်တွန်းတောင်းဆိုမှုများ ပြီးခဲ့သည့်လတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ်၌ ရှိခဲ့ကြောင်း ကြားသိရသောအခါ ပိုမို၍ပင် ယုံကြည်ရန် ခက်ခဲလာပါတော့သည်။ လူထုကိုယ်စားလှယ်ဖြစ်ရန် ကိုယ့်နာမည်အား လူထုထံသို့ မဖွင့်ဟရဲသည့် လူပုဂ္ဂိုလ်အား မည်သို့ယုံကြည်ပြီး တာဝန်အပ်နှင်းရပါမည်နည်း။
ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအမည်များကို မထုတ်ပြန်ဘဲ ကျင်းပရန် တိုက်တွန်းတောင်းဆိုမှုများ ပြီးခဲ့သည့်လတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ်၌ ရှိခဲ့ကြောင်း ကြားသိရသောအခါ ပိုမို၍ပင် ယုံကြည်ရန် ခက်ခဲလာပါတော့သည်။ လူထုကိုယ်စားလှယ်ဖြစ်ရန် ကိုယ့်နာမည်အား လူထုထံသို့ မဖွင့်ဟရဲသည့် လူပုဂ္ဂိုလ်အား မည်သို့ယုံကြည်ပြီး တာဝန်အပ်နှင်းရပါမည်နည်း။
ဆိုခဲ့ပြီးသလို စစ်တပ်အနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးအား လေးနှစ်ကျော်တိုင်အောင် ကြိုးပမ်းမှု မအောင်မြင်သောကြောင့် ကျင်းပရသော ရွေးကောက်ပွဲသည် စစ်တပ်အတွက် ထွက်လမ်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ စစ်တပ်အတွက် အားလုံး ကောင်းမွန်သွားလိမ့်မည်ဟုတော့ ယုံကြည်၍ မရနိုင်ပါ။
ရွေးကောက်ပွဲမပြီးမီနှင့် ရွေးကောက်ပွဲအပြီး ရင်ဆိုင်ရမည့် အခက်အခဲပြဿနာများလည်း မနည်းမနော စောင့်ဆိုင်းနေပါသည်။ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲလုပ်ရန် လိုလာပါလိမ့်မည်။ အရပ်ဘက် အဖွဲ့အစည်းများသို့ စစ်တပ်၏ထိပ်ပိုင်းခေါင်းဆောင်များကို တာဝန်ခွဲဝေရန် ပေးပို့ရပါမည်။ တပ်ချုပ်အသစ် ဖြစ်ခဲ့လျှင် ယင်းထက် စီနီယာစစ်ဗိုလ်များကို အရပ်ဘက်သို့ ဖယ်ရှားဖို့ လိုအပ်ပါလိမ့်မည်။
လေးနှစ်ကျော်လုံးလုံး တသမတ်တည်း ကြိုးစားလာရာမှ တဆစ်ချိုးတခုခု၌ ဂငယ်ကွေ့ ကွေ့လိုက်ရသည့် ကာလမျိုးတွင် အဖွဲ့အစည်းတခုအတွက် သက်သာခွင့်ရနိုင်သလို နစ်နာမှုများကိုလည်း ရင်ဆိုင်ရနိုင်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အမြောက်အမြား ပေါ်ပေါက်နေသောကာလနှင့်အတူ ပြည်သူလူထု၏ မုန်းတီးမှုကို ခံနေရသော အဖွဲ့အစည်းတရပ်အနေဖြင့် များစွာသတိထား လုပ်ကိုင်ရမည် ဖြစ်ပါသည်။ ခြေလှမ်းတချက်မှားသည်နှင့်တပြိုင်နက် ‘ကျလမ်း’ သို့ အချိန်မရွေး ရောက်ရှိသွားနိုင်ပါသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအား မဲမသမာမှုများကြာင့် မတရားအနိုင်ယူခဲ့သည်ဟု စွပ်စွဲလျက် ရွေးကောက်ပွဲရလဒ် အားလုံးကို (ဥပဒေနှင့်ဆန့်ကျင်ကာ) ဖျက်သိမ်းခဲ့ပါသည်။ မိမိကိုယ်တိုင်က ဦးစီးပြီး ကျင်းပမည့် ရွေးကောက်ပွဲသည် ၂၀၂၀ တုန်းကထက် ပိုမိုလွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရမည်မှာ ငြင်းဆန် မရသည့် တာဝန်တခုဖြစ်နေပြီ ဖြစ်သည်။
အဆိုပါ တာဝန်ကို စစ်တပ်အနေဖြင့် မည်သို့မည်ပုံ အောင်မြင်အောင် ဆောင်ရွက်နိုင်ပါမည်နည်း၊ အစမ်းသပ်ခံနိုင်မည်နည်း။ ၂၀၂၀ ရွေးကောက်ပွဲနှင့် ၂၀၂၅ ရွေးကောက်ပွဲတို့တွင် ဘယ်ရွေးကောက်ပွဲက ပို၍ လွတ်လပ်ပြီး တရားမျှတမှု ရှိလဲ ဆိုသည်ကို သမိုင်းဆရာများက မှတ်တမ်းတင်ရေးသားရန် စောင့်ဆိုင်းနေကြပြီဟု ဆိုချင်မိပါကြောင်း။
(ဉာဏ်လင်းသည် မြန်မာပြည်တွင်းရှိ ဝါရင့်နိုင်ငံရေးသမားတဦး ဖြစ်သည်။)
You may also like these stories:
ငြိမ်းချမ်းရေးဖိုရမ် ဆိုတာ နိုင်ငံရေးအာသာဖြေမှုတခုပဲ (ရုပ်/သံ)
အတုအယောင် ရွေးကောက်ပွဲဖြင့် မင်းအောင်လှိုင် အာဏာ ဆွဲဆန့်ဖို့ ပြင်
နေပြည်တော်က ငြိမ်းချမ်းရေးဖိုရမ် ဘယ်ကိုဦးတည်သလဲ (ရုပ်/သံ)
မြန်မာပြည်ထုတ် ငြိမ်းချမ်းရေးအတုနှင့် စစ်ပွဲအစစ်
တရုတ်အားကိုး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပစွက်ဖက်မှုကို ရှုတ်ချ
စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးကတိကဝတ်တွေကို ယုံကြည်ကြသလား (ရုပ်/သံ)














