မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ က မြန်မာ-တရုတ်နယ်စပ် အဓိက အစိတ်အပိုင်းများကို ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးကြာသောအခါ အကျိုးအမြတ် အလွန်များသော မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် ကျင်စန်းကျော့ နယ်စပ်ဂိတ်တို့ကို ထိန်းချုပ်ထားနိုင်ခြင်းသည် ၎င်းတို့အတွက် စစ်အောင်ပွဲအဖြစ်မှ နိုင်ငံရေးနှင့် စီးပွားရေး အမာခံဒေသအဖြစ် ပြောင်းလဲလာခဲ့သည်။
စစ်အတွင်း ယာယီသိမ်းပိုက်မှု မဟုတ်တော့ဘဲ ထိုနေရာများသည် ညီနောင်မဟာမိတ်များအတွက် အရေးပါသော ဝင်ငွေရင်းမြစ်ဖြစ်လာပြီး ရှမ်းပြည်မြောက်ပိုင်းတွင် အာဏာချိန်ခွင်လျှာကို ပြန်လည်ပုံဖော်ကာ ၎င်းတို့ စီမံအုပ်ချုပ်နိုင်သည့် စွမ်းရည်ကို လက်တွေ့စမ်းသပ်လာသည်။ ထိုမဟာမိတ်အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးဟု လူသိများသည့် ထိုးစစ် ပထမလှိုင်းစတင်ပြီး နှစ်လမျှအတွင်း မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို သိမ်းပိုက်လိုက်သည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ပါဝင်သည့် ညီနောင်မဟာမိတ်သည် ထိုအချိန်မှ စတင်ပြီး နိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ၏ သြဇာအကြီးမားဆုံးသော မဟာမိတ်အဖြစ် အခိုင်အမာ ထူထောင်လာသည်။
၁၀၂၇ စစ်ဆင်ရေးသည် ယခင်မကြုံဖူးသည့် ၎င်းတို့၏ ကြီးမားသော ညှိနှိုင်းထိုးစစ်များ ဆင်နွှဲနိုင်ပြီး သေနင်္ဂဗျူဟာကျသည့် ပိုင်နက်များကို သိမ်းပိုက်ကာ ရှမ်းပြည်မြောက်ပိုင်းမှ အားပြိုင်နေသည့်နေရာများကို ထိန်းချုပ်နိုင်သည့်စွမ်းရည်ကို ပြသနေသည်။
၁၀၂၇ စစ်ဆင်ရေးသည် ယခင်မကြုံဖူးသည့် ကြီးမားသော ညှိနှိုင်းထိုးစစ်များ ဆင်နွှဲနိုင်ပြီး သေနင်္ဂဗျူဟာကျသည့် ပိုင်နက်များကို သိမ်းပိုက်ကာ ရှမ်းပြည်မြောက်ပိုင်းမှ အားပြိုင်နေသည့်နေရာများကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို ပြသနေသည်။
မူဆယ်မှ အဓိက ပို့ကုန်သွင်းကုန်ဂိတ် သုံးခုအနက် နှစ်ခုသည် ညီနောင်မဟာမိတ် ထိန်းချုပ်မှုအောက် ရောက်သွားသည်။ ၎င်းတို့ မသိမ်းပိုက်မီက ထိုနယ်စပ်ဂိတ် သုံးခုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံဖိုး ကုန်သွယ်ရေးကို ကိုင်တွယ်ပြီး နေ့စဉ် ဒေါ်လာ ၁၃.၇ သန်းဖိုးခန့် ကုန်သွယ်ရေးတန်ဖိုးရှိသည်။ ထိုဂိတ်များအနက် ကျင်စန်းကျော့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး၏ အများစု သို့မဟုတ် အကြီးမားဆုံး ပမာဏကို ကိုင်တွယ်သည်။
သိမ်းပိုက်ခြင်းမှ စနစ်တကျ ဝင်ငွေသို့
လပေါင်းများစွာ ပြတ်တောက်ပြီးနောက် ယခုနှစ် မတ်လသို့ ရောက်သောအခါ တရုတ်ပြည်နယ် အာဏာပိုင်များသည် တရုတ်ဘက်မှ ကုန်စည်များကို ညီနောင်မဟာမိတ် စစ်ဆေးရေးစခန်းများမှတဆင့် မြန်မာသို့ တရားဝင် ဝင်ရောက်မှုကို တိတ်တဆိတ် ပြန်လည်ခွင့်ပြုသည်။
ထိုလက်တွေ့ကျသော လှုပ်ရှားမှုသည် နိုင်ငံရေးအရ ထောက်ခံမှုကို ဖော်ပြခြင်းထက် နယ်စပ်ကုန်သွယ်ရေး ပြန်လည် ထိန်းသိမ်းရန်နှင့် နယ်စပ်ဒေသတွင် စီးပွားရေး တုံ့ဆိုင်းမှုကို တားဆီးရန် ရည်ရွယ်သည်။ သို့သော် တရုတ်နိုင်ငံသည် EAO များ၏ စစ်ရေးလှုပ်ရှားမှုများကို အားဖြည့်ပေးနိုင်သည့် ပို့ကုန်များ တင်ပို့ခြင်းကို ဆက်လက် ပိတ်ပင်ထားသည်။

ထိုအချက်ကို အသုံးချပြီး ညီနောင်မဟာမိတ်သည် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် မော်တော်ယာဉ်လိုင်စင် ချပေးခြင်း အပါအဝင် ထိုဂိတ်များတွင် စနစ်တကျ အခွန်ကောက်ခံခြင်းကို စတင်ကာ တရုတ် လုပ်ထုံးလုပ်နည်းများအတိုင်း ပုံဖော်ထားသည့် စနစ်တခုကို အကောင်အထည်ဖော်သည်။
အခွန်ဆော့ဖ်ဝဲလ်သစ်သည် ကနဦးတွင် တရုတ်ဘာသာဖြင့်သာ ရနိုင်သော်လည်း ဒေသခံကုန်သည်များနှင့် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများကို အထောက်အကူပြုစေရန် မြန်မာနှင့် အင်္ဂလိပ်ဘာသာများကို တပတ်အတွင်း ထည့်သွင်း အဆင့်မြှင့်တင်လိုက်သည်။
လုပ်ငန်းလည်ပတ်မှု ချောမွေ့ရေးနှင့် အလျင်အမြန် ပြဿနာဖြေရှင်းရေး ဖြစ်စေရန်အတွက် ညီနောင်မဟာမိတ်သည် အခွန်လျှောက်ထားခြင်း၊ မှတ်ပုံတင်ခြင်း၊ ပါမစ်နှင့် နယ်စပ်အဝင်အထွက်ကို စီမံရန် တရားဝင် WeChat အကောင့်တခု ဖွင့်ထားသည်။ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများနှင့် ကုန်သည်များထံမှ စုံစမ်းမေးမြန်းမှုများကို အထူးတာဝန်ပေးထားသည့် ဝန်ထမ်းတဦးက ဖြေဆိုကာ ပွင့်လင်းမြင်သာမှုနှင့် ဆက်သွယ်ရေး တိုးတက်စေသည်။
ပုံမှန်အားဖြင့်ဆိုပါက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ မော်တော်ယာဉ် ၆၀၀ ကျော် နေ့စဉ် ဖြတ်သန်းသည်ဟု တရုတ်ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတခု၏ စာရင်းအရ သိရသည်။ နယ်စပ်ကုန်သွယ်ရေးသည် တရုတ်-မြန်မာ ကူးသန်းရောင်းဝယ်ရေးတွင် ပါဝင်ပတ်သက်သည့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ ၄၀၀ နီးပါးကို ထိန်းထားပြီး စစ်ဆေးရေးဂိတ်စီးပွားရေး၏ အရေးပါမှုကို မီးမောင်းထိုးပြသည်။
ကုန်သွယ်ရေးကို ပိုမို အဆင်ပြေချောမွေ့စေရန်အတွက် ညီနောင်မဟာမိတ်သည် အွန်လိုင်းစနစ်တခုကို ဖွင့်ထားပြီး တရုတ်-မြန်မာ တင်ပို့သူများနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ပါဝင်ရန် ဖိတ်ခေါ်သည်။ ကုန်စည်ပို့ဆောင်ရေး ကတိကဝတ်မှအပ မည်သည့် ကြိုတင်စည်းကမ်းကန့်သတ်ချက်မှ မရှိပေ။
ကုန်သွယ်ရေးကို ပိုမို အဆင်ပြေချောမွေ့စေရန်အတွက် ညီနောင်မဟာမိတ်သည် အွန်လိုင်းစနစ်တခုကို ဖွင့်ထားပြီး တရုတ်-မြန်မာ တင်ပို့သူများနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ပါဝင်ရန် ဖိတ်ခေါ်သည်။ ကုန်စည်ပို့ဆောင်ရေး ကတိကဝတ်မှအပ မည်သည့် ကြိုတင်စည်းကမ်းကန့်သတ်ချက်မှ မရှိပေ။
လျှောက်ထားသူသည် အတည်ပြုချက် ရရှိရေးအတွက် စီးပွားရေးလုပ်ငန်း လိုင်စင်များနှင့် မှတ်ပုံတင် မိတ္တူအပါအဝင် အဓိက စာရွက်စာတမ်းများကို တပတ်အတွင်း တင်သွင်းရသည်။ ခွင့်ပြုချက်ရသော ကုမ္ပဏီများသည် ထိုစခန်းမှ အကောက်ခွန် ငွေစာရင်းသို့ ဝင်ရောက်ခွင့်ရပြီး လျင်မြန်သော အွန်လိုင်းအခွန် ကြေညာချက်များနှင့် မော်တော်ယာဉ် မှတ်ပုံတင်ခြင်းများကို ပြုလုပ်နိုင်စေသည်။
“ပထမဆုံးလမှာ ဒီကိစ္စက တော်တော်ခက်ခဲတယ်။ ဒါပေမဲ့ အခုတော့ ထရပ်ကားတွေ ချောချောမွေ့မွေ့ ဖြတ်သန်းလို့ ရပြီ။ သူတို့ရဲ့အခွန်စနစ်က အရမ်းမြန်တယ်” ဟု ဒေသခံ ထရပ်ကားမောင်းသမားတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ထိုမဟာမိတ်အဖွဲ့၏ နေ့စဉ် အခွန်ကောက်ခံမှုနှုန်းကို ဧရာဝတီသတင်းဌာနက MNDAA သို့ အသေးစိတ် မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားမှု မရပေ။
ညီနောင်မဟာမိတ် ထိန်းချုပ်မှုအောက်တွင် အခွန်စနစ်သစ်ဖြင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်ပြီး တရုတ်အစိုးရ ရုပ်သံလုပ်ငန်း CCTV သည် တရုတ်ဘက်ခြမ်း ဝမ်တိန်မှ နယ်စပ်ကုန်သွယ်ရေး လှုပ်ရှားမှုများကို သတင်းယူရန် သတင်းထောက်များကို စေလွှတ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိရောက်သော နယ်စပ် စီမံခန့်ခွဲမှုကို ပြသသည်။
EAO များ စွန့်လွှတ်မည် မဟုတ်သည့် စီးပွားရေး အသက်သွေးကြော

စစ်အာဏာမသိမ်းမီက မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းသည် နှစ်စဉ် ကုန်သွယ်မှု ဒေါ်လာ ၅.၅ ဘီလီယံဖိုးခန့် ကိုင်တွယ်ပြီး ထိုစခန်းသည် နှစ်နိုင်ငံအကြား အကြီးမားဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း မတည်ငြိမ်မှုကြောင့် ထိုပမာဏသည် တနှစ်လျှင် ဒေါ်လာ ၂.၂ ဘီလီယံသို့ လျော့ကျသွားသည်။ ထိုဂိတ်ပေါက်များကို တိုက်ရိုက် ထိန်းချုပ်မှု ဆုံးရှုံးမှုသည် စစ်ကော်မရှင်အတွက် စီးပွားရေး ဆုံးရှုံးမှုသာမကဘဲ သေနင်္ဂဗျူဟာကျသော ဂုဏ်သိက္ခာဆုံးရှုံးမှုလည်း ဖြစ်သည်။
တချိန်က ထိုစစ်ဆေးရေးစခန်းများသည် နိုင်ငံတော်ဝင်ငွေ၏ မဏ္ဍိုင်များဖြစ်ခဲ့ပြီး ၎င်းတို့ကို ဆုံးရှုံးခြင်းသည် စစ်အာဏာပိုင်များ၏ ဘဏ္ဍာရေးနှင့် ဂုဏ်သိက္ခာ အင်အားချိနဲ့သွားသည်ကို ပြသနေသည်။
“စစ်တပ်က ဒီမှာ နယ်မြေသာ ဆုံးရှုံးတာ မကဘူး။ သူတို့ရဲ့စစ်ဆင်ရေးတွေကို ထောက်ပံ့နေတဲ့ငွေလည်း ဆုံးရှုံးတယ်” ဟု နယ်စပ်ကုန်သွယ်ရေးနှင့် နီးစပ်သည့် ဒေသခံစီးပွားရေးသမားတဦးက ပြောသည်။
နယ်စပ်ဂိတ်များ ပြန်ပေးရေးအတွက် EAO များကို ဖိအားပေးရန် စစ်ကော်မရှင်က တရုတ်ကို အကြိမ်ကြိမ် တွန်းအားပေးသော်လည်း ထိုသို့သော တောင်းဆိုမှုများ လုံးဝ မအောင်မြင်ပေ။ ညီနောင်မဟာမိတ်၏ အမြင်မှ ကြည့်ပါက ထိုဂိတ်များသည် အပေးအယူလုပ်ရမည့် အရာများမဟုတ်ပေ။
ထိုဂိတ်များသည် ပုံမှန်ဝင်ငွေ ရနေသည့် ဂိတ်များဖြစ်ပြီး အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် အလွန် သြဇာသက်ရောက်မည့် အချက်များဖြစ်သည်။ အခွန်ဝင်ငွေသည် စစ်ဆင်ရေးများနှင့် အသစ်ထိန်းချုပ်လိုက်သည့် နယ်မြေများမှ ထွန်းသစ်စ စီမံအုပ်ချုပ်ရေး စနစ်များကို အထောက်အကူပြုသည်။ ထိုဂိတ်များကို စွန့်လွှတ်ခြင်းသည် ဘဏ္ဍာရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သေနင်္ဂဗျူဟာ အားသာချက်ကို ဆုံးရှုံးခြင်းဖြစ်သည်။
ထိုဂိတ်များသည် ပုံမှန်ဝင်ငွေ ရနေသည့် ဂိတ်များဖြစ်ပြီး အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် အလွန် သြဇာသက်ရောက်မည့် အချက်များဖြစ်သည်။ အခွန်ဝင်ငွေသည် စစ်ဆင်ရေးများနှင့် အသစ်ထိန်းချုပ်လိုက်သည့် နယ်မြေများမှ ထွန်းသစ်စ စီမံအုပ်ချုပ်ရေး စနစ်များကို အထောက်အကူပြုသည်။ ထိုဂိတ်များကို စွန့်လွှတ်ခြင်းသည် ဘဏ္ဍာရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သေနင်္ဂဗျူဟာ အားသာချက်ကို ဆုံးရှုံးခြင်းဖြစ်သည်။
၁၀၅ မိုင် ကုန်သွယ်ရေးစခန်းဇုန်အနီး မိုင်းယုတွင် ပထမဆုံးနှင့် ကြီးမားသော ပြည်သူ့ဆေးရုံကို ဇူလိုင်လ ၈ ရက်နေ့၌ တရားဝင် ဖွင့်လှစ်ခြင်းသည် အဓိက သမိုင်းမှတ်တိုင်ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှု နှစ်နှစ်ကျော် ပြုလုပ်ပြီးနောက် ညီနောင်မဟာမိတ်က ခန့်ထားသည့် ဝန်ထမ်းများက စီမံသည့် ထိုဆေးရုံသည် ယခုအခါ သွေးစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းနှင့် အထွေထွေကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် ၂၄ နာရီ ဝန်ဆောင်မှုပေးနေပြီး ဒေသခံများ၊ ကုန်သည်များနှင့် အလုပ်သမားများ ဝန်ဆောင်မှုရရှိနေသည်။ ယခင်က ထိုသူများသည် အရေးပေါ် ကုသမှုခံယူရန် အလွန်ဝေးကွာသည့် ခရီးကို သွားကြရသည်။
ထိုဆေးရုံကဲ့သို့ အများပြည်သူဝန်ဆောင်မှုများပေးခြင်းနှင့်အတူ နယ်စပ်ဂိတ်များကို စီမံခန့်ခွဲခြင်းသည် ညီနောင်မဟာမိတ်အဖွဲ့၏ စီမံအုပ်ချုပ်ရေး ရည်မှန်းချက်များကို ဖော်ပြနေသည်။ ထိရောက်သော အခွန်ကောက်ခံမှုနှင့် ပွင့်လင်းမြင်သာသော လုပ်ထုံးလုပ်နည်းများသည် စွမ်းဆောင်ရည်ရှိသော အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့တခုအဖြစ် ထိုမဟာမိတ်အဖွဲ့ကို ပုံဖော်ရာတွင် အရေးပါသည်။
ထိုသို့လုပ်ခြင်းသည် ဒေသတွင်း တရားဝင်မှုကို အားဖြည့်ပေးပြီး မဟာမိတ်အဖွဲ့သည် စစ်ကော်မရှင်က တည်ငြိမ်အောင် မထိန်းသိမ်းနိုင်သော နေရာများတွင် တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ကြောင်း ပြင်ပမှ သက်ဆိုင်သူများ၊ အထူးသဖြင့် တရုတ်နိုင်ငံကို ပြသလိုက်ခြင်းဖြစ်သည်။
အစိတ်စိတ်အမွှာမွှာဖြစ်နေသော ထိန်းချုပ်မှုနှင့် ကုန်သည်များအတွက် ဝန်ထုပ်ဝန်ပိုး

တဖက်တွင်လည်း စစ်တပ်သည် မူဆယ်မြို့ကို ဆက်လက် ထိန်းချုပ်ထားပြီး ထိုမြို့တွင် နယ်စပ်ဂိတ် နှစ်ခုရှိနေကာ အဓိကအားဖြင့် ပြည်သူများကို တနိုင်တပိုင်ပစ္စည်းများဖြင့် ဝင်ထွက်ခွင့်ပြုထားသည်။
ထိုဂိတ်များကိုလည်း တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ဖြတ်သန်းသောအခါ ကုန်စည်စီးဆင်းမှုကို ကန့်သတ်ထားသည်။ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်သည် မြန်မာနိုင်ငံ မူဆယ်မှ ၅ ကီလိုမီတာခန့်အဝေးတွင် တည်ရှိသည်။
အခြားတဖက်တွင် ညီနောင်မဟာမိတ်က ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ဂိတ်မှ ကုန်စည်များ လွတ်လပ်စွာ စီးဆင်းနေသည်ဟု မူဆယ်မြို့နယ်မှ ဒေသခံများက ပြောသည်။
နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လိုက်သောကြောင့် ကုန်စည်များ ပြန်လည်စီးဆင်းကာ ကုန်သွယ်ရေး ပြန်လည် စတင်နိုင်စေသည်။ ထို့ကြောင့် တရုတ်ထုတ်ကုန်များ မူဆယ်နှင့်လားရှိုးတွင် ပြန်ရောက်လာသည်။
အခွန်ပေးဆောင်ခြင်းအပြင် ကုန်စည်များက အတားအဆီး ကြီးကြီးမားမားမရှိဘဲ သယ်ယူပို့ဆောင်ကြပြီး ဧပြီလမှ စတင်ပြီး တရုတ်ထုတ်ကုန်များကို ကျယ်ကျယ်ပြန့်ပြန့် ရရှိလာသည်ဟု လားရှိုးဒေသခံတဦးက ပြောသည်။
ညီနောင်မဟာမိတ်၏ နယ်စပ်ဂိတ်များကို စီမံခန့်ခွဲမှုသည် စနစ်ကျပုံရသော်လည်း နယ်စပ်မှ မြန်မာနိုင်ငံအလယ်ပိုင်း ဈေးကွက်များသို့ ကုန်ပစ္စည်းများ ပို့ဆောင်ခြင်းသည် အကုန်အကျနှင့် အန္တရာယ်များသည်။
ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသများသည် တောင်ဘက်တွင် သီပေါအထိရှိပြီး ထိုနေရာကိုကျော်သည့်ဒေသကို စစ်ကောင်စီက ဆက်လက် ထိန်းချုပ်ထားသည်။ စစ်တပ်သည် မော်တော်ယာဉ် စစ်ဆေးမှုများ ပိုမိုပြင်းထန်စွာ လုပ်ပြီး မန္တလေးတွင် ထရပ်ကားများကို အလုံးအရင်း ဖမ်းကာ ကုန်သွယ်ရေး ပြတ်တောက်စေသည်။
ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသများသည် တောင်ဘက်တွင် သီပေါအထိရှိပြီး ထိုနေရာကိုကျော်သည့်ဒေသကို စစ်ကောင်စီက ဆက်လက် ထိန်းချုပ်ထားသည်။ စစ်တပ်သည် မော်တော်ယာဉ် စစ်ဆေးမှုများ ပိုမိုပြင်းထန်စွာ လုပ်ပြီး မန္တလေးတွင် ထရပ်ကားများကို အလုံးအရင်း ဖမ်းကာ ကုန်သွယ်ရေး ပြတ်တောက်စေသည်။

ကုန်သည်များသည် အခွန် နှစ်ထပ် သို့မဟုတ် သုံးထပ် ပေးဆောင်ရသည်။ လားရှိုးတွင် စစ်တပ်၏ တရားဝင် အကောက်ခွန်နှင့် စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် စစ်ဆေးရေး စခန်းများတွင် တရားမဝင် လုံခြုံရေး သို့မဟုတ် ခြိမ်းခြောက်ငွေတောင်း ခံကြရသည်။ ထိုအခကြေးငွေများသည် ခရီးစဉ်တခုလျှင် ကျပ် ၂ သိန်းမှ ၇ သိန်းအထိ (၉၅ ဒေါ်လာမှ ၃၃၀ ဒေါ်လာအထိ) ရှိပြီး ယာဉ်မောင်းများသည် ငွေကြေးအများအပြား ဆောင်ထားရသည်။
“ဒါက နယ်စပ်မှာသာ မဟုတ်ဘူး၊ လမ်းမှာ စစ်ဆေးရေးစခန်တွေ အများကြီးရှိပြီး ထပ်ထပ်ပေးနေရတယ်” ဟု အဝေးပြေးလမ်း ယာဉ်မောင်းတဦးက ပြောသည်။ “တခါတခါကျရင် ဒုက္ခမရောက်အောင် ငွေအပို စီစဉ်ထားရတယ်” ဟုလည်း ၎င်းကပြောသည်။
ထိုအမျိုးမျိုးအဖုံဖုံ ထိန်းချုပ်မှုနှင့် အနိုင့်အထက်ပြုသော အခွန်ကောက်ခြင်းသည် ညီနောင်မဟာမိတ် စီမံသည့်ဂိတ်များမှ ထိရောက်မှုကို ထိခိုက်စေကာ အစိတ်စိတ်အမွှာမွှာဖြစ်နေသော မြန်မာပိုင်နက်နယ်မြေက ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် မည်သို့ များပြားစေသည်ကို ပြသနေသည်။
တရုတ်နိုင်ငံဘက်တွင်လည်း ကျင်စန်းကျော့မှ ဂိတ်များကိုသာ ဖွင့်ထားရန်နှင့် ထိုလမ်းကြောင်းတလျှောက် နောက်ထပ်ဂိတ်များကို မဖွင့်ရန် သဘောတူညီချက်တခု ရှိသည်။ သို့သော် ထိုအစီအစဉ်သည် ကုန်သည်များ ရင်ဆိုင်ရသည့် အခက်အခဲများကို အပြည့်အဝ မလွယ်ကူစေကြောင်း ဒေသခံတဦးက ပြောသည်။
ကုန်စည်များ အလုံးအရင်း ပြန်လည် ဝင်ရောက်လာသော်လည်း ဈေးနှုန်းများ အလွန်မြင့်မားသည်။ ထို့ကြောင့် ထိုဒေသတွင် တရားမဝင် လှုပ်ရှားမှုများ၊ မူးယစ်မှောင်ခိုခြင်းနှင့် လောင်းကစားရုံများ ပိုမိုများပြားလာသည်ဟု လားရှိုးဒေသခံတဦးက ပြောသည်။
တရုတ်နိုင်ငံ၏ လက်တွေ့ကျသည့် တွက်ချက်မှု
တရုတ်၏ အခန်းကဏ္ဍသည် ဂရုတစိုက် ချိန်ခွင်လျှာညှိထားသည်။ တရုတ်နိုင်ငံသည် နယ်စပ်တွင် လုပ်ငန်းများ ချောမွေ့စွာ လည်ပတ်ခြင်းမှ စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွားများရရှိသည်မှာ ထင်ရှားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ် အင်အားချိနဲ့သွားသည်ကို အသိအမှတ်ပြုသည်။
တရုတ်နိုင်ငံသည် တည်ငြိမ်မှုပေးနိုင်သည့် သက်ဆိုင်သူများနှင့်၊ လက်ရှိအချိန်တွင် ညီနောင်မဟာမိတ်နှင့် လက်တွေ့ကျစွာ ထိတွေ့ဆက်ဆံသည်။ ထိုအစီအစဉ်သည် ကုန်သွယ်ရေးစီးဆင်းမှုကို ထိန်းသိမ်းထားပြီး ပြတ်တောက်မှု အနည်းဆုံး ဖြစ်စေကာ တဖက်တည်းကို ပွင့်ပွင့်လင်းလင်း ကတိကဝတ်မပြုဘဲ နှစ်ဖက်လုံးအပေါ် တရုတ်၏သြဇာကို ဆက်လက် ထိန်းသိမ်းထားသည်။
နိုင်ငံရေးစမ်းသပ်ခန်းဖြစ်နေသော နယ်စပ်

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို ထိန်းချုပ်နိုင်ခြင်းသည် ဘဏ္ဍာရေး အားသာချက်သာမက ညီနောင်မဟာမိတ် စီမံအုပ်ချုပ်မှုပုံစံအတွက် နိုင်ငံရေးစမ်းသပ်ခန်းတခုလည်း ဖြစ်သည်။ စစ်ကာလ မြန်မာတွင် လက်နက်ကိုင်အဖွဲ့အနည်းငယ်သာ ထိုမျှတန်ဖိုးမြင့်မားသည့် နိုင်ငံတကာသို့ ဆက်စပ်ပေးသော ကုန်သွယ်ရေးဇုန်ကို အုပ်ချုပ်ရေးကျွမ်းကျင်မှုအား သက်သေပြရန် ရင်းမြစ် သို့မဟုတ် အခွင့်အလမ်းရှိသည်။
နယ်စပ်ဂိတ်များကို ထိရောက်သော စီမံခန့်ခွဲမှုသည် ညီနောင်မဟာမိတ်၏ စေ့စပ်ညှိနှိုင်းနိုင်သော စွမ်းအားကို တောင့်တင်းစေပြီး တရုတ်နိုင်ငံအတွက် အဓိကျသည့် ကုန်သွယ်ရေး စင်္ကြံတလျှောက် တည်ငြိမ်မှု ဖြစ်စေသည်။ ကုန်သည်များသည် ကြိုတင်ခန့်မှန်းနိုင်သော အခွန်များနှင့် ဝန်ဆောင်မှုများကို လက်ခံနိုင်သော်လည်း ငွေညှစ်ခံရမည့်အန္တရာယ်ကို ရင်ဆိုင်ရသောကြောင့် ရေရှည်အောင်မြင်မှုသည် အခွန်ကောက်ခံမှုနှင့် စီးပွားရေးတိုးတက်မှု ချိန်ခွင်လျှာ ညီရေးအပေါ် မူတည်သည်။
နယ်စပ်ဂိတ်များကို ထိရောက်သော စီမံခန့်ခွဲမှုသည် ညီနောင်မဟာမိတ်၏ စေ့စပ်ညှိနှိုင်းနိုင်သော စွမ်းအားကို တောင့်တင်းစေပြီး တရုတ်နိုင်ငံအတွက် အဓိကျသည့် ကုန်သွယ်ရေး စင်္ကြံတလျှောက် တည်ငြိမ်မှု ဖြစ်စေသည်။ ကုန်သည်များသည် ကြိုတင်ခန့်မှန်းနိုင်သော အခွန်များနှင့် ဝန်ဆောင်မှုများကို လက်ခံနိုင်သော်လည်း ငွေညှစ်ခံရမည့်အန္တရာယ်ကို ရင်ဆိုင်ရသောကြောင့် ရေရှည်အောင်မြင်မှုသည် အခွန်ကောက်ခံမှုနှင့် စီးပွားရေးတိုးတက်မှု ချိန်ခွင်လျှာ ညီရေးအပေါ် မူတည်သည်။
ထိုဂိတ်များကို ထိန်းချုပ်ခြင်းသည် ရှမ်းပြည်မြောက်ပိုင်း နိုင်ငံရေးဘောဂဗေဒတွင် ဖွဲ့စည်းမှုစနစ် အပြောင်းအလဲဖြစ်ပြီး EAO များ၏ ဝင်ငွေကို မြှင့်တင်ပေးကာ ပြင်ပမှ ထောက်ပံ့သူများအပေါ် မှီခိုမှုလျှော့ချပေးပြီး ဆေးရုံများကဲ့သို့သော ဝန်ဆောင်မှုများမှတဆင့် စီမံအုပ်ချုပ်ရေးစွမ်းရည်ကို ပြသသည်။
ထိုအသက်သွေးကြောများကို စစ်ကော်မရှင်က ပြန်လည် မရယူနိုင်ခြင်းသည် သြဇာမှေးမှိန်လာခြင်းကို မီးမောင်းထိုးပြနေပြီး တရုတ်၏ လက်တွေ့ကျသော လက်ခံမှုက နယ်မြေထိန်းချုပ် စီမံအုပ်ချုပ်နိုင်သောသူများတွင် အာဏာရှိသည်ဆိုသည့် အချက်ကို ထင်ဟပ်နေသည်။
ညီနောင်မဟာမိတ် အတွက် နယ်စပ်ဂိတ်များသည် ရှည်ကြာသော ထိန်းချုပ်နိုင်မှုနှင့် ဖြစ်ပေါ်တိုးတက်နေသော စီမံအုပ်ချုပ်မှုပုံစံကို လက္ခဏာပြနေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Athena Awn Naw ၏ Beyond the Checkpoint: Myanmar Ethnic Alliance’s Rise as Border Governors ကို ဘာသာပြန်သည်။)
You may also like these stories:
ညီနောင်မဟာမိတ် ထိန်းချုပ်မှုအောက်က နယ်စပ်ကုန်သွယ်ရေးစခန်း (ရုပ်/သံ)
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား
အမေရိကန်သံ စစ်ဘေးသင့် ကချင်ပြည်နယ်သို့ သွား
တရုတ်ဂိတ်များ ဖွင့်သော်လည်း နယ်စပ်ကုန်ဈေးနှုန်းများ မြင့်နေဆဲ
ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား
နယ်စပ်ပိတ်သည့်ကိစ္စ မြန်မာစီးပွားရေးသံမှူးနှင့် ထိုင်းအာဏာပိုင်တို့ တွေ့မည်
မြန်မာ့ဘဏ္ဍာရေးထိန်းချုပ်မှု တိုက်ပွဲ














