အိန္ဒိယနိုင်ငံသည် တရုတ်က တင်းကျပ်စွာ ထိန်းချုပ်ထားသည့် သေနင်္ဂဗျူဟာကျသော သယံဇာတ ရရှိရန် အခြားနည်းလမ်းအဖြစ် မြန်မာမှ မြေရှားသတ္တု နမူနာများ ရရှိရေးအတွက် အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ထိုကိစ္စကို သိသူ လေးဦးက Reuters သတင်းဌာနကို ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း သတ္တုမိုင်းများမှ နမူနာများ စုဆောင်းပို့ဆောင်ရေး လေ့လာရန် အိန္ဒိယသတ္တုတွင်းဝန်ကြီးဌာနက နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများကို ပြောသည်ဟု အထက်ပါလူ လေးဦးအနက် သုံးဦးက Reuters ကို ပြောသည်။
နိုင်ငံပိုင် သတ္တုတူးဖော်ရေးလုပ်ငန်း IREL နှင့် မြေရှားသတ္တု သံလိုက်များ စီးပွားဖြစ် ထုတ်လုပ်ရန်တွက် အစိုးရရန်ပုံငွေများကို လွန်ခဲ့သောနှစ်က ရရှိခဲ့သည့် ပုဂ္ဂလိက လုပ်ငန်း Midwest Advanced Materials တို့သည် ထိုဆွေးနွေးမှုများတွင် ပါဝင်သည်ဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။
လျှပ်စစ် မော်တော်ယာဉ်များနှင့် အခြားအဆင့်မြင့် ကိရိယာများတွင် အသုံးပြုသော သံလိုက်များ ထုတ်လုပ်ရန် သိပ်သည်းဆများသည့် မြေရှားသတ္တုများ လုံလောက်စွာ ပါဝင်ခြင်း ရှိ၊ မရှိ သေချာစွာသိရန် နမူနာများကို ပြည်တွင်း ဓာတ်ခွဲခန်းများတွင် စမ်းသပ်နိုင်မည်ဟု အိန္ဒိယက မျှော်လင့်ကြောင်း အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။
ထိုအိန္ဒိယ ဝန်ကြီးဌာနသည် ဇူလိုင်လကပြုလုပ်သည့် အွန်လိုင်း အစည်းအဝေးတခုတွင် ထိုသို့တောင်းဆိုသည်ဟု အထက်ပါ သတင်းရင်းမြစ် နှစ်ခုက ပြောသောကြောင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းနှင့် အိန္ဒိယ၏ ရှားပါးသော ထိတွေ့ဆက်ဆံမှုဖြစ်သည်။ ထိုအစည်းအဝေးသို့ IREL ၊ Midwest နှင့် အနည်းဆုံး အခြားကုမ္ပဏီတခုတို့ တက်ရောက်သည်ဟု သတင်းရင်းမြစ်တခုက ပြောသည်။
KIA သည် အိန္ဒိယ၏ လေ့လာမှုအတွက် နမူနာများ စတင်ကောက်ယူနေသည်ဟု ထိုလက်နက်ကိုင်အဖွဲ့မှ အရာရှိတဦးဖြစ်သည့် စတုတ္ထ သတင်းရင်းမြစ်က ပြောသည်။ KIA သည် အိန္ဒိယသို့ အကြီးအကျယ် တင်ပို့နိုင်ခြင်း ရှိ၊ မရှိကိုလည်း လေ့လာနေသည်ဟု ထို KIA အရာရှိက ပြောသည်။
KIA သည် အိန္ဒိယ၏ လေ့လာမှုအတွက် နမူနာများ စတင်ကောက်ယူနေသည်ဟု ထိုလက်နက်ကိုင်အဖွဲ့မှ အရာရှိတဦးဖြစ်သည့် စတုတ္ထ သတင်းရင်းမြစ်က ပြောသည်။ KIA သည် အိန္ဒိယသို့ အကြီးအကျယ် တင်ပို့နိုင်ခြင်း ရှိ၊ မရှိကိုလည်း လေ့လာနေသည်ဟု ထို KIA အရာရှိက ပြောသည်။ ထိုကိစ္စသည် အရေးကြီးသောကြောင့် အထက်ပါ KIA အရာရှိသည် အခြားသတင်းရင်းမြစ်များကဲ့သို့ပင် အမည်မဖော်ဘဲ ပြောကြားခြင်းဖြစ်သည်။
အိန္ဒိယနှင့် KIA ထိတွေ့ဆက်ဆံမှု အသေးစိတ်များကို Reuters သတင်းဌာနက ပထမဆုံး ဖော်ပြခြင်းဖြစ်သည်။
အိန္ဒိယ၏ နိုင်ငံခြားရေးနှင့် သတ္တုတွင်း ဝန်ကြီးဌာနများက Reuters ၏ မေးခွန်းများကို မဖြေကြားပေ။ IREL နှင့် Midwest တို့ကလည်း မှတ်ချက်ပေးရန် တောင်းဆိုသည်ကို အကြောင်းမပြန်ပေ။
KIA ပြောခွင့်ရသူတဦးကလည်း ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုများကို အကြောင်းမပြန်ပေ။
တရုတ်ထိန်းချုပ်မှု
မြေရှားသတ္တုများသည် ပေါများသော်လည်း ထိုတွင်းထွက်မှ သံလိုက် ထုတ်လုပ်သည့် နည်းပညာကို တရုတ်က လုံးဝနီးပါး ထိန်းချုပ်ထားသည်။
တရုတ်သည် အမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲအတွင်း ပထဝီနိုင်ငံရေးသြဇာ ခိုင်မာစေရန် ကြိုးစားသည့်အနေဖြင့် ယခုနှစ်အတွင် အိန္ဒိယကဲ့သို့သော အဓိက စီးပွားရေးများသို့ သန့်စင်ပြီး မြေရှားသတ္တု တင်ပို့ခြင်းကို တင်းကျပ်စွာ ကန့်သတ်ထားသည်။
အိန္ဒိယသည် မြေရှားသတ္တု ရရှိရေးအတွက် လုပ်ဆောင်နေသည်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက KIA ကို တိုက်နေသည့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံတွင် တွေ့ဆုံစဉ် မြေရှားသတ္တုတူးဖော်ရေးကို ဆွေးနွေးခဲ့သည်ဟု သြဂုတ်လ ၃၁ ရက်နေ့တွင် ပြောသည်။ အသေးစိတ်များကိုမူ မပြောပေ။
မည်သည့် သဘောတူညီချက်ကိုမှ လူသိရှင်ကြား မကြေညာဘဲ စစ်အုပ်စုကလည်း မှတ်ချက်ပေးရန် တောင်းဆိုသည်ကို အကြောင်းမပြန်ပေ။
အိန္ဒိယသည် သန့်စင်မှုမြင့်မားသည့် မြေရှားဒြပ်စင်များ ထုတ်လုပ်ရန် စက်မှုလုပ်ငန်းအဆင့် အဆောက်အအုံများ မရှိခြင်းကိုလည်း ဖြေရှင်းရန် ကြိုးစားနေသည်။ IREL သည် မြေရှားသတ္တု သံလိုက်များ စီးပွားဖြစ်ထုတ်လုပ်ရန် ဂျပန်နှင့် ကိုရီးယား ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကြိုးစားနေသည်ဟု Reuters သတင်းဌာနက လွန်ခဲ့သောလက ဖော်ပြခဲ့သည်။
အိန္ဒိယ၏ KIA နှင့် ထိတွေ့ဆက်ဆံမှုအကြောင်း Reuters က မေးမြန်းသောအခါ နယူးဒေလီမှ စဉ်းစားသုံးသပ်ချက်များကို သိသည့် အိန္ဒိယအရာရှိတဦးက အရေးပါသော တွင်းထွက်များကို နိုင်ငံ၏ စိတ်ဝင်စားမှုသည် လျှို့ဝှက်ချက် မဟုတ်ကြောင်းပြောသည်။
“တကမ္ဘာလုံးက ရနိုင်သမျှ မြေရှားတွင်းထွက်တွေ ရရှိဖို့ စီးပွားရေးလုပ်ငန်းချင်း ပူးပေါင်းဆောင်ရွက်တာကို ကျနော်တို့ အားပေးတယ်” ဟု ထိုအရာရှိက KIA ကို ရည်ညွှန်းခြင်းမရှိဘဲ ပြောသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည်လည်း မြန်မာ့ မြေရှားသတ္တုရရှိရေး အဆိုပြုချက်များကို ကြားနာခဲ့ပြီး အဆိုပြုချက်တခုတွင် အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်ရေး ပါဝင်သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
IREL သည် ထိုသယံဇာများကို လေ့လာရန် အဖွဲ့တဖွဲ့ကို ဒီဇင်ဘာလက ကချင်ပြည်နယ်သို့ စေလွှတ်ခဲ့သည်ဟု Reuters သတင်းဌာနတွင် ယခင်က ဖော်ပြခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည်လည်း မြန်မာ့ မြေရှားသတ္တုရရှိရေး အဆိုပြုချက်များကို ကြားနာခဲ့ပြီး အဆိုပြုချက်တခုတွင် အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်ရေး ပါဝင်သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် KIA နှင့် ဆက်ဆံရေးရှိပြီး KIA ကလည်း တရုတ်သို့ မြေရှားသတ္တုများ ရောင်းချသည်ဟု စင်ကာပူ အခြေစိုက် လွတ်လပ်သော အိန္ဒိယ-မြန်မာဆက်ဆံရေး သုတေသီ အန်ရှူမန် ချောင်ဒရီက ပြောသည်။
“မြေရှားသတ္တုတွေရဖို့ တရုတ်က KIA နဲ့ ဆက်ဆံရင် အိန္ဒိယကလည်း ဘာကြောင့် နောက်ကျကျန်နေရမှာလဲ။ အဲဒီလို ယှဉ်ပြိုင်မှုက လက်လှမ်းမီမှုကို ဖော်ပြတယ်” ဟုလည်း သူကပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးက Reuters သတင်းဌာနသို့ ဖြေဆိုရာတွင် KIA သည် အိန္ဒိယနှင့် လုပ်နိုင် မလုပ်နိုင်ဆိုသည်ကို တရုတ်အစိုးရ မသိကြောင်း၊ သို့သော် မြန်မာနိုင်ငံမြောက်ပိုင်းမှ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးက ထိုဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံ၏ အပြုသဘော အခန်းကဏ္ဍကို နားလည်ကြောင်း ပြောသည်။
ရေရှည် သဘောတူညီချက်
မြန်မာမှ ကချင်တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် KIA ကို ၁၉၆၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီးနောက် နိုင်ငံမှ အင်အားအကြီးမားဆုံး လက်နက်ကိုင်အဖွဲ့များအနက် တခုဖြစ်လာသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီး တနိုင်ငံလုံး အုံကြွမှု ဖြစ်လာပြီးနောက် KIA သည် တရုတ် ကျောထောက်နောက်ခံပြု စစ်အုပ်စုကို တော်လှန်သည့်အင်အားစု၏ အမာခံဖြစ်လာသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီး တနိုင်ငံလုံး အုံကြွမှု ဖြစ်လာပြီးနောက် KIA သည် တရုတ် ကျောထောက်နောက်ခံပြု စစ်အုပ်စုကို တော်လှန်သည့်အင်အားစု၏ အမာခံဖြစ်လာသည်။
လွန်ခဲ့သောနှစ်တွင် KIA သည် ကချင်ပြည်နယ်မှ စစ်အုပ်စု မဟာမိတ်တပ်များထံမှ ချီဖွေ-ပန်ဝါ သတ္တုတူးဖော်ရေး ဒေသကို သိမ်းပိုက်သည်။ ထိုနေရာသည် သိပ်သည်းဆများသော မြေရှားသတ္တုများဖြစ်သည့် ဒိုင်ပရိုဆီယံနှင့် တာဘီယံတို့ အကြီးအကျယ် ထုတ်လုပ်သော နေရာဖြစ်သည်။
KIA သည် တရုတ်သို့ တွင်းထွက်များ ဆက်လက် ရောင်းချနေသော်လည်း သေနင်္ဂဗျူဟာကျသည့် ဗန်းမော်မြို့တွင် KIA က စစ်အုပ်စုတပ်များကို ဆက်လက် တိုက်ခိုက်နေသောကြောင့် ၎င်းတို့ဆက်ဆံရေးတွင် ပွတ်တိုက်မှုများ ရှိသည်။ စစ်အုပ်စုသည် ၎င်း၏ နောက်ဖေးတွင် လုံခြုံရေးအာမခံသူအဖြစ် တရုတ်ကမြင်ပြီး KIA နောက်ဆုတ်ရန် ဖိအားပေးနေသည်။ ထို့ကြောင့် KIA သည် အိမ်နီးချင်း အိန္ဒိယနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်နေသည်။
မြေရှားသတ္တုများ ရရှိရေး လမ်းကြောင်းတည်ဆောက်ရန် KIA နှင့် ရေရှည် အစီအစဉ်ကို အိန္ဒိယအရာရှိများ စိတ်ဝင်စားသော်လည်း ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဝေးကွာသော ဒေသများမှ မြေရှားသတ္တု အများအပြားကို သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုများအပေါ် စိုးရိမ်မှုများရှိသည်ဟု အထက်ပါ သတင်းရင်းမြစ်များအနက် နှစ်ခုကပြောသည်။
တွင်းထွက်များကို အနီးရှိ တရုတ်သို့ ကုန်းလမ်းကွန်ရက်မှတဆင့် ပေးပို့သည်။
IREL သည် ဆွေးနွေးမှုအချို့တွင် ပါဝင်သော်လည်း သယ်ယူပို့ဆောင်ရေးတာဝန်ကို ပုဂ္ဂလိက ကုမ္ပဏီတခုက တာဝန်ယူစေလိုသည်ဟု ထိုကိစ္စကိုသိသူ သုံးဦးက ပြောသည်။
KIA နှင့် အိန္ဒိယတို့သည် မြေရှားသတ္တုများကို အိန္ဒိယသို့ ပို့ဆောင်ရန် လုပ်နိုင်လျှင်ပင် သက်ဆိုင်သူများသည် တရုတ်အကူအညီမပါဘဲ တွင်းထွက်များကို သန့်စင်ရာတွင် စိန်ခေါ်မှု ရင်ဆိုင်ရမည်ဖြစ်သည်ဟု ဘယ်လ်ဂျီယံအခြေစိုက် မြေရှားသတ္တု ကျွမ်းကျင်သူ နာဘဲလ် မန်ချရီက ပြောသည်။
KIA နှင့် အိန္ဒိယတို့သည် မြေရှားသတ္တုများကို အိန္ဒိယသို့ ပို့ဆောင်ရန် လုပ်နိုင်လျှင်ပင် သက်ဆိုင်သူများသည် တရုတ်အကူအညီမပါဘဲ တွင်းထွက်များကို သန့်စင်ရာတွင် စိန်ခေါ်မှု ရင်ဆိုင်ရမည်ဖြစ်သည်ဟု ဘယ်လ်ဂျီယံအခြေစိုက် မြေရှားသတ္တု ကျွမ်းကျင်သူ နာဘဲလ် မန်ချရီက ပြောသည်။
“သဘောတရားအရ ပြောရရင် အိန္ဒိယက ဒီပစ္စည်းတွေရရင် ခွဲခြားသန့်စင်ပြီး အသုံးဝင်တဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ နိုင်ငံတကာဈေးကွက်တွေကို ရောင်းချဖို့ အရည်အသွေးရှိတဲ့ ပမာဏ ထုတ်ဖို့ဆိုရင် အချိန်ယူရမယ်” ဟုလည်း ၎င်းကပြောသည်။
(Reuters သတင်း India explores rare-earth deal with Myanmar rebels ကို ဘာသာပြန်သည်။)
You may also like these stories:
တရုတ်မြေရှားသတ္တုမိုင်းများ ရှမ်းပြည်အရှေ့ပိုင်းတွင် ပျံ့နှံ့နေ
မဲခေါင်မြစ်အနီး မိုင်းလားနယ်မြေ၌ မြေရှားသတ္တုတွင်း ၁၉ ခုရှိ
တရုတ် မြေရှားသတ္တု ချုပ်ကိုင်မှုတွင် ပြည်တွင်းစစ် ဖြစ်နေသည့် မြန်မာ အရေးပါ
မြန်မာ့မြေရှားသတ္တုက ရတနာသိုက်လား ကျိန်စာလား (ရုပ်/သံ)
ပေါက်ဖော်၊ ဘာဘူ၊ CIA နှင့် မြန်မာ့ မြေရှားသတ္တု














