• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ် မြေရှားသတ္တု ချုပ်ကိုင်မှုတွင် ပြည်တွင်းစစ် ဖြစ်နေသည့် မြန်မာ အရေးပါ

by Dylan Butts
26 June 2025
in ဆောင်းပါး
A A
တရုတ် မြေရှားသတ္တု ချုပ်ကိုင်မှုတွင် ပြည်တွင်းစစ် ဖြစ်နေသည့် မြန်မာ အရေးပါ

ကချင်ပြည်နယ်အတွင်းက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတနေရာ/Global Witness

650
VIEWS
Share on FacebookShare on Twitter

တရုတ်သည် မြေရှားသတ္တုတင်ပို့မှု ထိန်းချုပ်ရေးကို အရှိန်မြှင့်တင်လိုက်ပြီး ကမ္ဘာတွင် မလုံမလောက်ဖြစ်ကာ တရုတ်၏ ကုန်စည်ထုတ်လုပ်ရောင်းချရေး ကွင်းဆက်များအပေါ် လုပ်ငန်းများ၏ မှီခိုမှုကို ဖော်ပြလိုက်သည်။

သို့သော် မကြာသေးမီ နှစ်များအတွင်း တရုတ်နိုင်ငံသည် မျှော်လင့်မထားသော နေရာတခုမှ မြေရှားသတ္တုကို မှီခိုလာရသည်။ ထိုနေရာမှာ သေးငယ်ပြီး စစ်ဒဏ်ကြောင့် စီးပွားရေးထိခိုက်နေသည့် မြန်မာဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းမြေရှားသတ္တုများ ထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ထိုမက်မောစရာ မြေရှားသတ္တုများပါဝင်သည့် ကုန်ကြမ်းများကို ပြည်ပမှလည်း တင်သွင်းသည်။

၂၀၂၄ ခုနှစ်တွင် တရုတ်က တင်သွင်းသည့် မြေရှားသတ္တုများ၏ ၅၇ ရာခိုင်နှုန်းမှာ မြန်မာမှ ဖြစ်သည်ဟု သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) မှ အရေးပါသောတွင်းထွက်များ လုံခြုံရေး အစီအစဉ် ဒါရိုက်တာ ဂရေ့စ်လင်း ဘက်စ်ကာရန်က CNBC သို့ ပြောသည်။

တရုတ် အကောက်ခွန် အချက်အလက်များအရ မြန်မာက တရုတ်သို့ မြေရှားသတ္တု တင်ပို့မှုသည် ၂၀၁၈ ခုနှစ်တွင် သိသိသာသာ အရှိန်ရလာပြီး ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၄၂,၀၀၀ အထိတင်ပို့ကာ အထွတ်အထိပ် ရောက်လာသည်။

မြန်မာမှ တင်ပို့မှုသည် သိပ်သည်းဆများသော မြေရှားသတ္တုဒြပ်စင်များပါဝင်မှု အထူးမြင့်မားသည်ဟု ဘက်စ်ကာရန်က ပြောသည်။ သိပ်သည်းဆများသော မြေရှားသတ္တုများသည် ကမ္ဘာမြေသားအပေါ်ယံလွှာတွင် ယေဘုယျအားဖြင့် ပေါများမှု နည်းသည်။

“မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုဟာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုအနေအထားကို အကြီးအကျယ် တောင့်တင်းစေပြီး ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်ရောင်းချရေးကွင်းဆက်ကို လက်တွေ့ လက်ဝါးကြီးအုပ်မှု တရုတ်ကို ထိထိရောက်ရောက် ပေးသလို သြဇာကိုလည်း ဖြစ်စေတယ်” ဟု ၎င်းကပြောသည်။

ကမ္ဘာ့မြေရှားသတ္တု တူးဖော်သည့် နိုင်ငံများ

မြန်မာနိုင်ငံသည် လွန်စွာ ဝယ်လိုအားမြင့်သည့် မြေရှားသတ္တု နှစ်မျိုးဖြစ်သော ဒစ်ပရိုစီယမ်နှင့် တာဘီယမ်တို့၏ အဓိကရင်းမြစ်ဖြစ်သည်။ ထိုမြေရှားသတ္တု နှစ်မျိုးသည် ကာကွယ်ရေးနှင့် စစ်ရေး၊ အာကာသလေကြောင်းနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ အပါအဝင် အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုများတွင် အရေးပါသော အခန်းမှ ပါဝင်သည်။

“အဲဒီလို အသုံးပြုလို့ ထုတ်လုပ်မှုကို မြန်မာမှာ စုစည်း သန့်စင်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်ကို အဓိကအားဖြင့် တရုတ်မှာ ဆောင်ရွက်တယ်” ဟု ဘက်စ်ကာရန်က ပြောသည်။

မည်သည့်အတွက် မြန်မာမှ တင်သွင်းသနည်း

မြန်မာတွင် သိပ်သည်းဆများသော မြေရှားသတ္တုများပါဝင်မှု မြင့်မားသည့် သတ္တုသိုက်များရှိသည်ဟု Project Blue မှ သုတေသန ဒါရိုက်တာ ဒေးဗစ် မာရီမန်က CNBC သို့ ပြောသည်။

ထိုအိုင်ယွန်များကို ငုံထားသည့် ရွှံ့ Ionic Adsorption Clay-IAC သတ္တုသိုက်များကို ဓာတုပစ္စည်းများ အသုံးပြုပြီး ထုတ်ယူသည့်နည်းဖြင့် ထုတ်ယူကြကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်စေသည်။

မာရီမန်၏ အဆိုအရ လုပ်ငန်းအများစုကို ၂၀၁၀ ပြည့်နှစ်များအလယ်က တရုတ်နိုင်ငံ တောင်ပိုင်းတွင် တွေ့ရသည်ဟု သိရသည်။ သို့သော် တရုတ်က သဘာဝပတ်ဝန်းကျင် ထိန်းချုပ်မှုများနှင့် စံနှုန်းသစ်များကို စတင် အကောင်အထည်ဖော်သောအခါ ထိုလုပ်ငန်းအများအပြား ပိတ်သွားသည်။

“မြန်မာနိုင်ငံ၊ အထူးသဖြင့် မြန်မာမြောက်ပိုင်းဟာ တရုတ်နိုင်ငံထဲက သတ္တုသိုက်တွေရှိတဲ့ ဒေသအများအပြားနဲ့ တူညီတဲ့ ဘူမိဖွဲ့စည်းပုံရှိတယ်လို့ မြင်ကြတယ်” ဟု မာရီမန်က ပြောသည်။

“မြန်မာနိုင်ငံအတွင်းမှာ သတ္တုမိုင်းတွေ အလျင်အမြန် များလာတာကိုတွေ့ပြီး အဓိကအားဖြင့် တရုတ်ပြည်တွင်း ထုတ်လုပ်မှုကို အစားထိုးတယ်။ အဲဒီ စီမံကိန်းတွေမှာ တရုတ်စီးပွားရေးလုပ်ငန်း အများအပြား ပါဝင်ပတ်သက်ကြတယ်” ဟုလည်း ၎င်းကပြောသည်။

မြန်မာမှ ထိုသတ္တုတူးဖော်သူများက ထုတ်လုပ်သည့် မြေရှားသတ္တုများကို အများအားဖြင့် “မြေရှားသတ္တုအောက်ဆိုက်များ” အဖြစ် တရုတ်သို့တင်ပို့ပြီး ထပ်မံသန့်စင် ပြင်ဆင်သည်ဟု Wood Mackenzie မှ မြေရှားသတ္တုဆိုင်ရာ ဝါရင့်အတိုင်ပင်ခံ ရယ်ဝမ်က CNBC သို့ ပြောသည်။

တရုတ်သည် ၎င်း၏ မြေရှားသတ္တုထုတ်လုပ်သည့် လုပ်ငန်းအများအပြားကို မြန်မာတွင် လုပ်ကိုင်စေပြီး “သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ လူမှုအသိုက်အဝန်းများအတွက် ပေးဆပ်ရသောတန်ဖိုး အလွန်များပြားသည်” ဟု သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးဆိုင်ရာ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း Global Witness က အစီရင်ခံစာတစောင်တွင် ၂၀၂၄ ခုနှစ်က ဖော်ပြသည်။

တရုတ်၏ မြေရှားသတ္တု အန္တရာယ်များ

တရုတ်က မြေရှားသတ္တုများအတွက် မြန်မာကို မှီခိုခြင်းသည် ကုန်စည်ထုတ်လုပ်ရောင်းချသည့် ကွင်းဆက်အန္တရာယ်များနှင့် ရင်ဆိုင်နိုင်ရကြောင်း ကျွမ်းကျင်သူများက ပြောသည်။

တရုတ်က မြန်မာမှ မြေရှားသတ္တုအောက်ဆိုဒ်များ တင်ပို့မှုပြဇယား

Global Witness ၏ သုတေသနအရ မြန်မာမှ သိပ်သည်းဆများသော မြေရှားသတ္တုများသည် တရုတ်နယ်စပ် ကချင်ပြည်နယ်မြောက်ပိုင်းမှ လာသည်။ သို့သော် ၂၀၂၁ ခုနှစ် မြန်မာတွင် အကြမ်းဖက် အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီသည် ပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆန့်ကျင်မှုအကြား ပိုင်နက်များကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။

“ပြည်တွင်းစစ်ကြောင့် မြန်မာက တရားရေးကဏ္ဍက အားကိုးလို့ မရဘူး။ ၂၀၂၄ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကမ္ဘာ့သိပ်သည်းဆများတဲ့ မြေရှားသတ္တုထက်ဝက် ထုတ်လုပ်တဲ့နေရာတွေကို သိမ်းပိုက်လိုက်တယ်” ဟု CSIS မှ ဘက်စ်ကာရန်က ပြောသည်။

ထိုသိမ်းပိုက်မှုနောက်ပိုင်းတွင် သိပ်သည်းဆများသည့် မြေရှားသတ္တုအချို့ ဈေးနှုန်းများတက်စေသည့် ရောင်းလိုအား ပြတ်တောက်မှုသတင်းများ ထွက်လာသည်။ Reuters သတင်းတပုဒ်အရ KIA သည် ထိုသယံဇာတများကို တရုတ်အပေါ် သြဇာသက်ရောက်မှုအတွက် သုံးရန် ကြိုးစားနေကြောင်း သိရသည်။

မြန်မာမှ မြေရှားသတ္တုအောက်ဆိုက်များ တင်သွင်းမှု ထိုနှစ်ပထမ ၅ လအတွင်း ယခင်နှစ် အလားတူ ကာလကထက် ၃ ပုံ ၁ ပုံကျော် ကျဆင်းသွားကြောင်း တရုတ် အကောက်ခွန် အချက်အလက်များအရ သိရသည်။

“မြန်မာက တရုတ်ကို မြေရှားသတ္တုတင်ပို့တာ အားလုံးကို ရပ်လိုက်ရင် တရုတ်ဟာ ရေတိုမှာ မြေရှားသတ္တုဝယ်လိုအား ပြည့်မီဖို့ ရုန်းကန်ရတော့မယ်” ဟု Project Blue မှ မာရီမန်က ပြောသည်။

ထို့ကြောင့် တရုတ်က သိပ်သည်းဆများသော မြေရှားသတ္တုရင်းမြစ်များကို ခွဲဖြန့်ထားရန် ကြိုးစားနေခြင်းသည် အံ့သြစရာ မဟုတ်ပေ။

မာရီမန်၏အဆိုအရ IAC သတ္တုသိုက်များသည် လာအိုနှင့် မလေးရှား အပါအဝင် အနီးပတ်ဝန်းကျင် နိုင်ငံများတွင်လည်း ရှိနေသည်ဟု သိရသည်။ ထိုနေရာများတွင် တရုတ် ပါဝင်ပတ်သက်မှုဖြင့် စီမံကိန်းအချို့ ထူထောင်ထားသည်။

သို့တိုင် ထိုနိုင်ငံများတွင် သဘာဝပတ်ဝန်းကျင် စံနှုန်းများသည် ပိုမိုမြင့်မားပြီး မြေရှားသတ္တု တူးဖော်သည့်လုပ်ငန်းများအတွက် စိန်ခေါ်မှုများ ဖြစ်စေနိုင်ကြောင်း မာရီမန်က ပြောသည်။

မြေရှားသတ္တုကို တရုတ်တွင် တူးဖော်သည့် လုပ်ငန်းများကို ရပ်လိုက်ခြင်းသည် ထိုစီမံကိန်းအတွက် ပေးဆပ်ရသည့်တန်ဖိုးကို အခြားနိုင်ငံများအား သတိပေးလိုက်သလို ဖြစ်နိုင်သည်။

တရုတ်နိုင်ငံတောင်ပိုင်းမှ IAC သတ္တုသိုက်များကို တူးဖော်သည့် လုပ်ငန်းများသည် အဆိပ်သင့်ရေးနှင့် မြေကို ချန်ထားခဲ့ပြီး ဒေသခံ လယ်သမားများ၏ အသက်မွေးဝမ်းကြောင်းများကို မည်မျှ ထိခိုက်စေကြောင်း တရုတ်နိုင်ငံမှ Caixin မီဒီယာအုပ်စုက မှတ်တမ်းတင်ထားခဲ့သည်။

(CNBC ပါ Dylan Butts ၏ How a war-torn Myanmar plays a critical role in China’s rare earth dominance ကို ဘာသာပြန်သည်။)

You may also like these stories:

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

ဒေါ်နယ်ထရမ့်နဲ့ တရုတ်တို့ ဆက်ဆံရေးကြားက မြန်မာ့မြေရှားသတ္တု (ရုပ်/သံ)

မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”

တရုတ် ကျောထောက်နောက်ခံပြု တရားမဝင် မြေရှားသတ္တု တူးဖော်မှု များပြားလာ

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
183
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
107
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
392

နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား

စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ

မြေရှားသတ္တုရဲ့ အရေးပါမှုနဲ့ အန္တရာယ် (ရုပ်/သံ)

“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”

Your Thoughts …
Tags: IACKIAကချင်ပြည်နယ်စစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနည်းပညာပြည်တွင်းစစ်မြေရှားသတ္တုလူ့အခွင့်အရေးသတ္တုမိုင်းသဘာဝပတ်ဝန်းကျင်
Dylan Butts

Dylan Butts

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နောင်ချိုပြန်ရရေး စစ်ကောင်စီ အင်အားသုံး စစ်ဆင်လာ

နောင်ချိုပြန်ရရေး စစ်ကောင်စီ အင်အားသုံး စစ်ဆင်လာ

ငြိမ်းချမ်းရေးဖိုရမ်မှာ ရွေးကောက်ပွဲအပေါ်သဘောထား တရုတ်ထုတ်ပြော (ရုပ်/သံ)

ငြိမ်းချမ်းရေးဖိုရမ်မှာ ရွေးကောက်ပွဲအပေါ်သဘောထား တရုတ်ထုတ်ပြော (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved