စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံပြီး အမြန်ဆုံးအကောင်အထည်ပေါ်ဖို့ ဆန္ဒရှိနေတယ်လို့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဇွန်လ ၂၅ ရက်နေ့က နေပြည်တော် ဆွေးနွေးပွဲမှာ ထုတ်ပြောလိုက်ပါတယ်။
နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိုရမ်တခုကို ဦးဆောင်ကျင်းပနေပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မစ္စတာတိန့်ရှီကျွင်းက လူသိရှင်ကြား ထုတ်ပြောလာတာလို့ အဲဒီပွဲမှာ တက်ရောက်ဆွေးနွေးနေသူတွေက ဧရာဝတီကို ပြောပါတယ်။
တဘက်မှာလည်း ရွေးကောက်ပွဲ ကျင်းပဖို့ တရုတ်က စစ်ကောင်စီကို ဖိအားပေးထားသလို လားရှိုးမြို့ ပြန်လည် ရရှိရေးကိုလည်း တရုတ်က မြန်မာနိုင်ငံအတွင်းထိ ကိုယ်တိုင်ဝင်ပြီး ဖိအားပေး လုပ်ဆောင်သွားတာ တွေကို မြင်တွေ့ခဲ့ကြရပါတယ်။
#မြန်မာ #ဧရာဝတီ #ငြိမ်းချမ်းရေးဖိုရမ် #တရုတ် #တိန့်ရွှီကျွင်း #ClimateDesk #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













